← Chapters

အလူမီရာ - ၁

Vol. 14 Ch. 202

အလူမီရာ - ၁

Vol. 14 Ch. 202

ဟောက်ထျန်းအပါအဝင် ဟန်ရှောင်းသည် ပရော်ဖက်ရှင်နယ် ကစားသမားများစွာနှင့် အဆက်အသွယ်ရရှိခဲ့ပြီး သူတို့ကို မစ်ရှင်များ ပေးအပ်ခဲ့သည်။

မစ်ရှင်ကို ပြီးမြောက်ရန် နည်းလမ်းမှာ ဆက်သွယ်ရေးစက်မှတဆင့် ဖြစ်သည်။ သူက ပရော်ဖက်ရှင်နယ်ကစားသမားများကို သူ့ရဲ့နံပါတ်နဲ့ အီးမေးလ်ကို ပေးခဲ့ပြီး၊ သူတို့က အသေးစိတ်အချက်အလက်တွေကို ပေးပို့ပြီးမှသာ မစ်ရှင်ပြီးမြောက်မည် ဖြစ်သည်။ ထိုနည်းအားဖြင့် သူကိုယ်တိုင်လည်း သူ့ရဲ့ကိုယ်ပိုင်မစ်ရှင်ကို ပြီးမြောက်စေနိုင်သည်။ ဟန်းနက်စ်ထံ ပေးအပ်ရန် လိုအပ်သော မစ်ရှင်ပစ္စည်းများရှိပါက၊ သူသည် လေယာဉ်နှင့်သွား၍ သူ့ဘာသာသူ ထုတ်ယူရမည်ဖြစ်သည်။

၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ခြင်းနှင့် နှိုင်းယှဉ်ပါက၊ သူ့ကို ဤမစ်ရှင်များ ပြီးမြောက်အောင် ကူညီရန် ကျွမ်းကျင်သော ကစားသမားများကို အမိန့်ပေးခြင်းသည် သူ့အား အချိန်များစွာ သက်သာစေပြီး အမြတ်အစွန်းကို ခံစားနိုင်မည်ဖြစ်သည်။

မစ်ရှင်များကို လက်ခံရန် ရောက်လာသော ပရော်ဖက်ရှင်နယ် ကစားသမားများထဲတွင် အများအပြားသည် ၎င်း၏ယခင်ဘဝက အလွန်ကြမ်းသော ကစားသမားများဖြစ်ပြီး ဟောက်ထျန်းသည် ထိုစာရင်း၏ ထိပ်ဆုံးတွင် ရှိနေခဲ့သည်။ ဟန်ရှောင်းသည် ဟောက်ထျန်းကို အလွန်စိတ်ဝင်စားသော်လည်း မစ်ရှင်ပြီးသောအခါမှသာ အံ့အားသင့်မည်ဟု သူပြောသောကြောင့် စိတ်ရှည်ရှည် နေခဲ့သည်။

ဟန်ရှောင်းသည် မြောက်ပိုင်းတိုက်ကြီးရှိ အစပျိုးရွာများကြားတွင် ကူးသန်းရင်း သူ့အချိန်အများစုကို လမ်းပေါ်တွင် ကုန်ဆုံးနေသည်။ ထိုအချိန်တွင် သူသည် အမြင့်ဆုံးအဆင့် [အလယ်အလတ် မြှင့်တင်ခြင်း] ကို အသုံးပြုပြီး သူ၏ဂီယာကို အဆင့်မြှင့်တင်ကာ ၎င်းတို့၏အရည်အသွေးများကို မြှင့်တင်ခဲ့သည်။ သူရွေးချယ်ထားတဲ့ ပစ္စည်းသုံးမျိုးကိုလည်း တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး ရလဒ်တွေကို ကျေနပ်နေ၏။

ပထမအကြိမ် ကြိုးစားမှုတွင် အပြာရောင်အရည်အသွေးကို ရရှိနိုင်ခဲ့သည်၊ ဆိုလိုသည်မှာ လေ့ကျင့်မှုအချို့နှင့် ရင်းနှီးကျွမ်းဝင်ပြီးနောက် ခရမ်းရောင်အရည်အသွေးသို့ရောက်ရှိရန် အခွင့်အလမ်းရှိလာနိုင်သည်။

