မြောက်ပိုင်းတိုက်ကြီး
Vol. 14 Ch. 201
ဟန်ရှောင်းသည် စွမ်းရည်အသစ် နှစ်ခုနှင့် အရည်အချင်းအသစ် သုံးခုကို သော့ဖွင့်ခဲ့သည်။ [လင်းနို့ အလေ့အကျင့်] သည် [Night Stalker] ၏ စွမ်းရည်အားလုံး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခြင်းမှ ရရှိခဲ့သည်။
မဆိုင်းမတွဘဲ ဟန်ရှောင်းသည် စွမ်းရည်အသစ်အားလုံးကို အမြင့်ဆုံးအထိ အဆင့်မြှင့်တင်လိုက်သည်။
_________________________________
တိုက်ပွဲကွင်းပြင် ထိန်းချုပ်မှု အမြင်အာရုံ အဆင့် ၁၀ - အသက်သွင်းပြီးနောက်၊ +၁၅% ပစ်ခတ်နှုန်း၊ +၂၀% အကွာအဝေး၊ +၂၂% တိုက်ပွဲကွင်းပြင် အမြင်အာရုံ။ ကြာချိန် ၁၃ စက္ကန့်။
ပြန်သုံးနိုင်သည့်အချိန် - ၁၂ မိနစ်
သက်လုံအသုံးပြုမှု - ၃၀၀
_________________________________
သေစေနိုင်သော Critical ရိုက်ချက် - သေကွင်းသေကွက်အတွက် အရေးပါသော ထိခိုက်ပျက်စီးစေမှုသည် ၂၀၀% မှ ၂၅၀% တိုးလာသည်။ သေကွင်းသေကွက် လေးခုကို နှစ်စက္ကန့်အတွင်း တိုက်ခိုက်ခြင်းသည် သေစေသောတိုက်ခိုက်မှုကို စတင်ရန် ၀.၁% မှ ၁.၅% အခွင့်အလမ်းရှိသည်။
_________________________________
ကျွမ်းကျင်သော တိုက်ခိုက်ရေး - +၅ ခွန်အား၊ +၃ ခံနိုင်ရည်၊ +၆% အနီးကပ်တိုက်ခိုက်မှု၊ +၄% ပုတ်ထုတ်နိုင်မှု အခွင့်အရေး။
_________________________________
ကျွမ်းကျင်စွာ ပစ်ခတ်ခြင်း- +၆ လက်စွမ်း၊ +၈% လက်နက်ဖြင့် တိုက်ခိုက်မှု၊ +၄% ပစ်ခတ်နှုန်း။
_________________________________
လင်းနို့အလေ့အကျင့် - ညဘက်တွင် အမြင်အာရုံကို ထိခိုက်မည်မဟုတ်ပါ၊ ပတ်ဝန်းကျင်ကို အသံဖြင့် သိရှိနိုင်သည်။ ညအချိန်တွင် တိုက်ခိုက်သောအခါ +၅% လက်စွမ်း။
_________________________________
သူက အဆိုပါစွမ်းရည်များ၏ အဆင့်များကို အမြင့်ဆုံးရောက်ရန် အတွေ့အကြုံ အမှတ် ၁၂,၀၀၀,၀၀၀ ခန့်ကို အသုံးပြုခဲ့ပြီး၊ [အလယ်အလတ်အဆင့် မွမ်းမံမှု] နှင့် [စေ့စပ်သေချာစွာ ပြုပြင်မှုများ] တွင် အမှတ်အများဆုံးသုံးစွဲခဲ့သည်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် အဓိက အတန်းအစား စွမ်းရည်များ၏ ဒုတိယအဆင့် ဖြစ်သည်။
အင်တာဖေ့စ်တွင် အတွေ့အကြုံအမှတ် များစွာရှိသေးသည်။
