← Chapters

အပိုင်း ၂၆၄

Vol. 19 Ch. 264

အပိုင်း ၂၆၄

Vol. 19 Ch. 264

နံပါတ်၁ ပဟေဠိသိုင်းသမားရဲ့ သတ်မှတ် စံနှုန်းတွေထက်ကို ကျော်လွန်နေတယ် ဟုတ်လား...။

လူငယ် အားလုံးက အလွန်အမင်းကို အံ့သြကုန်ကြပါပြီ။

ချူးယီက ဆဋ္ဌမမြောက် တံခါးကို ကျော်ဖြတ် နိုင်ခဲ့တာလေ။ ဒါတောင်မှ သူ့ကို နံပါတ်၂ ပဟေဠိ သိုင်းသမားက လက်ရင်း တပည့်ဖြစ်ဖို့ အဆင့်မီရုံလေးပဲလို့ ပြောခဲ့တာ မဟုတ်ပါလား။

အခုတော့ နံပါတ်၁ ပဟေဠိ သိုင်းသမားက လီဖူချန်းကို သူသတ်မှတ် ထားသည့် စံနှုန်းတွေထက် သာလွန် နေသည်ဟု ပြောနေပါပြီ။

လီဖူချန်း တစ်ယောက် သတ္တမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော် သွားနိုင်မည်ဟုတော့  ဘယ်သူမှ မတွေးထားခဲ့ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အဲဒါက လုံးဝ ဖြစ်နိုင်စရာ အကြောင်းမရှိလို့ ပါပဲ။ အခုချိန်အထိ တစ်စုံတစ်ဦးကမှ  သတ္တမမြောက် ဆန်းကြယ် တံခါးထဲကို မဝင်ဖူးသေးပါဘူး။

" ငါထင်တာကတော့ လီဖူချန်းက တံခါးတစ်ခုမှာ ဘယ်သူမှ မယှဉ်နိုင်အောင် အစွမ်းပြခဲ့လို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် နံပါတ်၁ ပဟေဠိ သိုင်းသမားက သူ့ကို ရွေးလိုက်တာ "

လူငယ် တစ်ယောက်ကတော့  မှတ်ချက် ပေးလိုက်ပါတယ်။

"ကြည့်ရတာ လီဖူချန်းရဲ့ ပါရမီက နံပါတ်၁ ပဟေဠိ သိုင်းသမားနဲ့ ကိုက်ညီနေလို့ များလား "

"အဲလောက် မရိုးရှင်းဘူး ထင်တယ်။ နံပါတ်၁ ပဟေဠိ။ သိုင်းသမား ပြောခဲ့တာကတော့ လီဖူချန်းက သူ့သတ်မှတ်ထားတဲ့ စံနှုန်းတွေထက် ကျော်လွန်နေတယ်တဲ့။ ငါ့အမြင် ပြောရရင်တော့ လီဖူချန်းက တံခါး၂ခု ဒါမှမဟုတ် ၃ခုကို  ထူးထူးချွန်ချွန် ဖြတ်ကျော် နိုင်ခဲ့လို့ပဲ ဖြစ်ရမယ်"

ကျလိ... ကျလိ...

ချူးယီကတော့ အံတွေကို ကျိတ်ရလွန်းသဖြင့် အသံတွေတောင် ထွက်လာပါပြီ။

သူက ဆဋ္ဌမမြောက် တံခါးကို  အရင် ကျော်ဖြတ်နိုင်ခဲ့တဲ့ သူလေ။ ဒါပေမဲ့ သူ့ကို နံပါတ်၂ ပဟေဠိသိုင်းသမားကသာ ရွေးချယ် ခဲ့ပါတယ်။ ပြီးတော့ သူ့ကို အဆင့် မီရုံလေးပဲလို့တောင် ပြောခဲ့ ပါသေးတယ်။

