← Chapters

မင်းတို့ ဘာပြောချင်သေးလဲ

Vol. 18 Ch. 240

မင်းတို့ ဘာပြောချင်သေးလဲ

Vol. 18 Ch. 240

"မင်းက ငါ့ကို ယှဉ်ဖို့ အဆင့်မရှိသေးဘူး။ ငါက မင်းရဲ့ အမူအကျင့်ကို မကြိုက်လို့ သည်အတိုင်း ပြောလိုက်တာ ... "

လျိုကျင်းယွန်က ပွဲကြည့်စင်ရဲ့ ဒုတိယထပ်ကနေ သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်းလာမယ့် ပုံတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက လီဖူချန်းကို သူ့ပြိုင်ဘက် ဖြစ်နိုင်လောက်တဲ့ အဆင့်မရှိဘူးလို့ သတ်မှတ် ထားလို့ပါ။

သူ့ရဲ့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းကလည်း မိုးပြာရောင်ဂိုဏ်းလို နှစ်ဖက်သွား ဓားပညာကို သင်ကြားပေးသည့် ဂိုဏ်းပါပဲ။

ဓားသမားတွေ ဆိုတာက တစ်ဖက် ဓားသမားရဲ့ အဆင့်ကို အလွယ်တကူ နားလည် နိုင်သည်လေ။

လီဖူချန်းက တိုက်ပွဲ အခြေအနေကို သုံးသပ်ရာနဲ့ ပြိုင်ဘက်ရဲ့ ဟာကွက်ကို ရှာဖွေတဲ့ နေရာမှာ တကယ် တော်တာကို သူအသိအမှတ် ပြုပါတယ်။ ဒါပေမဲ့လည်း လျိုကျင်းဟွန်က သူ့ဓားသိုင်းက လီဖူချန်းရဲ့ သုံးသပ်နိုင်စွမ်းထက် အဆင့်အများကြီး မြင့်တယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် လျိုကျင်းယွန်က သူ့ထက် အဆင့်နိမ့်တဲ့ လူကို မတိုက်ချင်ပါဘူး။ ဒါက လီဖူချန်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေး လိုက်တာနဲ့ သွားတူနေသည် မဟုတ်ပါလား။

လီဖူချန်းက နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီး  ...

“မင်း ... ငါ့ကို ကြောက်တာလား ...”

လျိုကျင်းယွန်က ခေါင်းကို ခါလိုက်ပြီး  ...

“သွားစမ်းပါကွာ ... မင်းလိုကောင်ကို ငါက ကြောက်စရာလား ...။ မင်းက ငါနဲ့ တိုက်ရလောက်တဲ့ အဆင့် မရှိသေးဘူး”

“အေး ... မင်းငါနဲ့ မတိုက်ချင်ဘူး ဆိုရင် ငါ့ကို ဘာမှ လာပြီး ဝေဖန်မနေနဲ့။ မင်းက တကယ့် ဓားသမား မဟုတ်ဘူး  ... ။ မင်းက ဖြောင့်မတ် မှန်ကန်တဲ့ ဓားသမားပုံစံ ဖမ်းနေတဲ့ လူတစ်ယောက်ပဲ"

လီဖူချန်းက လျိုကျင်းယွန်ကို အေးစက်စက် လေသံဖြင့် ပြန်ပြော လိုက်ပါတယ်။

သတ်ဖြတ်ခြင်း အငွေ့အသက်တွေက လျိုကျင်းယွန်ရဲ့ မျက်လုံးထဲက ထွက်ပေါ် လာခဲ့ပါပြီ။

“မင်းက ငါ့ကို ရန်စနေတာပဲ”

“မင်းလို ဓားသမား အတုကို ငါကဘာလို့ ရန်စရမှာလဲ ...။ မင်းလိုကောင်ကို ငါက အပင်ပန်းခံပြီး ရန်စဖို့ မအားသေးဘူး”

လီဖူချန်းကလည်း တစ်စက် ကလေးမှကို အတင်စီး မခံတဲ့ကောင်ပါ။ သူ့ကို သည်လို လာကျောလို့ ဘယ်ရမည်နည်း။

“ကောင်းတယ် ...။ ပြောတာ ကောင်းတယ်။ ငါ့ကို ဓားသမား အတုလို့ မင်းက ပြောရဲတယ်ပေါ့။ ဟုတ်ပြီလေ ... မင်းက အရမ်းကို နာချင်နေတော့လည်း ... ငါက မင်းဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့”

