← Chapters

အပိုင်း ၂၃၇

Vol. 17 Ch. 237

အပိုင်း ၂၃၇

Vol. 17 Ch. 237

“လီဖူချန်း ... ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့တပည့် ဟုမင်က မင်းနဲ့ သိုင်းပညာ ဖလှယ်ချင်တယ်။ သည်ကို အမြန်လာခဲ့စမ်း "

ဟုမင်က သံကွင်းကိုးကွင်း စွပ်ထားတဲ့ သူ့ရဲ့ ဓားပြားကြီးကို ကိုင်ပြီး လီဖူချန်းကို စိန်ခေါ်လိုက်ပါတယ်။

“လီဖူချန်း ... သတိထားဦးနော်”

ဖန်ကျင်းဆောင်က လီဖူချန်းကို သတိပေးလိုက်ပါတယ်။ ဟုမင်က ကျားနဂါးစာရင်းထဲက မဟုတ်ပေမဲ့လည်း မြေကမ္ဘာနယ်ပယ် အဆင့်၇ ပညာရှင်ပါ။ မြေကမ္ဘာနယ်ပယ် အဆင့်၇ ဖြစ်တဲ့ ရွှေအဆင့် တိုက်ရိုက် တပည့် ဆိုတာက တော်တော်လေးကို ကြောက်စရာ ကောင်းသည်ဟု သတ်မှတ်နိုင်သည် မဟုတ်ပါလား။

ဖန်ကျင်းဆောင်ရဲ့ မျက်လုံးထဲမှာတော့ သည်ဟုမင်က ဖူချောင်းရှန်ထက်ကို ပိုပြီး အားကောင်း လောက်ပါတယ်။ သင်္ချိုင်းဂူထဲမှာတုန်း ကတောင် သူနဲ့လီဖူချန်းက ရှိသမျှ လက်နက်တွေ၊ ရနိုင်သမျှ နည်းလမ်းတွေ အကုန် သုံးပြီးမှသာ ဖူချောင်းရှန်ကို သတ်ပစ် နိုင်ခဲ့တာလေ။

“စိတ်မပူပါနဲ့ "

လီဖူချန်းက ခေါင်းညိတ် ပြလိုက်ပါတယ်။ လီဖူချန်းက သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိပါတယ်။

သူက ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေထဲကို မဝင်ခင်တုန်းက တောင်မှ ဖူချောင်းရှန်ကို အလွယ်တကူ အနိုင်ယူနိုင်သည့် အစွမ်း ရှိနေပါပြီ။ အခုဆိုရင်တော့ သူက မြေကမ္ဘာ နယ်ပယ် အဆင့်၅ကို ရောက်နေပြီ မဟုတ်ပါလား။

“မင်းက ဘာလို့ အဲဒီလောက် ကြန့်ကြာ နေတာလဲ။ မင်းက ငါ့ကို မယှဉ်နိုင်ဘူး ဆိုတာ သိရင်လည်း ငါ့ရှေ့မှာ ဒူးထောက်ပြီး သုံးကြိမ် ရှိခိုးလိုက် ...။ ဒါဆို ငါမင်းကို လျှော့ပေးလိုက်မယ်"

ဟုမင်က အားရပါးရ ရယ်မောပြီး လီဖူချန်းကို လှောင်ပြောင် နေပါတယ်။

“မင်းက နှုတ်သီး အရမ်း ကောင်းနေတာပဲ။ သတိလည်း ထားဦး ... ဟောင်လွန်းတဲ့ ခွေးက နှုတ်သီး ဖြတ်အရိုက် ခံရတတ်တယ်”

လီဖူချန်းက သိုင်းစင်မြင့်ပေါ်ကို တစ္ဆေတစ်ကောင်လို ပေါ့ပါးစွာဖြင့် ရောက်လာခဲ့ပါတယ်။

“ဘာ ... မင်းက ငါ့ကို ခွေးနဲ့ နှိုင်းလိုက်တယ်ပေါ့လေ။ လီဖူချန်း ... မင်းက အရမ်းကို မိုက်ရိုင်း နေတာပဲ။ မင်းက လီဝူရှုကို သတ်ခဲ့လား၊ မသတ်ခဲ့ဘူးလား ဆိုတာကိုတော့ ငါမသိဘူး။ ဒါပေမဲ့ ငါကတော့ မင်းကို သတ်ရလိမ့်မယ်”