ဤစွမ်းရည်များအားလုံးသည် အမြင့်ဆုံးအဆင့်သို့ရောက်ရှိသွားသဖြင့် ဟန်ရှောင်း၏ ခွန်အားသည် အနည်းဆုံး ၂၀% တိုးလာသည်။
မြှင့်တင်ခြင်းနှင့် ပြုပြင်ခြင်းစွမ်းရည်များသည် ယန္တရားပညာရှင် အတန်းအစား၏ အဓိကစွမ်းရည်များဖြစ်သည်။ ထိုကဲ့သို့ အဓိကစွမ်းရည်တစ်ခုမှာ [စွမ်းအင်-သံလိုက်ဓါတ် မွမ်းမံမှု] ဖြစ်ပြီး၊ ၎င်းသည် အမြင့်ဆုံးအဆင့်သို့ရောက်ရှိသောအခါ စက်ယန္တရားရင်းနှီးမှုကို ၃၃% တိုးတက်စေ၏။ ဟန်ရှောင်းသည် ရုတ်တရက် စက်များကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်သွားသလို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူ၏ စက်များတည်ဆောက်နိုင်သော အရှိန်နှင့် အရည်အသွေးသည် သိသိသာသာ တိုးမြင့်လာသည်။
အတန်းအစား နောက်တစ်ဆင့်တက်ရန် လိုအပ်ချက်မှာ ခရမ်းရောင် အရည်အသွေး ၆၀ ကျော်ဖြင့် အဆင့်သတ်မှတ်ထားသော စက်ပစ္စည်း ငါးခုကို တည်ဆောက်ရန် ဖြစ်သောကြောင့် သူ့အတွက် အဆင်သင့်သွား၏။ စက်များ တည်ဆောက်နိုင်မှုစွမ်းရည် တိုးမြှင့်ခြင်းသည် လိုအပ်ချက်များကို ပြည့်မီအောင် ကူညီပေးနိုင်လိမ့်မည်။
ခရမ်းရောင်အဆင့်ရှိ အရည်အသွေးမြင့် စက်ပစ္စည်း ငါးခုနှင့် အဆင့်သတ်မှတ်ချက်များသည် ၆၀ကျော် ရှိရမည် - ၎င်းသည် အလွန်ခက်ခဲ၏။ ဂလက်ဆီရှိ စက်ပစ္စည်းများ၏ အဆင့်သတ်မှတ်ချက်သည် အလွန်နားလည်လွယ်သောစနစ်နောက်သို့ လိုက်ခဲ့သည်။ ဒဏ္ဍာရီအဆင့် အရည်အသွေးနိမ့်ပစ္စည်းများသည် ခရမ်းရောင်အဆင့် အရည်အသွေးမြင့် ဂီယာများကဲ့သို့ ပင်ကိုယ်အရည်အသွေးများစွာကို ပေးနျုင်မည်မဟုတ်ပေ။ မြင့်မားသောအဆင့်နှင့် အရည်အသွေးမြင့် ပစ္စည်းသည် ပို၍တန်ဖိုးရှိသည်။
ဟန်ရှောင်းသည် သူ၏စွမ်းရည်အားလုံးကို မြှင့်တင်ပြီးနောက် အတွေ့အကြုံများစွာကျန်နေသေးသည်။ သင့်လျော်သော စက်ပိုင်းဆိုင်ရာ ဒီဇိုင်းပုံစံကို ရွေးချယ်ပြီး ၎င်း၏အဆင့်ကို အမြင့်ဆုံး မြှင့်တင်ခြင်းဖြင့်၊ ၎င်းသည် နောက်ဆုံးထုတ်ကုန်၏ အရည်အသွေးကို လွန်စွာတိုးမြင့်စေပြီး အောင်မြင်မှုနှုန်းကို ခုနစ်ဆကျော် တိုးစေမည်ဖြစ်သည်။
ဟန်ရှောင်းသည် အချိန်အတန်ကြာ တွေးတောစဉ်းစားပြီး နောက်ထပ်ရွေးချယ်စရာများ ရှိစေရန် ဦးစွာ ဒီဇိုင်းပုံစံများကို ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်သည်။