လျိုကျင်းယွန်က ပွဲကြည့်စင်ရဲ့ ဒုတိယထပ် ကနေ သိုင်းစင်မြင့်ပေါ်ကို ခုန်ချလာ ခဲ့ပါတယ်။

သူ့ခန္ဓာကိုယ် ကနေလည်း အေးစက်တဲ့ ဓားတစ်လက်ရဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာ ခဲ့ပါပြီ။ အဲသည် အငွေ့အသက်က ရင်ဆိုင်မိတဲ့ လူတိုင်းကိုတောင် ကျောရိုးထဲအထိ အေးစိမ့် သွားစေနိုင်ပါတယ်။

“သည်တစ်ကြိမ် မှာတော့ လီဖူချန်း တစ်ယောက် အနိုင်ရဦးမလား ဆိုတာကို ငါကြည့်ချင် သေးတယ်။ လျိုကျင်းယွန်က တကယ့်ဓားသမား တစ်ယောက်လို့ နာမည် ကြီးတာကွ။ သူက ကျားနဂါး စာရင်းဝင်တွေထက်ကို နည်းနည်းလေးပဲ နိမ့်ကျတာ။ ရှင်းဝူဟန်နဲ့ ဟုမင်တို့ ဆိုတာ လျိုကျင်းယွန်ရဲ့ ခြေထောက်အောက်က ခြေမှုန့်သာသာ လောက်ပဲ ရှိတာ”

“မင်းပြောတာ မှန်တယ်ကွ။ လျိုကျင်းယွန်က ရှင်းဝူဟန်နဲ့ ဟုမင်တို့ထက် အများကြီး သာတယ်။ ဟုမင်က သူ့ဂိုဏ်းရဲ့ ထိပ်ဆုံး၇ယောက် အဆင့်ထဲမှာ ဝင်တယ် ဆိုရုံလေးပဲ ရှိတာ။ ရှင်းဝူဟန် ဆိုရင်လည်း ထိပ်ဆုံးတပည့် ၅ယောက် အဆင့်ပဲ။ ဒါပေမဲ့ လျိုကျင်းယွန် ကတော့ သူတို့နဲ့ မတူဘူးကွ။ သူက ချောင်းစွယ်တိမ်တိုက် ဂိုဏ်းရဲ့ နံပါတ်၂ တပည့်မလား ... "

“ကဲကဲ ... တော်ကြတော့  ... ။ လီဖူချန်းရော လျိုကျင်းယွန်ကောက ဓားသမားတွေပဲ။ သူတို့က တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက် ရှာတွေ့မလား ဆိုတာ မကြာခင်မှာ သိရတော့မှာပဲ။ ငါကတော့ လျိုကျင်းယွန်က လီဖူချန်းကို နိုင်ပါစေလို့ပဲ ဆုတောင်းတော့မယ်။ ဒါမှ သည့်ကောင့်ရဲ့ ဆောင့်ကြွားကြွား မျက်နှာကို ဆက်ပြီး မမြင်ရတော့မှာကွ”

လူတွေ အားလုံးကတော့ လျိုကျင်းယွန် အပေါ်ကို မျှော်လင့်ချက်တွေ အကုန် ပုံအောထား လိုက်ပါပြီ။

ရှောင်ပိုင်ကလည်း အခုမှ စိတ်အေး နိုင်ပါတော့တယ်။

လျိုကျင်းယွန် ကိုယ်တိုင် စင်ပေါ်ကို ဆင်းသွားပြီ ဆိုမှတော့ လီဖူချန်း တစ်ယောက် သည်တစ်ကြိမ်မှာတော့ သေချာပေါက်ကို ရှုံးပါပြီလေ။

လျိုကျင်းယွန်ကို အနိုင်ယူဖို့ အတွက်ဆိုရင် သူကိုယ်တိုင်တောင် မနည်း တိုက်ခိုက်ရမည် မဟုတ်ပါလား။

“လီဖူချန်း ... မင်းသူ့ကို အနိုင်ယူပြမှ ဖြစ်မယ်"

ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ကတော့ လီဖူချန်းကို ထောက်ခံအားပေး နေဆဲပါပဲ။

ဒါပေမဲ့လည်း သည်တစ်ကြိမ် မှာတော့ သူတို့က အနည်းငယ် စိတ်ပူ နေပါတယ်။ လျိုကျင်းယွန်က ရှင်းဝူဟန်နဲ့ ဟုမင် မဟုတ်ပါဘူး။ သူက ကျားနဂါး စာရင်းဝင် ပါရမီရှင်တွေ ပြီးရင် အတော်ဆုံးလို့ သတ်မှတ်လို့ ရသည့် လူငယ်တွေထဲက တစ်ယောက်ပင် မဟုတ်ပါလား။

“ဟူး ...”

