တစ်ကောင်တည်း ခြင်္သေ့
Vol. 18 Ch. 244
“မင်းက ငါ့ကို အနိုင်ယူနိုင် လိမ့်မယ်လို့ ထင်နေတာလား”
လီဖူချန်း အခုချိန်အထိ သူထုတ်ပြခဲ့တဲ့ ဟာကွက် ရှာဖွေနိုင်စွမ်းက ဘယ်လောက်မှကို မရှိသေးပါဘူး။ ပြောရမယ် ဆိုရင် လီဖူချန်းရဲ့ ဝေဖန် ပိုင်းခြားနိုင်တဲ့ အသိစိတ် အာရုံက သာမန်ကျားနဂါး စာရင်းဝင်တွေ ထက်ကို ပိုသာပါတယ်။
“မင်းက အရမ်း ဘဝင်မြင့် နေတာပဲ။ မင်းက တကယ်ကြီးကို မင်းကို အနိုင် ယူနိုင်တဲ့လူ မရှိတော့ဘူးလို့ ထင်နေတာလား ...။ မင်းက ကောင်းကင် ဘယ်လောက်မြင့်ပြီး မြေပြင် ဘယ်လောက် ကျယ်လည်း ဆိုတာကိုတောင် မသိသေးဘူးပဲ”
“သွားစမ်းကွာ”
ရူကျန်းချီက သူ့လက်ဖဝါးကို မြှောက်လိုက်တဲ့ အခါမှာတော့ ရွှေရောင် လေနက္ခတ်တွေ ဖြစ်ပေါ်လာပြီး လီဖူချန်းကို တွန်းထုတ်ပစ် လိုက်ပါတယ်။
လီဖူချန်းကလည်း တစ်ချက်ကြည့် လိုက်တာနဲ့ ဟာကွက်ကို တန်းမြင် လိုက်တယ်လေ။
သူက ဓားချက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ဟာကွက်ထဲကို တိုက်ခိုက် လိုက်ပါတယ်။
ဘုန်း ...
လီဖူချန်းရဲ့ ခန္ဓာကိုယ်ကတော့ အနည်းငယ်သာ တုန်ယင်သွားပြီး ရူကျန်းချီ ကတော့ အနောက်ကို ခြေလှမ်း၃လှမ်း ဆုတ်လိုက် ရပါပြီ။
'နှမြောစရာကြီးကွာ'
လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နိုင်မှုက သူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက် ထက်ကို သာလွန် နေပါတယ်။ ဒါကြောင့် သူ့ရဲ့ အသိစိတ် အာရုံက ဟာကွက်ကို ရှာပေးတဲ့ အချိန်အတိအကျ အတိုင်း သူ့ခန္ဓာကိုယ်က လိုက်မလုပ်နိုင်ပါဘူး။ လီဖူချန်းရဲ့ တိုက်ကွက်က ရူကျန်းချီရဲ့ ဟာကွက်နဲ့ ဆံခြည် တစ်မျှင်စာမျှ ကပ်လွဲ သွားခဲ့ပါတယ်။ ဒါကြောင့်လည်း လီဖူချန်းက နှမြောစရာ ကြီးလို့ တွေးမိလိုက်တာပါ။
ဆံခြည် တစ်မျှင်စာ ကပ်လွဲ သွားတာကို ဘယ်တော့မှ အထင်မသေး လိုက်ပါနဲ့။ တကယ့် ထိပ်သီး ပညာရှင်တွေရဲ့ တိုက်ပွဲတွေကို သည်ဆံခြည် တစ်မျှင်စာလောက် ကပဲ အဆုံးအဖြတ် ပေးတာပါ။
တကယ်လို့သာ လီဖူချန်း တစ်ယောက် မြေကမ္ဘာ အဆင့်၇ ဒါမှမဟုတ် အဆင့်၈ကို ရောက်ခဲ့မယ် ဆိုရင်တော့ ရူကျန်းချီတို့ ရှောင်ပိုင်တို့ကို ဘာလျှို့ဝှက် နည်းစနစ်မှ မသုံးဘဲ ဓားသိုင်း သက်သက်ဖြင့်တောင် သတ်ပစ်နိုင် လောက်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျင့်ကြံမှု အဆင့် မြင့်လာတာနဲ့ အမျှ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်မှုက ပိုကောင်းလာ လို့ပါပဲ။
“သူက ငါ့ရဲ့ ဟာကွက်ကို တိုက်ခိုက် လိုက်တာလား ...”