ဟုမင် က သူ့ရဲ့ ဓားပြားကြီးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကြိမ်းမောင်း လိုက်ပါတယ်။

“သည်လီဖူချန်းဆိုတဲ့ ကောင်လေးကတော့ ပြဿနာ တက်ပြီ”

ပင်မ ပွဲကြည့်စင်ရဲ့ အပေါ်ထပ်မှာတော့ လူငယ်၃ယောက် ရှိနေပါတယ်။ သူတို့တွေကတော့ ကျင်ခါ့ရှီ၊ ချမ်းသာဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် ခေါင်းဆောင်နဲ့ ငွေဝတ်ရုံဂိုဏ်းရဲ့ နာမည်ကျော် ရွှေအဆင့် တိုက်ရိုက် တပည့် ရူကျန်းချီ တို့ပါပဲ။ ရူကျန်းချီကတော့ ကျားနဂါး စာရင်းမှာ အဆင့်၉၈ ဖြစ်ပါတယ်။

ကျင်ခါ့ရှီကလည်း “ညီမလည်း အဲဒီလိုထင်တယ်။ သူက ဟုမင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ အမူအရာကို ကြည့်ရတာတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေသလိုပဲ”

တစ်ယောက်က မြေကမ္ဘာနယ်ပယ် အဆင့်၅ဖြစ်ပြီး တစ်ယောက်က မြေကမ္ဘာနယ်ပယ် အဆင့်၇။ အဆင့် ကွာဟမှုက ၂ဆင့်ကို ရှိနေတာလေ။ သည်အတိုင်း ရိုးရိုးလေး စဉ်းစားလိုက်မယ် ဆိုရင်တောင် လီဖူချန်းက ဟုမင်ကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ ယုံကြည်မှု အပြည့်ရှိသည့် ပုံစံက ကျင်ခါ့ရှီကို အနည်းငယ် တွေဝေသွားစေခဲ့ပါတယ်။

“ငါ ဟုမင် ဆိုတဲ့ ကောင်လေးကို သိတယ်။ သူက ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ အတော်ဆုံး တိုက်ရိုက် တပည့် ၁၀ ယောက်ထဲက တစ်ယောက်ပဲ။ သေသေချာချာ စိစစ်လိုက်မယ် ဆိုရင် ဟုမင်က အတော်ဆုံး ၇ယောက် ထဲမှာတောင် ပါနိုင်တယ်။ ဟုမင်ကို မြေကမ္ဘာအဆင့်၅နဲ့ အနိုင်ယူဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ကျန်းရူချီနဲ့ ရှောင်ပိုင်တို့က အချင်းချင်း သိကျွမ်းကြပါတယ်။ ဒါကြောင့် သူက ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် အချို့ အကြောင်းကို သိထားပါတယ်။

“ထားလိုက်ပါတော့.… ဘာလို့ ငြင်းနေမှာလဲ ... တိုက်ပွဲစရင် အဖြေကို သိရတော့မှာပဲကို "

ကျင်ခါ့ရှီက သူမရဲ့ ဖော့ဖယောင်းပမာ ဖြူသွယ်လျတဲ့ လက်ချောင်းလေးတွေကို ခုံပေါ်မှာ တဒေါက်ဒေါက် ခေါက်လိုက်ရင်းနဲ့ စကားစကို ဖြတ်လိုက်ပါတယ်။ သိုင်းစင်မြင့် အပေါ်မှာတော့ ...

ရွှမ်း ... …

ဟုမင်က စတင်ပြီး လှုပ်ရှားလိုက်ပါပြီ။ ရုတ်တရက် ဆိုသလိုပင် ဟုမင် လေးယောက် ဖြစ်ပေါ်လာပြီး လီဖူချန်းကို အရပ် လေးမျက်နှာကနေ ဓားပြားကြီးဖြင့် ပိုင်းချလိုက်ပါတယ်။ ဟုမင်ရဲ့ ရည်ရွယ်ချက်ကတော့ လီဖူချန်းကို ရှောင်ချိန်မပေးဘဲ တစ်ခါတည်း သတ်ပစ်ဖို့ပါပဲ။

