← Chapters

အပိုင်း၂၅၇

Vol. 19 Ch. 257

အပိုင်း၂၅၇

Vol. 19 Ch. 257

ရှဟိုရှီနဲ့ စုမုယူတို့ကလည်း လီဖူချန်းနဲ့ ချုးယီတို့ထက်ကို နောက်ကျ ကျန်မနေခဲ့ပါဘူး။

ပဟေဠိ သိုင်းသမားတွေရဲ့ အမြင်မှာတော့ သည်လူငယ် လေးယောက်က စတုတ္ထမြောက် ဆန်းကြယ် တံခါးကို သေချာပေါက် ဖြတ်သန်းနိုင်မည့် သူတွေပါပဲ။

အခုချိန်မှာတော့ ရာနဲ့ချီပြီး ဝင်လာခဲ့တဲ့ လူငယ်တွေက  ၂၀လောက်သာ ကျန်ပါတော့တယ်။

မိုးပြာရောင် ဂိုဏ်းကတော့ အတော်ကြီးကို အဆင်ပြေနေပါပြီ။

မိုးပြာရောင်ဂိုဏ်းရဲ့ ရွှေအဆင့် တပည့်လေးယောက်က ဆန်းကြယ် ဒုတိယ တံခါးကို အောင်အောင်မြင်မြင် ကျော်ဖြတ် နိုင်ခဲ့တယ်လေ။ အဲသည် လေးယောက်ကတော့ လီဖူချန်း၊ လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ ဆိုတာကိုတော့ ပြောနေစရာ မလိုတော့ပါဘူး။

လီရှင်းယုရဲ့ စိတ်ဝိညာဉ်က အင်မတန် အားကောင်းတဲ့ အတွက် ဒုတိယဆန်းကြယ် တံခါးကို ကျော်ဖြတ် နိုင်တယ်ဆိုတာ အံ့သြစရာ မရှိပါဘူး။

ချန်ယွန်ဟူကတော့ စိန်ခေါ်မှုတွေကို ဘယ်တော့မှ နောက်မတွန့်ခဲ့တဲ့သူပါ။ သူ့ရဲ့ စိတ်ဝိညာဉ် ခွန်အားက လီရှင်းယုလောက် အားမကောင်း ပေမယ့်လည်း သူရဲ့ အရှုံးမပေးတမ်း တိုက်ခိုက်ချင်တဲ့ စိတ်တွေက ချန်ယွန်ဟူကို ဆန်းကြယ်ဒုတိယ တံခါးကို ဖြတ်ကျော် နိုင်စေခဲ့တာပါ။

ရှုဖန်းရဲ့ စိတ်ဝိညာဉ်ကတော့ ရှေးဟောင်း ရေတွင်းကြီး တစ်ခုလို တည်ငြိမ်နေတဲ့ အတွက်  ဆန်းကြယ် ဒုတိယတံခါးကို ဖြတ်ကျော် နိုင်ခဲ့ပါတယ်။

ဒုတိယ ဆန်းကြယ် တံခါးကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ကျားနဂါး စာရင်းဝင် အချို့လည်း ရှိခဲ့ပါသေးတယ်။

***

တတိယမြောက် ဆန်းကြယ်တံခါး......

သည်နေရာကတော့ မီးလျှံတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါပဲ။

မြေပြင်ပေါ်မှာ မီးလျှံတွေ အရှိန်တဟီးဟီး တောက်လောင် နေသလို ကောင်းကင်မှာရှိတဲ့ တိမ်စိုင် တိမ်ညွှန့်တွေဟာလည်း မီးတောက် မီးလျှံတွေနဲ့ ရဲရဲနီနေတယ်လေ။ သည်မီးတောက် မီးလျှံတွေက မရေမတွက်နိုင်တဲ့ သားရဲကောင်ကြီးတွေနဲ့တောင် ဆင်တူနေပါသေးတယ်။

ဒါက မီးတောက် မီးလျှံတွေနဲ့ ပြည့်နှက် နေပေမယ့်လည်း လီဖူချန်းကတော့ အပူဒဏ်ကို အနည်းငယ် လေးတောင် မခံစားရပါဘူး။ ကြည့်ရတာတော့ သည်မီးတောက် မီးလျှံတွေက အမြင်အာရုံကို လှည့်စား ထားသလိုပါပဲ။