ရူကျန်းချီက အနည်းငယ် စဉ်းစားရ ခက်နေပါတယ်။
သူ့က မြေကမ္ဘာ နယ်ပယ် အဆင့်၇ ဖြစ်တဲ့အတွက် ကျင့်ကြံခြင်း အဆင့်မှာ ရှောင်ပိုင်ထက် အဆင့်တစ်ဆင့် နိမ့်တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ စွမ်းရည်က ရှောင်ပိုင်ထက်ကို သေချာပေါက် အများကြီး အစွမ်းထက် ပါတယ်လေ။
ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ ထိုးထွင်း သိမြင်နိုင်မှုက ရှောင်ပိုင်ထက်ကို အများကြီး ကောင်းနေလို့ပါပဲ။ ထိုးထွင်းသိမြင် ကောင်းနေမှတော့ သိုင်းကွက်တွေကို နားလည် နိုင်စွမ်းမှာလည်း ပိုကောင်းမည် မဟုတ်ပါလား။
တူညီတဲ့ ဆန်းကြယ် အလယ်အလတ် ဓားသိုင်းဆန္ဒကို နားလည်ထားတဲ့ ပညာရှင် နှစ်ယောက် မှာတောင်မှ ထိုးထွင်း သိမြင်နိုင်မှုရယ်၊ နားလည် သဘောပေါက်မှု အပေါ်မှာ မူတည်ပြီး နှစ်မျိုးနှစ်စား ကွဲသွား နိုင်သေးသည်လေ။
ပိုပြီး အားကောင်းတဲ့ အသိစိတ် အာရုံက တစ်ဖက်လူရဲ့ ဟာကွက်ကို အလျင်အမြန် ရှာနိုင်ပြီး အနိုင်ယူ နိုင်ပါတယ်။
“သည်ကောင့်ရဲ့ သိုင်းပညာအပေါ် ဝေဖန်သုံးသပ် နိုင်စွမ်းက ငါ့ထက် သာတယ်”
ရူကျန်းချီက သူ့ရဲ့ အခြေအနေကို သူ သိလိုက်ပါပြီ။
“ရှောင်ပိုင် ... မင်းက ဘာကြောင်ကြည့် နေတာလဲ။ အမြန် လာတိုက်လေ”
ရူကျန်းချီက အပိုင် သေချာစေရန် ရှောင်ပိုင်ကိုပါ စစ်ကူ ခေါ်လိုက်ပါတယ်။
ငွေဝတ်ရုံဂိုဏ်းနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းက အတူတကွ တွဲပြီး အလုပ်တွေ အများကြီး လုပ်ခဲ့ဖူး ပါတယ်။ ပြီးတော့ သည်ဂိုဏ်း ၂ဂိုဏ်းရဲ့ တပည့်တွေ ကလည်း စွန့်စားခန်း ခရီးတွေကို မကြာခဏ ဆိုသလို အတူတူ သွားနေကျပါပဲ။
ရူကျန်းချီနဲ့ ရှောင်ပိုင်တို့က စစ်ဆင်ရေးတွေကို ကြိမ်ဖန်များစွာ အတူတကွ လုပ်ခဲ့ဖူးပါ သေးတယ်။ အကြိမ်တိုင်းမှာလည်း သူတို့က အောင်မြင်ခဲ့ ပါတယ်။ ဒါကြောင့် ရူကျန်းချီနဲ့ ရှောင်ပိုင်တို့က ခင်မင် နေကြတာပါ။
