← Chapters

ဂိုဏ်းတော်ကို ပြန်ပြီ

Vol. 20 Ch. 271

ဂိုဏ်းတော်ကို ပြန်ပြီ

Vol. 20 Ch. 271

"ဟိုကောင်လေးက လီဖူချန်း ဆိုတာလား ...”

ဂိုဏ်းအသီးသီးက ထိပ်သီး ပညာရှင်တွေကလည်း လီဖူချန်းကို အကဲခတ် နေကြပါတယ်။

လီဖူချန်းဆိုတဲ့ ကောင်လေးကို နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လက်ရင်းတပည့် အဖြစ် လက်ခံလိုက်တယ် ဆိုတဲ့ သတင်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးမှာရှိတဲ့ ဂိုဏ်းအသီးသီး ဆီကိုတောင် ရောက်ရှိခဲ့ပြီးပြီ မဟုတ်ပါလား။

“ဟမ့် ...။ သည်ကောင်လေးက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ ကြက်ကန်းဆန်အိုး တိုးသွားတဲ့ပုံပဲ။ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတာက အများကြီး မျှော်လင့်လို့ ရတာမှ မဟုတ်တာ။ သမိုင်းတစ်လျှောက်မှာ ဆိုရင် ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ထွတ်ခေါင် ပါရမီရှင် အချို့တောင်မှ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်တဲ့ အခါမှာ သာမန်အဆင့်ကို ရောက်သွားတာပဲ”

လီဖူချန်းရဲ့ လက်ရှိ စွမ်းဆောင်မှုတွေက အထင်ကြီးစရာ ဖြစ်ပေမဲ့လည်း လူအများစုကတော့ သူ့ကို သိပ်ပြီး အထင်မကြီး ကျပါဘူး။

ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေဆိုတာက စမ်းသပ်မှုလေး တစ်ခုပါပဲ။ ဒါက ကောင်းကင် တာအိုလို တစ်သမတ်တည်း ရှိနေမှာ မဟုတ်ပါဘူးလေ။

သည်စမ်းသပ်ချက်က တိကျမှု အနည်းငယ်သာ ရှိတာပါ။

ပြီးတော့ လီဖူချန်း ဆိုတာကလည်း ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံသာ ရှိသည် မဟုတ်ပါလား။ အဲသည် ကိစ္စကလည်း ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ စမ်းသပ်မှုတွေကို သို့လောသို့လော ဖြစ်သွားစေပါတယ်။

တကယ်ကို ဟာသပါပဲ။ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်က ဘယ်လောက်အထိ ဆန်းကြယ်တဲ့ ကိစ္စတွေကို ဆောက်ရွက်နိုင်မှာ မို့လဲလေ။

တကယ်လို့ လီဖူချန်းက ကောင်းကင် နယ်ပယ်ကို ရောက်ခဲ့ရင်တောင်မှ အဲဒါက ကောင်းကင်ဘုံက လီဖူချန်းကို နှစ်သက်လို့ပါပဲ။ လီဖူချန်းက ကောင်းကင်နယ်ပယ် အဆင့်ထက် ပိုပြီး ကျော်နိုင်စရာ အကြောင်းကို မရှိပါဘူး။

ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်နိုင်ဖို့ ဆိုတာကတော့ အိပ်မက်ထဲမှာပဲ ဖြစ်နိုင်ပါလိမ့်မည်။

‘လူငယ် ဓားသမားတွေ ထဲမှာ ဓားဘုရင် ဖြစ်လာမယ့်သူက တစ်ယောက်ပဲ ရှိတယ်။ အဲသည်သူကတော့ ငါပဲ။ လီဖူချန်း ... မင်းက ငါ့လမ်းကြောင်းမှာ ဝင်ရှုပ်နေမှတော့ ငါကမင်းကို ကျောင်းမှန်း ကန်မှန်းသိအောင် အကြောင်းပြရ သေးတာပေါ့’

ချူးယီကလည်း လီဖူချန်းကို စိတ်ထဲကနေ ဓားကြိမ်း ကြိမ်းနေပါသေးတယ်။

သူကလည်း လီဖူချန်းကို မျက်လုံးထဲမှာ မထည့်ထားပါဘူး။ လီဖူချန်းရဲ့ ရလဒ်က သူ့ထက် အနည်းငယ်လေးသာ ကောင်းသွားခဲ့တာ မဟုတ်ပါလား။ လီဖူချန်းက သတ္တမမြောက် ဆန်းကြယ် တံခါးကို မကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် သူ့ရဲ့ ရလဒ်နဲ့ သိပ်ပြီး မကွာခြား လှပါဘူးလေ။

