← Chapters

ရှေးဟောင်းအစီအရင်

Vol. 28 Ch. 389

ရှေးဟောင်းအစီအရင်

Vol. 28 Ch. 389

လင်းယွန်တောင်တန်း၏ နက်ရှိုင်းသော သစ်တောအတွင်း သွေးဘုရင်၊ ငွေဘုရင်နှင့် မီးဘုရင်တို့ရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိလိုက်ကြသည်။ သူတို့က တိုက်ပွဲအစအဆုံးကို အထူးမျက်လုံးကျင့်စဥ်တစ်မျိုးနှင့် တွေ့ခဲ့ရသည်။ သူတို့က နတ်ဆိုးဖိနှိပ်နာရီထံမှ ထွက်ပေါ်လာသော ခေါင်းလောင်းသံကို ကြားလိုက်ရသောအခါ တုန်လှုပ်နေကြသည်။ အသံလှိုင်းများက ငရဲကြီးဆယ့်ရှစ်ထပ်မှ တက်လာသကဲ့သို့ ခြောက်ခြားဖွယ်ရာဖြစ်သည်။

"ကုန်းယွမ်က ဒီလိုရှုံးနိမ့်သွားတာလား။ သူက အဆုံးမဲ့အဆင့်သုံးကျင့်ကြံသူဖြစ်ပြီး မုန်တိုင်းမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်တွေကိုလည်း တတ်ထားသေးတယ်"

ငွေဘုရင်က သူ၏အဖော်နှစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုကြီး မိစ္ဆာဝံပုလွေဆေဘာက ဒီနာရီကို ပိုင်းဖြတ်နိုင်လောက်လား"

မီးဘုရင်က သွေးဘုရင်ဘက်သို့လှည့်ကာ မေးလိုက်ခြင်းဖြစ်သည်။ သူတို့၏တစ်ခုတည်းသော အားကိုးရာက ထိုလိပ်ပြာလက်နက်ဖြစ်သည်။ သွေးဘုရင်က ထိပ်ဆုံးအဆင့် နတ်ဘုရင်တစ်ယောက်သာဖြစ်သော်လည်း ဤဆေဘာဖြင့်ဆိုလျှင် အဆုံးမဲ့အဆင့်သုံး သာမန်ကျင့်ကြံသူများအောက် မနိမ့်ကျပေ။ ၎င်းက မိစ္ဆာဝံပုလွေမျိုးနွယ် ဘိုးဘေး၏အသွေးအသားရုပ်ခန္ဓာနှင့် သန့်စင်ထားသော အစွမ်းထက်လိပ်ပြာလက်နက်ဖြစ်သည်။ အတိအကျပြောရလျှင် ဝံပုလွေတိုင်းပြည် တန်ခိုးထွားလာရခြင်းမှာ ဤလက်နက်ကြောင့်သာဖြစ်သည်။

"ငါလည်း မသေချာဘူး။ ဘိုးဘေးနဲ့ ပြန်တိုင်ပင်ရဦးမယ်။ ဒီနာရီကြီးက မရိုးရှင်းဘူး"

သွေးဘုရင်က ခေါင်းယမ်း၍ ဖြေလိုက်သည်။

"ကျုပ်တို့ကုန်းယွမ်ကို ကယ်သင့်လား။ သူ့ကိုကယ်တင်ပြီး ကြယ်ခန်းမကို အတူတူတိုက်ခိုက်ရင် မကောင်းဘူးလား။ ဒီကောင့်ကို မနိုင်ဘူးဆိုတာ မယုံဘူး"

ငွေဘုရင်က အကြံတောင်းလိုက်သည်။

"ဒီကောင့်ရဲ့နောက်ခံကို ငါတို့အများကြီးမသိထားတဲ့အပြင် သူ့မှာ ဝှက်ဖဲတွေအများကြီးရှိနေတယ်။ ဒီဆေးအိုးကလည်း တော်တော်ထူးဆန်းတယ်။ ငါတို့က အလျင်စလိုမလုပ်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ ကုန်းယွမ်ကို ကယ်တင်ရတာလည်း ထင်သလောက် အကျိုးမရှိဘူး။ ငါတို့ကတရားခံဆိုတာ သိသွားလိမ့်မယ်။ ကုန်းယွမ်သေသွားရင် မုန်တိုင်းအိမ်တော်က နောက်ထပ်ကျင့်ကြံသူတွေ ထပ်ရောက်လာပြီး ကြယ်ခန်းမကိုတိုက်ခိုက်မှာ သေချာတယ်။ ငါတို့က ဘေးထွက်ရပ်နေပြီး အကျိုးအမြတ်ကိုဝင်ယူရုံပဲ"