ဟောင်ယုရှန်ကလည်း အခုမှပင် သက်ပြင်းရဲရဲ ချနိုင်ပါတော့တယ်။ သူက လီဖူချန်း ရှုံးတာကို စောင့်မျှော် နေတာလေ။ ဒါမှသာ သူက ဖန်မောင်နှမကို နည်းနည်းပါးပါး စကားပြန် တုံ့နိုင်မည် မဟုတ်ပါလား ...။

“ကျင်ခါ့ရှီ ... လာစမ်းပါ။ အေးအေးဆေးဆေး လက်ဖက်ရည် သောက်ရင်း ကြည့်ကြရအောင်။ သည်ပွဲက အဖြေကြိုသိ နေပါပြီကွာ  ... ”

ရူကျန်းချီက သူ့ထိုင်ခုံပေါ်မှာ ပြန်ထိုင်ချ လိုက်ပြီး လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ကာ အေးအေးဆေးဆေး အရသာခံကာ သောက်နေပါပြီ။

ကျင်ခါ့ရှီကတော့ ဘာမှ ပြန်မပြောဘဲ လီဖူချန်းကိုသာ အာရုံစိုက်ပြီး ကြည့်နေပါတယ်။

“လီဖူချန်း ... လီဖူချန်း ...။ သည်တိုက်ပွဲ ပြီးရင်တော့ နင်ကြွားဝါ ပြောဆိုနေတာလား ဒါမှမဟုတ် တကယ် အစွမ်းအစ ရှိတာလား ဆိုတာကို သိရတော့မှာပဲ။ ငါအစောပိုင်းတုန်းက နင့်ကို သုံးသပ်မိတာ မှားပါစေလို့ ငါမျှော်လင့်မိတယ်”

သိုင်းစင်မြင့် ပေါ်မှာတေ့ာ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေက ပြောင်းလဲ သွားခဲ့ပါပြီ။

လျိုကျင်းယွန်ရဲ့ ချီအရှိန်အဝါက အေးစက်ပြီး ထက်ရှတဲ့ ဓားတစ်ချောင်းပါ။

လီဖူချန်းရဲ့ ချီအရှိန်အဝါ ကတော့ ပူလောင်နေပြီး ထက်မြနေတဲ့ ဓားတစ်လက်ကို ကိုယ်စားပြု နေပါတယ်။ ကောင်းကင်ဘုံ ကိုတောင် မီးလောင်ကျွမ်း သွားစေတဲ့ မီးတောက် တစ်ခုရဲ့ အပူရှိန်လိုပေါ့။

လီဖူချန်းက လျိုကျင်းယွန်ကို လုံးဝ လျှော့မတွက် ထားခဲ့ပါဘူး။ သူ့ရဲ့ တကယ့် အစွမ်းအစနဲ့ ဆိုရင်တော့ လီဖူချန်းက လျိုကျင်းယွန်ကို သေချာပေါက်ကို အနိုင်ယူ နိုင်ပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ အပိုင် သေချာမည့် ဝှက်ဖဲတွေကို အမြဲချန်ထား ရတာကို နှစ်သက်တယ်လေ။

“သည်ကောင်က လက်ရွေးစင် ပါရမီရှင် အဆင့်မှာလို့ သတ်မှတ်နိုင်တာပဲ”

လီဖူချန်းက စိတ်ထဲကနေ တွေးမိ လိုက်ပါတယ်။

“၁၀ကွက်”

လျိုကျင်းယွန်က စကားတစ်ခွန်း စပြောလိုက်ပါတယ်။

“အေး ... မင်းငါ့ရဲ့ ဓားကွက် ၃ကွက်ကို အရင် မြည်းကြည့်ပါဦး”