လီဖူချန်းကတော့ သူ့နောက်မှ ထွက်လာနိုင်ခဲ့တာပါ။ ဒါပေမဲ့ သူက နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့  လက်ရင်း တပည့်အဖြစ် ကမ်းလှမ်း ခံရပါသေးတယ်။ ပြီးတော့ လီဖူချန်းက  နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေထက်ကိုတောင် ကျော်လွန် နေတယ်တဲ့။

သည်ကိစ္စကိုတော့ ချူးယီက လုံးဝ လက်သင့်မခံပါဘူး။

" ကျွန်တော် ကန့်ကွက်ပါတယ်"

ချူးယီက ထအော် လိုက်ပါပြီ။

နံပါတ်၁ ပဟေဠိ သိုင်းသမား ချူးယီကို ကြည့်လိုက်ပြီး

" မင်းက ဘာကို ကန့်ကွက်တာလဲ " ဟု မေးလိုက်ပါတယ်။

"ကျွန်တော်က သူ့ကို မယှဉ်နိုင်ဘူးလို့ မယုံဘူး။ ပြီးတော့ ကျွန်တော်က ဆဋ္ဌမမြောက် တံခါးကို သူ့ထက်အရင် ကျော်ဖြတ်နိုင်ခဲ့တာလေ"

ချူးယီက သူမကျေမနပ် ဖြစ်နေတာတွေကို ပြောပြလိုက်ပါတယ်။

" သူက သတ္တမမြောက် ဆန်းကြယ် တံခါးထဲကို ဝင်ခဲ့တယ်"

နံပါတ်၁ ပဟေဠိ သိုင်းသမားက လီဖူချန်းတစ်ယောက် သတ္တမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော် နိုင်ခဲ့တယ်လို့ မပြောဘဲ သတ္တမမြောက် ဆန်းကြယ် တံခါးထဲကို ဝင်ခဲ့တယ်လို့ပဲ ပြောလိုက်တာပါ။

လီဖူချန်းက နည်နည်း ထူးဆန်းသလို ခံစားလိုက်ရပါတယ်။ အစကတော့ နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက သူ့ရဲ့ ရလဒ်ကို အမှန်အတိုင်း ပြောလိုက်မယ်လို့ ထင်နေခဲ့တာပါ။ လီဖူချန်းက သတ္တမမြောက် ဆန်းကြယ် တံခါးကို သူဖြတ်ကျော်နိုင်ခဲ့တဲ့ အကြောင်းကို လူမသိစေချင်ပါဘူး။

အခုတော့ နံပါတ်၁ ပဟေဠိ သိုင်းသမား လီဖူချန်းရဲ့ စိတ်ကို နားလည်သည့် ပုံဖြင့် လိမ်ပြော ပေးလိုက်ပါပြီ။ နံပါတ်၁ပဟေဠိ သိုင်းသမားကြီးက သူ့ရဲစိတ်ကို နားလည်ပြီး အခုလို လိမ်ပြော ပေးလိမ့်မယ် ဆိုတာကိုတော့ လီဖူချန်း တစ်ယောက် လုံးဝကို မမျှော်လင့်ထားခဲ့ပါဘူး။

" သူက သတ္တမမြောက်  ဆန်းကြယ် တံခါးဖြစ်တဲ့ မြေကမ္ဘာတံခါးကို ဝင်နိုင်ခဲ့တာလား "

ချူးယီက မျက်လုံး ပြူးသွားခဲ့ပါတယ်။

အဲသည် စကားကို ကြားလိုက်ရတဲ့ လူငယ်တွေ အကုန်လုံးကလည်း လန့်ဖျပ်ကုန်ကြပါပြီ။

လက်စသတ်တော့ ချူးယီရဲ့ ရလဒ်က နံပါတ်၁ မဟုတ်ခဲ့ဘူးဘဲ။ လီဖူချန်းကသာ နံပါတ်၁ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လီဖူချန်း ဘာဖြစ်လို့ နောက်ကျပြီး ထွက်လာ ရခဲ့သလည်း ဆိုတာကတော့ သတ္တမမြောက် ဆန်းကြယ် တံခါးထဲကို ဝင်နေလို့ပဲ ဖြစ်ရပါမည်။