“ငရဲပြည်မှ ဝိညာဉ်လက်သည်း”
ရှောင်ပိုင်ရဲ့ ညာဘက် လက်ကနေ ဝိညာဉ် လက်သည်းတွေ ထွက်ပေါ်လာပြီး လီဖူချန်းဆီကို တိုးဝင် လာခဲ့ပါတယ်။
“နတ်ဘုရားလေ ... ဖျက်ဆီးစမ်း"
ရူကျန်းချီ ကလည်း ရွှေရောင် လေနက္ခတ်ကို ဆင့်ခေါ်လိုက်ပြီး လီဖူချန်းဆီကို ရိုက်ထုတ်ပစ် လိုက်ပါတယ်။ သူရိုက်ထုတ် လိုက်တဲ့ ရွှေရောင်ချီတွေက ရွှေရောင်မြွေကြီး တစ်ကောင်အသွင် ပြောင်းသွားပြီး လီဖူချန်းကို ရစ်ပတ်ဖို့ ကြိုးစား လိုက်ပါပြီ။
ချီအသွင်သဏ္ဌာန် ပုံဖော်ခြင်း ...
ဒါက ပညာရပ်ဆန္ဒ တစ်ခုခုကို အဆုံးစွန်ဆုံး အဆင့်အထိ နားလည်ထားတဲ့ သူတွေမှသာ ပြုလုပ်နိုင်စွမ်း ရှိတဲ့ စွမ်းရည် တစ်ခုပါ။
ချီအတွင်းအားတွေက အသွင်သဏ္ဌာန် ပြောင်းလဲ သွားခဲ့ရင်တော့ အားနည်းချက်က ပိုပြီး နည်းသွားပါတယ်။
ဒါပေမဲ့လည်း သည်ချီ အသွင်သဏ္ဌာန် ပြောင်းလဲခြင်းက သိုင်းပညာရပ် အမျိုးအစား အပေါ်ကို မူတည်ပါသေးတယ်။
အချို့ ပညာရပ်တွေက ချီအသွင်သဏ္ဌာန် ပုံဖော်ဖို့ မလိုအပ်ပေမဲ့ အချို့ ပညာရပ်တွေ ကတော့ ချီအသွင်သဏ္ဌာန် ပုံဖော်ဖို့ လိုအပ်ပါတယ်လေ။
သည်နှစ်ယောက်ရဲ့ ပူးပေါင်း တိုက်ကွက်က အစောပိုင်းတုန်းက ရှောင်ပိုင် တစ်ယောက်တည်း သိုင်းကွက်၂မျိုး ထုတ်သုံးတာ ထက်ကို ၁၀ဆလောက် ပိုပြီး ပြင်းထန်ပါတယ်။
သည်နှစ်ယောက်ရဲ့ ချီအရှိန်အဝါတွေ ကလည်း လီဖူချန်းကို အသက်ရှူဖို့တောင် ခက်ခဲစေလာတဲ့ အထိပါပဲ။
ဒါပေမဲ့လည်း လီဖူချန်းက သာမန် သိုင်းပညာရှင် တစ်ယောက် မဟုတ်ပါဘူး။
သူ့ရဲ့ အသိစိတ် အာရုံက ရူကျန်းချီနဲ့ ရှောင်ပိုင်တို့ရဲ့ ဟာကွက်တွေကို အလျင်အမြန် ရှာပေးနိုင် ပါတယ်။
မိစ္ဆာနှင် ဓားချီတွေက အဆက်မပြတ် ထွက်ပေါ်လာပြီး ရွှေရောင်မြွေ ပုံသဏ္ဌာန် လေထုနဲ့ ဝိညာဉ်လက်သည်း ရိပ်တွေကို ပိုင်းဖြတ်ပစ် လိုက်ပါပြီ။
