← Chapters

အခန်း (၅၈၀)

Vol. 39 Ch. 580

အခန်း (၅၈၀)

Vol. 39 Ch. 580

စင်မြင့်နံပါတစ်ဆယ်ရှိ ဆူညံပွက်လောရိုက်မှုများနှင့် စာပေသမားဒိုင်ဖြစ်သူတို့၏အသံက ရုတ်ခြည်းအခြားသောပြိုင်ပွဲစင် မြင့်များ၌ရှိနေသောလူအုပ်တို့၏ အာရုံကိုစွဲဆောင်လိုက်သည်။ အားလုံးက နားလည်ရခက်နေကြပြီး အံ့အားသင့်စွာဖြင့် စင်မြင့်နံပါတ်တစ်ဆယ်သို့ကြည့်လိုက်ကြသည်။

စင်မြင့်နံပါတ်တစ်ဆယ်ရှိ အနိုင်ရရှိသူက လျှင်မြန်စွာထွက်ပေါ်လာသည်။

စင်မြင့်နံပါတ်တစ်ဆယ်အတွင်း၌ရှိနေသော အနက်ရောင်ပုံရိပ်ထံသို့ကြည့်၍ သူတို့အားလုံး သူတို့အားလုံး ဤလူငယ်က စင်မြင့်နံပါတ်တစ်ဆယ် ၏ နောက်ဆုံးအနိုင်ယူသူ ဟု သတ်မှတ်လိုက်သည်။ထိုသူက ဒိုင်ဖြစ်သူ အစောက ညွှန်းဆိုခဲ့သော ရှစ်ဖုန့်ပင် ဖြစ်သည်။

“ငါ့ရဲ့ ဦးလေးငယ်က တကဘ်ပဲ အဲ့ကျင့်ကြံသူတွေကို မြန်မြန်ဆန်ဆန် ရှင်းထုတ်ပစ်လိုက်တာလား”

သိပ်မဝေးလှသောနေရာရှိ အဖြူရောင်ပုံရိပ်က စင်မြင့်နံပါတ်တစ်ဆယ်ရှိရာ ဦးတည်ချက်သို့ကြည့်၍ ထူးဆန်းစွာရေရွတ်လိုက်သည်။

သို့သော် အေးစက်ပြီး သတ်ဖြတ်ချင်စိတ်တို့ဖြင့် အသံတို့က ဦးတည်ချက်အနှံ့မှ ထွက်ပေါ်လာ၏။

“ရှစ်ဖုန့်”

“ရှစ်ဖုန့်”

“ရှစ်ဖုန့်”

လူအုပ်၏ အကြည့်များအား ရင်ဆိုင်ရင်း ရှစ်ဖုန့်၏ပုံရိပ်က လှုပ်ရှားလိုက်ပြီး ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။သူက ဒိုင်ဖြစ်သူနှင့် ဆန့်ကျင်ဘက်သို့ တစ်ဟုန်ထိုးဦးတည်လိုက်၏။

ဒိုင်ဖြစ်သူထံသို့ကြည့်၍ ရှစ်ဖုန့်ကပြောလိုက်သည်။

“ အခြားစင်မြင့်တွေကိုလည်း ကွဲပြားတဲ့နည်းလမ်းတွေသုံးပြီးတော့ အနိုင်ရရှိသူကို ဖြစ်နိုင်သမျှ အမြန်ဆုံးဆုံးဖြတ်ပါ.. မဟုတ်ရင် ဒီသခင်လေးရဲ့အချိန်တွေကို ဖြုန်းတီးသလိုဖြစ်နေမယ်”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ဒိုင်ဖြစ်သူက သူ၏ခေါင်းအား ခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“ ငါက စင်မြင့်နံပါတ်တစ်ဆယ်တစ်ခုတည်းရဲ့ ဒိုင်ပဲ. အခြားစင်မြင့်တွေကို ဝင်ရောက်စွတ်ဖတ်ခွင့်ငါ့မှာမရှိဘူး. ဒီကိစ္စကိုမင်းသားကွမ်းဆီကိုတင်ပြပြီးတော့ နောက်ဆုံးမှာသူ့ကိုပဲဆုံးဖြတ်ခိုင်းရမှာ”

