← Chapters

ကြယ်ကျောက်တုံး

Vol. 20 Ch. 273

ကြယ်ကျောက်တုံး

Vol. 20 Ch. 273

လီဖူချန်းက သိပ်ကြာကြာတောင် မစောင့်လိုက် ရပါဘူး။

တိုက်ရိုက်တပည့် တစ်ယောက်က လီဖူချန်းရဲ့ အခြေအနေကို သိချင်တဲ့ အတွက် သူ့ရဲ့ အလှည့်ကို လီဖူချန်းနဲ့ လဲပေး လိုက်တယ်လေ။

လီဖူချန်း အမွေခံ မျှော်စင်ထဲကို ဝင်လိုက်တာနဲ့ တစ်ခါတည်း တန်းပြီး တတိယထပ်ကို ရောက်သွားခဲ့ပါပြီ။

သိပ်မကြာခင်မှာပဲ အပြာရောင် သစ်နက် တစ်ကောင်ရဲ့ ပုံရိပ်က ဝင်္ကပါ အစီအရင် ထဲကနေ ပေါ်ထွက် လာခဲ့ပါတယ်။

အပြာရောင် ရေခဲ သစ်နက် ...။

သတ်ဖြတ်ခြင်းကိုပဲ လုံးဝ ဦးစားပေးတဲ့ အဆင့်၃ ထိပ်တန်း မိစ္ဆာသားရဲမျိုး ဖြစ်ပါတယ်။ သည်သားရဲ အမျိုးအစားက အလွန်တရာမှ လျင်မြန်သည့် အပြင် အဆင့်၃ ထိပ်တန်းသားရဲ အချင်းချင်းကိုတောင် ပြန်သတ်ဖြတ် နိုင်စွမ်း ရှိပါတယ်။

အပြာရောင် ရေခဲသစ်နက်က ပြီးပြည့်စုံစွာ ဖြစ်တည် လာပြီးပြီ ဆိုတာနဲ့ လီဖူချန်းက စတင် တိုက်ခိုက် လာခဲ့ပါပြီ။

သူ့ရဲ့ ခန္ဓာကိုယ်ကနေ အေးစက်တဲ့ ထွက်ပေါ်လာတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေက လီဖူချန်းရဲ့ ကျောရိုးထဲ အထိပါ အေးစိမ့် သွားစေပါတယ်။

“ဒါကြောင့်လည်း သည်မိစ္ဆာသားရဲက အပြာရောင် ရေခဲသစ်နက် ဆိုပြီး နာမည်ကြီး နေတာကိုး …”

လီဖူချန်းရဲ့ သွေးလည်ပတ်မှုတွေ ရပ်ဆိုင်းခါနီး ဖြစ်နေစဉ်မှာပဲ သူက မီးနဂါး လျှို့ဝှက်ကျင့်စဉ်ကို ထုတ်သုံး လိုက်ပါတယ်။

သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်က အဆင့်၁၆ကို ရောက်နေပြီ ဖြစ်တဲ့အပြင် မီးနဂါး လျှို့ဝှက် ကျင့်စဉ်ရဲ့ အကူအညီပါ ရထားသည့် အတွက် လီဖူချန်းက အအေးဒဏ်တွေကို မမှုတော့ပါဘူး။

“စီးမျောခြင်းဓား ...”

ပထမဆုံး ပေါင်းချုပ် ဓားကွက်ဖြစ်တဲ့ စီးမျောခြင်း ဓားကွက်ကို ထုတ်သုံးလိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ ဓားကနေပြီး ဓားရိပ် ၁၀ရိပ်လောက် ပေါ်ထွက် လာခဲ့ပါပြီ။

ရွှပ် ... ရွှပ် ... ရွှပ် ... ရွှပ် ...

အပြာရောင် ရေခဲသစ်နက်ရဲ့ ခန္ဓာကိုယ်ပေါ် မှာတော့ ဓားဒဏ်ရာတွေ ပေါ်ထွက် လာခဲ့ပါတယ်။

လီဖူချန်းက အဲသည်လောက်နဲ့တင် မကျေနပ် နိုင်သေးဘဲ နောက်ထပ် ဓားကွက်တစ်ကွက် ပြောင်းလိုက် ပါသေးတယ်။

“ပေါက်ကွဲခြင်း ဓား”

ဘန်း ...