သည်တစ်ကြိမ် မှာတော့ လီဖူချန်းက အနောက်ကို ခြေနှစ်လမ်း ဆုတ်သွားရပြီး ရူကျန်းချီနဲ့ ရှောင်ပိုင်တို့ကတော့ တစ်ယောက်ကို ခြေသုံးလှမ်းစီ ဆုတ်လိုက် ရပါတယ်။
“နှစ်ယောက်တစ်ယောက် တိုက်တာတောင်မှ လီဖူချန်းက အထက်စည်းမှာ ရောက်နေတုန်းပဲဟ”
သည်ဖြစ်ရပ်က လူတွေ အကုန်လုံးကို ငြိမ်ကျသွားစေခဲ့ ပါတယ်။ သူတို့ရဲ့ အမြင်မှာတော့ ကျင်ခ့ါရှီတောင်မှာ လီဖူချန်းလို စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။
“မင်းရဲ့ ပေါင်းချုပ် သိုင်းကွက် ထုတ်တော့”
ရူကျန်းချီက ရှောင်ပိုင်ကို အော်ပြောလိုက်ပါတယ်။
လီဖူချန်းရဲ့ အစွမ်းအစက သူထင်ထားတာ ထက်ကို အဆပေါင်းများစွာ သာလွန် နေပါပြီ။ သူက လီဖူချန်းကို လျှော့တွက်ခဲ့ မိမှန်းကိုလည်း ရူကျန်းချီက သဘောပေါက် သွားခဲ့ပါပြီ။
သူပြောတဲ့ ပေါင်းချုပ်သိုင်းကွက် ဆိုတာကတော့ သူတို့ဘာသာ သူတို့ ပြုပြင် မွမ်းမံထားတဲ့ သိုင်းကွက်ပါ။
သူတို့ နှစ်ယောက်က ယာယီအားဖြင့် ဆန်းကြယ် အဆင့်မြင့် သိုင်းပညာရပ်တွေကို မိမိရရ နားလည် သဘောပေါက် နိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့် သူတို့က သူတို့နားလည် တတ်ကျွမ်းထားတဲ့ ပညာရပ်တွေကို စုပေါင်းပြီး ကိုယ်ပိုင် ပေါင်းချုပ် သိုင်းကွက်တစ်ကွက် အဖြစ် ဖန်တီး လိုက်တာပါ။ သည်သိုင်းကွက်က ဆန်းကြယ် အလယ်အလတ် ပညာရပ်အဆင့် ဖြစ်ပြီး တစ်ဖက်လူကို တစ်ကွက်တည်းနဲ့ အသေသတ် နိုင်စွမ်း ရှိပါတယ်။
“ငရဲပြည်က တစ်ခုတည်းသော လက်သည်း”
ရှောင်ပိုင်ရဲ့ ဝိညာဉ် လက်သည်းတွေက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး လီဖူချန်းကို အညှာအတာ ကင်းမဲ့စွာ ကုတ်ချပစ် လိုက်ပါပြီ။
“နတ်ဘုရားလေ လွန်သွား”
ရူကျန်းချီရဲ့ အနောက်မှာ ရှိနေတဲ့ လေထုတွေ ကလည်း လွန်သွား ၅ခုအဖြစ် ပြောင်းသွားပြီး လီဖူချန်းကို ဖိနှိပ်လာ ခဲ့ပါတယ်။
'ပေါင်းချုပ် တိုက်ကွက်လား ...'
