← Chapters

လန်ဒန်တိုက်ပွဲ

Vol. 7 Ch. 39

လန်ဒန်တိုက်ပွဲ

Vol. 7 Ch. 39

တစ်ပတ်ကြာပြီးနောက်။

မက်ဒါနာက အပြည့်အစုံတပ်ဆင်ပြီးတဲ့ မြို့ကာကွယ်ရေးစနစ်ကို ကြည့်လိုက်တယ်။ တာဝါက ဆယ့်ငါးမီတာလောက်မြင့်ပြီး ထရပ်ကားတစ်စင်းပေါ်မှာပါ။ ဖရာလီတာတို့အုပ်စုက လန်ဒန်ရဲ့အမြင့်ဆုံးတာဝါဖြစ်တဲ့ The Shardမှာ တင်ဖို့လုပ်နေတာပါ။ The Shardက မီတာသုံးရာကျော်မြင့်ပြီး လန်ဒန်တံတားနဲ့နီးပါတယ်။ ပြီးတော့ သိမ်းမြစ်ကမ်းဘေးမှာ။

သတင်းဌာနတွေကလည်း အသစ်တပ်ဆင်တော့မယ့် ငြိမ်းချမ်းရေးမဟာမိတ်ရဲ့ကာကွယ်ရေးစနစ်သစ်ကို ထုတ်ပြန်ကြေညာနေကြတယ်။ ထုံးစံအရဆိုရင်တော့ ဒီလိုအရာမျိုးက လျှို့ဝှက်ချက်ဖြစ်သင့်ပေမဲ့ မြို့နေလူထုကို ကာကွယ်ပေးမယ့် အရာတစ်ခုဖြစ်ပြီး လက်နက်တစ်ခုမဟုတ်တာကြောင့် ကောင်စီက လူထုကို အသိပေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ သူတို့တပ်ဆင်ရမယ့် ပစ္စည်းရဲ့အရွယ်နဲ့တည်နေရာက လျှို့ဝှက်ဖို့မဖြစ်နိုင်ဘဲ မြို့လယ်ခေါင်မှာပါ။ ဒါပေါ့၊ အချက်အလက်တိုင်းကို ထုတ်ပြန်ထားတာမဟုတ်ဘဲ ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လိုအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်လဲ ဆိုတာတွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

"တစ်ပတ်လုံးလုံး ကြိုးစားပြီးတဲ့နောက်တော့ ငါတို့ရဲ့ပထမဆုံးခံစစ်စနစ်ကို အသုံးပြုနိုင်တော့မယ်ထင်တယ်။ ဘယ်လိုလဲ၊ စမ်းကြည့်ဖို့ စိတ်လှုပ်ရှားနေပြီလား။"

ဖရာလီတာက နယ်ဆင်သင်္ဘောပျံ ထိန်းချုပ်ခန်းမှာထိုင်နေရင်း မက်ဒါနာကို ပြောလိုက်တယ်။ ဗြိတိသျှတွေရဲ့အင်အားအကြီးဆုံး လေပေါ်စစ်သင်္ဘောကြီးက ကာကွယ်ရေးစနစ်ကို လိုက်ပါစောင့်ရှောက်နေပြီး

တပ်ဆင်တဲ့ လုပ်ငန်းစဥ်ကို စောင့်ကြည့်နေပါတယ်။ အကြီးစား ဝန်သယ်ဟယ်လီကော်ပတာတွေက စနစ်ကို စမပြီးတာဝါတိုင်ပေါ်ကို တင်တယ်။ နာရီပိုင်းကြာပြီးတဲ့နောက်တော့ လန်ဒန်ရဲ့အမြင့်ဆုံးတာဝါပေါ်မှာ မြို့ကိုကာကွယ်ပေးမယ့် စနစ်တစ်ခုကို တပ်ဆင်ပြီးသွားပါပြီ။

မက်ဒါနာကတော့ ဒီအချိန်အတွင်းမှာ ကမ္ဘာတစ်ဝန်းက သတင်းတွေကိုကြည့်ရင်း အချိန်ဖြုန်းနေခဲ့တာပေါ့။ ဘာကြောင့်မှန်းမသိပေမဲ့ တစ်ကမ္ဘာလုံးက ငြိမ်သက်ပြီး အေးချမ်းနေသလိုပဲ။ ပိုးကောင်ကျူးကျော်မှုဆိုတာ မရှိတဲ့အတိုင်းပါ။ ဒါပေါ့၊ ငြိမ်းချမ်းရေးမဟာမိတ်က ရိုမေးနီးယားကို တိုက်ခိုက်မြဲတိုက်ခိုက်နေဆဲဖြစ်ပြီး အခုလိုငြိမ်သက်မှုက မုန်တိုင်းမကျခင် လေပြေလာနေတာဖြစ်မှာစိုးရတယ်။