အပြာရောင် ရေခဲ သစ်နက်က တစ်စစီ ပေါက်ကွဲထွက် သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ လက်ရှိ စွမ်းရည်နဲ့ ဆိုရင်တော့ အပြာရောင် ရေခဲ သစ်နက်ကို အနိုင်ယူဖို့ အတွက် ဘာမှ မခက်ခဲလှပါဘူး။

လက်ရှိစွမ်းရည်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ထုတ်သုံး လိုက်ရင်တောင်မှ သည်အပြာရောင် ရေခဲသစ်နက်ကို တစ်ချက်တည်းနဲ့ သတ်ပစ် နိုင်ပါတယ်။

“အင်း ... စတုတ္ထထပ်ကိုလည်း သွားကြည့်ဦးမှ ပါလေ”

လီဖူချန်းက အမွေခံ မျှော်စင်ထဲကနေ ထွက်မသွားသေးဘဲနဲ့ စတုတ္ထထပ်ကို တက်သွား လိုက်ပါတယ်။

စတုတ္ထထပ်ရဲ့ ဝင်္ကပါ အစီအရင်ကနေ ဖြစ်တည် လာတာကတော့ မိစ္ဆာ ကျွဲရိုင်းကြီး တစ်ကောင်ပါပဲ။

ဘူး ...

မိစ္ဆာ ကျွဲရိုင်းကြီးက နှာတစ်ချက် မှုတ်လိုက်ပြီး လီဖူချန်းကို ချိုဖြင့်ဝှေ့ကာ တိုက်ခိုက် လာခဲ့ပါပြီ။

ရွှီး ...

မိစ္ဆာကျွဲရိုင်းကြီးရဲ့ ချိုကနေပြီး ထွက်ပေါ်လာတဲ့ အသံလှိုင်း စွမ်းအင်တစ်ခုက လီဖူချန်းရဲ့ ဒွါရခုနစ်ပေါက်ကနေ သွေးတွေ ယိုစီးကျလာစေပါတယ်။

“အဆင့်၄ အနိမ့်စား မိစ္ဆာသားရဲ”

လီဖူချန်းက နှလုံးခုန်နှုန်းတွေ မြန်လာခဲ့ပါပြီ။

အဆင့်၄ အနိမ့်စား မိစ္ဆာသားရဲတွေ ဆိုတာ ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင်တွေနဲ့ အဆင့်တူသည် မဟုတ်ပါလား။

မြေကမ္ဘာ နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်မှာ ရှိနေတဲ့ ပညာရှင်တွေ ကတော့ သူတို့ရဲ့ သိုင်းကွက် သိမ်မွေ့နက်နဲမှု အားသာချက်နဲ့ သည်မိစ္ဆာကောင်တွေကို ယှဉ်နိုင်ရင် ယှဉ်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ခွန်အားချည်း သက်သက် ထိပ်တိုက် ယှဉ်ပြိုင်မယ် ဆိုရင်တော့ သူတို့ကလည်း သည်မိစ္ဆာကောင်တွေကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ကောင်းကယ်နယ်ပယ် အဆင့်ကို ရောက်နေတဲ့ သူတွေမှသာလျှင် သည်ကျွဲရိုင်းကြီးရဲ့ အသံလှိုင်း တိုက်ခိုက်မှုကို တောင့်ခံနိုင်မှာပါ။

“လပြည့်ည လာစမ်း”

မီးတောက် မီးလျှံတွေ ပြည့်နှက်နေတဲ့ အနီရောင် လတစ်ခုက ထွက်ပေါ်လာခဲ့ပါပြီ။

ဒါကတော့ လီဖူချန်း တီထွင်ထားတဲ့ တတိယမြောက် ပေါင်းချုပ် ဓားကွက်ပါပဲ။

ရွှပ် ...

လီဖူချန်းရဲ့ ဓားချက်က ကျွဲရိုင်းမိစ္ဆာကြီးရဲ့ အရေပြားကို စပါးလုံး တစ်ထောက်စာမျှကိုသာ ထိုးဖောက် နိုင်ခဲ့ပါတယ်။

“ငါလခွီးတဲ့မှပဲ ... သည်ကောင်ကြီးက ခုခံနိုင်စွမ်း ကောင်းလှ ချည်လားဟ”