လီဖူချန်းက အနည်းငယ်တော့ အံ့အားသင့် သွားခဲ့ပါတယ်။
ကြည့်ရတာတော့ သည်နှစ်ကောင်ရဲ့ ပေါင်းချုပ် တိုက်ကွက်က အတော်လေးကို ခုခံရ ခက်မည့်ပုံပါပဲ။
တကယ်လို့သာ တစ်ယောက်ချင်း တိုက်ပွဲ ဆိုရင်တော့ လီဖူချန်းက တစ်ဖက် ရန်သူရဲ့ ပေါင်းချုပ် တိုက်ကွက်ကို ခုခံနိုင်ဖို့ မျှော်လင့်ချက် ရှိပါတယ်။ ဒါပေမဲ့ အခုက နှစ်ယောက် တစ်ယောက်ဆိုတော့ လီဖူချန်းက သူ့ကိုယ်သူ ယုံကြည်ချက် မရှိပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ် တုံ့ပြန်နိုင်စွမ်းက သူ့ရဲ့ အသိစိတ် အာရုံထက်ကို အနည်းငယ် နောက်ကျ နေလို့ပါပဲ။
“မိစ္ဆာ သတ်ဖြတ်ခြင်း အရိပ်မီးတောက်”
တစ်ဖက် ရန်သူတွေရဲ့ တိုက်စစ်ကို ခုခံဖို့အတွက် ယုံကြည်မှု မရှိမှတော့ သူက စွန့်စားပြီး ခုခံမနေတော့ ပါဘူးလေ။
သူ့ရဲ့ ရန်သူတွေမှာ ပေါင်းချုပ်တိုက်ကွက် ရှိနေမှတော့ သူ့မှာလည်း ဝှက်ဖဲ ရှိသင့်သည် မဟုတ်ပါလား။
လီဖူချန်းရဲ့ ဝှက်ဖဲကတော့ မိစ္ဆာနှင် ဓားသိုင်းရဲ့ အကောင်းဆုံး ဓားကွက်ပါပဲ။ သူတို့ရဲ့ လက်ရှိအဆင့်နဲ့ ဆိုရင်တော့ သည်ဓားကွက်က ထိပ်တန်း သတ်ဖြတ်ကွက်ဟု ဆိုနိုင်ပါတယ်။
ကြက်သွေးရောင် ဓားအလင်းတန်းတွေက ရှောင်ပိုင်နဲ့ ရူကျန်းချီကို ရစ်ပတ် လွှမ်းခြုံ သွားခဲ့ပါပြီ။
ထင် ... ထင် ... ထင် ...
ထန် ... ထန် ...
ရွှပ် ... ရွှပ် ...
ဓားအလင်းတန်းတွေ ပျောက်ကွယ်သွားတဲ့ အခါမှာတော့ လီဖူချန်းက တစ်ကိုယ်လုံး လက်သည်းကုတ်ချက် ဒဏ်ရာတွေ အပြည့် သွေးအရွှဲသားဖြင့် ရပ်နေပါတယ်။
လီဖူချန်းက တစ်ယောက်တည်းနဲ့တော့ သည်ပေါင်းချုပ် တိုက်ကွက် ၂ကွက်ကို ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး။
ဒါကြောင့် သူက ရှောင်ပိုင်ရဲ့ လက်သည်း ကုတ်ချက်တွေကို မရှောင်တော့ပဲ ခံယူလိုက်ကာ ရူကျန်းချီကိုသာ ပစ်မှတ်ထားပြီး သူသေကိုယ်သေ တိုက်ပစ် လိုက်တာပါ။
ဒါကြောင့် သူ့ခန္ဓာကိုယ် ပေါ်မှာ လက်သည်း ကုတ်ချက်တွေနဲ့ ပြည့်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရှောင်ပိုင်တို့ နှစ်ယောက်စလုံး ကလည်း လီဖူချန်းနဲ့ သိပ်အခြေအနေ မကွာလှပါဘူး။
