← Chapters

အခန်း (၅၈၅)

Vol. 39 Ch. 585

အခန်း (၅၈၅)

Vol. 39 Ch. 585

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၃၉)

အပိုင်း(၅၈၅)

ဝမ့်ကုန်း၏ စွမ်းအားကြီးလက်သီး

ချက်ဖြစ်သော ကောင်းကင်နှင့်မြေကြီးအ ရှင်သခင်လက်သီးအား ရင်ဆိုင်ရင်း ရှစ်ဖုန့်၏ မျက်နှာက ရုတ်ခြည်းလေးနက်မှုအဖြစ်ပြောင်း

လဲသွားသည်။

ထို့နောက်ရှစ်ဖုန့်က လပြည့်ဓားအတွင်းသို့ စွမ်းအင်များအား အဆက်မပြတ်သွန်းလောင်းလိုက်၏။ ရှစ်ဖုန့်၏ဘယ်လက်အတွင်းရှိလပြည့်ဓား လက်အတွင်း၌ အဆက်မပြတ်တုန်ခါနေသည်။ ထို့နောက် လပြည့်ဓားက လင်းလက်သွားပြီး ဝမ့်ကုန်း၏ လက်သီးချက်အား ခုတ်ပိုင်းလိုက်သည်။

“ဘန်း”

စွမ်းအားကြီးစွမ်းအင်နှစ်ခုတို့ တစ်ခုနှင့်တစ်ခု ပစ်ဆောင့်ကြသည်။

“ဝုန်း”

သူတို့အောက်၌ရှိနေသော စင်မြင့်နံပါတ်တစ်ဆယ်က ထပ်မံစတင်တုန်ခါလာပြီး ဧရာမမြေငလျှင်တစ်ခုဖြစ်ပေါ်သ

ကဲ့သို့ပင်ဖြစ်သည်။

ရုတ်ခြည်းဆိုသလို စင်မြင့်နံပါတ်တစ်ဆယ် အထက်၌ ရင်ဆိုင်တိုက်ခိုက်နေကြသော ပုံရိပ်နှစ်ခုက ပြိုဘက်ဖြစ်သူ၏ စွမ်းအားကြီး တိုက်ခိုက်မှုကြောင့်နောက်ပြန်

လွင့်သွားကြသည်။

နောက်သို့ပြန်ကန်ထွက်လာစဉ် ရှစ်ဖုန့်က နောက်ထပ်တစ်ကြိမ် လပြည့်ဓားအတွင်းသို့ ငရဲဘုံကိုးခု စွမ်းအင်တို့အား သွန်းလောင်းလိုက်၏။ လပြည့်ဓားက နောက်တစ်ကြမ်ပျံသန်းထွက်လာသည်။ ၎င်းကအရှိန်အဟုန်ဖြင့်လည်ပတ်ပြီး ဝမ့်ကုန်းထံသို့ ခုတ်ပိုင်းလိုက်သည်။

နောက်သို့ လွင့်ပျံနေသောဝမ့်ကုန်းမှာ သူ၏ အေးစက်သောမျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်သောအမူအယာထွက်ပေါ်လာ၏။ သူ၏ကောင်းကင်နှင့်မြေကြီး အရှင်သခင်လက်သီးက လုံဟူဂိုဏ်း၏ ပြောင်မြောက်သောနည်းစနစ်တစ်ခုဖြစ်ပြီး ဤမကောင်းဆိုးဝါး၏ တားဆီးမှုကိုခံလိုက်ရသည်။ ထိုထက်ပိုသည်ကား သူက နောက်သို့လွင့်ပျံထွက်သွားသည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူ၏တိုက်ခိုက်မှုအားတားဆီးခဲ့သောထို မကောင်းဆိုးဝါး၏ လပြည့်ဓားက ယခုသူ့ထံသို့ တစ်ဟုန်ထိုးလည်ပတ်လာပြန်သည်။

“အသူရာနဂါးကျား ထွက်ပေါ်ခြင်း”

ဝမ့်ကုန်း၏ ညာလက်က လက်ဝါးတစ်ခုပုံစံလုပ်လိုက်ပြီး ဘယ်လက်က လက်သီးတစ်ခုအသွင်ပြုလုပ်လိုက်သည်။ သူကရုတ်တရက်ရှေ့သို့ ထိုးချလိုက်ပြီး အသူရာနဂါးကျားထွက်ပေါ်ခြင်း

ကိုထပ်မံအသုံးပြုလိုက်သည်။

“ဝေါင်း”

“ဂါး”

ကောင်းကင်နှင့်မြေကြီးကြားထဲတွင် ကြမ်းကြုတ်သော နဂါးနှင့်ကျားတို့၏ ဟိန်းဟောက်သံကထပ်မံထွက်