“ဒါပေမဲ့ ငါတို့ရဲ့စင်မြင့်နံပါတ်တစ်ဆယ်က မင်းရဲ့ခြိမ်းခြောက်မှုအဟန့်အတားကြောင့် ဘာမှမရှိတော့တာမို့. အချို့ကျင့်ကြံသူတွေကို စင်မြင့်တစ်ဆယ်မှာတိုက်ခိုက်ဖို့အတွက် မင်းသတ်မှတ်လို့ရတယ်”

“ထားလိုက်ပါ. ဒီသခင်လေး မနက်ဖြန်မှပဲပြန်လာတော့မယ်”

သူ၏ခြိမ်းခြောက်နိုင်စွမ်းအောက်တွင် စင်မြင့်နံပါတ်တစ်ဆယ်အတွင်းရှိ ကျန်ရှိသောကျင့်ကြံသူအားလုံး ဖယ်ထုတ်ခံလိုက်ရသည်။ ကန့်လန့်ကာက အဆုံးသတ်သို့ရောက်လာပြီဖြစ်၏။ ထို့ကြောင့် သူ့အတွက်ဤနေရာ၌လုပ်စရာဘာမှမရှိတော့ချေ။ ရှစ်ဖုန့်စကားပြောပြီးနောက် သူ၏ ပုံရိပ်က လှုပ်ရှားသွားပြီး ရတနာတစ်ထောင်စံအိမ်ရှိရာ သို့ဦးတည်လိုက်သည်။

…………………………………………

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ အလယ်ဗဟိုရှိ အမြင့်မားဆုံးသောအဆောက်အဦးဖြစ်သော တော်ဝင်နန်းတော်၏ထိပ်ဖျားတွင်ဖြစ်သည်။

ယနေ့ တော်ဝင်နန်းတော်၏ထိပ်ဖျား၌ တိမ်တိုက်များဝန်းရံနေပြီး ၎င်းကအောက်ရှိကမ္ဘာ အားဖြန့်ကျတ်ထားသကဲ့သို့ပင်ဖြစ်သည်။

ဧကရာဇ်မင်းလန်ယွမ်မှာ လက်သည်းကိုးခုနဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး တော်ဝင်နန်းတော်၏ထိပ်ဖျား၌ရပ်နေလျှက် ထိပ်တိုက်များပေါ်ခြေချကာ အိမ်မက်ကမ္ဘာတစ်ခုအတွင်းရောက်ရှိနေသကဲ့သို့ပင်ဖြစ်သည်။

လန်ယွမ်က သေးငယ်သောအနက်ရောင်ပုံရိပ် အားကြည့်နေ၏။

“သူပဲ..ထပ်ပြီးတော့သူပဲ. “

ဤပုဂ္ဂိုလ် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော် အတွင်းဝင်လာပြီးကတည်းက လန်ယွမ်အနေဖြင့် အပေါ် အာရုံစိုက်ထားမှုအားလုံးဝမရပ်တန့်ခဲ့ပေ။

သူ့အတွက်၎င်းမှာ မကြာခဏ ဆိုသလို အခြားသူများတုန်လှုပ်ဖွယ်ကောင်းသော ကိစ္စများအားပြုလုပ်သည်ဖြစ်သည်။ မနေ့က ပိုင်ကျွင်းရွှမ်းအား၎င်းသတ်ခဲ့ရုံသမက ယနေ့တွင် ကြယ်ကိုးပွင့်အထွတ်အထိပ်နယ်ပယ်သို့ရောက်နေပြီး မဟာသူတော်စင်နယ်ပယ်သို့ ခြေလမ်းချနေသည့် ဝူကန်းနှင့် အခြားကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦးတို့က အသင်းဖွဲ့၍ တိုက်ခိုက်ကြသော်လည်း၎င်းတို့မှာ ဤပုဂ္ဂိုလ်၏ အလွယ်တကူသတ်ဖြတ်မှုအား ခံလိုက်ရသည်ဖြစ်သည်။

ဤပုဂ္ဂိုလ်၏ ကျင့်ကြံမှုနယ်ပယ်က ကြယ်ရှစ်ပွင်သူတော်စင်နယ်ပယ်၌သာရှိ၏။ ဤအရာကမည့်ကဲ့သို့ကောင်းကင်ဘုံအားဆန့်ကျင်သည့်ပါရမီစွမ်းရည်ဖြစ်သနည်း။ ဤအရာက မည်ကဲ့သို့ကောင်းက်ဘုံအားဆန့်ကျင်သည့် သိုင်းပညာရပ်ဖြစ်သနည်း။