ပြီးတော့ အရိုးတည်ဆောက်ပုံ အရ ကြည့်မယ်ဆိုရင် သူက လီဖူချန်းထက် အဆပေါင်းများစွာ သာနေ ပါသေးတယ်။

ချူးယီဆိုတဲ့ သူက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ပါ။ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တဲ့ ချူးယီက ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ ချူးယီရဲ့ မျက်လုံးထဲမှာတော့ ကြယ်ဘုရင် သုံးပါးသာလျှင် သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တဲ့ အဆင့်အတန်း ရှိသူတွေပါ။

“သွားကြစို့”

အိုးရန်ဝမ်းထင်က ထူးဆန်းတဲ့ လက်အမူအရာ တစ်ခု လုပ်လိုက်တဲ့ အခါမှာတော့ အဆင့်၄ ဝိညာဉ်သားရဲ နှစ်ကောင်က ကောင်းကင်ပေါ်ကနေ ဆင်းသက် လာခဲ့ပါတယ်။

သူတို့၇ယောက်ဟာ ဝိညာဉ် သားရဲကြီးတွေပေါ်မှာ နေရာတကျ နေရာယူ လိုက်ကြပါတယ်။ ထို့နောက်မှာတော့ ဝိညာဉ် သားရဲကြီးတွေက သူတို့၇ယောက်ကို မိုးပြာရောင် ဂိုဏ်းဆီသို့ ပြန်လည်သယ်ဆောင် သွားခဲ့ပါပြီ။

အဆင့်၄ ဝိညာဉ် သားရဲတွေရဲ့ ပျံသန်းနှုန်းက အံ့သြစရာ ကောင်းလောက်အောင် လျင်မြန်လွန်းလှတဲ့ အတွက် လီဖူချန်းတို့ဟာ ရက်အနည်းငယ် အတွင်းမှာပဲ မိုးပြာရောင် ဂိုဏ်းကို ပြန်ရောက် လာပါတော့တယ်။

လီဖူချန်းက မိုးပြာရောင် ဂိုဏ်းကနေ ထွက်ခွာ သွားခဲ့တာ ၂နှစ်တောင် ရှိခဲ့ပါပြီ။ သူက မိုးပြာရောင် ဂိုဏ်းကို မြင်လိုက်တာနဲ့ လွမ်းသလိုလို ဆွေးသလိုလို ခံစားချက် မျိုးကိုတောင် ခံစားလိုက်ရ သလိုပါပဲ။

သည်တစ်ခါ စွန့်စားခန်း ခရီးက လီဖူချန်းအတွက်တော့ အများကြီး အကျိုးရှိစေ ခဲ့ပါတယ်။ တကယ်လို့ သူက ဂိုဏ်းတော်ထဲမှာ နေပြီး တံခါးပိတ် လေ့ကျင့်နေမယ် ဆိုရင် မြေကမ္ဘာ နယ်ပယ် အဆင့်၄ကိုတောင်မှ ရောက်ဦးမှာ မဟုတ်ပါဘူး။

***

မိုးပြာရောင် ဂိုဏ်းရဲ့ ပင်မခန်းဆောင် ထဲကိုတော့ အိုးရန်ဝမ်းထင်နဲ့ လီဖူချန်းတို့ တစ်သိုက် ရောက်နေပါပြီ။

ဂိုဏ်းထိန်းကြီး ၂ယောက်ကတော့ မိုးပြာရောင်ဂိုဏ်း နယ်နိမိတ် ထဲကို ရောက်တာနဲ့ တစ်ခါတည်း ထွက်သွား ကြပါတယ်။

အိုးရန်ဝမ်းထက်က ဂိုဏ်းချုပ်ပလ္လင်ပေါ်မှာ အခန့်သား ထိုင်လိုက်ပြီး

"မင်းတို့ လေးယောက်ကတော့ ငါတို့မိုးပြာရောင် ဂိုဏ်းရဲ့ အတော်ဆုံး တိုက်ရိုက်တပည့် လေးယောက်ပဲ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ငါက သည်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အတွက် မင်းတို့ လေးယောက်ကိုပဲ စေလွှတ် လိုက်ချင်တယ်။ ဒါပေမဲ့ မင်းတို့ သိတဲ့ အတိုင်းပဲ။ ငါတို့ မိုးပြာရောင်ဂိုဏ်းက တရားမျှတမှုကို လိုလားတဲ့ ဂိုဏ်းတစ်ခု ဖြစ်တဲ့အတွက် သည်အတိုင်းကြီး လက်လွှတ်စပယ် လုပ်လိုက်လို့ မရဘူး ...။ နောက်ထပ် တစ်လကြာရင် ဂိုဏ်းတော်က လူရွေးပွဲ ကျင်းပလိမ့်မယ်  …။ ထိပ်ဆုံး လေးနေရာကို ရတဲ့ တိုက်ရိုက် တပည့်တွေကိုပဲ ကျားနဂါး ပြိုင်ပွဲကို စေလွှတ်မယ်။ မင်းတို့ အားလုံး ကျေနပ်ကြရဲ့လား ...”