အဆင့်ခေါင်းဆောင်စာရင်းများတွင် အဆင့် ၁၉ သို့ရောက်ရှိခဲ့သော ကစားသမားများ ရှိနှင့်ပြီးဖြစ်သည်။ ဟန်ရှောင်း၏ ယခုအရှိန်ဖြင့်၊ ပထမကစားသမားသည် အဆင့် ၂၀ သို့မရောက်ရှိမီ မြောက်ပိုင်းတိုက်ကြီးရှိ အစပျိုးရွာများအားလုံးကို အပြီးသတ်နိုင်မည်ဖြစ်သည်။

အန်ဒရီရာအတွက်တော့ ဟန်ရှောင်းက ဒါကို လုပ်နိုင်လိမ့်မယ်လို့ မထင်ထားပေ။ သို့သော်ငြားလည်း ဂျာမီနယ်အဖွဲ့အစည်း၏ ဌာနချုပ်ဖြစ်၍ သူ့အတွက် အရမ်းအန္တရာယ်များတဲ့ အန်ဒရီရာကို မသွားချင်ပေ။ ထို့အပြင် ကစားသမားများအားလုံးသည် အစပျိုးရွာများမှ ထွက်ခွာခဲ့ရပြီး နေရာအနှံ့ ပြန့်ကျဲနေသည်။ အားလုံးကို ခြုံငုံကြည့်လျှင် အန္တရာယ်သည် ဟန်ရှောင်းအတွက် အမြတ်အစွန်းထက် များစွာသာလွန်နေ၏။

ဖိုရမ်ရှိ ရေပင်လယ်ဂြိုလ်ဘုတ်တွင်၊ မြောက်ပိုင်းတိုက်ကြီးရှိ ကစားသမားများသည် အပျော်ဆုံးဖြစ်သည်။ ဒုတိယစိတ်လှုပ်ရှားစရာအကောင်းဆုံးမှာ အန်ဒရီရာမှကစားသမားများဖြစ်သည်။ သူတို့၏စိတ်ထဲတွင် Black Phantom သည် မြောက်ပိုင်းတိုက်ကြီးရှိ အစပျိုးရွာများကိုဖြတ်ပြေးပြီးနောက်တွင်၊ သူ နောက်ထပ်သွားမည့်နေရာမှာ အန်ဒရီရာဖြစ်သည်။

အင်း၊ အဲဒါ အဆင်မပြေဘူး။ ဟန်ရှောင်းသက်ပြင်းချလိုက်သည်။

…

မြောက်ပိုင်းတိုက်ကြီးတွင် ရာသီဥတုက အေးစက်၏။ ၎င်း၏ မြေမျက်နှာသွင်ပြင်သည် အဓိကအားဖြင့် နှင်းထူထပ်သော ကွင်းပြင်များနှင့် ရေခဲတောင်များ ပါဝင်သည်။ လေထဲတွင် နှင်းဖွဲဖွဲများ ကခုန်နေကာ တောင်ထိပ်ကို မြူခိုးများက ဝိုင်းရံထားပြီး ကြည်လင်သော မျဉ်းကြောင်းများက အနက်စိမ်းရောင် တောင်ကိုယ်ထည်နှင့် နှင်းများဖုံးလွှမ်းနေသည့် ဖြူဖွေးသော တောင်ထိပ်ကို ပိုင်းခြားထားသည်။

တတိယမြောက် အစပျိုးရွာကို ဖရော့စ်ပိုင်းရွာဟုခေါ်သည်။ ကြမ်းတမ်းသော သားရဲများ ကျင်လည်ကျက်စားရာ ရေခဲများ ပိတ်လှောင်နေသည့် တောတောင်ကြားတွင် ရှိနေသည်။

လေယာဉ်သည် သစ်တောအပြင်ဘက်သို့ ဆင်းသက်ခဲ့ပြီး ဟန်ရှောင်းသည် ရေဒါအတိုင်း သူ၏ လျှပ်စစ်သံလိုက် လျပ်ပြေးဖိနပ်များဖြင့် သစ်တောကို ဖြတ်ကျော်ခဲ့သည်။ အဝေးမှ သားရဲများ ဟိန်းဟောက်သံက မြောက်ပိုင်းတိုက်ကြီးတွင် သားရဲများဖြင့် ပြည့်နှက်နေကြောင်း ဟန်ရှောင်းကို သတိပေးခဲ့ပြီး၊ ၎င်းတို့ထဲမှ အများစုမှာ အဆင့်မြင့်မားလှသည်။