"ပြီးပြီဲ၊ ငါတို့စမ်းကြည့်တာပေါ့။" ဖရာလီတာက နောက်ဆုံးကျန်တဲ့ အစိတ်အပိုင်းတပ်ဆင်ပြီးသွားတာကို ကြည့်ပြီးတဲ့နောက် ကုတ်တွေကို ရိုက်သွင်းလိုက်တယ်။ မကြာခင်မှာပဲ လန်ဒန်တစ်မြို့လုံးကို စွမ်းအင်အမိုးခုံးကြီးက ဖုံးအုပ်သွားတယ်။ တိုက်လေယာဥ်တချို့က အမိုးခုံးကို ပတ်ပျံပြီး လက်နက်တွေနဲ့ပစ်ခတ်ပြပေမဲ့ အကျိုးမထူးတာကို တိုက်ရိုက်ဗီဒီယိုတွေကနေ ပြသနေတယ်။

"ဝါဒဖြန့်တာလား။" မက်ဒါနာက တိုက်လေယာဥ်တွေကို ကြည့်ရင်းမေးလိုက်တယ်။ ပစ်ခတ်တဲ့ လက်နက်တွေက သာမန်လက်နက်တွေဖြစ်လို့ လုံလောက်တဲ့တန်ပြန်စွမ်းအားထွက်ပေါ်မလာလို့ တိုက်လေယာဥ်တွေက အလွယ်လေးပြန်ဆုတ်လို့ရတယ်။

"ဆိုပါတော့၊ အခုလောက်ဆိုရင် လန်ဒန်ပြည်သူတွေ သူတို့ခေါင်းပေါ်မှာ ကမ္ဘာ့အခိုင်မာဆုံးတံတိုင်းကြီးရှိနေတာကို ဝမ်းသာနေလောက်ပြီလေ။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဆက်ပြီးဖြစ်နေတာကြောင့် သာမန်ပြည်သူတွေ စိတ်ပင်ပန်းနေကြပါပြီ။ မကြာခင်မှာပဲ တံတိုင်းတပ်ဆင်ချင်ကို အောင်ပွဲခံတဲ့ပို့စ်တွေ ဆိုရှယ်မီဒီယာပေါ်မှာ တက်လာတာ မက်ဒါနာ သတိထားမိတယ်။

"နေဦး၊ တစ်ခုခုမှားနေလားလို့။" ဖရာလီတာက တံတိုင်းလည်ပတ်မှုကို စစ်ဆေးရင်း ပြောလိုက်တယ်။ မက်ဒါနာလည်း ပုံမမှန်မှုကို သတိထားမိပြီး စစ်ဆေးကြည့်လိုက်တယ်။

"စွမ်းအင်လှိုင်းထုတ်လွှင့်တာ ခနရပ်သွားတာလား။ တံတိုင်းကို နည်းနည်းကြာကြာလေးဖွင့်ပြီး ပိုစမ်းကြည့်ရအောင်။"

စွမ်းအင်လှိုင်းပြတ်တောက်မှုကြောင့် တံတိုင်းမှာလှိုင်းငယ်လေးတစ်ခုဖြစ်ပေါ်လာပေမဲ့ သိပ်မသိသာပါဘူး။ မက်ဒါနာတို့တောင် ဆော့ဝဲလ်ကရတဲ့ဒေတာတွေနဲ့ စစ်ဆေးနေလို့သာ သတိထားမိကြတာပါ။

"နမူနာပုံစံမှာတုန်းက ဒါမျိုးမရှိပါဘူး။" ဖရာလီတာက အခုလိုပြောလိုက်ပေမဲ့ မက်ဒါနာကတော့ သူ့စွမ်းအားကို သုံးပြီး စစ်ဆေးကြည့်ရင်းပြောပါတယ်။

"အခုငါတို့လုပ်ထားတာက မီတာနှစ်ဆယ်အဝန်းထက် အဆထောင်နဲ့ချီကြီးတဲ့အရာလေ။ စနစ်မှာ ပုံကြမ်းအဆင့်တုန်းက သတိမထားမိတာတွေ ရှိရင်ရှိမှာပေါ့။"

တစ်မိနစ်ခွဲလောက်ကြာတော့ တူညီတဲ့ ပြဿနာတစ်ခုကို ထပ်ရှာတွေ့ပြန်တယ်။ မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး အတည်ပြုလိုက်ပါတယ်။ "ပြဿနာက ဘာလဲဆိုတာကို ငါသိပြီ။"