လီဖူချန်းက သူ့ရဲ့ဓားကို မြေကြီးကို ညွှန်ထားရင်းနဲ့ ပြန်ပြော လိုက်ပါတယ်။

“မင်းက တကယ် စိတ်ကြီးဝင် နေတာပဲ။ ငါမင်းရဲ့ သောက်ပါးစပ်ကို အခုပဲ ပိတ်ပေးလိုက်မယ်”

လျိုကျင်းယွန်က သူ့ရဲ့ ပထမ အကွက်ကို စလိုက်ပါပြီ။

အရိုးထဲ အထိအောင် အေးစိမ့်စေတဲ့ လေအေးတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ လာပါတယ်။ လျိုကျင်းယွန်ရဲ့ ဓားက နေရာအနှံ့မှာ ရောက်ရှိနေပြီး လီဖူချန်းကို ရှောင်ပြေးဖို့ အခွင့်အရေး တစ်စက်မှတောင် မပေးချင်သည့် ပုံပင်။

သိုင်းစင်မြင့်ကို ဝင်္ကပါ အစီအရင်တွေနဲ့ အကာအကွယ် ပေးထားတာတောင်မှ အေးစက်သည့် အအေးဓာတ်တွေက အစီအရင်တွေကို ဖြတ်ကျော်လာပြီး ပတ်ဝန်းကျင်ကို ချမ်းစိမ့်စိမ့် ဖြစ်ပေါ်လာ စေပါသေးတယ်။

အရိုးထိ အေးခဲ သွားစေနိုင်သည့် ဓားဆန္ဒ ...။

ချီအတွင်းအား ကလည်း အအေးဓာတ် အမျိုးအစား  ...။

လျိုကျင်းယွန် လေ့ကျင့်ထားတဲ့ အတွင်းအားနည်းစနစ်က တစ်ဖက်ရန်သူရဲ့ ချီအတွင်းအားနဲ့ သွေးတွေကို အေးခဲစေပြီး လှုပ်ရှားမှုနှုန်းကို ကျစေနိုင်စွမ်း ရှိပါတယ်။

“အရည်ပျော်စမ်း”

လီဖူချန်းက သူ့ကို လျိုကျင်းယွန်ရဲ့ အေးစက်တဲ့ ဓားချီတွေ ဝိုင်းဝန်း ပိတ်ဆို့လာတာ မြင်ရတဲ့ အခါမှာတော့ အစစ်အမှန် ငရဲမီးတောက် အတွင်းအားကို ဖော်ထုတ်လိုက်ကာ မျောလွင့် ဓားသိုင်းဖြင့် ဓားချီတွေ အကုန်လုံးကို ခုတ်ပိုင်းပစ် လိုက်ပါပြီ။

သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားတွေက လျိုကျင်းယွန်ရဲ့ အေးစက်စက် ချီတွေကို လောင်ကျွမ်းစေရုံ သာမက ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ ပူအိုက်သွား စေပါသေးတယ်။

“သွားတော့”

ထို့နောက်မှာတော့ လီဖူချန်းရဲ့ နက်ရွှေမှော်ဓားက မီးမုန်တိုင်း တစ်ခုလို အရှိန်အဝါမျိုးဖြင့် လျိုကျင်းယွန်ဆီကို ဦးတည် သွားခဲ့ပါပြီ။

လျိုကျင်းယွန်ကတော့ အတော်လေးကို အံ့သြနေမိ ခဲ့ပါတယ်။

လီဖူချန်းက သူ့ရဲ့ ဆီးနှင်း ဓားကွက်ကို အလွယ်တကူ ဖျက်ဆီးလိုက်ရုံ သာမက တန်ပြန်တိုက်စစ်ပါ ဆင်လာသည် မဟုတ်ပါလား။

လီဖူချန်းရဲ့ မီးဓာတ် အတွင်းအားက သူ့ရဲ့ အအေးဓာတ် အတွင်းအားကို မမှုသည့် ပုံပါပဲ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ဓားသိုင်း အဆင့်က လျိုကျင်းယွန်ကို မီဖို့ အနည်းငယ် လိုပါသေးတယ်။ ဒါပေမဲ့ လီဖူချန်းက ဆီးနှင်း ဓားကွက်ရဲ့ ဟာကွက်ကို အတိအကျ တိုက်လိုက်တာ ဖြစ်တဲ့အတွက် လျိုကျင်းယွန် တစ်ယောက် ဘာမှ မတတ်နိုင်ခဲ့ ရတာပါ။