လီဖူချန်းက စိတ်ပျက် လက်ပျက်ဖြင့် ညည်းတွား လိုက်ပါတယ်။

သူ့ရဲ့ တတိယမြောက် ပေါင်းချုပ် ဓားကွက်ဖြစ်တဲ့ လပြည့်ညက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒပါဝင်တဲ့ ဓားကွက်နဲ့ ယှဉ်ရင်တောင် သိပ်ပြီး မနိမ့်ကျပါဘူး။

မိစ္ဆာကျွဲရိုင်းကြီးက ခွာတစ်ချက် ပေါက်လိုက်ပြီး လီဖူချန်းကို တိုက်လိုက် ပြန်ပါတယ်။

မိစ္ဆာကျွဲရိုင်းကြီးရဲ့ ကိုယ်ကနေ ပြင်းထန်လွန်း လှတဲ့ ချီစွမ်းအင် တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ အဲသည် ချီစွမ်းအင်တွေ ပင်လယ် လှိုင်းလုံးကြီးတွေလို ဆင့်ကာ ဆင့်ကာဖြင့် လီဖူချန်းကို ဖိနှိပ်ထား လိုက်ပါတယ်။

လီဖူချန်းကလည်း လွယ်လွယ်နဲ့ အရှုံးမပေးပါဘူး။

သူက မိစ္ဆာနှင် ဓားဆန္ဒကို အသုံးပြုပြီး ခုခံလိုက် ပါသေးတယ်။

“မိစ္ဆာနှင်အရိပ် သတ်ဖြတ်ကွက် လာစမ်း”

ကြက်သွေးရောင် အရိပ်တစ်ခုက မိစ္ဆာ ကျွဲရိုင်းကြီးရဲ့ ချီစွမ်းအင်တွေ ဖြိုကွဲဖို့ ကြိုးစား နေပါတယ်။

ရွှပ် ... ရွှပ် ... ရွှပ် ... ရွှပ် ...

မိစ္ဆာ ကျွဲရိုင်းကြီးရဲ့ ခန္ဓာကိုယ်ပေါ် မှာတော့ ဓားဒဏ်ရာတွေ အများအပြား ပေါ်ပေါက် လာခဲ့ပါပြီ။ သည်ဓား ဒဏ်ရာတွေက ဓားအစင်း တစ်ထောင်နှင့် ခုတ်လိုက် သလားလို့တောင် ထင်ရသည်အထိ များပြားလွန်း လှပါတယ်။

ဒါပေမဲ့လည်း သည်ဓားချက်တွေက မိစ္ဆာ ကျွဲရိုင်းကြီးကို ပေါက်ကွဲသွားစေတဲ့ အထိတော့ မစွမ်းဆောင် နိုင်ခဲ့ပါဘူး။

ဖန်း ...

၁၀မီတာလောက် ရှည်တဲ့ မိစ္ဆာ ကျွဲရိုင်းကြီးရဲ့ အမြီးက ကျာပွတ် တစ်ချာင်းပမာ လီဖူချန်းကို ရိုက်ချ လိုက်ပါတယ်။

လီဖူချန်းက အမြီး ရိုက်ချက်ကို သတိပြုမိ ပေမဲ့လည်း သူ့ခန္ဓာကိုယ်က အချိန်မီ မတုံ့ပြန် နိုင်တော့ပါဘူး။

မိစ္ဆာကျွဲရိုင်းကြီးရဲ့ အမြီး ရိုက်ချက်ကို လွင့်ထွက် သွားစေခဲ့ပါပြီ။

ဝေါ့ ...

လီဖူချန်းက လေထဲမှာတင် သွေးတစ်လုတ် အန်လိုက် ရပါတယ်။

ကြမ်းပြင်ပေါ်ကို ပြန်အကျမှာတော့ လီဖူချန်းက တုံ့ဆိုင်းမနေဘဲ သူ့ရဲ့ အကောင်းဆုံး ဓားကွက်ကိုထုတ်ကာ မိစ္ဆာ ကျွဲရိုင်းကြီးကို ပြန်တိုက် လိုက်ပါတယ်။

သည်ဓားကွက် ထဲကိုတော့ လီဖူချန်းက သံနက် ဓားအဆီအနှစ်တွေ ကိုပါ ထည့်သွင်း ထားခဲ့ပါပြီ။

“မီးလျှံနဂါး သွားစမ်း”

သူ့ရဲ့ နက်ရွှေမှော်ဓားက ကြက်သွေးရောင် အလင်းတန်းတွေ ဖြာထွက်လာခဲ့ပြီး နောက်မှာတော့ မီးနဂါးကြီး တစ်ကောင်ပမာ မိစ္ဆာ ကျွဲရိုင်းကြီးဆီကို ဦးတည် သွားခဲ့ပါတယ်။

ဝုန်း ...