မက်ဒါနာက ကွန်ပျူတာကို အသုံးပြုပြီး ပြဿနာကို

ထောက်လှမ်းဖို့ကြိုးစားတယ်။ "၉၉.၉၉ စက္ကန့်ကြာတိုင်းမှာ ငါတို့ရဲ့စနစ်မှာ ဆော့ဝဲလ်နဲ့ဟာ့ခ်ဝဲလ်မကိုက်တဲ့ ပြဿနာတစ်ခုရှိတယ်။ ဖြစ်နိုင်တာက ထုတ်လွှတ်နေတဲ့ စွမ်းအင်ပမာဏက များလွန်းလို့ စနစ်မှာပါတဲ့ဆင်ဆာတွေက လိုက်မမီတာဖြစ်မယ်။ ဒီတော့ လွတ်ကုန်ပြီး အချိန်ပမာဏတစ်ခုကြာတိုင်းမှာ စွမ်းအင်ထုတ်ဖို့ ကျရှုံးသွားတာ။"

"ဒီတော့ ဆော့ဝဲလ်ရော ဟာ့ခ်ဝဲလ်ပါ ပြန်အဆင့်မြှင့်ရမယ်ပေါ့။"

"ပြဿနာကြီးတော့မဟုတ်ပါဘူး။ ငါကူမယ်ဆိုရင် ဒီညနေလောက်ဖြစ်ဖြစ် ပြီးသွားမှာပါ။"

ကျွီ...

ထိန်းချုပ်ခန်းတံခါးပွင့်လာပြီး ဆိုဖီယာဝင်လာတယ်။ သူက မက်ဒါနာကို ကြည့်လိုက်ပြီး ပြောပါတယ်။ "တပ်လို့ပြီးသွားပြီလား၊ ရေကန်ဆီပြန်သွားပြီး ဓားပြန်ဆယ်ကြမလား။"

မက်ဒါနာလည်း မေးကိုလက်နဲ့ထောက်ပြီး တစ်ချက်ပြန်စဥ်းစားလိုက်တယ်။ အခုထိ ဓားကိုဆွဲထုတ်ဖို့လုပ်နေတာ မပြီးသေးဘူး။ ဖရာလီတာလည်း မက်ဒါနာတခြားလုပ်ဖို့ရှိနေတာတွေ့တော့ အခုလိုပြောလိုက်လေရဲ့။

"ကိစ္စမရှိပါဘူး၊ စနစ်ကို နည်းနည်းပါးပါး ပြန်စစ်ရုံပဲမဟုတ်လား။ ငါ့တာဝန်ထားလိုက်၊ ဘယ်လောက်မှမကြာပါဘူး။"

"ကောင်းပြီလေ။" ပြဿနာကြီးမဟုတ်တာနဲ့ မက်ဒါနာလည်း ဖရာလီတာကို ခေါင်းညိတ်ပြပြီး ထိုင်ခုံကနေ ထလိုက်တယ်။ ဒရုန်းဇုန်လည်း အနားမှာရှိနေပြီး ဖရာလီတာက သူ့ကိုကူညီဖို့အတွက် ဒရုန်းဇုန်ကို ထိန်းချုပ်ခန်းထဲ ခေါ်လိုက်ပါတယ်။ မက်ဒါနာတို့ကတော့ နယ်ဆင်သင်္ဘောပျံကနေ ထွက်ပြီးတော့ ရေကန်ဆီကို သွားဖို့လုပ်ရတာပေါ့။

....

ရေကန်ဆီကိုရောက်တော့ သူတို့ကိုပျင်းရိစွာစောင့်ဆိုင်းနေတဲ့ သစ်သားလှေငယ်လေးတစ်စင်းကလွဲလို့

ဘာမှကိုမတွေ့ရဘူး။ ဆိုဖီယာက မက်ဒါနာလက်ထဲ ဝတ်ရမယ့် ရေကူးဝတ်စုံ ပစ်ထည့်ပေးလိုက်ပြီး လှေပေါ်တက်တယ်။ ငြင်းဖို့အကြောင်းပြချက် ရှာမရတာနဲ့ အဝတ်လဲပြီး လှေပေါ်တက်ရတော့တာပေါ့။

မကြာခင်မှာပဲ သူတို့နှစ်ယောက်လုံး ရေကန်အလယ်ကို ရောက်လာကြပြီဖြစ်ပြီး မက်ဒါနာက ရေထဲကို ခုန်ဆင်းလိုက်တယ်။ မက်ဒါနာက ရေထဲရောက်တာနဲ့ ဓားဆီကို ဆက်ကူးတယ်။ ဒါပေမဲ့ အရင်တစ်ခါကလိုပဲ အောက်ရောက်လေမှောင်လေဖြစ်ပြီး အရိပ်တွေလှုပ်ရှားလာကာ သူ့ကိုတားဆီးဖို့လုပ်တယ်။ နောက်တော့ အရင်တစ်ခါကလိုပဲ ရေနစ်သေမလိုဖြစ်သွားပြီး ဆိုဖီယာလာဆင်းကယ်ရပြန်တယ်။

ဖူး....