“ဒါက မင်းရဲ့ ဓားသိုင်းလား။ ဝါး ... အိပ်တောင် အိပ်ချင်လာပြီ"

လီဖူချန်းက ပျင်းရိပျင်းတွဲဖြင့် အာသမ်းလိုက်ပြီး ခန္ဓာကိုယ်ကို တစ်ချက် လှုပ်လိုက်ပါတယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်က လေထဲမှာ လွင့်ပါနေတဲ့ လဲမှို့ ပွင့်လေး တစ်ခုလို လွင့်မျောသွားပြီး ဟုမင်ရဲ့ ဓားချက် စက်ကွင်းတွေထဲက လွတ်လွတ်ကျွတ်ကျွတ် ရုန်းထွက် သွားခဲ့ပါပြီ။

“ဟင်”

ကျင်ခါ့ရှီက မျက်လုံးတွေ ပြူးကျယ်သွားရုံမက ပါးစပ်ကနေ အာမေဍိတ်သံ တစ်ခုတောင် ပြုလုပ်မိလိုက်ပါတယ်။ ဟုမင်ရဲ့ ဓားကွက်ထဲက လီဖူချန်း တစ်ယောက် ရုန်းထွက်သွားပုံက လုံးဝကို သေသပ်ပြီး လှပ လွန်းနေတယ်လေ။

“မြစ်ပြင်ကျယ်နဲ့ နေဝင်ဆည်းဆာ ဓားချက်"

ဟုမင်က ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး လီဖူချန်းကို ဓားပြားကြီးဖြင့် အဆတ်မပြတ် ခုတ်ပိုင်း ပစ်လိုက်ပြန်ပါတယ်။ သည်ဓားကွက်ကတော့ ဟုမင်ရဲ့ အပိုင်နိုင်ဆုံး ဓားကွက်တွေထဲက တစ်ကွက်ပါပဲ။ သည်ဓားကွက်က အကွက်စိပ်ပြီး ဓားအနုတ်အသိမ်း အရမ်းကို လျင်မြန်တာကြောင့် ထိပ်တိုင် မရင်ဆိုင်ဘဲ ရှောင်ထွက် သွားဖို့ သိပ်မဖြစ်နိုင်ပါဘူးလေ။

လီဖူချန်းကလည်း သည်ဓားကွက်ကို ရှောင်တိမ်းဖို့ အစီအစဉ် မရှိပါဘူး။ သူက နက်ရွှေမှော်ဓားကို ဆွဲထုတ်လိုက်ပြီး ဟုမင်ရဲ့ ဓားချီတွေကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

ရွှမ်း ...

ဟုမင်ရဲ့ ဓားချီတွေက လီဖူချန်းရဲ့ ဖြိုခွဲခြင်းကို ခံလိုက်ရပြီး ဓားကွက်ကလည်း ပျက်သွားခဲ့ပါတယ်။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ တိုက်ပွဲအပေါ် သုံးသပ်နိုင်မှုပါလား ...။ သူက စက္ကန့်ပိုင်းလေး အတွင်းမှာကို ဟုမင် သုံးလိုက်တဲ့ မြစ်ပြင်ကျယ်နဲ့ နေဝင်ဆည်းဆာ ဓားကွက်ရဲ့ ဟာကွက်ကို ရှာတွေ့နိုင်တယ်”

ကျင်ခါ့ရှီက ဘယ်လိုမှ မထိန်းထားနိုင်တော့ဘဲ လီဖူချန်းကို ချီးကျူး လိုက်ပါတယ်။

သည်လို တိုက်ပွဲအတွင်းမှာ သုံးသပ်နိုင်မှုကို ပိုင်ဆိုင်ထားတဲ့သူက ကျားနဂါး စာရင်းဝင် ဆိုရင်တော့ ကျင်ခါ့ရှီက အခုလို အံ့သြနေမှာ မဟုတ်ပါဘူး။ အခုက နာမည်တောင် မကြားဖူးတဲ့ အညတရ လူငယ်လေး တစ်ယောက် ဖြစ်နေတယ်လေ။