အတွေ့အကြုံအမှတ် ၁၀၀,၀၀၀,၀၀၀ ကျော်ဖြင့်၊ သူသည် အခြေခံအသိပညာကို ပုံအောပြီး ပေါင်းစပ်ပစ်နိုင်သည်။
အမှန်တော့၊ သူက တွေ့ရာပေါင်းစပ်နေခြင်း မဟုတ်ပေ။ ယုံကြည်စိတ်ချရမည်ဟု ယူဆရသည့် စက်များကိုသာ ပေါင်းစပ်ထားသည်။ အခြေခံ အသိပညာများကြားတွင် ပေါင်းစပ်မှုများ အလွန်များပြားနေပြီး ပေါင်းစပ်မှုတိုင်းတွင် လိုအပ်သော အတွေ့အကြုံအချက်များသည် နှစ်ဆတိုးလာမည်ဖြစ်သည်။ အကယ်၍ သူသည် ၎င်းတို့အား ပညာရှိစွာ မသုံးပါက၊ အတွေ့အကြုံ အမှတ် ၁၀၀,၀၀၀,၀၀၀ သည်ပင် ဤ အနန္တတွင်းကို ဖြည့်စွမ်းနိုင်မည် မဟုတ်ပေ။
အကြိမ်ပေါင်း ဆယ်နှင့်ချီပြီး အတွေ့အကြုံအမှတ်များ သန်းပေါင်းများစွာကို ဆက်တိုက်သုံးစွဲပြီးနောက်၊ ဟန်ရှောင်းသည် မတူညီသော အသုံးပြုမှုများဖြင့် ဒီဇိုင်းပုံစံအသစ် ဆယ်ခုကျော်ကို ရရှိခဲ့သည်။ သူသည် အတန်းပြောင်းခြင်းမစ်ရှင်အတွက် စက်ပစ္စည်းသုံးလုံးကို ဂရုတစိုက်ရွေးချယ်လိုက်သည်။
[ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများ]၊ [သံလက်သီး - တပ်ဆင်ထားသော အကြီးစား ယန္တရားလက် (ဖြုတ်တပ်၍ရနိုင်သည်)]၊ [အသေးစားပဲ့ထိန်းကိရိယာ]။
ဤသုံးမျိုးသည် လိုအပ်ချက်များနှင့် ကိုက်ညီရုံသာမက၊ ဟန်ရှောင်းသည်လည်း သူ့အတွက် အသုံးဝင်မည်ဟု ယူဆသည်။
ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများ သည် သံလိုက် ချပ်ဝတ်နှင့် ဆင်တူသော လက်နက်တစ်ခုဖြစ်သည်။ ၎င်းတွင် ကိုယ်ထည်အဖြစ် သံလိုက်အဝိုင်းသတ္ထုပြားပါရှိသည်။ သံလိုက်အူတိုင် အားဖြည့်ထားသည့် သံလိုက်ဓားအနည်းငယ်သည် ဖြုတ်တပ်နိုင်ပြီး သံလိုက်ကွင်းဆက်ကို အသက်ဝင်စေမည်ဖြစ်သည်။ ထို့နောက် ဓားသွားများကို ဖြန့်ခွဲကာ အူတိုင်များကြားတွင် နေရာလွတ်တစ်ခုဖြင့် ရစ်ဝဲနေလိမ့်မည်။ အကယ်၍ ဓါးတစ်ချောင်းသည် အကွာအဝေးတစ်ခုအတွင်း၌ ရှိနေပါက၊ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု တွန်းကန်နေပြီး၊ သတ်မှတ်ထားသော အကွာအဝေးထက် ပိုနေပါက တစ်ခုနှင့်တစ်ခု ဆွဲငင်နေမည်ဖြစ်သည်။ ၎င်းတို့သည် အလယ်အလတ် အကွာအဝေးအတွက် တိုက်ခိုက်ရေးအဖြေဖြစ်သည်။
ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများများ၏ ထိန်းချုပ်မှုများသည် ခက်ခဲပြီး ထူးခြား၏။ သံလိုက်ကွင်းဆက်ဖွဲ့စည်းပုံကို ချိန်ညှိရန် စွမ်းအင်ကိုအသုံးပြုခြင်းဖြင့် ဓါးသွားများကို မတူညီသောပုံသဏ္ဍာန်များအဖြစ် ပြောင်းလဲနိုင်သည်။ အချို့သော အမူအရာများ ပေါင်းစပ်ခြင်းဖြင့် ဓါးများကို တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း နှစ်မျိုးစလုံးတွင် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနိုင်သည်။ ၎င်းသည် သံလိုက် ချပ်ဝတ်ကဲ့သို့ လေ့ကျင့်ရန် လိုအပ်သည်။
ဓားသွားများကို အိတ်ကပ်အမျိုးမျိုးတွင် ထည့်နိုင်ပြီး အသုံးပြုနေစဉ်အတွင်း ပေါင်းစပ်နိုင်သည်။ ကိုယ်ယောင်ဖျောက်ခြင်းအတွက်လည်း အဆင်ပြေကာ Viper နှင့်လည်း လိုက်ဖက်၏။ ၎င်းသည် Mechanical Pugilist အတွက် စူပါလူသားပစ္စည်းများလည်းဖြစ်သည်။
သံလက်သီး - တပ်ဆင်ထားသော အကြီးစား ယန္တရားလက် (ဖြုတ်တပ်၍ရနိုင်သည်) သည် ယန္တရားလက် အမျိုးအစားဖြစ်သည်။ အပေါ့စားယန္တရားလက်နှင့် ကွဲပြားသည်၊ ၎င်း၏ အရွယ်အစားသည် အလွန်ကြီးမား၏။ သူ့လက်တွေထက် အဆပေါင်းများစွာ ပိုကြီးသည်။ ၎င်း၏ ပါဝါအရင်းအမြစ်မှာ တပ်ဆင်ထားသော မော်တာနှင့် အင်ဂျင်ဖြစ်သည်။ ၎င်း၏ အရွယ်အစားသည် အလွန်ကြီးမားသောကြောင့်၊ ၎င်းသည် သုံးစွဲသူ၏ ကြံ့ခိုင်မှုလိုအပ်ချက် မြင့်မားသည်။ ဟန်ရှောင်းသည် ၎င်း၏ လိုအပ်ချက်များနှင့် ကိုက်ညီရန် Viper ကို ၀တ်ဆင်ရလိမ့်မည် ။
ဟန်ရှောင်းက ဒါကို ရွေးချယ်ခဲ့သည်မှာ ဖြုတ်တပ်၍ရသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ လိုအပ်ပါက ၎င်းကို Viper ၏ အစိတ်အပိုင်းအဖြစ် မြှင့်တင်ရန်အတွက် အသုံးပြုနိုင်သည်။
အသေးစားပဲ့ထိန်းကိရိယာသည် ခါးပတ်နှင့်တူသည်။ ၎င်းသည် လေထုကို ပေါက်ကွဲစေပြီး အသုံးပြုသူအား လေထဲသို့ ခုန်ချနိုင်စေသည်။ ၎င်း၏လောင်စာသည် အလွန်စျေးကြီး၏။ အသုံးပြုသူမရှိဘဲ လွင့်ပျံမသွားစေရန် သင့်လျော်သော ကိရိယာတစ်ခုပါ၀င်ပါသည်။ ၎င်းသည် သုံးစွဲသူအား အတိုင်းအတာတစ်ခုအထိ ပင်ပန်းစေလိမ့်မည်၊ သို့သော် ဟန်ရှောင်းသည် ၎င်း၏ ခံနိုင်ရည် ပမာဏဖြင့် လက်တွေ့တွင် ခုခံနိုင်စွမ်းရှိသည်။