ပါးစပ်ထဲက ရေတွေကို မှုတ်ထုတ်ပြီး မျက်လုံးပွင့်တာနဲ့ သူပြောတဲ့စကားက "နောက်တစ်ကြိမ်။" ဆိုတာပါပဲ။ မက်ဒါနာက လှေပေါ်ပြန်တက်ပြီး ဆိုဖီယာက လှေလှော်ပေးတယ်။ ရေလယ်ခေါင်ရောက်တော့ ရေထဲထပ်ခုန်ချပြီး ဓားကိုယူဖို့ကြိုးစားတယ်။ ထပ်ပြီး ကျရှုံးပြန်တယ်။ ဒီလိုပုံစံမျိုး အကြိမ်ကြိမ်အခါခါဖြစ်နေခဲ့တာ နှစ်ယောက်လုံးမောတဲ့အထိပဲ။

နောက်တော့ ဆိုဖီယာနဲ့မက်ဒါနာက ကမ်းခြေပေါ်မှာ နဖူးပေါ်လက်တင်ရင်း ခဏလောက်နားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ "မက်ဒါနာရေ၊ ဘာကြောင့်ဓားကို ဆယ်လို့မရတာလဲဆိုတာမသိရင် ဘယ်တော့မှ ဆယ်လို့မရတော့ဘူးဆိုတဲ့ သဘောပဲမဟုတ်လား။"

"ဒါပေမဲ့ ငါမှအကြောင်းအရင်းကို မသိတာဟ။"

"နင်က စဥ်းမှမစဥ်းစားဘဲ ဒီအတိုင်းချည်းခုန်ဆင်းနေတာ မဟုတ်ဘူးလား။" အာကာသနတ်သူငယ်လေးက ဒေါသထွက်လာပြီး မက်ဒါနာရဲ့ခေါင်းက ဆံပင်မွှေးတွေကို ဆွဲနှုတ်ဖို့ကြိုးစားတယ်။ မက်ဒါနာလည်း

ပတ်ပြေးနေရင်းကနေ

"ဆိုဖီယာ၊ နင်နဖူးပြောင်တိုင်း ငါ့ကိုဆံပင်ဆွဲနှုတ်မနေနဲ့လေ။ ငါလည်း နင့်လိုပြောင်ကြီးဘယ်ဖြစ်ချင်မလဲဟ။"

ဒါပေမဲ့ ဒီစကားကို ပြောလိုက်ပြီးမှ မှားသွားပြီမှန်းသိပြီး သူ့ပါးစပ်လေးသူ လက်ဖဝါးနဲ့အုပ်ထားမိလိုက်တယ်။ ဆိုဖီယာရဲ့ပုံစံက ပေါက်ကွဲတော့မယ့် ဗျောက်အိုးလေးလိုဖြစ်နေပြီး မျက်နှာက ချက်ချင်းရဲတက်လာတယ်။ သူ့မျက်လုံးတွေက အစိတ်ရောင်တောက်လာပြီး ဆံပင်တွေက မုန်တိုင်းတစ်ခုအလယ်ရောက်နေသလိုမျိုး မြောက်တက်လာတယ်။

"နင်ဘာပြောလိုက်တယ်၊ ပြန်ပြောစမ်း။"

"ငါပြောချင်တာက အာကာသနတ်သူငယ်တွေဆံပင်ပေါက်တဲ့နေရာက လူသားတွေဆံပင်ပေါက်တဲ့နေရာထက် နည်းနည်းလေးပိုနောက်ရောက်နေလားလို့ပါ။"

"တစ်နည်းအားဖြင့် နင်ငါ့ကို နဖူးပြောင်တယ်လို့ပြောတာ ငါနားကြားလွဲတာမဟုတ်ဘူးပေါ့။"

"....." ဆိုဖီယာက လက်ကိုမြှောက်လိုက်တယ်။ မက်ဒါနာလည်း လေပေါ်မြောက်တက်သွားပြီ။ ကြည့်ရတာ ဆိုဖီယာတစ်ယောက် သည်းမခံနိုင်ဖြစ်နေပြီး သူ့ကို အလွတ်မပေးဖို့ ဆုံးဖြတ်ထားပုံပဲ။

"ငါ့ကို အလကားလာပြောင်ပြနေမယ့်အစား ရေကန်ထဲ ထပ်ဆင်းပါလား ငတုံးမရဲ့။" ဆိုဖီယာက မက်ဒါနာကို ရေကန်ထဲ အရှိန်ထဲပစ်ချလိုက်တယ်။ ရေကန်မျက်နှာပြင်နဲ့နီးလာပြီး အရိပ်မည်းတွေထွက်လာတာကိုမြင်တော့ မက်ဒါနာမျက်နှာပျက်သွားတယ်။

"နိုး... နိုး... ငါအသင့်မဖြစ်သေးဘူးလေ။"

....