' တတိယမြောက် ဆန်းကြယ်တံခါးက ဘာကို စမ်းသပ်တာပါလိမ့်'

လီဖူချန်က မီးလျှံတွေကြားမှာ ရပ်နေရင်းနဲ့ စဉ်းစား နေမိပါတယ်။

တစ်ဖက်မှာလည်း လီဖူချန်းက သားရဲကောင်တွေနဲ့ ဆင်တူလှတဲ့ မီးလျှံတွေက သည်စမ်းသပ်ချက်နဲ့ ပတ်သက်နေမယ် ဆိုတာကို  အနည်းငယ် ရိပ်စား မိနေသလိုလိုပါပဲ။

လီဖူချန်းက သူ့ရဲ့ ချီအတွင်းအား အနည်းငယ်ကို ထုတ်ကာ ထိုမီးတောက် မီးလျှံတွေဆီကို ပစ်လွှတ် ကြည့်လိုက်ပါတယ်။

သူထင်သည့် အတိုင်းပါပဲ။ မီးတောက် မီးလျှံတွေက ချက်ချင်းကို ပေါက်ကွဲ ထွက်လာပြီး သူ့ရဲ့ အတွင်းအားတွေကို တုံ့ပြန် လာပါတယ်။

သည်သားရဲကောင်တွေနဲ့ ဆင်တူတဲ့ မီးတောက် မီးလျှံတွေက ပေါက်ကွဲ ထွက်လာပြီး သိပ်မကြာခင်မှာပင်  အငွေ့ပျံကာ ပြန်ပျောက်ကွယ် သွားပါတယ်။

ပေါက်ကွဲအား... ...။

ဟုတ်တယ်... ဒါက  ခွန်အား ရုတ်တရက် တိုးမြှင့် ပေါက်ကွဲတာပါ။

" ဒါက ရုတ်တရက် ချီအတွင်းအား ပေါက်ကွဲနိုင်စွမ်းကို စမ်းသပ်တာပဲ"

လီဖူချန်းရဲ့  မျက်လုံးတွေကတော့ အရောင် တောက်သွားခဲ့ပါပြီ။

ခွန်အားတွေ ပေါက်ကွဲစေတာက နည်းအမျိုးမျိုး ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပေါ် အကျိုး သက်ရောက်ချင်းလည်း မတူညီကြပါဘူး။

တစ်ချို့ကတော့ အကြမ်းပတမ်း ခံနိုင်ရည်ရှိတဲ့  သွေးကြောတွေကို ပိုင်ဆိုင် ထားကြပါတယ်။ ထိုလူတွေက ခွန်အားတွေ ရုတ်တရက် ပေါက်ကွဲ ထွက်လာတာကို ခံနိုင်တယ်လေ။ အချို့ကတော့ အတွင်းအား ကျင့်စဉ် ဒါမှမဟုတ် လျှို့ဝှက်နည်း စနစ်တွေကြောင့်  ချ်ီပေါက်ကွဲအား ကောင်းလာတာပါ။ ချွင်းချက် အနေနဲ့ စိတ်ဝိညာဉ်အား အင်မတန် ကောင်းတဲ့ အတွက် ချီပေါက်ကွဲအား ကောင်းတဲ့ လူအချို့လည်း ရှိပါသေးတယ်။

သည်ချီပေါက်ကွဲ အားက ကျင့်ကြံမှု အဆင့်နဲ့တော့ မသက်ဆိုင်လှပါဘူး။

မြေကမ္ဘာနယ်ပယ် အဆင့်၁ ပညာရှင် တစ်ယောက်က  ချီပေါက်ကွဲအားကို သုံးပြီး  အတွင်းအားတွေကို နှစ်ဆတိတိ တိုးမြှင့် လာစေနိုင်တယ် ဆိုပါစို့။ ထိုပညာရှင်က မြေကမ္ဘာ အဆင့်၉ကို ရောက်သွား ခဲ့ရင်လည်း ချီပေါက်ကွဲအားကို သုံးပြီး  အတွင်းအားတွေကို ၃ဆ အထိ တိုးမြှင့်စေနိုင်မှာ မဟုတ်ပါဘူး။ သူက သူ့အတွင်းအား ၂ဆတိတိကိုသာ တိုးမြှင့်နိုင်မှာပါ။ ပြောရမယ် ဆိုရင်တော့ ချီပေါက်ကွဲအားကို အသုံးပြုပြီး ရလာမယ့် ရလဒ်က အတူတူပဲ ဖြစ်နေမှာပါ။

ချီပေါက်ကွဲအားကို အသုံးပြုတဲ့ နေရာမှာ အရေးအကြီးဆုံး ကတော့ မင်းရဲ့ ခန္ဓာကိုယ်က ချီပေါက်ကွဲ ထွက်လာတာကို ခံနိုင်ရည် ရှိနေဖို့ပါပဲ။

လီဖူချန်းက  ရုတ်တရက် လက်သီးတစ်ချက် ထိုးပစ် လိုက်လိုက်ပါတယ်။

ဝေါင်း...