" မြေကမ္ဘာ တံခါးထဲကို ပထမဆုံး ဝင်ရောက်နိုင်တဲ့လူ "

လူငယ်တွေ အားလုံးကတော့ အထင်ကြီး လေးစား အားကျသည့် မျက်လုံးအစုံဖြင့် လီဖူချန်းကို ကြည့်နေကြပါပြီ။

သည်ရလဒ်က ချူးယီထက် သာလွန်ရုံ သာမက ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော် နိုင်ခဲ့တဲ့  အရှေ့က လူငယ် သုံးယောက်ထက်ပါ သာလွန်နေသည် မဟုတ်ပါလားဟ။

ပါရမီချင်း ယှဉ်လိုက်မယ် ဆိုရင်တော့ဖြင့် လီဖူချန်းက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အမြင့်ဆုံး နေရာမှာ ရပ်တည်နေတဲ့ ကြယ်ဘုရင် သုံးပါးထက်ကို သာလွန် သွားခဲ့ပါပြီ။

" သည်ကောင်က ငါတို့ မိုးပြာရောင် ဂိုဏ်းသား အစစ်ကော ဟုတ်ရဲ့လားဟ "

ချန်ယွန်ဟူနဲ့ ရှုဖန်းက လီဖူချန်းကို ကြည့်ပြီး စဉ်းစားနေပါတယ်။

သည်ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို မဝင်ခင်တုန်းက တောင်မှ သူတို့ နှစ်ယောက်က လီဖူချန်းကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး စိတ်ကြီး ဝင်နေတဲ့သူလို့ ထင်နေခဲ့တာပါ။

ဒါပေမဲ့ လက်ရှိ လီဖူချန်း ပြသသွားတဲ့ စွမ်းဆောင်ရည်တွေက လီဖူချန်း ဘာကောင်လဲ ဆိုတာကို သက်သေ ပြသွားခဲ့ပါပြီ။

" သည်ကောင်က ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှင်လား..."

ရှုဖန်းက လုံးဝကို ဆွံ့အ သွားခဲ့ပါပြီလေ။

မိုးပြာရောင် ဂိုဏ်းသား တစ်ယောက်  ဖြစ်တဲ့အတွက် ရှုဖန်းက လီဖူချန်း အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။

လီဖူချန်းက ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက်ပါ။ ဒါပေမဲ့ သူက  ယုတ္တိမတန်တဲ့ အဖြစ်အပျက်တွေ အများကြီး စွမ်းဆောင် ပြခဲ့ပြီးပါပြီ။

"စိတ်ဝင်စားစရာပဲ... ကျားနဂါးပြိုင်ပွဲမှာ သတိထားရမယ့် လူတစ်ယောက် ထပ်တိုး လာပြန်ပြီပေါ့"

စုမုယူက လီဖူချန်းကို ပြုံးပြီး ကြည့်နေရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တဲ့ စုမုယူက ဘယ်သူ့ကိုမှ အလွယ်တကူ အနိုင်ယူခွင့် ပေးမှာ မဟုတ်ပါဘူး။

" ကောင်းတယ်...ကောင်းတယ် ...  ။ မင်းက ပိုပြီး ပါရမီ ကောင်းလေလေ ငါက ပိုပြီး သတ်ချင် လေလေပဲပေါ့"

ရှဟိုရှီကတော့ ထုံးစံအတိုင်း လီဖူချန်းကို သတ်ဖို့ အတွက် စိတ်ကူးယဉ် နေပါပြီ။

"လူတစ်ယောက်ရဲ့ ပါရမီက အရမ်း ကောင်းလွန်းနေရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ ဆိုတာကို မင်းသိရဲ့လား..."