လီဖူချန်းတို့ လေးယောက်စလုံးကိုသာ ကျားနဂါး ပြိုင်ပွဲကို တိုက်ရိုက် စေလွှတ်လိုက်မယ် ဆိုပါက မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တွေကြားမှာ အငြင်းပွားမှုတွေ၊ စောဒက တက်မှုတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။

အဲသည်အတွက် အိုးရန်ဝမ်းထင်က လူရွေးချယ်ပွဲကို စီစဉ် လိုက်တာပါ။

သူ့ရဲ့ အမြင်မှာတော့ အခြားသော တိုက်ရိုက် တပည့်တွေက လီဖူချန်း၊ လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။

သည်လူရွေးချယ်ပွဲ ဆိုတာက ဟန်ပြ သက်သက်ပါပဲ။

ချန်ယွန်ဟူက ခေါင်းညိတ်လိုက်ပြီး

“ဂိုဏ်းချုပ်ကြီး ... ကျွန်တော်ကတော့ ဂိုဏ်းချုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်ပါတယ်”

သူတို့ လေးယောက်စလုံးက သည်လူရွေးချယ်ပွဲ အတွက် ဘာမှ စိတ်ကွက်စရာ မရှိပါဘူး။ သူတို့အားလုံးက ကိုယ့်ရဲ့ အရည်အချင်းတွေကို ယုံကြည်မှု အပြည့်ရှိကျတဲ့ သူတွေပါ။

အိုးရန်ဝမ်းထင်က ပြုံးလိုက်ပြီး

“ဟုတ်ပြီလေ ...။ ဒါဆိုလည်း မင်းတို့ လေးယောက် သွားလို့ရပြီ။ နောက်လ လူရွေးပွဲရဲ့ ထိပ်ဆုံး လေးနေရာမှာတော့ မင်းတို့ လေးယောက်ကိုပဲ ငါက မြင်ချင်တယ်”

မိုးပြာရောင်ဂိုဏ်းရဲ့ ပင်မ ခန်းဆောင်ကနေ ထွက်ခွာ အပြီးမှာတော့ လီဖူချန်းက တိုက်ရိုက် တပည့်တွေရဲ့ ပင်မ ခန်းဆောင်ဆီကို ထွက်လာခဲ့ပါတယ်။

အကြီးအကဲ ခေါင်ချုပ် ဇောင်ဝူကျင်းက သူ့ကို စောင့်မျှော်နေမယ် ဆိုတာကို လီဖူချန်း တစ်ယောက် ကောင်းကောင်းကြီး သိထားပါတယ်။

လီဖူချန်းကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ဇောင်ဝူကျင်းက ဝမ်းသာအားရ ရယ်မောလိုက်ပြီး နွေးထွေးစွာ ကြိုဆိုတော့တာပါပဲ။

“ဟားဟားဟားဟား”

“လီဖူချန်း ... မင်းကတော့ နာမည်ကြီးပဲဟေ့။ မင်းကိုတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးက သိနေကြပြီ”

ဇောင်ဝူကျင်းက လီဖူချန်းရဲ့ ပါရမီကို မျှော်လင့် ထားပေမဲ့လည်း သည်လောက်ကြီး အထိတော့ မမျှော်လင့် ထားခဲ့ပါဘူး။

သူက လီဖူချန်းကို ဓားအရူး သူတော် အဆင့်လောက်ကိုသာ မျှော်လင့် ထားခဲ့တာပါ။

“လီဖူချန်း ... နင်က တကယ့် နတ်ဆိုး တစ်ကောင်ပဲ”

ဇောင်မင်းယွီက ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိ ရောက်လာခဲ့ ပြန်ပါတယ်။

သူမကတော့ လက်ရှိမှာ မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ရောက်နေခဲ့ပါပြီ။ သူမကလည်း ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက် မဟုတ်ပါလား။

လီဖူချန်းက ဇောင်ဝူကျင်းကို အရိုအသေ ပေးလိုက်ပြီး

“အကြီးအကဲ ခင်ဗျား ... သတင်းတွေက တမင်သက်သက် ချဲ့ကားပြောဆို နေကြတာပါဗျာ။ ကျွန်တော်က အဲလောက်လည်း မဟုတ်သေးပါဘူး”ဟု ပြန်ပြောလိုက်ပါတယ်။