မီးတောက် မီးလျှံတွေ ကြားထဲကနေ ဝံပုလွေတစ်ကောင်နဲ့ ဆင်တူတဲ့  မီးတောက် တစ်ခု ပေါက်ကွဲ ထွက်လာခဲ့ပါပြီ။

သည်ဝံပုလွေ သဏ္ဌာန် မီးတောက်က  ချီစွမ်းအားတွေကနေ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဒါက သည်မီးတောက် မီးလျှံနယ်မြေထဲက မီးတောက်တွေ ပေါက်ကွဲ ထွက်ရာကနေ ဖြစ်ပေါ်လာတာပါ။

ဒါက ချီပေါက်ကွဲမှုနဲ့ အခြေခံ အားဖြင့်တော့ ဆင်တူပါတယ်။

လီဖူချန်း သူ့ရဲ့ လက်သီးကို လက်ဝါး အဖြစ် ပြောင်းလိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်  ထပ်ထုတ် လိုက်ပါတယ်။

သည်လက်ဝါး ရိုက်ချက်ကတော့ သံရည်ပျော် လက်ဝါးပါပဲ။

မီးတောက်တွေက လှိုင်းလုံးကြီးတွေ အလား  ပိုမိုပြင်းထန်စွာ  လူးလွန့်လာပြီး ကျားသစ် တစ်ကောင်နဲ့ ဆင်တူတဲ့ မီးတောက် တစ်ခု ပေါက်ကွဲ ထွက်လာပါတယ်။

" ဒါပဲကွ "

လီဖူချန်းက သူခန့်မှန်းတာ မှန်သွားပြီ ဆိုတာကို သိလိုက်ပါတယ်။

သူလှုပ်ရှားလိုက်တဲ့ သိုင်းကွက်တွေရဲ့ ပြင်းအား ပေါက်ကွဲမှု အပေါ် မူတည်ပြီး  မတူညီတဲ့ သားရဲ မီးတောက်တွေကို ပေါက်ကွဲ ထွက်ပေါ်လာစေတာပါ။

သည်လိုဆိုရင်တော့ လီဖူချန်းက တတိယမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော်ဖို့ အတွက် လုံလောက်တဲ့ ခွန်အား ပေါက်ကွဲမှုကို ဖြစ်ပေါ်စေရတော့မှာ အမှန်ပါပဲ။

လီဖူချန်းက ဗလာ နယ်လက်ဝါး ကို အသုံးပြုလိုက်ပြီး ရိုက်ချက်တစ်ချက် ထုတ်လိုက်ပါတယ်။

ဝေါင်း ...

မီးတောက် မီးလျှံတွေ ကြားထဲကနေ ကျားတစ်ကောင် သဏ္ဌာန် မီးတောက်တစ်ခု ပေါက်ကွဲ ထွက်လာခဲ့ပါပြီ။

" ငါ့ရဲ့ ဓားသိုင်းနဲ့ဆိုရင်တော့  သည်အဆင့်ကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပဲ"

လီဖူချန်းက သူ့ရဲ့  နက်ရွှေမှော် ဓားကို ထုတ်ပြီး ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်ပါတယ်။

ဓားသမား တစ်ယောက် ဖြစ်နေတဲ့အတွက် လီဖူချန်းရဲ့ ဓားကနေ ထွက်လာတဲ့ ပေါက်ကွဲအားက လက်ဝါး ရိုက်ချက်ထက်ကို အဆမတန် အားကောင်းတာတော့ အသေအချာပါပဲ။

သည်ဓားချက် ကနေတော့ နွားသိုးကြီး တစ်ကောင်နဲ့ ဆင်တူတဲ့ မီးတောက်တစ်ခု ပေါက်ကွဲ ထွက်လာပါတယ်။