ပေါ်လာပြန်သည်။ကြီးမားသော အဖြူရောင်ကျားနှင့်မိုးပြာရောင်နဂါးတို့၏ပုံရိပ်ယောင်က ထပ်မံထွက်ပေါ်လာ၏။ ထို့နောက် ဝမ့်ကုန်း၏ လက်တို့က ရှေ့သို့ ထုတ်လိုက်ပြီးအော်ပြောလိုက်သည်။

“အမွှာ နဂါးကျားပေါင်းစည်းခြင်း”

အဖြူရောင်ကျားနှင့် မိုးပြာရောင်နဂါးတို့၏ပုံရိပ်များက အတူတကွပေါင်းစည်းသွားသည်။နဂါးကအပေါ်သို့ ထိုးတက်သွားပြီး ကျားကဟိန်းကာ သူတိုထံသို့လာနေသော လပြည့်ဓားထံသို့ ခက်ထန်စွာဦးတည်သွားသည်။

“အမွှာနဂါးကျားပေါင်းစည်းခြင်း..ဒါက အမွှာနဂါးကျားပေါင်းစည်းခြင်းပဲ..ကောလဟာလတွေအရ ဝမ့်ကုန်းက ဒီသိုင်းပညာရပ်ကို သုံးနှစ်တာတံခါးပိတ်ကျင့်ကြံပြီးတဲ့နောက်နားလည်သဘောပေါက်ဆင်ခြင်နိုင်ခဲ့တာတဲ့..အဲ့တာရဲ့စွမ်းအားက အသူရာနဂါးကျားထွက်ပေါ်ခြင်း

ထက်တောင်ပိုပြီးစွမ်းအားကြီးတယ်”

“ဝမ့်ကုန်းက ဒီသိုင်းပညာရပ်ကိုနားလည်သဘော

ပေါက်ဆင်ခြင်နိုင်လိမ့်မယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး.. ဝမ့်ကုန်းက တကယ့်ကိုကောင်းကင်ဘုံပါရမီရှင်တစ်ဦးပဲ.. လုံဟူဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူ

ဝမ့်ကျိုးက ဝမ့် ကုန်းလိုကောင်းကင်ဘုံပါရမီရှင်

တစ်ဦးကိုမွေးဖွားခဲ့တယ်.. အဖေတူသားပဲ”

အမွှာနဂါးကျားပေါင်းစည်းခြင်းအား

အသုံးပြုလိုက်ချိန်တွင် စင်မြင့်အောက်ရှိ ဆွေးနွေးမှုများမှာနဂိုကတည်းက ဆူညံနေရာမှာ ပို၍ ကျလောင်လာသည်။

ဤအချိန်တွင် နဂါးနှင့်ကျားပုံရိပ်တို့က လပြည့်ဓားနှင့်ပြင်းထန်စွာ

ပစ်ဆောင့်မိကြသည်။

“ဝုန်း”

နောက်ထပ် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး စင်မြင့်မှာစတင်လှုပ်ခါလာသည်။

အထူးပြုလုပ်ထားသောသတ္ထုများနှင့် စင်မြင့်အားတည်ဆောက်ထားပြီး စွမ်းအားကြီးကန့်သတ်ချက်တစ်ခုအား ထားရှိထားခြင်းကြောင့်မဟုတ်လျှင် ပြင်းထန်ပြီးစွမ်းအားကြီးသောကြမ်းကြုတ်သည့်စွမ်းအားတို့ကြောင့် ၎င်းမှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွား

လိမ့်မည်ဖြစ်သည်။

မြည်ဟိန်းသံထွက်ပေါ်လာပြီးသိပ်မကြာခင် လပြည့်ဓားကြောင့် နဂါးနှင့်ကျားပုံရိပ်တို့က နောက်တစ်ကြိမ်ထပ်မံ ကွဲကြေသွားသည်။နဂါးနှင့်ကျားပုံရိပ်တို့ ပျောက်ကွယ်သွားကာနီးတွင် လိမ္မော်ရောင်ပုံရိပ်တစ်ခုက နောက်မှပျံသန်းထွက်လာပြီး နဂါးနှင့်ကျားပုံရိပ်အားဖောက်ထွင်းထွက်လာသည်။ဤအချိန်တွင် နဂါးနှင့်ကျားပုံရိပ်တို့ကလုံး

ဝပျောက်ကွယ်သွားသည်။

ဝမ့်ကုန်း၏ပုံရိပ်က လပြည့်ဓားနှင့်နဂါးနှင့်ကျားပုံရိပ်တို့ ပစ်ဆောင့်မိသောနေရာသို့ရောက်ရှိလာသည်။

“ဝုန်း..ဝုန်း..ဝုန်း.ဝုန်း”