ငါမှတ်မိသလောက်ဆိုရင်၊ ရေခဲကွင်းပြင်တစ်ခုမှာရှိတဲ့ လက်သည်းချွန်ရေခဲဝက်ဝံတွေက အဆင့် ၅၃ ကနေ ၅၆ ကြား အဆင့်မြင့်တဲ့ကောင်တွေချည်းပဲ။ လက်ရွေးစင်အဆင့် ဒါမှမဟုတ် ဘော့စ်အဆင့်တော့ မပါဘူး။ အဲဒီမှာ [အသေသတ်ပစ်ချက်] စွမ်းရည်တွေကို ဖွင့်ဖို့ လိုအပ်ချက်တွေကို ငါဖြည့်ဆည်းနိုင်လိမ့်မယ်။ ဟန်ရှောင်း တွေးမိနေသည်။

ထိုရေခဲကွင်းပြင်မှာ တော်တော်ဝေးသည့်အတွက် ဟန်ရှောင်းက အစပျိုးရွာကို အရင်သွားပြီးတာမှ အဲဒီကို သွားဖို့ ဆုံးဖြတ်လိုက်၏။

မြေပုံကိုကြည့်လိုက်တော့ အခြားအရာတစ်ခုကို သူသတိပြုမိသည်။ အလူမီရာမိသားစု၏ နယ်မြေသည် ဖရော့စ်ပိုင်းရွာနှင့် မဝေးလှပေ။

သိပ်မကြာခင်မှာပဲ ဖရော့စ်ပိုင်းရွာက သူ့မြင်ကွင်းမှာ ပေါ်လာ၏။ သူ့စိတ်တွေ တည်ငြိမ်အောင် လုပ်လိုက်ကာ အရှိန်လျှော့ပြီး လမ်းလျှောက်လာသည်။

…

ဖရော့စ်ပိုင်းရွာမှ မီတာတစ်ရာခန့်ဝေးသော တောအုပ်ထဲတွင် တိုက်ပွဲဝတ်စုံ၊ သေနတ်များနှင့် ဓားမြှောင်များ ဝတ်ဆင်ထားသည့် လူတစ်ဒါဇင်ခန့်သည် ဝိုင်းဖွဲ့ထိုင်နေပြီး ၎င်းတို့၏ ပစ္စည်းများကို စီစဉ်နေကြသည်။

၎င်းတို့သည် ဖရော့စ်ပိုင်းရွာတွင် ဂြိုလ်သားတစ်ချို့ကို ဖမ်းဆီး၍ သုတေသနလုပ်ရန်အတွက် ခေါ်ဆောင်သွားမည့် အလူမီရာမှ တိုက်ခိုက်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

ကပ္ပတိန် ကီရာတန်သည် ရက်စက်သောမျက်နှာဖြင့် လက်ဖြင့်လှိမ့်ထားသော ဆေးပြင်းလိပ်ကို ဆေးလိပ်သောက်နေသည်။ သူက သေနတ်ကို ဆွဲထုတ်ပြီး “တိုက်ခိုက်ရေးအစီအစဉ်ကို လူတိုင်းသိတယ်။ ပေါက်ကရ မလုပ်နဲ့!"

"စိတ်လျှော့ပါ၊ ဒါ ဂြိုလ်သားတစ်ဖွဲ့ပါပဲ၊ လွယ်ပါတယ်။"

“သူတို့ ခုခံဝံ့ရင်…” ကီရာတန်က သူ့ခါးပေါ် လက်ပစ်ဗုံးကို ပုတ်လိုက်သည်။ "ဒီအရုပ်လေးတွေကို နှမြောနေဖို့ မလိုဘူး- အဲကောင်တွေကို တစ်စစီဖြစ်အောင် လုပ်လိုက်။"

အဖွဲ့က ရယ်လိုက်ကြသည်။

“ဒါ့အပြင် ဒီဂြိုလ်သားတွေဟာ အပြင်မှာ သာမန်လူတွေနဲ့ အတူတူပဲမို့လို့ လူမှားပြီး မဖမ်းမိစေနဲ့။” ကီရာတန်က သူ့နာရီကို ကြည့်ပြီး ကျန်လူတွေကို မတ်တပ်ရပ်ခိုင်းလိုက်သည်။ "မင်းတို့ရဲ့ ပစ္စည်းတွေကို စီစဉ်ပါ။ ငါအချက်ပြတဲ့အတိုင်း လှုပ်ရှားမယ်။"

ထိုအချိန်တွင် လူပုံသဏ္ဍာန် အရိပ်တစ်ခုက တောအုပ်အပြင်ဘက် လမ်းကြားကို ဖြတ်သွားသည်။ အဖွဲ့ဝင်တစ်ယောက်က ညွှန်ပြပြီး “ခေါင်းဆောင်၊ ဟိုမှာ လမ်းသွားလမ်းလာတစ်ယောက် ရှိတယ်။ ဂြိုလ်သားလား?"