ဒီကိရိယာက ဟန်ရှောင်းကို ပေးခဲ့တဲ့ အရေးအကြီးဆုံးအရာက သွက်လက်မှုပင်။ သူသည် လေထဲ၌ အလှည့်အပြောင်းများနှင့် ပရိယာယ်များသော လှုပ်ရှားမှု အမျိုးမျိုးကို ပြုလုပ်နိုင်မည်ဖြစ်ရာ သူ၏ ရွေ့လျားမှုကို သိသိသာသာ တိုးမြင့်လာစေလိမ့်မည်။
ခရမ်းရောင် အရည်အသွေးရှိသော စက်ကိရိယာတွေကို ဖန်တီးဖို့ ဤစက်သုံးလုံးကို သူရွေးချယ်ခဲ့တယ်။ စနိုက်ပါပစ်ခတ်မှုပုံစံ၏ အားနည်းချက်ဖြစ်သော အနီးကပ်တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်စေရန် သူ၏ယန္တရားဝတ်စုံတွင် အနီးကပ်တိုက်ခိုက်ရေး လက်နက်များ တပ်ဆင်ချင်နေသည်။
အမြောက်များ၊ မြေမြှုပ်မိုင်းများနှင့် ဗုံးများကဲ့သို့သော အခြားဒီဇိုင်းပုံစံများသည် မြှင့်တင်နိုင်သည့် နေရာများစွာမရှိသောကြောင့် ခရမ်းရောင်အဆင့် အရည်အသွေးရှိသော စက်ကိရိယာများအဖြစ် ပြုလုပ်ရန် မသင့်လျော်ပေ။
သူသည် ဒီဇိုင်းပုံစံသုံးမျိုး၏ အဆင့်ကို အမြင့်ဆုံးအထိ ချက်ချင်းမြှင့်တင်လိုက်ပြီး အတွေ့အကြုံအမှတ် တစ်သန်းခန့်ကုန်ကျသွားသော်လည်း သူ့တွင်ရှိသော အတွေ့အကြုံအမှတ်များအားလုံးနှင့်ယှဉ်လျှင် ၎င်းသည် သူ့အတွက် ဘာမှမဟုတ်ပေ။
လေယာဉ်ပေါ်တွင် ပစ္စည်းအလုံအလောက်မရှိပေ။ ဟန်ရှောင်းသည် သူ့စာရင်းကို ကြည့်လိုက်သည်။ သူသည် အနောက်ပိုင်းတိုက်ကြီးတွင် ပြန်လည်သိုလှောင်ခြင်း မရှိခဲ့ချေ။ သူခဏလောက်စဉ်းစားပြီး အမြင့်ဆုံးအဆင့် [အလယ်အလတ် မြှင့်တင်ခြင်း] ကို အသုံးပြုပြီး သူ့ရဲ့လက်ရှိ ကိရိယာအားလုံးကို မြှင့်တင်ဖို့ဆုံးဖြတ်လိုက်တယ်။
လေယာဉ်ပေါ်တွင် သူ့ဖာသာ အလုပ်ရှုပ်နေချိန်၌ လေယာဉ်ကြီးက သူတို့ ဦးတည်ရာ မြောက်ပိုင်းတိုက်ကြီးဆီသို့ တည်ငြိမ်သော အရှိန်ဖြင့် ပျံသန်းသွားသည်။
…
တစ်ရက်ကြာပြီးနောက်၊ လေယာဉ်ဟာ မြောက်ပိုင်းတိုက်ကြီး၏ ကမ်းရိုးတန်း၌ ဆင်းသက်လိုက်သည်။
ဟန်ရှောင်းလေယာဉ်ပေါ်မှ ဆင်းလိုက်သည်။ အနီးနားရှိ လေအေးများကြောင့် ကြက်သီးတွေ ထလာ၏။ မြောက်ပိုင်းတိုက်ကြီးသည် အေးခဲနေသည်။
ဟန်ရှောင်းသည် လက်ဖဝါးများကို ပွတ်တိုက်ပြီး ပူနွေးသော မြူခိုးများကို မှုတ်ထုတ်လိုက်သည်။ မြေပုံကိုဖွင့်ကာ “မြောက်ဘက်တိုက်ကြီးမှာလည်းအစပျိုးရွာ လေးရွာ ရှိတယ်။ အမြင့်ဆုံးအဆင့် ကစားသမားတွေက မကြာခင် အဆင့် ၂၀ ကို ရောက်သင့်ပြီ။”