ဝမ့်ကုန်းက လပြည့်ဓားထံသို့ နောက်ထပ် ပြင်းထန်သောလက်သီးတစ်လုံး

ပစ်သွင်းလိုက်သည်။

“ဝုန်း..ဝုန်း”

ဝမ့်ကုန်း၏ လက်သီးက လပြည့်ဓားအားထိမှန်သွားပြီး လပြည့်ဓားအားကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။ ထို့နောက်ဝမ့်ကုန်း၏ ပုံရိပ်က ရုတ်တရက်ရွေ့လျားသွားပြီး ကြမ်းပြင်ပေါ်သို့ဆင်းသက်လိုက်သည်။

ထွက်ပြေးရန်ပြင်နေသော

လပြည့်ဓားအားသူက တက်နင်းလိုက်၏။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”

ဝမ့်ကုန်း၏ ခြေဖဝါးအောက်၌ လပြည့်ဓားမှာတုန်ခါနေသည်။ ၎င်းကဝမ့်ကုန်း၏ခြေဖဝါးအောက်မှ လွတ်မြောက်ရန် အပြင်းအထန်ရုန်းကန်နေသော်လည်း ဝမ့်ကုန်း၏ခြေဖဝါးကလွန်စွာ

သန်မာသည့်ပုံပေါ်သည်။ လပြည့်ဓား ကအချိန်အကြာကြီးရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ဖြစ်နေ၏။

ထို့နောက်ဝမ့်ကုန်းကသူ၏ အေးစက်သောမျက်နှာအားဖြည်းညှင်းစွာမော့လိုက်ပြီး ကောင်းကင်ထဲရှိ အနက်ရောင်ပုံရိပ်ထံသို့ကြည့်လိုက်သည်။ သူကအေးစက်စွာပြောလိုက်၏။

“မင်းငါနဲ့တိုက်နိုင်တဲ့အကြောင်းပြချက်က ဒီလက်နက်ကြောင့်မလား… အခု ဒီလက်နက်ရဲ့စွမ်းအားက ပျောက်ကွယ်လာနေပြီး ငါ့ရဲ့ဖိနှိပ်မှုကိုခံထားရတယ်. ငါနဲ့တိုက်ဖို့မင်းတစ်ခြားဘာ

လုပ်နိုင်သေးလဲကြည့်တာပေါ့”

“ဟမ့်..မင်းက ဒီလိုမျိုးနိုင်မယ်လို့ထင်နေတာလား”

အထင်သေးသော သရော်ပြုံးတစ်ခုက ရှစ်ဖုန့်၏မျက်နှာထက်၌ပေါ်လာပြီး

ရေခဲတမျှအေးစက်နေသောဝမ့်ကုန်း

နှင့်သူ၏စကားများအားရင်ဆိုင်လိုက်သည်။ရုတ်ခြည်းဆိုသလို တစ္ဆေမျက်နှာဖုံးက ရှစ်ဖုန့်၏ မျက်နှာထက်၌ ထပ်မံပေါ်လာသည်။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ခြင်း လှုပ်ခတ်ခြင်း”

ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။ ဝိညာဉ်တိုက်ခိုက်မှုဖြစ်သောငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ခြင်းအားဝမ့်ကုန်း

ထံထပ်မံပို့လွှတ်လိုက်သည်။

“အား”

ဝိညာဉ်စွမ်းအားအားကျင့်ကြံထားခြင်းမရှိသောဝမ့်ကုန်းမှာ မမြင်နိုင်သောဆန်းကြယ်သည့် ဝိညာဉ်တိုက်ခိုက်မှုအား သဲလွန်စပင်ရှာမတွေ့ချေ။ ထို့နောက် ဝမ့်ကုန်း၏ဝိညာဉ်က တိုက်ခိုက်ခံလိုက်ရသည်။သူ၏ကိုယ်ကပြင်းထန်စွာတုန်ယင်သွားပြီး နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။

သို့သော် ဝမ့်ကုန်း၏ကျင့်ကြံခြင်းက ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်ဖြစ်ပြီး ဝိညာဉ်တိုက်ခိုက်ခံရမှုမှ အချိန်တိုးအတွင်းပြန်သက်သာလာသည်။ သို့သော် ဤအချိန်ခဏလေးတွင် လပြည့်ဓားက သူ၏ခြေဖဝါးအောက်မှ

လွတ်ထွက်သွားပြီးဖြစ်သည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.”