သည်နွားသိုး မီးတောက်ကြီးရဲ့ အရှိန်အဝါက အစောပိုင်းတုန်းက ထွက်ပါ်လာတဲ့ ကျားပုံသဏ္ဌာန် မီးတောက်ထက်ကို အများကြီး အားကောင်နေသည့် ပုံပါပဲ။

လီဖူချန်း နောက်ထပ် ထုတ်သုံး လိုက်တာကတော့ မိစ္ဆာနှင်ဓားသိုင်းပါပဲ။

မိစ္ဆာနှင်ဓားချက်ကြောင့်  ဖြစ်ပေါ်လာတာကတော့  မီးတောက်ကြံ့ကြီး တစ်ကောင်ပါပဲ။

ဆန်းကြယ် အလယ်အလတ်အဆင့် ပေါင်းချုပ်ဓားကွက်ကို ထုတ်လိုက်တဲ့ အခါမှာတော့ ကြီးမားလှတဲ့ မီးတောက် စပါးအုံးကြီး တစ်ကောင် ပေါက်ကွဲ ထွက်လာပါတယ်။

လီဖူချန်းတစ်ယောက် သံနက် ဓားအဆီအနှစ်ကိုပါ အသုံးပြုလိုက်တဲ့ အချိန်မှာတော့  ရေနဂါး တစ်ကောင်က မီးတောက်တွေ ထဲကနေ ပေါက်ကွဲ ထွက်လာခဲ့ပါပြီ။  ရေနဂါး ပုံသဏ္ဌာန်ရှိတဲ့ မီးတောက်ကြီးထံကနေတော့ ကြောက်စရာကောင်းလှတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေပါသေးတယ်။

တစ်ချိန်တည်းလိုလိုမှာပင်  မီးတောက် တံခါးကြီး တစ်ခုကလည်း လီဖူချန်းရဲ့ အရှေ့မှာ ပေါ်ပေါက် လာခဲ့ပါပြီ။

"  ငါ အလျင် မလိုသေးပါဘူးကွာ။ "

လီဖူချန်းက သည်မီးတောက် မီးလျှံတွေ ကြားထဲကနေ မထွက်သွားချင် သေးပါဘူး။ သူက စိတ်ဝိညာဉ် အားကိုတောင် မသုံးရသေးဘူးလေ။

လီဖူချန်းက  အသက်ကို တစ်ဝကြီး ရှုလိုက်ပြီး စိတ်ဝိညာဉ် ခွန်အားတွေကိုပါ စုစည်း စေလိုက်ပါတယ်။

အခုချိန်မှာတော့  လီဖူချန်းက သည်မီးတောက် မီးလျှံနယ်မြေရဲ့ စွမ်းအင် ဗဟိုချက်မ ဖြစ်သွားသလို ခံစား နေရပါတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးက မီးတောက်တွေကလည်း သူနဲ့အတူ တစ်သားတည်း ဖြစ်သွား သလိုပါပဲ။

" ပေါက်ကွဲစမ်း ..."

လီဖူချန်းက ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်လွန်းတဲ့ ဓားချက် တစ်ချက်ကို ထုတ်လိုက်ပါပြီ။

" ဂါး...ဂရား "

နဂါးတစ်ကောင်ရဲ့ ဟိန်းဟောက်သံက   ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်သံ အထပ်ထပ်  ဖြစ်ပေါ် စေခဲ့ပါတယ်။

ကောင်းကင်ထက်မှာ တောက်လောင်နေတဲ့  မီးတောက် တိမ်စိုင်တိမ်ညွှန့်တွေ ကြားကနေ အစွယ် တငေါငေါ လက်သည်း တပြင်ပြင်ဖြင့် မီးတောက်နဂါးကြီး တစ်ကောင် ထွက်ပေါ် လာခဲ့ပါပြီလေ။

မြေပြင်ပေါ်မှာ ရှိနေတဲ့ မီးတောက် မီးလျှံတွေကတော့ ထို မီးတောက် နဂါးကြီးရဲ့ တည်ရှိမှုကို တောင့်မခံ နိုင်တော့သည့် ပုံဖြင့်  ဟုန်းခနဲ ငြိမ်းသက် ကုန်ပါတယ်။

" ဘာ...ဘာလဲဟ။  နဂါးအဆင့်ရှိတဲ့  ခွန်အားပေါက်ကွဲမှုလား ..."