ရွှမ်း ...

လီဖူချန်းရဲ့ ဓားချက်က ပေါက်ကွဲအား ကောင်းကောင်းဖြင့် မိစ္ဆာ ကျွဲရိုင်းကြီးကို ထိမှန် သွားခဲ့ပါပြီ။ သည်ဓားချက်ကတော့ မိစ္ဆာ ကျွဲရိုင်းကြီးရဲ့ ချိုတစ်ချောင်းကို အရင်းကနေ ပြတ်ထွက် သွားစေခဲ့ပါတယ်။

ဘူး ...

မိစ္ဆာ ကျွဲရိုင်းကြီးကတော့ အကြီးအကျယ် ဒေါသ ထွက်သွားတဲ့ ပုံပါပဲ။ သူက နေမင်းတမျှ ပူပြင်းလှတဲ့ ချီစွမ်းအားတွေကို စုစည်းကာ လီဖူချန်းဆီကို မှုတ်ထုတ် လိုက်ပါတယ်။

“လေနက်ကိုယ်ပွား ၃ခု ဖြစ်ပေါ်စမ်း”

လီဖူချန်းက လေနက် ကိုယ်ပွား၃ခု ကိုယ်ဖော့ ပညာကို ထုတ်သုံး လိုက်ပေမဲ့လည်း သည်မိစ္ဆာ ကျွဲရိုင်းကြီးရဲ့ တိုက်ခိုက်မှုကနေ လွတ်အောင် မပြေးနိုင်တော့ပါဘူး။

“ဝုန်း”

လီဖူချန်းရဲ့ ခန္ဓာကိုယ်က လေထဲကို လွင့်ထွက်သွားပြီး အမွေခံ မျှော်စင်နံရံနဲ့ ဝင်ဆောင့်မိမှသာ ရပ်တန့် သွားပါတော့တယ်။

လီဖူချန်းကတော့ အတော်လေးကို အထိနာ သွားခဲ့ပါပြီ။

“မရတော့ဘူး ... ငါသည်ထက် ပိုပြီး မခံနိုင်တော့ဘူး …။ သည်ကောင်ကြီးရဲ့ စွမ်းအားက ငါနဲ့ အရမ်း ကွာလွန်းတယ်”

လီဖူချန်းက အမွေခံ မျှော်စင်ရဲ့ စတုတ္ထထပ်ကိုတော့ လက်မြှောက် အရှုံးပေးကာ ထွက်သွား ပါတော့တယ်။

နိုင်ဖို့ မဖြစ်နိုင်မှန်း သိနေမှတော့ လီဖူချန်းအနေနဲ့ ဆက်ပြီး အနာခံ တိုက်နေစရာ မလိုတော့ ပါဘူးလေ။

“သူထွက်လာပြီဟေ့ …”

“ကြည့်ရတာတော့ အစ်ကိုလီက အချိန်အတော် ယူခဲ့ရတာပဲ”

"ဒါက သာမန်ပါပဲဟ။ လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်က အခုမှ မြေကမ္ဘာ နယ်ပယ် အဆင့်၆ပဲ ရှိသေးတာလေကွာ။ သူက ဘယ်လိုလုပ်ပြီး ချက်ချင်းကြီးတော့ အစ်ကိုတော် လီရှင်းယုနဲ့ အစ်ကိုတော် ချန်ယွန်ဟူကို ယှဉ်နိုင်ဦးမှာလဲ”

“ဂိုဏ်းတော်ရဲ့ လူရွေးပွဲက နောက်ထပ် ၁၅ရက်ဆိုရင် စတော့မှာလေ။ သည်အတိုင်း ဆိုရင်တော့ ဓားအရူး သူတော်နဲ့ ကျားဓားရှင်တို့ကပဲ ထိပ်ဆုံး နှစ်နေရာကို ယူသွားတော့မှာ။ အစ်ကိုတော် လီဖူချန်းနဲ့ အစ်ကိုတော် ရှုဖန်းတို့ကတော့ ထိပ်ဆုံး နှစ်နေရာကို ခြိမ်းခြောက် နိုင်ရုံလောက်ပဲ ဖြစ်နိုင်မယ် ထင်တယ်”

“မသိသေးဘူးဟေ့ ...။ သည်နှစ်တွေမှာ အခြား တိုက်ရိုက် တပည့်တွေကလည်း အစွမ်းထက် လာနေတာပဲလေ။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက ဆိုရင် အမွေခံ မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ်နိုင်တဲ့ သူက လေးယောက်ပဲ ရှိခဲ့တာကွ။ အခုတော့ အမွေခံမျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ်နိုင်တဲ့ တိုက်ရိုက်တပည့် ၁၀ယောက်ကျော်တောင် ရှိလာပြီ မဟုတ်လား ...”