သိုင်းကွက်တိုင်းမှာက ဟာကွက် ဆိုတာ ရှိပါတယ်။ တကယ်လို့ မင်းက သိုင်းဆန္ဒကို နားလည် သဘောပေါက်ထား ရင်တောင်မှ ဟာကွက်ဆိုတာ ရှိနေဦးမှာပါပဲ။ မင်းရဲ့ သိုင်းကွက်က ဘယ်လောက်ပဲ အစွမ်း ထက်ပါတယ် ပြောပြော တစ်ဖက်လူက မင်းသိုင်းကွက်ရဲ့ ဟာကွက်ကို သိသွားရင်တော့ ပန်းနဲ့ ပေါက်တာ ကတောင်မှ နာစေပါဦးမည်။

“မဖြစ်နိုင်ဘူး ...။ င့ါရဲ့ ဓားကွက် အပြောင်းအလဲက အရမ်းကို မြန်တာလေ။ သည်ကောင်က ဘယ်လိုလုပ်ပြီး ငါ့ဓားသိုင်းရဲ့ ဟာကွက်ကို တွေ့သွားတာလဲ"

ဟုမင်က စိတ်ထဲမှာ မသိုးမသန့် ခံစားလိုက် ရပါတယ်။

“ဟုမင် ... အလျှော့မပေးနဲ့လေ ... အစွမ်းကုန်တိုက်ပါဟ"

ရှောင်ပိုင်ရဲ့ စကားသံက ဟုမင်ရဲ့ နားထဲကို ဝင်လာပါတယ်။

ရှောင်ပိုင်ရဲ့ စကားသံကို ကြားအပြီးမှာတော့ ဟုမင်ရဲ့ မျက်လုံးတွေက တဖျတ်ဖျတ် အရောင် တောက်လာပါပြီ။

“တိုက်ပွဲဝင်အသူရာ ချီစွမ်းအား နိုးထစမ်း "

ဟုမင်ရဲ့ ချီအရှိန်အဝါတွေ ရုတ်ခြည်းပင် အားကောင်း လာပါတယ်။

ကြယ်၃ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ တိုက်ပွဲဝင်အသူရာ ချီစွမ်းအား နည်းစနစ်က သူ့ရဲ့ ချီအတွင်းအား တွေကို ၂ဆလောက် အားကောင်း စေပါတယ်။

“သေစမ်း "

သံကွင်း ကိုးကွင်းတပ် ဓားပြားကြီးကတော့ နဂါးကြီး တစ်ကောင်အလား ပြောင်းလဲသွားပြီး လီဖူချန်းကို အညှာအတာ ကင်းမဲ့စွာ ခုတ်ပိုင်း ပစ်လိုက်ပါပြီ။

“ငါ တခြားလူတွေ အာရုံစိုက်တာ မခံရအောင် နှိမ့်နှိမ့်ချချ နေရမယ်"

လီဖူချန်းက သူ့ကို အခြားသော ရွှေအဆင့် တိုက်ရိုက် တပည့်တွေ အာရုံ စိုက်မလာစေရန် အတွက် မီးနဂါး လျှို့ဝှက် နည်းစနစ်ကို အသုံးမပြုဖို့ ဆုံးဖြတ် လိုက်ပါတယ်။ မီးနဂါး လျှို့ဝှက် နည်းစနစ်ကို မသုံးဘဲနဲ့လည်း သူက ဟုမင်ကို အနိုင် တိုက်နိုင်မယ်လို့ ယုံကြည်မှု ရှိပါတယ်။ သူ့ရဲ့ အသိစိတ် အာရုံက အခုတောင်မှ ဟုမင်ရဲ့ ဟာကွက် ၇ခု၊ ၈ခုလောက်ကို တွေ့မြင်နေပါပြီ။ ဟုမင်ရဲ့ ဓားချက် ဘယ်လောက်မြန်မြန် လီဖူချန်းကတော့ ဂရုမစိုက်ပါဘူးလေ။

ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ လီဖူချန်းက သူသတိမမူမိတဲ့ ကိစ္စတစ်ခုကို သတိပြုမိလိုက်ပါတယ်။ မြေကမ္ဘာနယ်ပယ် အဆင့်၅ ပညာရှင် တစ်ယောက်က လျှို့ဝှက်နည်းစနစ် အသုံးပြုထားတဲ့ မြေကမ္ဘာနယ်ပယ် အဆင့်၇ ပညာရှင်ကို အနိုင်ယူသွားမယ်ဆိုရင် ပိုပြီး အာရုံစိုက် ခံရနိုင်သည် မဟုတ်ပါလား။