သူတို့ နှစ်ယောက်စလုံးရဲ့ ကိုယ်ပေါ်မှာလည်း လီဖူချန်းရဲ့ ဓားချက်တွေက မွစာကျဲ နေတာပါပဲ။ အထူးသဖြင့် ရူကျန်းချီပေါ့။ လီဖူချန်းရဲ့ ဓားချက် တစ်ချက်က သူ့ရင်ဘတ်ပေါ်မှာ ကန့်လန့်ဖြတ် ဓားဒဏ်ရာကြီး တစ်ခု ထင်ကျန်သွား စေခဲ့ပါတယ်။ ရှောင်ပိုင်သာ ကြားမဝင် လာခဲ့ရင်တော့ သည်ဓားချက်နဲ့တောင် ရူကျန်းချီ တစ်ယောက် သေသွားနိုင်တဲ့ အထိပါပဲ။
သည်တစ်ခါ တိုက်ခိုက်မှု ကတော့ နှစ်ဖက်စလုံးကို အထိနာစေ ခဲ့ပါပြီ။
“အားပါးပါး ... သည်တိုက်ပွဲက တကယ်ကို ရက်စက်တာပဲ”
တိုက်ရိုက်တပည့် တစ်ယောက်က မှတ်ချတ်ချ လိုက်ပါတယ်။
“သည်လီဖူချန်းက တကယ့်နတ်ဆိုး တစ်ကောင်လိုပဲ။ သူက သူ့အသက်ကို ရင်းပြီးတောင် ရှောင်ပိုင်နဲ့ ရူကျန်းချီကို ဒဏ်ရာ ရစေခဲ့တယ်။ သည်လိုသာ ဆက်တိုက်နေမယ် ဆိုရင်တော့ ရှောင်ပိုင်နဲ့ ရူကျန်းချီက သေချာပေါက်ကို ရှုံးတော့မှာ။ သူတို့ရဲ့ မျက်လုံးထဲမှာ လီဖူချန်းကို ကြောက်တဲ့ အရိပ်အယောင်တွေ ပေါ်လာပြီဟ”
“သည်နေ့ တိုက်ပွဲမှာသာ လီဖူချန်း မသေခဲ့ရင်တော့ နောက်လာမယ့် ကျားနဂါး ပြိုင်ပွဲကတော့ ကြည့်ကောင်းပြီဟေ့။ ငါကတော့ အဲသည် ပြိုင်ပွဲမှာ လီဖူချန်းကို အားပေးဖို့ ဆုံးဖြတ် လိုက်ပြီကွာ။ ငါအာမခံတယ်။ လီဖူချန်းက သေချာပေါက်ကို ကျားနဂါး စာရင်းရဲ့ ထိပ်ဆုံး၅၀ အတွင်းကို ဝင်ဦးမှာ”
“ငါလည်း လီဖူချန်းကို အားပေးမှာကွ ...။ ငါကတော့ လီဖူချန်းကို ထိပ်ဆုံး အယောက်၃၀ထဲ အထိ ဝင်မယ်လို့ ယုံကြည်တယ်။ ကျားနဂါးပြိုင်ပွဲက စဖို့ တစ်နှစ်မက လိုသေးတယ်။ ပြီးတော့ လီဖူချန်းက အခု မြေကမ္ဘာ အဆင့်၅မှာပဲ ရှိသေးတာ ...။ သူက ကျားနဂါးပြိုင်ပွဲ မစခင်မှာ မြေကမ္ဘာနယ်ပယ် အဆင့်၇ကို ရောက်ရင်ရောက် နေမှာကွ”
“ထိပ်ဆုံး အယောက်၃၀ အတွင်း ဝင်ဖို့ကတော့ မဖြစ်နိုင် သေးပါဘူးကွာ။ အင်အားကြီး ဂိုဏ်းတွေရဲ့ အသက် မပြည့်သေးတဲ့ လက်ရွေးစင် တပည့်တွေလည်း နောက်နှစ်မှာ ပါလာမှာကွ။ ငါကတော့ လီဖူချန်းကို ထိပ်ဆုံး အယောက်၅၀ အထိပဲ ပါမယ်လို့ ထင်တယ်”
နောက်ဆုံးမှာတော့ လီဖူချန်ကို အားပေးသည့် ပရိသတ်တွေ ပေါ်လာခဲ့ ပါပြီလေ။
***