“ဖြစ်နိုင်တယ်၊ ဒီတောထဲမှာ သားရဲတွေ အများကြီးရှိတယ်၊ ဂြိုလ်သားတွေပဲ တစ်ယောက်တည်းလာတာ။"

“ဒါကို ဖမ်းပြီး မစ်ရှင်ကို ပြီးအောင် လုပ်မယ်။”

သူတို့က လုပ်ဖို့ စိတ်အားထက်သန်နေကြသည်။

သို့သော်လည်း သူတို့သည် စက္ကန့်အနည်းငယ်ကြာအောင် စောင့်ပြီးနောက် ကပ္ပတိန်က ဘာတုံ့ပြန်မှုမှ မပေးကြောင်း သိလိုက်ရသည်။ သူတို့ ပြန်ကြည့်လိုက်သောအခါ ထိတ်လန့်တုန်လှုပ်သွားကြ၏။

ခါတိုင်းလို ရက်စက်ကြမ်းကြုတ်သော ကီရာတန်၏ နှုတ်ခမ်းများသည် ကြောက်ရွံ့တုန်လှုပ်နေသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ဆေးပြင်းလိပ်က မြေကြီးပေါ်ကို ပြုတ်ကျသွားသည်။

"ဘာမှားလို့လဲ?" အဖွဲ့ဝင်တစ်ယောက်က စိတ်ရှုပ်သွားသည်။

ကီရာတန်က တံတွေးမျိုချလိုက်ပြီး "အစီအစဥ်ကို ဖျက်လိုက်ပြီ၊ အခုပြန်မယ်!"

"ဘာလို့လဲ?" အဖွဲ့က အံ့သြသွား၏။

"ဒါ ဂြိုလ်သား မဟုတ်ဘူး!" ကီရာတန်က ဒေါသတကြီး ပြောသည်။ "သူ.. သူက Black Phantom။ မကြာသေးမီက မိသားစုနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးတယ်။”

Black Phantom

အဖွဲ့သားအားလုံး အံ့အားသင့်သွားကြသည်။ သူတို့သည် ပြန်ကြည့်ကာ အတည်ပြုချင်သော်လည်း ထိုလူက ထွက်သွားပြီဖြစ်ကြောင်း သိသွားကြသည်။ အရိပ်တွေ ပျောက်ကွယ်သွားပြီ။

သို့သော် သူတို့နောက်တွင် သူစိမ်းတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။

"မင်းတို့ ငါ့ကို ခေါ်နေတာ ကြားတယ်"

လူတိုင်း လန့်ဖျပ်သွားကြသည်။ သူတို့ တောင့်တောင့်ကြီး လှည့်ကြည့်လိုက်သောအခါ ကီရာတန်ရဲ့နောက်မှာ ရပ်နေတဲ့ အနက်ရောင် အရိပ်တစ်ခုကို တွေ့လိုက်ရပြီး သူတို့ကို စူးစမ်းသလို ကြည့်နေသည်။

သူတို့ ကျောရိုးထဲ အေးစက်သွားသလို ခံစားလိုက်ရသည်။

ကီရာတန် ထိတ်လန့်သွားသည်။ ဟန်ရှောင်း သူ့နောက်သို့ ရောက်လာသည်ကို သူ သတိမထားမိလိုက်ပေ။ ဟန်ရှောင်း၏ အသံသည် မိုးခြိမ်းသံကဲ့သို့ပင်၊ ချမ်းအေးလှသော ရာသီဥတုတွင်ပင် သူ့နှလုံးသားမှာ တဆတ်ဆတ် ခုန်နေပြီး ချွေးများထွက်လာစေသည် ။