“မီးနဂါးချီ လည်ပတ်စမ်း"

ထို့နောက်မှာတော့ လီဖူချန်းက မီးနဂါး လျှို့ဝှက် နည်းစနစ်ကို အသုံးပြု လိုက်ပါတော့တယ်။ မီးနဂါးချီတွေက လီဖူချန်းရဲ့ စွမ်းရည်တွေကို အဘက်ဘက်ကနေ တိုးမြှင့် လာစေပါတယ်။

ရွှပ် ...

နက်ရွှေမှော်ဓားကတော့ လက်ခနဲ ဖြစ်သွားပါပြီ။

ဘုန်း…

ဟုမင်က အနောက် တော်တော်ဝေးဝေး အထိကို ဆုတ်လိုက် ရပါတယ်။ သူ့ရဲ့ ဓားချီတွေကလည်း ဖျက်ဆီး ခံလိုက် ရပါသေးတယ်။

“မဖြစ်နိုင်ဘူး ... မဖြစ်နိုင်ဘူး ..."

ဟုမင်ကတော့ အရူးတစ်ယောက်လို သွေးရူးသွေးတန်း အော်ဟစ်နေခဲ့ပါပြီ။

တကယ်လို့ ဓားကွက်ချင်း ထိပ်တိုက် ရင်ဆိုင်မိလို့ တစ်ဖက်လူရဲ့ ဓားကွက် အင်အားကို မခံနိုင်လို့ နောက်ဆုတ် ရတယ်ဆိုရင် ဟုမင်က လက်ခံ နိုင်ပါသေးတယ်။ အခုတော့ လီဖူချန်းရဲ့ဓားက သူ့ရဲ့ ဟာကွက်တွေ ဆီကိုဘဲ တိတိကျကျကို ရောက်လာတာပါ။ သည်အချက်က ဟုမင်ကို အခုလို သွေးရူးသွေးတန်း ဖြစ်စေတာ ဖြစ်ပါတယ်။

“ဟုမင်ကတော့ ရှုံးတော့မယ်"

ကျင်ခါ့ရှီက မနေနိုင်ဘဲ ပြောမိလိုက်ပါတယ်။

“စိတ်ဝင်စားစရာပဲ ... သည်ကောင်လေးရဲ့ တိုက်ပွဲအပေါ် ချဉ်းကပ်မှုက တော်တော်လေးကို အားကောင်း လွန်းတယ်"

ကျန်းရူချီက လေးလေးနက်နက် မှတ်ချက် ချလိုက်ပါတယ်။ တကယ်တမ်း စိတ်ထဲမှာတော့ သူက လီဖူချန်းကို ထပြီး ဓားနဲ့တောင် ခုတ်ချင်နေတာပါ။ သူက ဟုမင်နိုင်မယ်လို့ ခန့်မှန်း ထားခဲ့တာလေ။ အခုတော့ သူက ကျင်ခါ့ရှီ အရှေ့မှာ မျက်နှာပျက် ရပါပြီ။

“ငါ့ရဲ့ ဓားချက်ကိုလည်း မြည်းကြည့်ပါဦးဟ"

လီဖူချန်းက လေထဲကို အတော်မြင့်မြင့် ခုန်တက်လိုက်ပြီး ဟုမင်ဆီကို ဇောက်ထိုး ပြန်ဆင်း ချလာပါတယ်။

သည်ဓားကွက်ကတော့ မီးတောက်ကြယ် ဓားသိုင်းထဲက မီးတောက်ကြယ် ကြွေဆင်းခြင်း ဓားကွက်ပါပဲ။

တကယ်လို့သာ အခြား တစ်ယောက်က သည်ဓားကွက်ကို အသုံးပြုမယ်ဆိုရင် မီးတောက်ကြယ် ဓားဆန္ဒကို ပိုင်ဆိုင် ထားရင်တောင်မှ ဟာကွက်တွေ ရှိနေဦးမှာပါ။ ဒါပေမဲ့ လီဖူချန်း သုံးလိုက်တဲ့ အခါမှာတော့ မီးတောက်ကြယ် ကြွေဆင်းခြင်း ဓားကွက်က ဟာကွက် မရှိသလောက်ကို လျော့နည်း သွားပါတယ်။

လီဖူချန်းရဲ့ မီးတောက်ကြယ် ဓားဆန္ဒက ကိုယ်ပိုင် အသိစိတ် ဖြစ်တည်နေသည့် အလားပါပဲ။

ရွှပ် ... ရွှပ် ... ရွှပ် ...