ဇောင်ဝူကျင်းက သူ့ကို အမြဲတမ်း ထောက်ခံပေး နေခဲ့တာလေ။ လီဖူချန်းက ဇောင်ဝူကျင်းကိုတော့ လေးလေးစားစား ဆက်ဆံမှကို ဖြစ်မှာပါ။

“လီဖူချန်း ... မင်းသည်နေ့ည အားသလား ...။ ငါတို့ အတူတူ ညစာ စားကြရအောင်”

ဇောင်ဝူကျင်းက လီဖူချန်းကို မေးလိုက်ပါတယ်။

“အားပါတယ် အကြီးအကဲ ...”

လီဖူချန်းကလည်း ခေါင်းညိတ်ပြီး ညစာစားဖို့ အတွက် လက်ခံ လိုက်ပါတယ်။

လီဖူချန်းရဲ့ အဖြေကို ကြားလိုက်ရတဲ့ အခါမှာတော့ ဇောင်မင်းယွီရဲ့ မျက်နှာက လမင်းကြီး တစ်စင်းပမာ ဝင်းပ သွားခဲ့ပါပြီ။

သည်အတော အတွင်းမှာဆိုရင် သူမရဲ့ အဘိုးဖြစ်သူက အမြဲတမ်းလိုလို လီဖူချန်းကိုသာ ချီးမွမ်း နေခဲ့တာလေ။

ဇောင်မင်းယွီကလည်း အဘိုးဖြစ်သူ့ရဲ့ ရည်ရွယ်ချက်ကို နားမလည်နိုင်အောင် တုံးအနေတဲ့ သူမှ မဟုတ်တာ။

ပြီးတော့ သူမ ကိုယ်တိုင်ကလည်း လီဖူချန်းကို အနည်းငယ် စိတ်ဝင်စား နေပါတယ်။

သည်ကမ္ဘာ ပေါ်မှာတော့ ပါရမီရှင် သူရဲကောင်းကို မချစ်နှစ်သက်တဲ့ မိန်းမလှဆိုတာ မရှိသလောက်ပါပဲ။ သူမကလည်း မိန်းကလေး တစ်ယောက်သာ ဖြစ်တဲ့ အတွက် လီဖူချန်းရဲ့ ပါရမီဖြည့်ဘက် ဒါမှမဟုတ် တောင်ပံ တစ်ဖက်တော့ ဖြစ်ချင်မိတယ်လေ။ ဒါကလည်း သူမရဲ့ အမှားတော့ မဟုတ်ပါဘူး။

“သူက ငါ့ကိုကော ကြိုက်ပါ့မလား …။ သူ့မှာ ချစ်သူတွေ ရှိနေရင်ကော …”

ရုတ်တရက် ဆိုသလို ဇောင်မင်းယွီက အတွေး တစ်ခု ဝင်လာပါတယ်။

ဇောင်မင်းယွီက ခေါင်းကို ခါယမ်းလိုက်ပြီး

“မဟုတ်သေးပါဘူး ...။ ငါက အပျိုစင်လေး တစ်ယောက်လေ ...။ ဘာဖြစ်လို့ ဒါမျိုးတွေ တွေးနေရတာလဲ”

ဇောင်းမင်းယွီကတော့ မျက်နှာကြီးနီပြီး သူမရဲ့ အပျိုစင် စိတ်ကူးယဉ် အိပ်မက်လေးကို ခေါင်းထဲကနေ အမြန် ထုတ်ပစ် လိုက်ပါတယ်။

ဇောင်မင်းယွီ မသိလိုက်တာ တစ်ခုကတော့ သူမရဲ့ ဖြစ်ပျက် နေပုံတွေကို အဘိုးဖြစ်သူ ဇောင်ဝူကျင်းနဲ့ လီဖူချန်းတို့က သတိပြုမိနေတယ် ဆိုတာပါပဲ။

ဇောင်ဝူကျင်းကတော့ မသိသလိုနဲ့ ရှောင်သွားပေး လိုက်ပါတယ်။

လီဖူချန်းနဲ့ ဇောင်မင်းယွီတို့က သက်တူရွယ်တူ ဖြစ်တဲ့အတွက် သူတို့ နှစ်ယောက်ကို သည်အတိုင်း လွှတ်ထား ပေးလိုက်တာက ပိုနီးစပ် သွားစေနိုင်သည် မဟုတ်ပါလား။