အမွေခံ မျှော်စင်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ လူတွေကတော့ အမျိုးမျိုး ဆွေးနွေး နေကြပါတယ်။

သူတို့ထဲက တစ်ယောက်မှတော့ လီဖူချန်း တစ်ယောက် စတုတ္ထအထပ်ကို တက်သွားလို့ သည်လောက်အထိ ကြာနေတာလို့ မတွေးမိပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ စတုတ္တအထပ်ရဲ့ ဝင်္ကပါ အစီအရင်ကနေ ဖြစ်တည်လာတဲ့ မိစ္ဆာသားရဲဟာ အင်မတန်မှကို အစွမ်းထက်တယ် ဆိုတာကို တိုက်ရိုက် တပည့်တွေ အကုန်လုံးက သိနေလို့ပါပဲ။

တကယ်လို့ လီဖူချန်းက စတုတ္တအထပ်ကို တက်သွားခဲ့မယ် ဆိုရင်တောင်မှ တစ်ချက်တည်းနဲ့ ရှုံးနိမ့်ပြီး အပြင်ကို ပြန်ထွက်လာခဲ့ ရမှာလို့ပဲ သူတို့က တွေးထင် ထားခဲ့တာလေ။

လီဖူချန်း တစ်ယောက် အမွေခံ မျှော်စင်ကို တက်ရောက်သွားတဲ့ သတင်းက မိုးပြာရောင်ဂိုဏ်းရဲ့ အရင်က နံပါတ်တစ် တိုက်ရိုက်တပည့်ရဲ့ နားထဲကိုပါ ရောက်သွား ခဲ့ပါတယ်။

“လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာက ငါ့ထက် ကောင်းပေမဲ့လည်း လက်ရှိ အခြေအနေနဲ့ ဆိုရင်တော့ ငါ့ကို ယှဉ်ဖို့ မဖြစ်နိုင်သေးဘူး။ ညီလေး ရှုဖန်းကလည်း ငါ့ကို မနိုင်လောက်သေးဘူး”

ခြံဝင်း တစ်ခုထဲမှာ ရှိနေတဲ့ လူငယ် တစ်ယောက်က လီဖူချန်းရဲ့ သတင်းကို ကြားရပြီး နောက်မှာတော့ မှတ်ချက် ချလိုက်ပါတယ်။

သည်လူငယ်ရဲ့ နာမည်ကတော့ ပုကျင်းဆောင် ဖြစ်ပြီး မိုးပြာရောင် ဂိုဏ်းရဲ့ အရင်က နံပါတ်တစ် တိုက်ရိုက် တပည့်ပါ။

သူက လက်ရှိ တိုက်ရိုက် တပည့်တွေ ထဲမှာဆိုရင် အမွေခံ မျှော်စင်ရဲ့ တတိယထပ်ကို ပထမဆုံး ကျော်ဖြတ် နိုင်သူလည်း ဖြစ်ပါတယ်။

သူက လီရှင်းယုနဲ့ ချန်ယွန်ဟူတို့ထက်တောင် ဝါစဉ် ကြီးပါသေးတယ်။

ပုကျင်းဆောင်ရဲ့ အမြင်မှာတော့ ဓားအရူးသူတော်နဲ့ ကျားဓားရှင်တို့ဟာ ယှဉ်ပြိုင်ဖို့ ခက်ခဲသူတွေပါ။ ဒါပေမဲ့ လီဖူချန်းနဲ့ ရှုဖန်းတို့ကို အနိုင်ယူဖို့တော့ သူက ယုံကြည်မှု အပြည့် ရှိပါတယ်။

သည်ယုံကြည်မှု ကတော့ သူ့ရဲ့ ကျင့်ကြံခြင်း သက်တမ်းနဲ့ ကျင့်ကြံခြင်း အဆင့်ကနေ ပေါက်ဖွား လာတာပါပဲ။