ရှိဟိုရှီက ခပ်တိုးတိုးလေး ရေရွတ် လိုက်ပါသေးတယ်။

နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့ အဖြေကို ရပြီးတဲ့ အခါမှာတော့ ချုးယီက ဘာမှ ဆက်မပြောတော့ပါဘူး။

သူက ဘာကိုဆက်ပြီး ပြောရတော့မည်နည်း။ သူက  နံပါတ်၆ ဆန်းကြယ် တံခါးကိုသာ ဖြတ်ကျော် နိုင်ခဲ့တာလေ။  ဒါပေမဲ့ လီဖူချန်းကတော့ ဆဋ္ဌမမြောက်  ဆန်းကြယ်တံခါးကို  ဖြတ်ကျော်နိုင်ရုံသာမက  သတ္တမမြောက် ဆန်းကြယ်တံခါးဖြစ်တဲ့ မြေကမ္ဘာတံခါးကို ဝင်ရောက်နိုင်ခွင့်တောင် ရခဲ့ပါတယ်။

ဒါပေမဲ့ သူ့လို မာနကြီးတဲ့ လူတစ်ယောက် ကတော့  ဒါကို ကျရှုံးမှုလို့  လက်ခံမှာ မဟုတ်ပါဘူး။

အနည်းဆုံးတော့ လက်ရှိလီဖူချန်းက  သူ့ထက် အားနည်း နေသေးတယ်လေ။

နောက်ထပ်လာမယ့် နှစ်တွေမှာလည်း သူက သည်အားသာချက်ကို ဆက်ထိန်းထားဦးမှာပါ။  လီဖူချန်းက သူ့ကို  အလွယ်တကူနဲ့ ကျော်တက် သွားမယ့် အဖြစ်မျိုးကိုတော့ ချူးယီက  အဖြစ် မခံပါဘူး။

ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီးသွားတဲ့ နောက်မှာတော့ ချူးယီရဲ့ လွှမ်းမိုးနိုင်စွမ်း အားကောင်းတဲ့ ချီအရှိန်အဝါတွေက  ပိုပြီး ပြင်းထန် လာသလိုပါပဲ။

ဆံဖြူ အဘိုးအိုက ထိုအဖြစ်အပျက်ကို သတိပြုမိ လိုက်တဲ့အတွက် တိတ်တဆိတ် အသိအမှတ် ပြုလိုက်ပါသေးတယ်။

ဆဠမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော် နိုင်တဲ့သူတွေ ဆိုတာက နှယ်နှယ်ရရ ပါရမီရှင်တွေမှ မဟုတ်တာလေ။ သူတို့မှာလည်း အလွယ်တကူ အလျှော့မပေးတတ်တဲ့ ဇွဲနဲ့  ခိုင်မာတဲ့ စိတ်ဝိညာဉ်တွေ  ရှိနေတာပါပဲ။ ချူးယီကသာ ဆက်ပြီး ကန့်ကွက် ပြောဆိုနေဦးမယ်ဆိုရင် ဆံဖြူ အဘိုးအိုက ချူးယီကို  အထင်သေးမိ သွားမှာပါ။ ဒါပေမဲ့ ချူးယီက ဘာမှ ဆက်မပြောတော့ဘဲ အခြေအနေမှန်ကို တစ်ခါတည်း သဘောပေါက် သွားပါတယ်။ သည်လို ချက်ဆို နားခွက်က မီးတောက်တဲ့ ပါရမီရှင် မျိုးကိုတော့ ဆံဖြူ အဘိုးအိုက ဘယ်လိုမှ အထင်သေးလို့ မဖြစ်နိုင်ပါဘူး။

ချူးယီကလည်း ရှားမှရှားသည့် ပါရမီရှင် လူငယ် တစ်ယောက်ပင် မဟုတ်ပါလား။ ချူးယီရဲ့ ဗီဇကိုက မာနကြီးပြီး လူတကာရဲ့ ထိပ်ဆုံးမှာ ရပ်တည်ချင်တာပါ။ ဒါကိုတော့ ဘယ်သူမှ သွားပြီး အပြစ်တင်ခွင့် မရှိပါဘူး။

ပန်းတွေဟာ အရောင် အမျိုးမျိုး ရှိသလို လူဆိုတာကလည်း ဗီဇ အမျိုးမျိုးနဲ့ မွေးလာတာပါပဲ။