“ကျိုးယိုအဆက်အနွယ်တွေက တကယ့်ကိုထူးခြားတာပဲ.. ပြီးတော့ ဒီလူရဲ့ပါရမီစွမ်းရည်ကပိုပြီးသာ လွန်ထူးကဲတဲ့အပြင် သူကအရမ်းလည်းငယ်သေးတယ်.. ငရဲဘုံကိုးခု ဧကရာဇ် ကျိုးယို ရဲ့အတိတ်တုံးကသာ ဒီလိုအဆင့်မျိုးရှိနိုင်လောက်တယ်”

“နိမ့်ကျတဲ့ ကျင့်ကြံသူအကုန်လုံး ဖယ်ထုတ်ခံလိုက်ရပြီ. နောက်လာမဲ့စင်မြင့် က အစစ်အမှန်ပါရမီရှင်တွေအတွက်ပဲ .. ဒါက တကယ်ပဲ ပိုပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပြီ”

“အမ်”

လန်ယွမ်မှာ လေထဲ၌ ပျံသန်းနေသော အနက်ရောင်ပုံရိပ်အားကြည့်ရင်းတီးတိုးရေရွတ်နေသကဲ့သို့ ရုတ်တရက်သူ၏အကြည့်တို့ကို ရုတ်သိမ်းလိုက်ပြီး သူ၏ခြေဖဝါးပေါ်သို့အာရုံစူးစိုက်လိုက်သည်။ ဤအခိုက်အတန့်တွင် လန်ယွမ်၏အောက်၌ရှိနေသာ တော်ဝင်နန်းတော်က အနည်းငယ်တုန်ခါသွားသည်။

“ဝုန်း”

တုန်ခါမှုကအားနည်းသော်လည်း ဧရာမတော်ဝင်နန်းတော်ကြီးကတုန်ခါပြီး တုန်ခါမှုကြောင့်ဖြစ်ပေါ်သောအသံက ထျန်းလျန်အင်ပါယာတော်ဝင်မြို့တွင် ဖြတ်သန်းရိုက်ခတ်သွားသည်။

ဤအခိုက်အတန့်တွင်များစွာသော အကြည့်တို့က ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော် အတွင်းတော်ဝင်မြို့တော်ရှိရာ ဦးတည်ချက်သို့စုစည်းလာသည်။

“ခုဏက အဲ့တုန်ခါသည်သံက ဘာလဲ”

“ခုဏက ငါ့ရဲ့ခန္ဓာကိုယ်ကိုတောင် အားနည်းအောင်ပြုလုပ်တဲ့ အရမ်းစွမ်းအားကြီးတဲ့အရှိန်အဝါ တစ်ခုကိုခံစားမိသလိုပဲ”

“ဘာဖြစ်နေတာလဲ.. အဲ့ဦးတည်ချက်က တော်ဝင်နန်းတော်ရှိတဲ့ဘက်ဖြစ်တဲ့ပုံပဲ.. အဲ့မှာ အခြားပြိုင်ဘက်ကင်းကျင့်ကြံသူ တစ်ဦးများပေါ်လာတာလား.. ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြတဲ့ လူနှစ်ယောက်က ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော်ထဲကိုပြန်လာတာလား”

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်တွင် ရုတ်တရက်တော်ဝင်နန်းတော်၏ လှုပ်ရှားမှုကြောင့် အုတ်အော်သောင်းနင်းဖြစ်နေသည်။ အဓိကအရာမှာ တုန်ခါသောအသံနှင့်ယှဉ်တွဲလာသော လွန်စွာစွမ်းကြီးမားသည့်အရှိန် အဝါထုတ်လွှတ်မှုကြောင့်ဖြစ်သည်။

ကောင်းကင်ထဲတွင် ဝင်ကြွားစွာရပ်နေသည့် ရွှေရောင်ပုံရိပ်ဖြစ်သောမင်းသားကွမ်းက အမူအယာအနည်းငယ်ပြောင်းလဲသွားသည်။ သူကတော်ဝင်နန်းတော်ဆီသို့ကြည့်လိုက်ပြီး သက်ပြင်းချက်လိုက်၏။