Heathrow လေဆိပ်ကို ခရီးသယ်တင်လေယာဥ်တစ်စင်း ဆင်းသက်လာတယ်။ နိုင်ငံတကာလေဆိပ်ဖြစ်လို့ အခုလိုလေယာဥ်အတက်အဆင်းက အကြိမ်ပေါင်းရာနဲ့ချီပြီး ဖြစ်နေခဲ့တာပါ။ ခရီးသည်တွေက လေယာဥ်လှေကားကနေ ဆင်းလာချင်းချင်းမှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့က တားဆီးလိုက်တယ်။

"တာဝန်အရစစ်ဆေးတာပါ၊ စိတ်မရှိပါနဲ့။" ဝန်ထမ်းတစ်ယောက်က ပြောလိုက်ပြီး ရှေ့ဆုံးကဆင်းလာတဲ့

ဂေါ့သစ်ဝတ်စုံနဲ့မိန်းကလေးရဲ့မျက်နှာကို ခရီးဆောင်ဓာတ်မှန်စက်နဲ့ စကင်ဖတ်လိုက်တယ်။ မိန်းကလေးက ပြုံးနေဆဲဖြစ်ပြီး ဓာတ်မှန်အဖြေထွက်လာတဲ့အထိ စောင့်တယ်။

ဝန်ထမ်းက ဓာတ်မှန်မျက်နှာပြင်ကို ကြည့်လိုက်ပြီးနောက် အထိတ်တလန့်နောက်ကိုပြန်ဆုတ်ပြေးလာတယ်။ "ပိုး... ပိုးကောင်၊ သူက လူမဟုတ်ဘူးပဲ။"

လုံခြုံရေးအစောင့်တွေအားလုံး သတိဝင်လာပြီး သေနတ်တွေနဲ့ ဂေါ့သစ်မိန်းကလေးကို ထိုးချိန်လိုက်ပေမဲ့ မိန်းကလေးက နေရာကနေပျောက်သွားပြီး ရဲတစ်ယောက်ရဲ့ရှေ့မှာပေါ်လာတယ်။ သူ့လက်က ရဲရဲ့ရင်ဘတ်ကို ထိုးဖောက်ထားလျက်သားဖြစ်ပြီး သွေးတွေက လေယာဥ်ပြေးလမ်းပေါ်ကို တလဟောစီးကျလို့နေပါတယ်။

"မြန်လွန်းတယ်၊ စစ်ကူခေါ်။ တခြားခရီးသည်တွေကိုကာကွယ်။" လုံခြုံရေးအဖွဲ့ခေါင်းဆောင် အမိန့်ပေးလိုက်ချိန်မှာပဲ တခြားခရီးသည်တွေရဲ့ပုံစံလည်း ဖြည်းဖြည်းချင်းပြောင်းသွားပြီး ကျိုင်းကောင်ခေါင်းတွေနဲ့ဖြစ်သွားကြပြီ။

"သေစမ်း၊ လေယာဥ်တစ်ခုလုံးကို အပိုင်စီးထားတာပဲ။ ပစ်... ပစ်ကြ။" နောက်တော့ လုံခြုံရေးအဖွဲ့က သူတို့စွမ်းအားကို ထိန်ချိန်မထားတော့ဘဲ စပစ်တယ်။ သေနတ်သံတွေက လေယာဥ်ပြေးလမ်းပေါ်မှာ ဆူညံ့သွားတယ်။

ဒိုင်း... ဒိုင်း... ဒိုင်း....

ကျဝီ... ကျဝီ... ကျဝီ...