ကိုယ်ပိုင် ဘုံဗိမ္မာန်ထဲမှာ  ထိုင်ပြီး လီဖူချန်းရဲ့ အခြေအနေကို စောင့်ကြည့်နေကျတဲ့ ပဟေဠိ သိုင်းသမား ၆ယောက်ကတော့ မယုံကြည်နိုင်သည့် ပုံဖြင့် အာမေဍိတ်သံတွေ ထွက်လာကြပါတယ်။

သည်တတိယ ဆန်းကြယ်တံခါးကို ကျော်ဖြတ်နိုင်ဖို့ အတွက်ဆိုရင်တော့  ရေနဂါးအဆင့် ဆိုရင်တောင် ရနေပါပြီ။ သည်နေ့ သည်အချိန်အထိ  လီဖူချန်းလို တံခါးပေါက်ကနေ မထွက်သေးဘဲ နဂါးအဆင့် ရောက်အောင် လုပ်နိုင်တဲ့ လူငယ် မရှိသေးပါဘူး။

ရေနဂါး တစ်ကောင်နဲ့ အစစ်အမှန် နဂါးတစ်ကောင် ဆိုတာက အဆင့် တစ်ဆင့်သာ ကွာခြားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲသည် ကွာခြားချက်က မိုးနဲ့ မြေကြီးလောက်ကို ကွာခြားတာပါ။

ရေနဂါးတစ်ကောင် ဆိုတာက ရေပြင်ကိုသာ ပိုင်စိုးနိုင်တဲ့ သတ္တဝါ တစ်ကောင်ပါ။

ဒါပေမဲ့ တကယ့် အစစ်အမှန် နဂါးတစ်ကောင် ကတော့  မြေပြင်ကော၊ ရေပြင်ကိုပါ ပိုင်စိုးပါတယ်။

မိမိကြိုက်နှစ်သက်ရာ ပုံသဏ္ဌာန် အမျိုးမျိုးကိုလည်း ဖန်ဆင်းနိုင်ပါသေးတယ်။

အကျဉ်းချုပ် ပြောရမယ် ဆိုရင်တော့ တကယ့် အစစ်အမှန် နဂါးတွေဆိုတာက ပိုအဆင့်မြင့်တဲ့ ဘုံတစ်ခုမှာ နေထိုင်တဲ့ တန်ခိုးရှင်တွေပါပဲ။

" သည်ကောင်လေးက ငါ့ရဲ့ လက်ရင်း တပည့်ပဲဟေ့။ ဘယ်သူမှ ငါနဲ့ယှဉ်ပြီး လာလုဖို့ မကြိုးစားနဲ့။ သည်ကောင်လေးကို လာလုတဲ့လူက ငါ့ရန်သူပဲ။ "

အရပ်ရှည်ရှည် ဗလတောင့်တောင့်နဲ့ လူကြီးတစ်ယောက်က သူနေထိုင်ရာ ဘုံဗိမ္မာန်ကနေ  ကြုံးဝါး လိုက်ပါတယ်။

" နံပါတ်ခြောက် ...။ မင်းက သူ့ကို သင်ကြားပေးဖို့ အတွက် အဆင့်မမီဘူးကွ။ သည်ကောင်လေးက ငါ့လို ဆရာသမားကောင်းနဲ့ တွေ့ဖို့ လိုအပ်နေတာကွ ..."

ဇာမဏီမျက်လုံးအစုံဖြင့် လူကြီးကလည်း လီဖူချန်းကို လက်လွှတ်ခံမယ့်ပုံ မပေါ်ပါဘူး။

အရပ်ရပ် ဗလ တောင်တောင့်ဖြင့် လူကြီးက လုံးဝ အလျှော့မပေးပါဘူး။

" ခွန်အားကို အသုံးပြုပြီး တိုက်ခိုက်တဲ့ နေရာမှာ ငါက တော်တယ်ကွ။ ငါက ဘာဖြစ်လို့ သည်ကောင်လေးရဲ့ ဆရာဖြစ်ဖို့ အဆင့်မမီရမှာလဲ"