ငွေဘုရင်၏အကြံကို သွေးဘုရင်က ချက်ချင်းပယ်ချလိုက်သည်။

"အစ်ကိုကြီးပြောတာ မှန်တယ်။ ငါတို့ပိုင်နက်မှာ ဝိညာဥ်သားရဲတွေကိုလည်း တွေ့နေရတယ်။ ကြည့်ရတာ တစ်ခုခုဖြစ်လာတော့မယ်။ ငါတို့အနေနဲ့ ပြင်ဆင်ထားသင့်တယ်"

မီးဘုရင်က ထောက်ခံလိုက်သည်။ သူတို့၏နောက်လိုက်များက ဝိညာဥ်သားရဲ ထွက်ပေါ်လာသည်ကို သတင်းပို့ခဲ့ကြသည်။

"ဒီရတနာက အစွမ်းထက်လွန်းတယ်"

ကောင်းကင်သားရဲနတ်ဘုရင်သုံးယောက်က ခေါင်းလောင်းသံများ မရပ်မနားထွက်ပေါ်နေသော အရပ်သို့ တစ်ချက်ကြည့်လိုက်သည်။ အဝေးမှပင် အသံလှိုင်းများ၏ ကြောက်စရာကောင်းပုံကို သူတို့က ခံစားနေရသည်။ အတွင်း၌ဖိနှိပ်ခံထားရသော ကုန်းယွမ်ဆိုလျှင် ဆိုဖွယ်ရာမရှိပေ။

ယဲ့ချန်သည် သူ၏အကန့်အသတ်သို့မရောက်မချင်း နတ်ဆိုးဖိနှိပ်နာရီကို လက်ဝါးဖြင့် ရိုက်နှက်နေသည်။ ထို့နောက် သူက ခဏတာ အနားယူလိုက်သည်။ အတွင်း၌ ကုန်းယွမ်က မရပ်မနားဆဲဆိုနေရသဖြင့် အသံက တိုးညှင်းစပြုလာသည်။ အသံလှိုင်းများကြားတွင် အသိစိတ်လွတ်ထွက်မသွားစေရန် သူက ဒေါသစိတ်ကို အားကိုးနေရသည်။ ခေါင်းလောင်းသံများကြောင့် သူ၏စွမ်းအင်ကြောများ ရှုပ်ထွေးလာကာ ကောင်းကင်ချီများလည်း အဆမတန်အားနည်းလာခဲ့သည်။

"အဘိုးကြီး မုန်တိုင်းမျိုးနွယ်ရဲ့လူတွေက တော်တော်မောက်မာတယ်။ မင်းရောကုန်းချန်တန်းရော အတူတူပဲ။ ဒီနေ့ရော မောက်မာနိုင်ဦးမလား ကြည့်ရအောင်။ မင်းကို နမူနာအဖြစ်သုံးပြီး တစ်ယောက်ယောက်က ကြယ်ခန်းမကိုအနိုင်ကျင့်ရဲရင် ငါ သတ်ပစ်မယ်ဆိုတာကို ပြပေးရမယ်"

ယဲ့ချန်၏စကားသံက မိုးချုန်းသံကဲ့သို့ ထွက်ပေါ်လာသည်။ သူ၏စကားကြောင့် ကြယ်ခန်းမတပည့်များနှင့် ယဲ့မျိုးနွယ်ဝင်များ၏သွေးများ ပွက်ပွက်ဆူလာသည်။ ထို့အပြင် အဝေးတွင်ရှိနေသော ဘုရင်သုံးယောက်ပင် ဤစကားကြောင့် ဝိညာဥ်များ တုန်ခါသွားကြလေသည်။