ဟန်ရှောင်းမျက်ခုံးပင့်လိုက်သည်။ အဝေးကပင် သူတို့ကို အာရုံခံမိသည်။ ဤလက်နက်ကိုင်တပ်သားများသည် သူ့ရှေ့တွင် ဤကဲ့သို့ ကြောက်ရွံ့နေကြရခြင်း အကြောင်းအရင်းမှာ သူတို့သည် သူ့ကို သိပြီး ရန်လိုသော ရည်ရွယ်ချက်ရှိခြင်းကြောင့် ဖြစ်နိုင်ချေများသည်။

"ကိုယ့်ဖာသာ ပြောပြမှာလား ဒါမှမဟုတ် မင်းကိုကူညီစေချင်လား။ မင်း လိမ်ကြည့်လို့လည်းရတယ်။" ဟန်ရှောင်းက သူ့လက်ချောင်းတွေကို ကွေးလိုက်သည်။ သူ၏ခါးနှင့် ခြေထောက်များပေါ်ရှိ အိတ်ကပ်များမှ ဓားခုနစ်ချောင်းသည် လေထဲတွင် လွင့်ပျံလာပြီး ကီရာတန်၏ အရေးကြီးသောသေကွင်းသေကွက်များကို ချိန်ရွယ်ထားသည်။

အပြာရောင် အရည်အသွေး ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများ၊ ၎င်းတို့၏ ထိခိုက်ပျက်စီးစေမှုသည် အသုံးပြုသူ၏ စွမ်းအင်အသုံးပြုမှုအပေါ် အခြေခံသည်။ ၎င်းတို့သည် အလွန်မြင့်မားသော တိုက်ခိုက်မှုအမြန်နှုန်းကို ထိန်းသိမ်းထားနိုင်ပြီး လက်နက်ပုံစံများစွာကို ဖန်တီးနိုင်သည်။ ဤစက်ကိရိယာတွင် [လှည့်ပတ်ခုတ်ချက်] ဟုခေါ်သော စွမ်းရည်တစ်ခုရှိသည်။ အသက်သွင်းပြီးသည်နှင့်၊ ဓားသွားများအားလုံးသည် လူရွှင်တော်ပစ်ဘောလုံးများကဲ့သို့ လှည့်ပတ်ကာ အရှိန်ပြင်းပြင်းဖြင့် ဒဏ်ရာများစွာ ရရှိစေသည်။ ၎င်းသည် အဆင့် ၆၀ မတိုင်မီ ‌အလွန်ကောင်းသော အနီးကပ် လက်နက်ဖြစ်သည်။

ကစားသမားများ၏ ရှုထောင့်မှကြည့်ရင် ဤအရာသည် အစောပိုင်းအဆင့်တွင် နတ်ဘုရားအဆင့် ကိရိယာ ဖြစ်သည်။ ဟန်ရှောင်းသည် ဤဒီဇိုင်းပုံစံကို ရရှိရန် အတွေ့အကြုံအမှတ်ပေါင်း တစ်သန်းကျော်ကို အသုံးပြုခဲ့ရသည်။

ကီရာတန်သည် လွင့်မျောနေသော ဓားသွားများကြောင့် ထိတ်လန့်သွားသည်။ သူသည် အလျှင်အမြန်ပင် အသင်း၏ အထောက်အထားနှင့် မစ်ရှင်ကို ဘာမှမချန်ထားဘဲ ပြောပြလိုက်၏။

သူတို့သည် အလူမီရာနှင့် သက်ဆိုင်သည်ဟု သူကြားသောအခါ ဟန်ရှောင်း၏ မျက်လုံးများ လက်သွားသည်။ ဤလူများ အဘယ်ကြောင့် သူ့ကို ကြောက်ကြသနည်းဆိုတာ အလွယ်တကူ နားလည်သွား၏။ အစိမ်းရောင်တောင်ကြားမြို့တွင် အလူမီရာ၏ နယ်မြေကိုတိုက်ခိုက်ရန် လူချိန်ကို ကူညီခဲ့ပြီး သူတို့ကို ဆန့်ကျင်ခဲ့သည်။ Dark Net တွင် ကောလာဟလများကိုမြင်သောအခါတွင် အလူမီရာက လူချိန်အား လက်စားချေလိုသော်လည်း သူ့ကို လုံးဝမဖော်ပြခဲ့ပေ။