“ဒီဖိနှိပ်ထားတဲ့စွမ်းအား..အဲ့တာက အားနည်းသည်ထက်အားနည်းလာပြီ.. ဒီလိုသာဆက်သွားရင် ဖိနှိပ်ထားတဲ့စွမ်းအားကျိုးပျက်သွားတာနဲ့.. အဲ့အရာကပေါ်လာပြီး ငါ့ရဲ့ထျန်းလျန်အင်ပါယာ အန္တရာယ်ဖြစ်လာလိမ့်မယ်”

ထိုအချိန်တွင် ရတနာတစ်ထောင်စံအိမ်သို့ တစ်ဟုန်ထိုးပျံသန်းနေသောရှစ်ဖုန့်ပင် သူ၏လမ်းကြောင်းအားရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ ထုတ်လွှတ်လာသော စွမ်းအားကြီးအရှိန်အဝါအားအာရုံခံမိပြီး တော်ဝင်နန်းတော်ရှိရာ ဘက်သို့ကြည့်လိုက်သည်။

“ဒီအရှိန်အဝါ.. အဲ့တာကဘာလဲ.အရမ်းစွမ်းအားကြီးတယ်.. ထျန်းလျန်အင်ပါဘာမြို့တော်ထဲမှာ ဘာရှိနေတာလဲ”

သို့သော်ရှစ်ဖုန့်ထပ်မံအာရုံခံဖို့ကြိုးစားသော အခါတွင် အစောကထုတ်လွှတ် သောအရှိန်အဝါမှာ ရုတ်တရက်ပျောက်ကွယ်သွားသည်။ ၎င်းမှာဘယ်တုံးကမှ မပေါ်ပေါက်ခဲ့သလိုပင်ဖြစ်သည်။ သို့သော် ထိုအရှိန်အဝါက အစောကတကယ်ပေါ်လာသည်မှာ ရှစ်ဖုန့်သေချာသည်ဖြစ်သည်။ ထိုထက်ပိုသည်ကား ထိုအရှိန်အဝါက ဤကမ္ဘာနှင့်သက်ဆိုင်ခြင်းမရှိသည်ကို ရှစ်ဖုန့်အာရုံခံမိခြင်းဖြစ်သည်။ ၎င်းမှာ ရှေးပဝေသဏီအချိန်ကာလက လာသည့်ပုံဖြစ်၏။

ထို့နောက်တွင် ရှစ်ဖုန့်က ထိုအရှိန်အဝါလုံးဝပျောက်ကွယ်သွားပြီး သူထပ်မံအာရုံခံနိုင်ခြင်းမရှိသည်ကို အတည်ပြုလိုက်သည်။ သူကခေါင်းခါယမ်းလိုက်ပြီး ဆက်၍လှည့်လိုက်ကာ ရတနာတစ်ထောင်စံအိမ်ရှိရာသို့ ဦးတည်ပျံသန်းလိုက်သည်။

ရတနာတစ်ထောင်စံအိမ်သို့ပြန်လာပြီးနောက် ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်သူ့အတွက် ပြင်ဆင်ပေးထားသောအခန်းထံပြန်လာ၏။ ရှစ်ဖုန့်အခန်းတံခါးအားဖွင့်လိုက်ချိန်တွင် အခန်းအတွင်းရှိ မဟော်ဂနီရောင်စားပွဲ၌ ထိုင်နေကာ လက်ဖက်ရည်တစ်ခွက်အား ဇိမ်ကျကျအရသာခံနေသောရွှေရောင်ပုံရိပ်ကို ရုတ်တရက်တွေ့လိုက်ရသည်။

၎င်းမှာရှစ်ကျင်းရွှိုက်ကလွဲပြီး မည်သူဖြစ်နိုင်ပါမည်နည်း။

ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ကာ ရွှေရောင်ယပ်တောင်အားကိုင်ဆောင်ထားသော ပုံမှန်အသွင်အပြင်ပြန်ဖြစ်လာသည့် ရှစ်ကျင်းရွှိုက်အားကြည့်ရင်း ရှစ်ဖုန့်ကပြောလိုက်သည်။