"ခွေးကောင်လေး ကြယ်ခန်းမကိုအနိုင်ကျင့်တော့ရော ဘာဖြစ်သေးလဲ။ မုန်တိုင်းမျိုးနွယ်က နှစ်သောင်းချီကြာအောင် တည်တံ့လာတာကွ။ မင်းရဲ့အင်အားစုသေးသေးလေးက ဘယ်လိုဆန့်ကျင်နိုင်မှာလဲ။ မင်း ငါ့ကိုသတ်နိုင်ရင်တောင် မုန်တိုင်းမျိုးနွယ်က ကြယ်ခန်းမကို သေချာပေါက်ဖျက်ဆီးပစ်လိမ့်မယ်"

ကုန်းယွမ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူက သေလုမျောပါးဖြစ်နေသော်လည်း အညံ့မခံခဲ့ပေ။

"ငါကရော ဘာကြောက်နေရမှာလဲ။ မင်းတို့နစ်ယောက်လာရင် တစ်ယောက်သတ်မယ်။ နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ်"

ကုန်းယွမ်သည် တမလွန်သို့မရောက်မချင်း အရှုံးပေးမည်မဟုတ်သောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။

"ခွေးကောင် ငါသာမပေါ့ဆရင် မင်း ငါ့ကို ဒီနာရီနဲ့ဖိနှိပ်ထားနိုင်မှာမဟုတ်ဘူး။ မင်းတို့အားလုံးကို မသတ်နိုင်ခဲ့တာ နှမြောစရာကောင်းလိုက်တာ"

ကုန်းယွမ်က မကျေမနပ်ရေရွတ်လိုက်သည်။

"မင်းက သေမင်းနဲ့မတွေ့မချင်း စောက်စကားများနေဦးမယ်ထင်တယ်"

ယဲ့ချန်က ခဏတာအနားယူပြီးနောက် နာရီကို လက်ဝါးဖြင့် ပြန်လည်ရိုက်ခတ်လိုက်သောအခါ ခေါင်းလောင်းသံများ တစ်ဖန်ထွက်ပေါ်လာသည်။ နာရီအတွင်းမှ ကုန်းယွမ်၏အသံက အားနည်းလာပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ကုန်းယွမ် ထောင်ချောက်ဆင်မည်ကို စိုးရိမ်နေသော ယဲ့ချန်က လက်ထဲရှိသမျှ ဆေးလုံးများနှင့် ရတနာကိုအားဖြည့်ပေးလိုက်ပြီး အချိန်ကြာမြင့်စွာ ရိုက်ခတ်နေခဲ့သည်။ နှစ်နာရီကျော်အထိ ကြာမြင့်သွားခဲ့လေသည်။

"ယဲ့ချန် လုံလောက်ပြီ။ နတ်ဆိုးဖိနှိပ်နာရီကို သိမ်းလိုက်တော့"

ခြင်္သေ့ကြီး၏စကားသံ ထွက်ပေါ်လာသည်။ ကုန်းယွမ်မှာ နာရီအတွင်း အခြေအနေ အလွန်ဆိုးရွားနေပြီဖြစ်သည်။ ခြင်္သေ့ကြီး၏အာရုံက သူ့ထက် ပို၍အစွမ်းထက်သောကြောင့် ယဲ့ချန်က နာရီကြီးပေါ်မှခုန်ချကာ ပြန်လည်သိမ်းဆည်းလိုက်သည်။ ၎င်းက လက်တစ်ဝါးအရွယ်အထိ ကျုံ့ဝင်သွားကာ ယဲ့ချန်လက်အတွင်း ပြန်ရောက်သွားခဲ့သည်။ မြေပြင်တွင် အဝတ်အစားများစုတ်ပြဲ၍ သွေးချင်းချင်းနီနေသော ကုန်းယွမ် လဲကျနေသည်။ သူက ယဲ့ချန်ကိုမြင်သောအခါ ဒေါသကြောင့် မျက်လုံးများနီရဲလာသည်။ သူက ဆေဘာကို ညာလက်ဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ထားသော်လည်း ခုတ်ပိုင်းရန်ခွန်အား လုံးဝမရှိတော့ချေ။