ငါက သူတို့ရဲ့ရန်သူဖြစ်သင့်တယ်… သူတို့က ငါ့ကိုကြောက်နေတာလား။

ဟန်ရှောင်းသည် ရုတ်တရက် စိတ်ဝင်စားသွားသည်။ သူသည် ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများကို ပြန်ထည့်ကာ “ပြန်သွားပြီး မင်းရဲ့ ခေါင်းဆောင်ကို ငါ မကြာခင် လာလည်တော့မယ်လို့ ပြောလိုက်ပါ”

ကီရာတန်၏ တင်းကျပ်သော အာရုံကြောများ ပြေလျော့သွားသည်။ နောက်ပြန်လှည့်မကြည့်ရဲဘဲ ချက်ချင်းထွက်ပြေးသွားသည်၊ ကျန်အဖွဲ့သားများကလည်း လိုက်သွားကြသည်။

မီတာရာဂဏန်းလောက်ပြေးပြီး အမောဖောက်နေသော ကီရာတန်က ရပ်ပြီး နောက်ပြန်ကြည့်သည်။ Black Phantom က သူတို့နောက်ကို မလိုက်ဘူးဆိုတာ သေချာသွားတဲ့အခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ ရေကူးကန်ထဲက ထွက်လာသလိုမျိုး ချွေးတွေ စိုရွှဲနေပြီး သူ့နှလုံးခုန်နှုန်းက အရမ်းမြန်နေ၏။

"ခေါင်းဆောင်၊ အခုဘာလုပ်လဲ" အကြောက်တရားသည် လူတိုင်း၏မျက်နှာပေါ်တွင် တည်ရှိနေသေးသည်။

ကီရာတန်က သူ့တံတွေးကို မျိုချလိုက်ပြီး "ငါတို့ သွားပြီးတော့ သူဌေးတွေဆီ သတင်းပြန်ပို့မယ်"

…

"Black Phantom က မြောက်ပိုင်းတိုက်ကြီးမှာရှိပြီး သူက ငါတို့ဆီကို လာလည်ချင်တယ်"

အလူမီရာမိသားစု၏ ခေါင်းဆောင် ဒဲရို၏ မျက်လုံးများသည် ဒေါသဝက်ဝံကဲ့သို့ ကျယ်ကျယ်ဝန်းဝန်းပွင့်လာခဲ့သည်။ “ငါတို့က သူ့ကို မရှာရသေးဘူး၊ အခု သူက ငါတို့ကို အရင်ရှာဖို့ သတ္တိရှိနေပြီ။ သူက ငါတို့ကို လုံးဝမလေးစားဘူး။ ငါသူ့ကို သတ်ပစ်မယ်!"

တတိယ စစ်ဦးစီး စဲချီမှာ ရှာနူတစ်ယောက် ဖြစ်သည်။ သူသည် ကြီးမားပြီး မည်းမှောင်သော အသားအရည်ရှိသည်။ “အရမ်းစိတ်မဆိုးပါနဲ့။ သူက ပေါ့ပေါ့တန်တန်နဲ့ သွားရှုပ်လို့ ရတဲ့သူမဟုတ်ဘူး။ ငါတို့ကို တစ်ယောက်တည်း ရှာဝံ့တာ၊ သူ့မှာ သေချာပေါက် ကျောထောက်နောက်ခံ ရှိပြီး ကြောက်စရာ မရှိလို့ဖြစ်မယ်။”

ဒဲရိုက တစ်ဖက်သို့ စိုက်ကြည့်နေသည်။ "ရှောင်ကျင်း မင်းအကြံက ဘာလဲ"

ရှောင်ကျင်းက သူ့မျက်မှန်ကို တွန်းလိုက်ပြီး အေးအေးဆေးဆေး ပြောသည်။ "သူက 'လာလည်တယ်' လို့ပဲ ပြောလိုက်တယ်။ သူက ငါတို့ကို တိုက်ခိုက်ချင်ရင် ပြောစရာ မလိုဘူး။ ငါတို့က သူနဲ့ အဆက်အသွယ်လုပ်ပြီး သူလိုချင်တာကို ကြည့်ရမယ်။ သူက တိုက်ပွဲဝင်ဖို့ မစီစဉ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။”

ဒဲရိုက မျက်မှောင်ကြုတ်ပြီး "သူ့ကို ငါကိုယ်တိုင်တွေ့ပြီး ငါတို့လူတွေကို ဘာလို့သတ်ပစ်တယ် ဆိုတာကို သူဘယ်လိုရှင်းပြမလဲဆိုတာ ကြည့်မယ်!"

All Chapters