မိနစ်အနည်းငယ်အကြာမှာပဲ ကျိုင်းကောင်တွေရဲ့အသံတွေက သေနတ်သံတွေကို ဖုံးလွှမ်းသွားတယ်။ တပ်ကူအဖွဲ့ရောက်လာချိန်မှာတော့ မူရင်းအဖွဲ့က နောက်ဆုံးအဖွဲ့ဝင်သေဆုံးသွားခဲ့ပြီဖြစ်ပြီး မြေပေါ်ကိုလဲကျသွားတယ်။

"ပစ်ကြ၊ ဟီးရိုးတွေမရောက်လာမချင်း ခုခံထားကြ။"

ပထမတစ်ဖွဲ့ထပ် လူပိုများတဲ့ ဒုတိယတစ်ဖွဲ့က ပေါက်ကွဲကျည်တွေကိုသုံးပြီး ပစ်ခတ်တယ်။ ဂေါ့သစ်မိန်းကလေးကတော့ ကျည်ဆန်တွေကြားမှာ ဘာမှဂရုမစိုက်ဘဲ လျှောက်သွားနေဆဲပါ။

"ငါက ဒီလေဆိပ်ထဲကလူတွေကို ဂရုစိုက်လိုက်မယ်။

နင်တို့က မြို့ထဲကို အရင်သွားနှင့်ကြပေါ့။"

လေယာဥ်ပေါ်က စစ်ပွဲနှင်းဆီနဲ့ဗီးနပ်စ်တို့ဆင်းလာတော့ ဂေါ့သစ်မိန်းကလေးက ပြောလိုက်တယ်။ ငရဲညီအစ်မနှစ်ယောက်က ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်ပြီး

လေဆိပ်ထဲကနေ အမြန်ဆုံးနှုန်းနဲ့ထွက်ခွာသွားပါတယ်။

....

ဖရာလီတာ စက်ကိုပြင်ဖို့ကြိုးစားနေတုန်းမှာပဲ မြို့ထဲကနေ သတိပေးချက်တပ်လာတယ်။ လန်ဒန်မြို့ဟီးရိုးအစည်းအရုံးက အခင်းဖြစ်ရာကို သွားနှင့်ပြီဖြစ်ပြီး S rank တွေကို အသိပေးတဲ့သဘောပါ။ ပိုးကောင်ကပ်ဘေးဆိုတာကြားတော့ ဖရာလီတာက လေဆိပ်ပတ်ပတ်လည်က နေရာတွေကိုချန်လှပ်ပြီး ကျန်တဲ့မြို့အစိတ်အပိုင်းတွေ အားလုံးအတွက် စွမ်းအင်ဒိုင်းကို ဖွင့်ပေးလိုက်တယ်။

"တပ်ဆင်ပြီးမကြာခင်မှာပဲ ဒီလိုဖြစ်လာတယ်ဆိုတော့ ချက်ချင်းအသုံးဝင်လာတယ်ဆိုရမှာပဲ။ ဒရုန်းဇုန်၊ လေဆိပ်ဆီကို သွားကြစို့။"

ဒရုန်းဇုန်က ခေါင်းညိတ်လိုက်ပြီး နယ်ဆင်သင်္ဘောကို လေဆိပ်ဘက်လှည့်လိုက်တယ်။ ဖရာလီတာကတော့ လေယာဥ်ထပ်အရင်ရောက်ဖို့လွယ်တဲ့ စစ်နတ်သမီးတပ်ဖွဲ့ကြီးကို အရင်လွှတ်ပေးလိုက်ပါပြီ။

....

မြို့ထဲမှာ ဟီးရိုးနဲ့ပြည်သူတွေ ယောက်ယက်ခတ်နေတယ်။ သတိပေးချက်က ချက်ချင်းတက်လာနေပြီဖြစ်ပြီး ပြည်သူတွေကို လုံခြုံတဲ့နေရာတွေမှာ ခိုလှုံနိုင်ဖို့ ကြိုးစားနေရတယ်။ အိမ်တော်မှာရှိနေတဲ့ လင်ဒါနဲ့တခြားသူတွေလည်း သတိထားမိသွားပြီး တီဗီဖွင့်ကြည့်ကြတယ်။ ဖရာလီတာကိုယ်တိုင်လည်း သူတို့ကို လှမ်းဆက်သွယ်တယ်။

"အားလုံးပဲ၊ ဒီတိုက်ခိုက်မှုက ပုံမှန်အဆင့်တိုက်ခိုက်မှုမျိုးမဖြစ်မှာ စိုးရိမ်ရတယ်။ လေဆိပ်ကသတင်းတွေအရ ကျိုင်းကောင်တွေပဲ။ ရှေ့တန်းကနေ ဒီကိုကျော်လာပြီးတိုက်တာဆိုတော့ အစီအစဥ်တစ်ခုခုရှိလိမ့်မယ်။"

"ကောင်းပြီ၊ ငါတို့အားလုံး အသင့်ပြင်ထားလိုက်မယ်။"

....