"မုန်တိုင်းမျိုးနွယ် ငါ့အတွက် လက်စားချေပေးကြပါ"

ကုန်းယွမ်က ကောင်းကင်သို့မော့ကြည့်ပြီး တိုင်တည်လိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်၏အတွေးတစ်ချက်နှင့်အတူ ဓားသုံးလက်အစီအရင် ထွက်ပေါ်လာခဲ့သည်။

"သေစမ်း"

ယဲ့ချန်က ကုန်းယွမ်ကို ချိန်ရွယ်လိုက်သောအခါ ဓားသုံးလက်က လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ ထို့နောက် ကုန်းယွမ်၏ကိုယ်ပေါ်တွင် သွေးများပန်းထွက်နေသော အပေါက်သုံးခုဖြစ်ပေါ်လာကာ မျက်လုံးပွင့်လျက်သား သေဆုံးသွားသည်။ အဆုံးမဲ့အဆင့်သုံး ကျင့်ကြံသူတစ်ယောက်က ယဲ့ချန်၏လက်ထဲတွင် အသက်ဆုံးသွားရလေသည်။

ယဲ့ချန်က ကုန်းယွမ်၏ဆေဘာနှင့် သိုလှောင်အိတ်ကိုသိမ်းယူကာ လှည့်ထွက်သွားခဲ့သည်။ ရှောင်ရိ၊ နန်ရှင်းတစ်နှင့် အားဖန်ကိုးတို့က ယဲ့ချန်ထံ ပျံသန်းလာခဲ့ကြသည်။

"နန်ရှင်းတစ် ဒီအလောင်းကိုမြုပ်ပြီး ကျောက်စာတစ်ခု စိုက်ထားလိုက်"

ယဲ့ချန်က ခဏတာစဥ်းစား၍ အမိန့်ပေးလိုက်သည်။

"ကျောက်စာပေါ်မှာ ဘယ်လိုရေးရမလဲ"

"မုန်တိုင်းမျိုးနွယ်၏အကြီးအကဲ အဆုံးမဲ့အဆင့်သုံးကျင့်ကြံသူ ကုန်းယွမ်၏အုတ်ဂူ ကြယ်ခန်းမကို ထပ်မံစော်ကားသူများရှိလျှင် ဤနေရာတွင် မြုပ်နှံခံရမည်"

ယဲ့ချန်က အေးစက်စက်ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

နန်ရှင်းတစ်က အမိန့်အတိုင်း ဆောင်ရွက်လိုက်ပြီးနောက် သူတို့က ယဲ့တောင်ကြားထံ ပြန်လာခဲ့ကြသည်။ တိုက်ပွဲပြီးဆုံးသွားသော်လည်း ကြယ်ခန်းမတပည့်များ၏ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်နေဆဲပင်ဖြစ်သည်။ ယဲ့ချန်နှင့်ကုန်းယွမ်တိုက်ခိုက်ခဲ့သော တိုက်ပွဲက သူတို့ကို ခွန်အားအပေါ် လိုလားစိတ်များ ဖြစ်တည်လာစေခဲ့သည်။ ကုန်းယွမ်ကို အနိုင်ယူလိုက်သူမှာ သူတို့၏ခန်းမသခင်ဖြစ်နေသောကြောင့် ကြယ်ခန်းမက အနာဂတ်တွင် အစွမ်းထက်အင်အားစုတစ်ခု သေချာပေါက်ဖြစ်လာပေလိမ့်မည်။ နင်ချင်းယွင်၊ ရှဲ့တောက်၊ ရှဲ့ကျန်းနှင့် နေမီးတောက်ငှက်တို့ကလည်း ထိတ်လန့်နေကြသည်။ သူတို့က ယဲ့ချန်အစွမ်းထက်ကြောင်း သိထားသော်လည်း ယနေ့တိုက်ပွဲကြောင့်သာ အစစ်အမှန်ခွန်အားကို မျက်ဝါးထင်ထင်သိလိုက်ရသည်။ သူတို့က ယဲ့ချန်၏နောက်လိုက်များဖြစ်သောကြောင့် အနာဂတ်က တောက်ပနေသည်ဖြစ်ရာ ဝမ်းသာမဆုံးပျော်ရွှင်နေကြသည်။ သူတို့က မြို့တည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်ကြီးကြပ်လိုက်ပြီး ကျင့်ကြံရန် စိတ်အားထက်သန်လာကြသည်။ ကြယ်ခန်းမ၏ တောက်ပသော အနာဂတ်အတွက် တိုက်ခိုက်ရန် သူတို့က ပိုမိုသန်မာလာရပေလိမ့်မည်။