အချို့က သွေးအေးပြီး မထုံတက်သေး  ရှိမယ်။

အချို့က သွေးဆူပြီး  ပေါက်ကွဲလွယ်မယ်။

အချို့က ထိပ်ဆုံးမှာပဲ နေချင်မယ်။

အချို့က သနားညှာမှု မရှိဘဲ ရက်စက်မယ်။

အချို့ကတော့ စိတ်ထားနူးညံ့မယ်။

သည်ဗီဇတွေကိုတော့ ဘာမှ အပြစ် သွားပြောလို့ မရပါဘူး။ တကယ် အရေးကြီးတာ လူတစ်ယောက်ရဲ့ စိတ်ဓာတ် ခံယူချက်ပါပဲ။

ချူးယီရဲ့ စိတ်နေ သဘောထားနဲ့ ဗီဇက မာနကြီးပြီး အနိုင်လိုချင်တာပါ။ သူက သူ့ကိုယ်သူ တစ်လောကလုံးမှာ အမြင့်မြတ်ဆုံး လူဟု ယူဆထားပြီး အခြားလူတွေကို သူနဲ့ မတူဘူး၊ မတန်ဘူးဟု လက်ခံ ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ စိတ်ဓာတ်က အောက်တန်း မကျပါဘူး။ သူက မကျေနပ်ဘူး ဆိုရင်တောင် စိတ်ထဲမှာ မသိုဝှက်ထားဘဲ တည့်မေးတဲ့ လူမျိုးပါ။ သူက နောက်ကွယ်ကနေ ဓားနဲ့ ထိုးမယ့် လူမျိုး မဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်ကနေ ဓားချင်း ယှဉ်ထိုး မလားဆိုပြီး မေးမယ့် လူမျိုးပါ။

အမည်ခံ တပည့်တွေနဲ့ လက်ရင်း တပည့်တွေ ရွေးပြီးသွားတဲ့ အခါမှာတော့  အရွေးမခံရတဲ့ အခြားလူတွေက ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေရဲ့ အပြင်ဘက်ကို ပြန်လည် ပို့ဆောင် ခံလိုက်ရပါပြီ။

" ငါ့နောက်လိုက်ခဲ့ "

နံပါတ်၁ ပဟေဠိ သိုင်းသမားက လီဖူချန်းနဲ့ နောက်ထပ် လူငယ်တစ်ယောက်ကို ပြောလိုက်ပါတယ်။

ထိုလူငယ်ကတော့ အမည်ခံ တပည့်အဖြစ် ရွေးချယ် ခံထားရသူပါ။

" ဟုတ်ကဲ့ "

သူတို့ နှစ်ယောက်က ခေါင်းညိတ်ပြီး နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့ အနောက်ကို လိုက်သွား ပါတော့တယ်။

နံပါတ်၁ ပဟေဠိ သိုင်းသမားက လက်တစ်ချက်  ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့  အလင်းတန်း တစ်ခုက သူတို့ သုံးယောက်စလုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ။

ထို့နောက်မှာတော့  သူတို့ သုံးယောက်ဟာ တောင်ထွတ် တစ်ခုပေါ်ကို ရောက်သွား ပါတော့တယ်။

အဲသည်တောင်ကတော့  နံပါတ်၁ ပဟေဠိ သိုင်းသမား နေထိုင်ရာဖြစ်တဲ့ ပထမ တောင်ထွတ် ပါပဲ။

***

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ အပြင်ဘက်မှာတော့...

" သူတို့ထွက်လာပြီ။ သူတို့ထွက်လာပြီဟေ့ "

အရွေးမခံလိုက်ရတဲ့ လူငယ်တွေကတော့   လျှို့ဝှက်နယ်မြေ အပြင်ဘက်ကို ပြန်ရောက် လာကြပါပြီ။

" အထဲမှာ အခြေအနေ ဘယ်လိုလဲ ..."