ဟုမင်ရဲ့ ဓားပြားကြီးက လီဖူချန်းရဲ့ အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ မီးတောက်ကြယ် ဓားချီတွေကို ဘယ်လိုမှ မခုခံ နိုင်တော့ပါဘူး။

လီဖူချန်းရဲ့ ဓားချီတွေက ဟုမင်ရဲ့ ချီအကာအကွယ်ကို ဖောက်ထွင်းသွားပြီး ဟုမင် တစ်ကိုယ်လုံးကို မီးကျွမ်း သွားစေသည့် အပြင် ဒဏ်ရာ ဗရပွနဲ့ သွေးသံတရဲရဲ ဖြစ်စေခဲ့ပါပြီ။

ဟုမင်ရဲ့ အခြေအနေကို ကြည့်ရတာတော့ နာလန်ပြန်ထူ လာဖို့တောင် လပေါင်း အနည်းငယ် အချိန်ပေး ရမည့်ပုံပါပဲ။ တကယ်လို့သာ အစွမ်းထက်တဲ့ ဆေးဝါးတွေကို မသုံးနိုင်ဘူး ဆိုရင် ဟုမင်တစ်ယောက် သည်တစ်သက်တော့ အကောင်းပကတိ ပြန်ဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး။

ဟူး ...

ထိုအဖြစ် အပျက်ကြောင့် ရှောင်ပိုင်က ဒေါသထွက်သွားပြီး လက်ဝါးဖြင့် လီဖူချန်းကို ရိုက်ချ လိုက်ပါတယ်။

“အစ်ကိုရှောင် ... ညီမနဲ့ အစ်ကို ကျားနဂါး စာရင်းဝင်တွေလေ။ တစ်ခါလောက် ပျော်ပျော်ပါးပါး လက်ရည် စမ်းကြည့်ရအောင်”

ရှောင်ပိုင်က လီဖူချန်းကို ရိုက်သတ်ဖို့ ကြိုးစားလိုက်တာကို မြင်လိုက်တဲ့ အခါမှာတော့ ကျင်ခါ့ရှီက လီဖူချန်းကို ကယ်ဖို့ ကြိုးစား လိုက်ပါတယ်။

ရှောင်ပိုင်က ကျားနဂါး စာရင်းမှာ အဆင့်၁၀၁ ဖြစ်တဲ့အတွက် လီဖူချန်းကို သတ်ချင်တယ်ဆိုရင် သိုင်းကွက် တစ်ကွက်နဲ့တင် လုံလောက်နေသည် မဟုတ်ပါလား။

ဒါပေမဲ့လည်း ရှောင်ပိုင်က အရမ်းကို မြန်နေပါတယ်။ သူက ကျင်ခါ့ရှီတောင် တားဆီးချိန် မရတဲ့အထိကို မြန်တာပါ။

ရှောင်ပိုင်ရဲ့ လက်ဝါးရိုက်ချက်က တိမ်စိုင်တိမ်ခဲကြီး တစ်အုပ် လီဖူချန်း အပေါ်ကို ကျရောက်လာသည့် အလားပါပဲ။

“လီဖူချန်း ... သတိထား ..."

ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့က သံပြိုင်အော်ဟစ် လိုက်ပါတယ်။

ဟောင်ယုရှန်ကတော့ ခေါင်းကိုသာ တသွင်သွင် ခါယမ်း နေပါတော့တယ်။ သူ့အမြင်မှာတော့ လီဖူချန်းက ဘယ်လိုမှ ရှောင်ပိုင်ရဲ့ လက်ဝါး ရိုက်ချက်ကနေ လွတ်မြောက်နိုင်စရာ အကြောင်း မရှိပါဘူး။

***

All Chapters