“မင်းရဲ့ ဟာကွက် ရှာနိုင်စွမ်းက ဘယ်လောက်အထိ ရှိသလဲ ဆိုတာကို ကြည့်ရ သေးတာပေါ့ကွာ”

လျိုကျင်းယွန်က စိတ်ထဲကနေပြီး ကြုံးဝါး လိုက်ပါတယ်။

လျိုကျင်းယွန်က ရှင်းဝူဟန်လို မဟုတ်ပါဘူး။ သူ့ရဲ့ ခြေထောက်တွေကို အနည်းငယ် လှုပ်ရှားလိုက်တဲ့ အခါမှာတော့ ပုံရိပ်ယောင်တွေ အများကြီး ထွက်ပေါ် လာခဲ့ပါပြီ။

တကယ်လို့ လီဖူချန်းက ဓားသိုင်း မဟုတ်တဲ့ အခြား ဆန်းကြယ် အဆင့်နိမ့် ပညာရပ်တွေကို တစ်ဖက်ကမ်းခပ် လေ့ကျင့် နိုင်တယ်ဆိုလျှင် သူသည်လည်း လေ့ကျင့် နိုင်သည်ပဲ။

လျိုကျင်းယွန်ရဲ့ ခြေကွက်တွေကြောင့် လီဖူချန်းရဲ့ ဓားကွက်က လေကိုသာ ခုတ်မိ သွားပါတယ်။

ခြေကွက်နဲ့ ဆီးနှင်းဓားသိုင်း ပေါင်းစပ်သွားတဲ့ အခါမှာတော့ သိုင်းစင်မြင့် တစ်ခုလုံးမှာ လျိုကျင်းယွန်နဲ့ သူ့ဓားကိုသာ မြင်တွေ့ရ ပါတော့တယ်။

လီဖူချန်းကတော့ ထူးထူးဆန်းဆန်းပင် သူ့ရဲ့ အရိပ်မဲ့ ခြေထောက်ကို မသုံးဘဲ သည်အတိုင်းသာ လျိုကျင်းယွန်ကို ခုခံနေ ပါတယ်လေ။

“လီဖူချန်း အောက်စည်းကို ရောက်သွားပြီ”

“ဟားဟား ...။ ကောင်းတယ်ဟေ့ ...။ နောက်ဆုံးတော့ သည်ကောင့်ရဲ့ ဆောင့်ကြွားကြွား မျက်နှာကို မမြင်ရတော့ ဘူးပေါ့ကွာ”

လူတွေ အားလုံးကတော့ လီဖူချန်းတစ်ယောက် အရေးနိမ့် နေတာကို ပျော်ပျော်ကြီး ကြည့်ရှု နေကြပါတယ်။

“ငါမင်းရဲ့ ခြေကွက်တွေကို နားလည်သွားပြီ”

ကြယ်တာရာ လမ်းမရဲ့ ပဉ္စမအဆင့် စမ်းသပ်ချက်က သိုင်းပညာအပေါ် ဘယ်လောက် နားလည်နိုင်စွမ်း ရှိသလဲ ဆိုတာကို စမ်းသပ်တာလေ။ ဒါက သိုင်းပညာ တစ်ခုရဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို လေ့လာရသည့် အဆင့် တစ်ခုပါပဲ။ လီဖူချန်းက ထိုအဆင့်ကို အချိန်တိုလေး အတွင်းမှာပင် အောင်နိုင်ခဲ့တာလေ။

လျိုကျင်းယွန်ရဲ့ သိုင်းပညာက ကြယ်တာရာ လမ်းမရဲ့ ပဉ္စမအဆင့်ကို မီဖို့ အများကြီး လိုပါသေးတယ်။ ဒါကြောင့် လီဖူချန်းက သိုင်းကွက် အနည်းငယ်လေး အတွင်းမှာပဲ လျိုကျင်းယွန်ရဲ့ ခြေကွက်နဲ့ တိုက်ခိုက်ပုံကို လုံးဝ နားလည် သွားခဲ့ပါပြီ။

ရွှမ်း ...။

လီဖူချန်းရဲ့ လက်တစ်ဖက် အဝှေ့မှာတော့ မီးတောက် ကြယ်ပွင့်လေးတွေ ထွက်ပေါ် လာခဲ့ပါတယ်။