ကျက်သရေရှိစွာ ချောမောလှပသည့် အမျိုးသမီးကြီးကလည်း

" ခွန်အားတွေကို ပေါက်ကွဲစေပြီး တိုက်ခိုက်တဲ့ နေရာမှာတော့ ငါတို့ထဲက ဘယ်သူမှ နင့်ထက် မနိမ့်ကျဘူးဟဲ့။ ပြီးတော့ နင်က ခွန်အားသုံးပြီး တိုက်ခိုက်တဲ့ နေရာမှာဘဲ တော်တာ။ အခြားပညာရပ်တွေမှာ နင်က ငါတို့ထက် အားနည်းတယ်။ သည်လို ပါရမီရှင် ကောင်လေးမျိုးကို   နင့်လိုလူ လက်ထဲမှာ အလဟသ အဖြစ်မခံချင် စမ်းပါနဲ့ဟယ်။ သည်ကောင်လေးက ငါ့တပည့်ဖြစ်ဖို့ မွေးဖွားလာတာပဲ ဖြစ်ရမယ်။ သူက ငါ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးသော ယောက်ျားလေး လက်ရင်းတပည့်ပဲ။

အရပ်ရှည်ရှည် ဗလတောင်တောင့်နဲ့ လူကြီးက လုံးဝကို လက်မခံပါဘူး။

" ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းတို့ ပြောတာကို သောက်ဂရု မစိုက်ဘူးကွ။ ငါကတော့ သည်ကောင်လေးကို ငါ့ရဲ့ ပညာတွေ  အကုန်အစင် တတ်အောင် သင်ပေးမှာပဲ"

သည်လို ရှားပါးလွန်းတဲ့ ပါရမီရှင် တပည့် တစ်ယောက်ကို ရဖို့ဆိုတာက အင်မတန်မှ ခဲယဉ်း လွန်းလှပါတယ်။ အဲသည်အတွက် သူကတော့ ဘယ်သူ့ကိုမှ အားနေနေမှာ မဟုတ်ပါဘူး။ သူက လီဖူချန်းကို မရရအောင် လုမှာပါပဲ။

" ကလေး မဆန်စမ်းပါနဲ့ကွာ...။ သည်ကောင်လေးကို သူကြိုက်တဲ့ ဆရာ ရွေးခွင့် ပေးလိုက်စမ်းပါ။ ဟား...ဟား ... ဟား..."

ဇာမဏီ မျက်လုံးအစုံဖြင့် လူကြီးက ဆက်ပြီး အငြင်း မပွားတော့ပါ ဘူး။

သူက သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိပါတယ်။ လီဖူချန်းလို ပါရမီရှင် တစ်ယောက်ကတော့  သူ့ကိုသာ ဆရာအဖြစ် ရွေးချယ်မှာပါ။

ကျန်တဲ့ ပဟေဠိ သိုင်းသမားတွေကတော့ ဘာမှ ဝင်မပြောကြပါဘူး။ ဒါပေမဲ့ သူတို့က ဆင်ကြံ ကြံနေတာပါ။ အခွင့်ကောင်း ကြုံတာနဲ့ သူတို့က တောင်ထိပ်ပေါ်က ဆင်းပြီး လီဖူချန်းကို သွားလုဖို့ အထိတောင် စဉ်းစား ထားပြီးပါပြီ။

" သည်ကောင်လေးက တကယ်ပဲ ပါရမီကောင်းတယ်"

ဒုတိယ ဘုံဗိမ္မာန်မှာ ထိုင်နေတဲ့ ဆံဖြူ အဘိုးကပါ အသံ ထွက်လာပါတယ်။

"  နံပါတ်၂ အစ်ကို...။ အစ်ကိုကပါ သည်ကောင်လေးကို စိတ်ဝင်စားနေတာလား..."

ဇာမဏီ မျက်လုံးအစုံနဲ့ လူကြီးက ပျာပျာသလဲ မေးလိုက်ပါတယ်။ အစောပိုင်းတုန်းက ယုံကြည်မှု အပြည့်ဖြင့် ရယ်မောနေတဲ့ သူ့ရဲ ပုံစံကလည်း ပျောက်သွားခဲ့ပါပြီ။

သူတို့ရဲ့ အစ်ကို အကြီးဆုံးနဲ့ နံပါတ်၂အစ်ကိုက အခုထက်ထိကို လက်ရင်းတပည့် လက်မခံသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ နှစ်ယောက်စလုံးက အင်မတန်မှကို အစွမ်းထက်ပါတယ်။ သူတို့ နှစ်ယောက်ပါ တပည့်လုပွဲထဲ ပါလာပြီ ဆိုရင်တော့ မျှော်လင့်ချက်က ၁၀ရာခိုင်နှုန်းတောင် ရှိမှာ မဟုတ်တော့ပါဘူး။