လီဖူချန်း ကကော ...။

လီဖူချန်းကတော့ သည်ကိစ္စနဲ့ ပတ်သက်ပြီး သိပ်အများကြီး မတွေးထားပါဘူး။

***

မိုးပြာရောင် ဂိုဏ်းရဲ့ ခန်းမ တစ်ခုမှာတော့ လျိုကလန်ရဲ့ ဘိုးဘေးကြီး ဖြစ်တဲ့ လျိုဟိုင်လုံက စိတ်ပျက် လက်ပျက်ဖြင့် ထိုင်နေပါတယ်။

အချိန်အတော် ကြာမှာတော့ သူက လူတစ်ယောက်ကို ဆင့်ခေါ်လိုက်ပြီး

“ငါ့ရဲ့ အမိန့်ကို လျိုကလန် တစ်ခုလုံးကို ဖြန့်လိုက် ...။ လီဖူချန်းကို ရန်စ စော်ကားရဲသူ မှန်သမျှကို လျိုကလန်က နှင်ထုတ်မယ်”

လူတော် တစ်ယောက် ဆိုတာက အခြေအနေနဲ့ အချိန်အခါကို သိတတ် ရပါတယ်။ အရင်တုန်းကတော့ လီဖူချန်းက သာမန် ဂိုဏ်းသားလေး တစ်ဦးသာ ဖြစ်ပေမဲ့ အခုတော့ လီဖူချန်းရဲ့ ဒေါသ အမျက်လေး တစ်ခုက လျိုကလန် တစ်ခုလုံးကိုတောင် ကပ်ဆိုက် သွားစေမှာပါ။

လီဖူချန်းက သိပ်ပြီး အလေးထားစရာ မဟုတ်ပေမဲ့ သူ့ရဲ့ အနောက်မှာ ပဟေဠိ သိုင်းသမားတွေ ရှိနေပါတယ်။ ပဟေဠိ သိုင်းသမားတွေ ဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးက ပြန်လည် ဝင်စားခြင်း ပညာရှင်တွေကိုတောင်မှ ခေါင်းကိုက် စေနိုင်သည် မဟုတ်ပါလား။

“ဟူး ... လောကကြီးကတော့ အမြဲတစေ ဆိုသလို ပြောင်းလဲ နေတာပါပဲလား ...။ ကြည့်ရတာတော့ ငါတကယ်ပဲ အိုနေပြီ ထင်ပါရဲ့”

လျိုဟိုင်လုံက သက်ပြင်းတစ်ချက် ချလိုက်မိပါတယ်။

သိပ်မကြာခင်မှာဘဲ လီဖူချန်းတစ်ယောက် မိုးပြာရောင်ဂိုဏ်းကို ပြန်ရောက်လာပြီ ဆိုတဲ့ သတင်းက မိုးပြာရောင်ဂိုဏ်း နယ်နိမိတ် တစ်ခုလုံးကို ပျံ့နှံ့သွား ခဲ့ပါပြီ။

လီဖူချန်းနဲ့ ရန်ငြိုးရန်စ ရှိခဲ့တဲ့ သူတွေ အကုန်လုံးကတော့ ရင်တထိတ်ထိတ်နဲ့ပါပဲ။

အဲသည်သူတွေ ထဲမှာတော့ ရှန်ဟိုင်းမြို့ရဲ့ သခင်လေး ဖန်လီဟိုင်လည်း ပါပါတယ်။

ရှန်ဟိုင်းမြို့ဆိုတာက မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်ရဲ့ အဓိက မြို့ကြီးတွေထဲက တစ်ခုပါ။ ရှန်ဟိုင်း မြို့စားမင်း ဆိုတာကလည်း ကောင်းကင် နယ်ပယ်ကို ရောက်နေပါပြီ။

ဖန်လီဟိုင်ရဲ့ အဆင့်အတန်းဟာ လီဖူချန်းတစ်ယောက် ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်သွားကတည်းက ယှဉ်လို့ မရတော့တာပါ။

အခုလို အနေအထားနဲ့ ဆိုရင်တော့ စဉ်းစားစရာကို မလိုတော့ပါဘူး။

လီဖူချန်းရဲ့ စကားလေး တစ်ခွန်းတည်းနဲ့တင် ဖန်ကလန်ရဲ့ ရပ်တည်မှုက ဟိုးအောက်ဆုံး အထိ ရောက်သွား နိုင်ပါတယ်။

“လီဖူချန်း ... လီဖူချန်း ...။ ငါဘာဖြစ်လို့ မင်းကို ရန်စခဲ့မိပါလိမ့်”

ဖန်လီဟိုင် ကတော့ နောင်တ ရစွာဖြင့် ညည်းတွား နေပါပြီ။

***

All Chapters