လျိုကျင်းယွန်က ခြေကွက်ကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီး လီဖူချန်းကို အနိုင်ယူဖို့ လုပ်နေစဉ်မှာပင် လီဖူချန်းရဲ့ ဓားဦးက သူ့ရင်ဘတ်ထဲကို ရုတ်တရက် တိုးဝင် လာတာကို တွေ့လိုက် ရပါတယ်။

လီဖူချန်းရဲ့ ဓားဦးက သူ့ရဲ ဟာကွက်ထဲကို အမိအရ တိုးဝင် လာခဲ့တာပါ။

"အား ... မကောင်းတော့ဘူး”

လျိုကျင်းယွန်က အလျင်အမြန် ဓားကွက်ကို ရပ်တန့်ဖို့ ကြိုးစားလိုက် ပေမဲ့လည်း မဖြစ်နိုင်တော့ ပါဘူးလေ။

လီဖူးချန်းရဲ့ မီးတောက်ကြယ် ဓားချီတွေက ဟာကွက် သုံးနေရာခွဲပြီး တိုးဝင် လာခဲ့တာပါ။ လျိုကျင်းယွန်က ဟာကွက် နှစ်နေရာကို ကာကွယ်နိုင် လိုက်ပေမဲ့လည်း နောက်ဆုံး ကျန်နေတဲ့ နေရာ တစ်နေရာကိုတော့ ဘယ်လိုမှ ကာကွယ်နိုင်စွမ်း မရှိခဲ့တော့ပါဘူး။

“ဖတ် ...  ဖောက် ... ရွှပ် ... ရွှပ် ...”

လီဖူချန်းရဲ့ မီးတောက်ကြယ် ဓားချက်တွေက လျိုကျင်းယွန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မီးလောင်ကျွမ်းတဲ့ ဒဏ်ရာတွေကို ဖြစ်ပေါ်စေခဲ့ပါပြီ။

ဟုမင်နဲ့ ယှဉ်ရင်တော့ လျိုကျင်းယွန်ရဲ့ အတွင်းအား ကျင့်စဉ်က အဆင့်၂ဆင့် သာနေတဲ့အတွက် လီဖူချန်းရဲ့ မီးတောက်ကြယ် ဓားသိုင်းကို အနည်းအကျဉ်း ခံနိုင်ရည် ရှိပါသေးတယ်။ ဒါကြောင့် လျိုကျင်းယွန်ရဲ့ ဒဏ်ရာက ဟုမင်လောက်တော့ ဆိုးမသွားခဲ့ပါဘူး။

“မင်းရှုံးပြီ။ မင်းမှာကော ဘာအကြောင်းပြချက် ရှိသေးလဲ ...။ ရှိရင်လည်း မြန်မြန် ပြောလိုက်တော့ ...”

လီဖူချန်းက မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ လျိုကျင်းယွန်ကို ကြည့်ပြီး သာမန်လေသံဖြင့် မေးလိုက်ပါတယ်။

လီဖူချန်ရဲ့ မျက်နှာပေးကတော့ 'ကဲ ... အခုတော့ ဘယ့်နှယ်ရှိစ' ဆိုသည့် မျက်နှာပေး မျိုးပါပဲ။

“ငါ ...  ငါ  ...  ဝေါ့ ...”

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လျိုကျင်းယွန်ရဲ့ ဒဏ်ရာက သိပ်ပြီး မများလှပါဘူး။ ဒါပေမဲ့ လီဖူချန်းရဲ့ မျက်နှာပေးနဲ့ စကားက သူ့ကို အကြီးအကျယ် အရှက်ရ စေခဲ့တယ်လေ။ သူ့လို မာနကြီး လှသည့် လူငယ် တစ်ယောက်က လီဖူချန်းရဲ့ သည်မျက်နှာပေးကို ဘယ်လိုလုပ်ပြီး ကြည့်နေ နိုင်မည်နည်း။

ထို့ကြောင့် လျိုကျင်းယွန်က စိတ်ထဲမှာ အကြီးအကျယ် ခံစားသွား ရပြီး သွေးလည်ပတ်မှုတွေ ဖောက်ပြန်သွားတဲ့ အတွက် သွေးတစ်လုတ်မျှပင် အန်လိုက် ရပါတော့တယ်။

***

All Chapters