ဆံဖြူအဘိုးအိုက လေသံ အေးအေးလေးဖြင့်

" သည်ကောင်လေး  ပဉ္စမမြောက်တံခါးကို  အရင်ကျော်ပါစေဦး။ အဲသည်အခါကျမှ ကျန်တာကို ဆက်ပြောကြတာပေါ့"

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ထိုဆံဖြူ အဘိုးအိုကလည်း လီဖူချန်းကို  တပည့်အဖြစ် လက်ခံချင်တာမှ တစ်ပိုင်းကို သေနေပါပြီ။ သူက နံပါတ်၂ အစ်ကိုဆိုတော့ ဣန္ဒြေသိက္ခာ နည်းနည်းတော့ ဆည်ရဦးမည် မဟုတ်ပါလား။   မူလစည်းကမ်း ချက်မှာတုန်းကတော့ သူ့ရဲ့ လက်ရင်းတပည့် ဖြစ်လို သူတိုင်းက ဆဋ္ဌမမြောက် တံခါးကို ကျော်ဖြတ် နိုင်ရမှာပါ။ ဒါပေမဲ့ ဆံဖြူ အဘိုးအိုက လီဖူချန်း တစ်ယောက် ဆန်းကြယ် ဆဋ္ဌမမြောက် တံခါးကို မကျော်ဖြတ်နိုင်မှာ စိုးတဲ့အတွက် မသိမသာလေး အဆင့်တစ်ဆင့် လျော့ချလိုက်တာ ဖြစ်ပါတယ်။

" သည်ကောင်လေး ဆန်းကြယ် ပဉ္စမ တံခါးကို မကျော်ဖြတ်နိုင်ပါစေနဲ့ ..."

ပဟေဠိ သိုင်းသမား ၅ယောက်က အမှန်အကန်ကို ဆုတောင်း နေကြပါတယ်။ ဗလတောင်တောင့်၊ အရပ်မြင့်မြင့်နဲ့ လူကတော့ ထိုဆုတောင်းနေတဲ့ သူတွေထဲမှာ မပါပါဘူး။

ဘာဖြစ်လို့လည်း ဆိုတာတော့ သူက အခြားဆုတစ်ခု တောင်းနေလို့ပါပဲ။

" သည်ကောင်လေး ...ဆန်းကြယ် စတုတ္ထ အဆင့်ကို မဖြတ်ကျော်နိုင်ပါစေနဲ့ "

သူ့အတွက်ကတော့  လီဖူချန်း တစ်ယောက်  သည်စမ်းသပ်ချက်ထဲမှာ မြန်မြန် ကျရှုံးလေလေ ကောင်းလေလေပါပဲ။

လီဖူချန်းက စတုတ္ထတံခါးကို မဖြတ်ကျော်နိုင်ရင်လည်း သူကတော့ လီဖူချန်းကို လက်ရင်း တပည့်အဖြစ် ရွေးမှာမှာပါ။

အရပ်မြင့်မြင့် ဗလကောင်းကောင်းနဲ့ ပဟေဠိ သိုင်းသမားရဲ့ ဘဝမှာတော့  ပထမဆုံးအကြိမ် သူ့ရဲ့ စိတ်နဲ့ လုံးဝ ကိုက်ညီတဲ့ လူတစ်ယောက် တွေ့ခဲ့ပါပြီ။ အဲသည်လူကတော့ လီဖူချန်းပါပဲ။

သူက အခုချက်ချင်း တောင်ပေါ်ကနေ ဆင်းပြီ လီဖူချန်းကို သွားလုထားရင် ကောင်းမလားလို့တောင် စဉ်းစား နေပါသေးတယ်။ ဒါပေမဲ့ မကောင်းတတ်လို့သာ ထိုအကြံကို စွန့်လွှတ် လိုက်ရတာပါ။

လီဖူချန်းကတော့ ပဟေဠိသိုင်းသမားတွေ သူ့ကို ဝိုင်းလုနေတာကို မသိပါဘူး။

သူက မီးတောက်နဂါးကြီးကို ကြည့်ပြီး စဉ်းစားနေပါသေးတယ်။

" သည်မီးတောက်နဂါးက ဘာအဆင့်လဲ မသိဘူး။ သည်ထက် အဆင့်မြင့်တာကော ရှိနိုင်သေးရဲ့လား..."

***

All Chapters