အချိန်က အလျှင်အမြန် ကုန်နေ၏။ ဟန်ရှောင်းက လေယာဉ်ကို ဆီဖြည့်ပြီးတာနဲ့ လေယာဉ်မှူးကို အမြန်ပြန်မောင်းဖို့ တောင်းဆိုလိုက်သည်။ သူသည် မကြာမီပင် မြောက်ပိုင်းတိုက်ရှိ ပထမ အစပျိုးရွာသို့ ရောက်ရှိလာပြီး နွေးထွေးစွာ ကြိုဆိုခံရသည်။
မြောက်ပိုင်းတိုက်မှ ကစားသမားများသည် သူ့အား အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရသည်။ သူတို့သည် နေ့တိုင်း အနောက်တိုင်းတိုက်ရှိ ကစားသမားများအကြောင်း မနာလိုစိတ်နှင့် ဖတ်နေရင်း မျှော်လင့်ထားကြသည်။ နောက်ဆုံးတော့ သူတို့ရဲ့ အချိန်ရောက်လာပါပြီ။
ဟုတ်ပါသည်၊ တောင်ပိုင်းတိုက်ကြီးမှာရှိတဲ့ ကစားသမားတွေက ပိုလို့တောင် စိတ်ဆိုးသွားခဲ့သည်။
ဟန်ရှောင်းနေရာမှာ ရပ်လိုက်ပြီး ကစားသမားတွေက သူ့ကို ပိုက်ဆံနှင့် အတွေ့အကြုံအမှတ်တွေ ပေးဖို့ ပြုံးပြုံးကြီး တန်းစီနေကြသည်။ အင်တာဖေ့စ်ပေါ်ရှိ နံပါတ်များသည် တိုးလာခဲ့သည်။
ရုတ်တရက် လူအုပ်ကြားတွင် ရုန်းရင်းဆန်ခတ် ထွက်ပေါ်လာသည်။ ဟောက်ထျန်းသည် သူ့ပတ်ဝန်းကျင်မှ ကစားသမားများ ဘေးသို့ ရှောင်ပေးလိုက်စဉ် လူအုပ်ထဲမှ ထွက်လာခဲ့သည်။
ဟောက်ထျန်းက "ရည်ညွှန်းစာ ဝယ်ချင်ပါတယ်"
ဟန်ရှောင်းမော့ကြည့်လိုက်သည်။ သူသည် လီကဲနှင့် အဆင့်တူသော ပရို ကစားသမားတစ်ဦးဖြစ်သည့် ဟောက်ထျန်းကို မှတ်မိသွားသည်။
ဟောက်ထျန်းက ပိုက်ဆံပေးပြီး ရည်ညွှန်းစာတစ်စောင်ကို ယူကာ ခံစားချက်မဲ့သော အသွင်အပြင်ဖြင့် ကြည့်နေလေသည်။ သူသည် မစ်ရှင်ကိုယူကာ အချိန်မဖြုန်းဘဲ ထွက်ခွာသွားသည်။
ထိုအချိန်တွင် ဟန်ရှောင်းသည် အနီးနားရှိ ကစားသမားများကြားတွင် စကားပြောသံကို ကြားလိုက်ရသည်။
"ဟောက်ထျန်းဟာ အစပျိုးရွာမှာ မစ်ရှင်တွေအားလုံးကို ပြီးသွားပြီ မဟုတ်ဘူးလား? တစ်နေ့က သူထွက်သွားခဲ့တာထင်တယ်"
“မဟုတ်ဘူး၊ သူပြန်လာတာကို ကျွန်တော့်မျက်လုံးနဲ့ တွေ့လိုက်တယ်။ သူဒီနေ့အထိ နေနေတာ။”
"Black Phantom ရဲ့ မစ်ရှင်ကို စောင့်နေတာဖြစ်နိုင်ပါတယ်။"
"ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အတွက် နှစ်ရက်လောက် ဖြုန်းတီးဖို့ မထိုက်တန်ပါဘူး။"
"Black Phantom ရဲ့ မစ်ရှင်ကို ရနိုင်ရင် ဆယ်ရက်စောင့်မယ်"
ဟန်ရှောင်း၏ မျက်လုံးများ လက်သွားသည်။ ဟောက်ထျန်းက အတော်ကောင်းတဲ့ ရွေးချယ်မှုပဲ။