လေဆိပ်မှာတော့ လေဆိပ်အစောင့်တွေ အများကြီးလဲကျသေဆုံးနေပြီး ကျိုင်းကောင်တွေက သာမန်လူတွေရဲ့ခန္ဓာကိုယ်ထဲ သားလောင်းတွေကို လွှဲပြောင်းပေးနေတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ သာမန်လူတွေက သားလောင်းတွေထိန်းချုပ်တာ ခံလိုက်ရပြီး လုံခြုံရေးဝန်ထမ်းတွေကို စတင်တိုက်ခိုက်တယ်။

ဝီရော... ဝီရော.. ဝီရော...

တိုက်ခိုက်မှုဖြစ်ပြီး ငါးမိနစ်အတွင်းမှာပဲ ရဲတပ်ဖွဲ့နဲ့အထူးတပ်ဖွဲ့ကားတွေက လေဆိပ်ကိုပိတ်ဆို့ထားလိုက်ပြီး ခံစစ်ကိုအသင့်ပြင်တယ်။ သူတို့ရောက်လာပြီး မကြာခင်မှာပဲ စစ်နတ်သမီးတွေရောက်ရှိလာပါတယ်။ ဟီးရိုးတချို့လည်း ရောက်နေကြပြီ။

ကျိုင်းကောင်ထိန်းချုပ်ခံထားရတဲ့ လူတွေလည်း လေဆိပ်ထဲကနေ ထွက်လာပြီး သူတို့အားလုံးရဲ့ရှေ့မှာတော့ ဂေါ့သစ်ဝတ်စုံနဲ့မိန်းကလေးရှိလို့နေပါတယ်။ သူက လေဆိပ်အဝင်ဝလှေကားအတိုင်း ဆင်းလာရင်း အခုလိုပြောလိုက်လေရဲ့။

"လူသားတွေ၊ နင်တို့ရဲ့အရေးမပါတဲ့ ခံစစ်တွေကို လက်လျှော့ပြီး ကိုယ့်ကံကြမ္မာကိုယ် လက်ခံလိုက်တာ အကောင်းဆုံးပဲ။"

"သေစမ်း၊ ဂြိုဟ်သားမ။" စိတ်မထိန်းနိုင်တဲ့ ဟီးရိုးတချို့ အရင်ပြေးထွက်သွားပြီး ဂေါ့သစ်မိန်းကလေးကို ထွက်ရင်ဆိုင်တယ်။ ဒါပေမဲ့ တစ်ဖက်မိန်းကလေးက သူ့ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စွာလှုပ်ရှားရင်း

ဟီးရိုးတွေကြားမှာ စတင်လှုပ်ရှားတယ်။ ရဲတပ်ဖွဲ့က ပစ်တဲ့သေနတ်ကျည်တွေနဲ့ ဟီးရိုးတွေရဲ့တိုက်ခိုက်မှုတွေကို အသာလေးလှုပ်ရှားသွားပြီး သူ့လက်က လက်သည်းချွန်တွေနဲ့ တန်ပြန်တိုက်စစ်ဆင်တယ်။

ဘုတ်.... ဘုတ်.... ဘုတ်....

သိပ်မကြာခင်မှာပဲ ဒါဇင်ချီတဲ့ဟီးရိုးတချို့ လေဆိပ်ရှေ့မှာ ပုံလဲကျနေပြီးဖြစ်ပြီး အသက်ပျောက်ကုန်ကြပါပြီ။ ရဲတွေလည်း ထိတ်လန့်ကုန်တယ်။ သူတို့ထက် ပိုအစွမ်းထက်တဲ့ ဟီးရိုးတွေတောင် အဲဒီမိန်းကလေးကို ဘာမှမလုပ်နိုင်ဘူးလေ။ စစ်နတ်သမီးတွေလည်း

အသင့်ဖြစ်တာနဲ့ ဝင်တိုက်ကြတယ်။ တစ်ဖန်ဂေါ့သစ်မိန်းကလေးက ထပ်ပြီးလှုပ်ရှားလိုက်ပြန်တယ်။

မကြာခင်မှာပဲ ရှော့ဖြစ်နေတဲ့ စက်ပစ္စည်းအပိုင်းအစပုံကြီး ဂေါ့သစ်မိန်းကလေးရဲ့ရှေ့မှာရှိနေပြီး ခုခံနေသူတွေကို ပိုပြီးထိတ်လန့်လာစေပါတယ်။ ဂေါ့သစ်မိန်းကလေးက လက်မကိုဇောက်ထိုးထောင်ပြလိုက်ပြီး ရယ်မောလိုက်ပါတယ်။

"ပျင်းတောင်လာပြီ၊ နင်တို့ရဲ့တကယ့်ကာကွယ်သူတွေက ဘယ်မှာလဲ။ အညောင်းတောင်မပြေဘူးကွာ။"