***

အမွေခံ မျှော်စင်ကနေ ထွက်လာ အပြီးမှာတော့ လီဖူချန်းက အလျင်အမြန်ပင် ဓားကျောက်စာတိုင် ချိုင့်ဝှမ်း ရှိရာဆီသို့ ထွက်လာခဲ့ ပါတယ်။

သူ့ရဲ့ မိစ္ဆာနှင် ဓားဆန္ဒက အခုမှ အစောပိုင်း ကနဦး အဆင့်မှာသာ ရှိနေသေးတဲ့ အတွက် တိုးတက်ဖို့ အဆင့်တွေ အများကြီး လိုအပ်နေဆဲပါပဲ။

ထောက်ပံ့ရေး ရမှတ်နဲ့ ပတ်သက် လာရင်တော့ လီဖူချန်းအနေနဲ့ ပူစရာ မလိုပါဘူး။

သူ့မှာက ထောက်ပံ့ရေး ရမှတ်တွေ သန်းနဲ့ချီပြီး ကျန်နေပါသေးတယ်။

လူရွေးချယ်ပွဲ ပြုလုပ်မယ့် အချိန်ကလည်း တဖြည်းဖြည်းနဲ့ နီးကပ် လာခဲ့ပါပြီ။

လူရွေးပွဲမှာ ပေးအပ်မယ့် ဆုလာဘ်တွေကလည်း ထွက်လာခဲ့ ပါတယ်။

သည်လူရွေးပွဲရဲ့ ထိပ်ဆုံး လေးယောက်ကတော့ ကျားနဂါး ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရမှာပါ။

ပထမ နေရာနဲ့ ဒုတိယ နေရာကို ရတဲ့ သူနှစ်ယောက်ကတော့ ကြယ်ကျောက်တုံး တစ်တုံးစီကို ရဦးမှာလည်း ဖြစ်ပါတယ်။

ကြယ်ကျောက်တုံးတွေ ဆိုတာက အခြား လူတွေအတွက် ဘာတန်ဖိုးမှ မရှိပေမဲ့လည်း ထိပ်တန်း ပါရမီရှင်တွေ အတွက် အလွန်တရာမှာ တန်ဖိုးကြီးတဲ့ အရာတွေပါပဲ။

ဂိုဏ်းတော်က သည်ကြယ် ကျောက်တုံးနှစ်ခု ရဖို့အတွက်ကို အတော်လေး ကြိုးစား ခဲ့ရတာပါ။

လူရွေးပွဲရဲ့ ဆုကြေးထဲမှာ ကြယ်ကျောက်တုံး ၂တုံး ပါမယ်ဆိုတဲ့ သတင်းက လီရှင်းယု၊ ချန်ယွန်ဟူ၊ လီဖူချန်းနဲ့ ရှုဖန်းတို့ရဲ့ မျက်လုံးတွေကို အရောင်တောက် သွားစေခဲ့ပါတယ်။

လီရှင်းယုနဲ့ ချန်ယွန်ဟူတို့ရဲ့ ကျင့်ကြံမှု အဆင့်က မြေကမ္ဘာနယ်ပယ် အဆင့်၉မှာ ရောက်နေပါပြီ။ သည်ကြယ် ကျောက်တုံးနဲ့ ဆိုရင်တော့ သူတို့နှစ်ယောက် စလုံးဟာ ကောင်းကင် နယ်ပယ်ထဲကို ခြေလှမ်း တစ်ဝက်လောက် လှမ်းနိုင်မှာပါ။

“ကြယ်ကျောက်တုံး ... ဟုတ်လား ...”

ပုကျင်းဆောင် ကလည်း သည်သတင်းကို ကြားသိပြီး သွားပါပြီ။ သူကလည်း တစ်ခါတုန်းက ကြယ်ကျောက်တုံး တစ်ခု ရဖူးတယ်လေ။ သူက ဒုတိယ ကြယ်ကျောက်တုံး ရနိုင်မယ့် အခွင့်အရေးကို စောင့်နေတာပါ။ တကယ်လို့ ပုကျင်းဆောင်သာ ကြယ်ကျောက်တုံး တစ်တုံး ရခဲ့မယ်ဆိုပါက ခြောက်လလောက် ကျင့်ကြံရမည့် အချိန်တွေ သက်သာသွားမည် မဟုတ်ပါလား။

***

All Chapters