လပြည့်ဓားက အသံတစ်ခုထွက်ပေါ်၍ ရှစ်ဖုန့်ထံသို့လေကိုထိုးခွင်း၍ပျံသန်းလာသည်။

“သေစမ်း”

လပြည့်ဓားလွတ်မြောက်သွား

သည်အားတွေ့ရသောအခါတွင် ဝမ့်ကုန်း ကရှစ်ဖုန့်သူ့အားပြောသည့်တိုက်ခိုက်ရန် စွမ်းရည်မရှိဟုပြောသည်ကိုပြန်အမှတ်ရလိုက်သည်။၎င်းကသူ၏မျက်နှာအား

တစ်စုံတစ်ယောက်ကရက်ရက်

စက်စက်ဖြတ်ရိုက်လိုက်သကဲ့သို့ပင်ဖြစ်သည်။ သူ၏မျက်နှာထက်၌ ခက်ထန်သောအမူအယာတစ်ခုပေါ်လာပြီး သူ၏ညာခြေအားရုတ်တရက်ကြမ်းပြင်

ပေါ်သို့ဆောင့်နင်းလိုက်သည်။ သ၏ပုံရိပ်က အမြှောက်ဆံတစ်ခုကဲ့သို့နောက်တစ်ကြိမ်ထွက်သွားပြီး လပြည့်ဓားနောက်သို့လိုက်ဖမ်းလိုက်၏။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ခြင်း လှုပ်ခတ်ခြင်း.. “

ဤအချိန်တွင် ရှစ်ဖုန့်က ထပ်မံအေးစက်စွာအော်ပြောလိုက်သည်။ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား ဝမ့်ကုန်းထံထပ်မံပို့လွှတ်လိုက်၏။

“အား”

ပျံထွက်လာသောဝမ့်ကုန်းမှာ သူ၏ ဝိညာဉ်အားတိုက်ခိုက်မှုကိုထပ်မံ ခံစားလိုက်ရသည်။ သူကနာကျင်စွာဖြင့်အော်ဟစ်လိုက်ပြီးထပ်မံစိတ်လွတ်သလိုဖြစ်လာသည်။ ထို့နောက် သူ၏ ထပ်မံအသိပြန်ဝင်လာသည်။

ဝမ့်ကုန်းအသိပြန်ဝင်လာချိန်တွင် လပြည့်ဓားက အဝေးသို့ပျံသန်းသွားသည်ကိုသူ

တွေ့လိုက်ရသည်။ လပြည့်ဓားကရှစ်ဖုန့်ထံသို့ပျံသန်းသွားသည်ကို ကြည့်နေရုံသာတက်နိုင်သည်။ ရှစ်ဖုန့်ကဘယ်လက်အားဆန့်ထုတ်လိုက်ပြီး လပြည့်ဓားကိုဆုပ်ကိုင်လိုက်သည်။

ဝမ့်ကုန်းမှာ ဝိညာဉ်တိုက်ခိုက်မှုသုံးခုအား ခံစားလိုက်ရသည်။ သူ၏အသက်ကအန္တရာယ်မရှိကာ သူ့အားမထိခိုက်စေသော်လည်း

သူ၏မျက်နှာပေါ်ရှိဒေါသက ယခုအချိန်၌သူလုံးဝမပျော်ရွှင်ဟု

လူများပြောနိုင်သည်ဖြစ်သည်။

ဝမ့်ကုန်းက ရှစ်ဖုန့်၏ ဝိညာဉ်တိုက်ခိုက်မှုအား လုံးဝမုန်းတီးသောကြောင့် သူ၏အံကိုတင်းစွာကြိတ်ထားသည်။

ဤသူတောင်းစားအားအပိုင်းပိုင်းလုပ်ပစ်ရန်သူမစောင့်စားနိုင်ပေ။

ဝိညာဉ်တိုက်ခိုက်မှု၏သဲလွန်စအားသူဘာမှရှာမတွေ့နိုင်သည့်အပြင် ၎င်းအားတားဆီးနိုင်ခြင်းလည်းမရှိပေ။ ဤသူတောင်းစား၏ ဝိညာဉ်တိုက်ခိုက်မှုအားခွင့်ပြုရန်သာ

သူတက်နိုင်သည်။

“အား…သူတောင်းစားလေး.. ငါဒီနေ့မင်းကိုဘယ်လိုသတ်မလဲကြည့်နေလိုက်..အား”

ဝမ့်ကုန်းက သူ၏လက်သီးကိုတင်းနေအောင်ဆုပ်လိုက်ပြီး ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သ်ည။ အားကောင်းပြီးနှိုင်းယှဉ်၍မရနိုင်

သောအရှိန်အဝါတစ်ခုက ရုတ်တရက် ဝမ့်ကုန်း၏ကိုယ်မှမြင့်တက်လာသည်။

သို့သော် ဤအချိန်တွင် ရှစ်ဖုန့်၏ ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ဝမ့်ကုန်း၏ ဝိညာဉ်အားထပ်မံတိုက်ခိုက်လိုက်သည်။

“အား”

ဝမ့်ကုန်းနာကျင်စွာဖြင့်ထပ်မံ

အော်ဟစ်လိုက်သည်။

All Chapters