ရုတ်တရက် ဂေါ့သစ်မိန်းကလေးရဲ့မျက်နှာကို အလင်းလာရိုက်တယ်။ သူက နောက်ကိုဆုတ်ပြီး ရှောင်ရှားလိုက်တယ်။ ရပ်နေခဲ့တဲ့နေရာကတော့ ဒုံးကျည်တွေကြောင့် ပေါက်ကွဲပျက်စီးသွားပါပြီ။ အခုရဲတပ်ဖွဲ့ရဲ့အပေါ်မှာ ဧရာမဝါးဖရိန်စက်ရုပ်ကြီး ပျံသန်းနေပြီးတော့ လက်ထဲမှာ အလင်းဒြပ်စင်ဗုံးသေနတ်ကို ကိုင်ထားပါတယ်။

"မင်းက ပျော်ချင်နေတယ်ဆိုမှတော့ လန်ဒန်မှာရှိနေတုန်း ဧည့်ခံပေးရဦးမှာပေါ့။"

"စိန်လိုက်လေ။" ဂေါ့သစ်မိန်းကလေးက လက်ဖျောက်တီးလိုက်တယ်။ ထိန်းချုပ်ခံထားရတဲ့ လူတွေရဲ့ကျောကနေ ကျိုင်းကောင်တောင်ပံတွေ ပေါက်လာပြီး Archmegaဆီကို ပျံသန်းလာတယ်။ Archmegaက လျှပ်စီးကျော့ကွင်းကြိုးတွေနဲ့ သူတို့ကို ချည်နှောင်လိုက်ပြီး ဂေါ့သစ်မိန်းကလေးရှေ့ကို ပျံသန်းကာ လက်သီးနဲ့ထိုးချလိုက်တယ်။ ဂေါ့သစ်မိန်းကလေးကတော့ လက်ဝါးဖြန့်ပြီး လက်သီးကိုဖမ်းဆုပ်ကာ တားဆီးလိုက်တယ်။ နောက်တော့ သူ့လက်ဝါးကို အားနည်းနည်းလျော့လိုက်ပြီး အားနေတဲ့ လက်တစ်ဖက်နဲ့ Archmegaကို ပင့်လက်သီးနဲ့ထိုးချတယ်။

Archmegaနဲ့ဂေါ့သစ်မိန်းကလေးက တိုက်ကွက် တစ်ဒါဇင်နီးပါးလောက် ဖလှယ်ပြီးတဲ့နောက် လူစုခွဲလိုက်ကြတယ်။ ဂေါ့သစ်မိန်းကလေးက သူဝတ်ထားတဲ့ အနက်ရောင်သားရေလက်အိတ်မှာ တင်ကျန်နေတဲ့ ဖုန်မှုန့်တချို့ကို ပါးစပ်နဲ့မှုတ်ထုတ် သန့်ရှင်းလိုက်ပြီး ရန်စတဲ့အနေနဲ့ ပြောလိုက်လေရဲ့။

"ငြိမ်းချမ်းရေးမဟာမိတ်ရဲ့မစ်ရှင်အဖွဲ့ဝင်တစ်ယောက်က ဒီလောက်ပဲစွမ်းတာလား။ ငါ့လက်နဲ့သတ်ဖို့တောင် မတန်သလိုပဲ။"

"ကြည့်ကြသေးတာပေါ့။" Archmegaက လက်ထဲက လောင်ချာသေနတ်နဲ့ ဂေါ့သစ်မိန်းကလေးကိုချိန်ပြီး စတင်ပစ်ခတ်တယ်။ အလင်းဗုံးကွန်ယက်က တဖြည်းဖြည်းကျယ်ပြန့်လာပြီး အဆင့်မြင့်တိုက်ပွဲတစ်ခုမှာ ကြားမညှပ်ချင်ကြတာကြောင့် ရဲတွေလည်း

လေဆိပ်ကနေ ပြန်ဆုတ်သွားတယ်။ နောက်ဖြစ်လာမယ့် ကိစ္စတွေမှာ သူတို့ဝင်ပါလည်း ဘာမှကူညီပေးလို့မရတော့ပါဘူး။

"နင့်လက်နက်က ငါ့အဝတ်အစားတွေကိုတော့ ပျက်စီးအောင် လုပ်နိုင်မယ့်ပုံပဲ။ တော်တော်စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ လက်နက်ပဲ။"

ရာနဲ့ချီတဲ့အလင်းဗုံးတွေကို ရှောင်ရှားနေရပေမဲ့ ဂေါ့သစ်မိန်းကလေးက မျက်နှာတစ်ချက်မှမပျက်ဘဲ အခုလိုပြောလိုက်တယ်။ ဖရာလီတာလည်း ဒေါသထွက်သွားတော့တာပေါ့။ "ဒါနဲ့ဆိုရင်ရော..."

All Chapters