တိုက်ပွဲအပြီးတွင် ယဲ့တောင်ကြားက ငြိမ်းချမ်းသွားပြီး ယဲ့မျိုးနွယ်ဝင်လူငယ်များက ကျင့်ကြံခြင်းကို အာရုံစိုက်လိုက်ကြသည်။

ချီစုဆောင်းအစီအရင်နှင့် ဝိညာဥ်သစ်ပင်ကြောင့် ယဲ့တောင်ကြားအတွင်းရှိ ကောင်းကင်ချီပမာဏက အခြားနေရာများထက် ဆယ်ဆကျော်များပြားနေခဲ့သည်။ သစ်ပင်ပန်းမန်များ ထူထပ်စွာပေါက်ရောက်နေပြီး လှပသောရှုခင်းကြောင့် သုခဘုံတစ်ခုပမာ ထင်မှတ်ရပေသည်။

"ချန်အာ မုန်တိုင်းမျိုးနွယ်က ဒီအတိုင်း လက်လျှော့မှာမဟုတ်ဘူး။ မင်းရဲ့အဘိုး ဦးလေးနှစ်နဲ့ ငါက တိုက်ပွဲမှာမကူညီနိုင်ခဲ့တာ ရှက်မိပါတယ်"

ယဲ့ကျန့်တန်းက အပြစ်ရှိစိတ်ကို ခံစားနေရသည်။ အာကာသကျောက်အကူအညီကြောင့် သူက ဆက်တိုက်အဆင့်တက်နိုင်ခဲ့ပြီး ကောင်းကင်ဝိဇ္ဇာစဦးအဆင့် ဖြစ်လာသော်လည်း ယဲ့ချန်ကို မကူညီနိုင်ခဲ့ပေ။

"ငါက ယဲ့မျိုးနွယ်ဝင်တွေကို လင်ဇီးတွေရောင်းပြီး အရေးပေါ်သုံးဖို့ ချီပြိုကွဲဆေးလုံးတွေ ရှာခိုင်းထားတယ်"

ယဲ့ချိန်ရွှမ်းက ပြောလိုက်ခြင်းဖြစ်သည်။ ချီပြိုကွဲဆေးလုံးများက ယဲ့ချန်အတွက် အလွန်အသုံးဝင်သောကြောင့် နေရာတိုင်းမှ စုစည်းရန် အမိန့်ပေးထားခဲ့သည်။

"အဖေ ဘိုးဘိုးကြီး ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့။ ကျင့်ကြံခြင်းမှာ အလောတကြီးမလုပ်သင့်ဘူး။ အာကာသကျောက်တွေ အကူအညီနဲ့ဆိုရင်တောင် တစ်ရက်တည်းနဲ့ အဆင့်မြင့်မလာနိုင်ဘူး။ ဒါပေမယ့် ချီပြိုကွဲဆေးလုံးတွေရှာပေးဖို့တော့ ဒုက္ခပေးရဦးမယ်"

ယဲ့ချန်က သူတို့ကို နှစ်သိမ့်လိုက်သည်။ ယဲ့တောင်ကြားအတွင်း ကိုယ့်တာဝန်ကိုဆောင်ရွက်နေသူများနှင့် ရူးရူးမူးမူးကျင့်ကြံနေသူများ ပြည့်နှက်နေကြသည်။ ကြယ်ခန်းမက အားနည်းနေဆဲဖြစ်သောကြောင့် ယဲ့ချန်က ၎င်း၏အင်အားကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများကို အတွေးနက်နေခဲ့သည်။ ရန်သူများကို ခုခံကာကွယ်နိုင်စွမ်းရှိမှသာလျှင် ကြယ်ခန်းမက ပိုမိုအစွမ်းထက်လာပေလိမ့်မည်။