“ မင်းရဲ့ဒဏ်ရာတွေကနေ ကောင်းကောင်းပြန်လည်သက်သာလာတဲ့ပုံပဲ. မင်းဝါးမျိုခဲ့တဲ့အဲ့ဆေးလုံးတွေက တကယ့်ကို အဆင့်မြင့်ဆေးတွေပဲ”

အခန်းအတွင်းသို့ဝင်လာသော ရှစ်ဖုန့်အားကြည့်၍ ရှစ်ကျင်းရွှိုက်က ပြုံးကာပြောလိုက်သည်။

“ ငါ့အသက်ကိုဆက်မြဲနေအောင် စီစဉ်ပေးတဲ့မင်းရဲ့ကြီးမြတ်တဲ့ ကံကြမ္မာအတွက် ကျေးဇူးတင်ပါတယ်..မဟုတ်ရင် ငါအလှလေးတစ်ယောက်ကိုပွေ့ဖက်နိုင်မှာ မဟုတ်ဘဲ ငါ့အသက်ပါဆုံးရှုံးရမှာ”

ရှစ်ကျင်းရွှိုက်က ပြုံးနေရင်းရှစ်ဖုန့်အားဆက်ပြောသည်။

“ညီလေးရှစ်က စင်မြင့်နံပါတ်တစ်ဆယ်က ကျင့်ကြံသူအားလုံးကိုရှင်းထုတ်ခဲ့တာကို ငါခုဏတင်သတင်းရထားတယ်”

“မင်းကတော်တော်လေးသတင်း စုဆောင်းတာကောင်းတာပဲ.. ဒီသခင်လေး တိုက်ပွဲအဆုံးသတ်ပြီးတဲ့နောက် ဒီကိုအလျင်အမြန်ပြန်လာခဲ့ပေမဲ့ မင်းက မြန်မြန်ပဲ သိနေပြီ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒါပေါ့”

ရှစ်ကျင်းရွှိုက်က ပြုံး၍ ပြောလိုက်သည်။

“ဒီနေ့ခေတ်စီးပွားရေကမ္ဘာက တကယ့်ကိုစစ်မြေပြင်တစ်ခုပဲ.. မင်းမှာသတင်းတွေကိုကောင်းကောင်းစုစည်းနိုင်ဖို့လိုတယ်.မင်းသတင်းတွေကို အရင်ဆုံးရနေရမယ်. မဟုတ်ရင် ကြီးမားတဲ့အရာတွေကို ပြိုင်ဘက်တွေရဲ့အဝေးကိုလုယူတာခံရဖို့ ပိုပြီးများတယ်လေ”

“အိုး”

ရှစ်ကျင်းရွှိုက်၏သတင်းစုဆောင်းကောင်းမွန်မှုအားကြားပြီးနောက်ရှစ်ဖုန့်၏ မျက်လုံးတို့အရောင်လက်သွားသည်။ သူကချက်ချင်းပဲ ရှစ်ကျင်းရွှိက်ကိုမေးလိုက်၏။

“ထျန်းလျန်အင်ပါယာတော်ဝင်မြို့ထဲဥ အစောပိုင်းကအခြေအနေကို မင်းလည်းကြားမှာပဲ ဟုတ်တယ်မလား..ဒါဆို အဲ့တာကဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာကိုမင်းသိလား”

“ဟားဟား”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က ပြုံးလိုက်ပြီးပြောလိုက်သည်။

“အင်း..သတင်းအချို့ ကို တော့ငါရထားတယ်”

ဤအရာအားပြောပြီးနောက် ရှစ်ကျင်းရွှိုက်ကပြုံးလိုက်ပြီး ရှစ်ဖုန့်အားကြည့်ကာ တမင်သက်သက်ဘာမှထပ်မပြောဘဲနေ၏။

“ကောင်းပြီ.. ဒီသခင်လေးကို ရင်ဖိုအောင်လုပ်မနေနဲ့..မင်းသိရင်ဒီသခင်လေးကိုပြောပြပါ. အရှေ့ပိုင်းဒေသကြီးအတွင်းကထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲမှာ ဘာလို့ စွမ်းအားကြီးအရှိန်အဝါတစ်ခုပေါ်လာလဲဆိုတာကို ဒီသခင်လေးသိချင်တယ်..”

ရှစ်ဖုန့်ကပြောလိုက်သည်။

All Chapters