လူတစ်ယောက်က ထွက်လာတဲ့ လူငယ်တွေကို လှမ်းမေး လိုက်ပါတယ်။

လူငယ် တစ်ယောက်က စိတ်ဓာတ် ကျနေသည့် လေသံဖြင့်

"ချူးယီက နံပါတ်၂ ပဟေဠိသိုင်းသမားရဲ့  လက်ရင်းတပည့် ဖြစ်သွားပြီ။ ဘယ်က ပေါ်လာမှန်းမသိတဲ့  လီဖူချန်းဆိုတဲ့ ကောင်ကိုတော့ နံပါတ်၁ ပဟေဠိ သိုင်းသမားက လက်ရင်း တပည့်အဖြစ် ရွေးသွားလေရဲ့ …။ နံပါတ်၁ ပဟေဠိသိုင်းသမား ပြောတာကတော့ လီဖူချန်းက ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်ပြီး သတ္တမ ဆန်းကြယ် တံခါးထဲကိုပါ ဝင်သွားနိုင်လို့တဲ့ "

ထိုလူငယ်ရဲ့ ပြောပြမှုက အပြင်ဘက်မှာ ရှိနေတဲ့ လူတွေ အားလုံးကို တုန်လှုပ် ချောက်ချားသွား စေခဲ့ပါပြီ။

လီဖူချန်းက သတ္တမမြောက် ဆန်းကြယ် တံခါးထဲကို ဝင်သွားနိုင်တယ်။

ပြီးတော့ နံပါတ်၁ ပဟေဠိသိုင်းသမားရဲ့ လက်ရင်း တပည့်ပါ ဖြစ်သွားသေးတယ် ဟုတ်လား။

ဒါကြီးက တစ်ဆိတ်တော့ လွန်လွန်းတယ်လို့ မထင်ဘူးလား။

ကြယ်ဘုရင် သုံးပါးတောင်မှ သည်လို မစွမ်းဆောင်နိုင်ခဲ့ဘူးလေ။

လီဖူချန်းက ဘယ်လိုလုပ်ပြီး နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့ လက်ရင်း တပည့်အဖြစ် ရွေးချယ် ခံလိုက်ရတာလဲ...။

ကောင်းကင် နတ်ဆိုးဂိုဏ်းက လူတွေကတော့ ငိုမဲ့မဲ့ ဖြစ်နေကြပါပြီ။

သူတို့က သည်ရလဒ်ကို ဘယ်လိုမှ မမျှော်လင့်ထားပါဘူး။

လီဖူချန်းက နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့ လက်ရင်းတပည့်  ဖြစ်သွားမှတော့ သူတို့က ဘယ်လိုလုပ်ပြီး လီဖူချန်းကို ဖမ်းရဲ တော့မည်နည်း။

" ငါတို့  အရင်ပြန်ပြီး ဂိုဏ်းချုပ်ကြီးကို အစီရင်ခံတာ ပိုကောင်းမယ်နဲ့ တူတယ်"

ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်က အကြံပေး လိုက်ပါတယ်။

ကျန်တဲ့ အကြီးအကဲတွေ အားလုံးကလည်း သဘောတူလိုက် ကြပါတယ်။

***

နန်းတော်ရာရဲ့  တံခါးတွေကတော့ ပြန်ပိတ်သွားခဲ့ပါပြီ။ နောက်ထပ် သုံးလ နေမှသာ ပြန်ဖွင့် လာတော့မှာပါ။

တောင်ထိပ်ပေါ်မှာ ရှိနေတဲ့ လူတွေ အကုန်လုံးကလည်း နေရပ် အသီးသီးကို ပြန်သွားကြပါပြီ။

သူတို့ရဲ့ တစ်ဆင့် ဖောက်သည် ချမှုကြောင့် လီဖူချန်းရဲ့ နာမည် ဂုဏ်သတင်းက အချိန်တောင် သိပ်မယူလိုက်ရဘဲ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ရှိတဲ့ ဂိုဏ်းအသီးသီးစီကို ပျံ့နှံ့ သွားပါတော့တယ်။

***

All Chapters