မုန်တိုင်းအိမ်တော်မှ ရန်သူများ မည်သည့်အချိန်တွင် ရောက်လာမည်ကို ယဲ့ချန်က မခန့်မှန်းနိုင်ပေ။ သို့သော် အလယ်အင်ပါယာနှင့် ရှီဝူအင်ပါယာ၏အကွာအဝေးအရ အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ပင် ဆယ်ရက်ခန့် အချိန်ယူရမည်ဖြစ်သည်။ ဤဆယ်ရက်အတွင်း ကြယ်ခန်းမက လုံခြုံနေမည်ဖြစ်သည်။ ခြင်္သေ့နန်းတော်၏စစ်ကူများကလည်း မည်သည့်အချိန်တွင်ရောက်လာမည်ကို သူ မသိချေ။ ထို့ကြောင့် သူက ကိုယ့်အားကိုယ်ကိုး၍ အခြားလူများကိုအားကိုးရန် မဖြစ်နိုင်ပေ။

သူက ကုန်းယွမ်၏ဆေဘာကို အားဖန်ကိုးထံ ပေးလိုက်သည်။ ၎င်းက လူအသွင်ပြောင်းရာတွင် အစွမ်းမထက်သော်လည်း တိုက်ခိုက်ရာတွင် လက်နက်များ အသုံးပြုနိုင်သည်။ ၎င်းသည် ဆေဘာကိုမျိုချထား၍ တိုက်ပွဲတွင် အလစ်ဖမ်းတိုက်ခိုက်နိုင်ကြောင်း သိလိုက်ရသောအခါ ယဲ့ချန်ပင် အံ့သြသွားခဲ့သည်။ သူက အနာဂတ်တွင် နန်ရှင်းတစ်၏ခန္ဓာကိုယ်ကြီး နှင့် လိုက်ဖက်သော လက်နက်မျိုးရှာဖွေပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ယဲ့ချန်က ကုန်းယွမ်၏သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ မြေအဆီအနှစ်ဆေးလုံးနှင့် ကောင်းကင်အဆီအနှစ်ဆေးလုံးများကဲ့သို့ အဖိုးတန်ဆေးလုံးများနှင့် အာကာသကျောက်အချို့ကို တွေ့လိုက်ရသည်။ ၎င်းတို့ကို ဝိညာဥ်မျှော်စင်အတွင်းမှ ကုန်းချန်တန်းက ရယူလာခြင်းဖြစ်နိုင်ကာ ကုန်းယွမ်ထံ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်နိုင်သည်။ ထို့အပြင် သူက ဒါဇင်နှင့်ချီသော စဦးအဆင့်နှင့် အလယ်အဆင့် လျှို့ဝှက်ကျင့်စဥ်စာလိပ်များကိုလည်း တွေ့လိုက်ရသည်။ သူက ၎င်းတို့ကို ယဲ့မျိုးနွယ်ဝင်များအား မိတ္တူကူးယူစေပြီး ကျင့်ကြံရန် ဖြန့်ဝေခိုင်းလိုက်သည်။ အချိန်ရလျှင် သူ့အတွက်သင့်တော်သော လျှို့ဝှက်ကျင့်စဥ်များ ထပ်မံရှာဖွေရပေလိမ့်မည်။

"ဒါကဘာလဲ"

ယဲ့ချန်၏မြင်ကွင်းအတွင်းသို့ စာလိပ်များကြားတွင် ထူးဆန်းသော ရှေးဟောင်းအစီအရင်ပုံကြမ်းတစ်ခု ဝင်ရောက်လာသည်။ ၎င်းကို မှော်သားရဲအချို့၏ အရေပြားပေါ်တွင် ရေးထွင်းထားပြီး ထူးဆန်းသောရုန်းများကို မှတ်တမ်းထားကာ အလွန်ဆန်းကျယ်လေသည်။

သန်မာဆုံး

All Chapters