← Chapters

ရွှေကျီးကန်းကိုသုတ်သင်ခြင်း

Vol. 68 Ch. 947

ရွှေကျီးကန်းကိုသုတ်သင်ခြင်း

Vol. 68 Ch. 947

အခန်း (၉၄၇) ‌ရွှေကျီးကန်းကိုသုတ်သင်ခြင်း

ကြာရှည်ထိန်းသိမ်းထားနိုင်ခြင်း မရှိဘဲ ယာယီမျှသာစွမ်းအားပေါက်ကွဲထွက်နိုင်သည့် ‘ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်’ ကဲ့သို့ တန်ခိုးစွမ်းအားမျိုးကို ဖြေရှင်းရန် ရန်ကျောက်ကဲတွင် နည်းလမ်းများစွာ ရှိသည်။

ဥပမာအားဖြင့် - သုံးပေတောင်မှလူများကို အချိန်ဆွဲတိုက်ခိုက်ပြီးမှ တစ်ချက်တည်းဖြင့် ချေမှုန်းလိုက်သည့် နည်းလမ်းမျိုးကို အသုံးပြု၍ရသည်။

ရန်ကျောက်ကဲက ရန်သူများနှင့်တိုက်ခိုက်သည့်အခါ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ပြုမူလေ့ရှိပြီး အချိန်တိုအတွင်း အနိုင်ယူရန် ဆုံးဖြတ်လေ့ရှိသည်။

ရန်သူသေလျှင်သေ ၊ မသေလျှင် ကိုယ်သေဆိုသော နည်းလမ်းမျိုးဖြစ်၏။

အောင်မြင်ပါက ကြီးမားစွာချေမှုန်းနိုင်သည့် အောင်ပွဲမျိုးဖြစ်ပြီး ရှုံးနိမ့်လျှင်လည်း ပြန်လမ်းမရှိသည်အထိ ဖြစ်နိုင်သည်။ သို့သော် ဤသို့တိုက်ခိုက်သည့်အတွက် ရန်ကျောက်ကဲက အန္တရာယ်ကင်းရေးကို ဦးစားမပေးဟု မဆိုလိုပေ။

သူက နတ်ဘုရာသိမြင်ခြင်းနှောင်းပိုင်းအဆင့်သိုင်းသူတော်စင် ဖြစ်သော်လည်း ပြိုင်ဘက်ကင်းကောင်းကင် ကျမ်းစာ ၊ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် ထိုက်ကျိယင်ယန် လက်ဝါးသိုင်းများကို ကျင့်ကြံထားသည့်အပြင် သူတတ်ကျွမ်းသည့် အခြားသော သိုင်းပညာများစွာလည်း ရှိသေးသည်။

ထို့ကြောင့် တိုက်ပွဲတစ်ပွဲတွင် ကုန်ဆုံးသွားသည့်ချီစွမ်းအားအနှစ်သာရကို အမြန်ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိ။ လူသားအထွတ်ထိပ်အဆင့်အောက် ကျင့်ကြံသူများကြားတွင် ရန်ကျောက်ကဲက ပြိုင်ဘက် မရှိသလောက် ဖြစ်သည်။

သို့ဖြစ်ရာ အချိန်ဆွဲတိုက်ခိုက်ရသည့် ရှေးရိုးဆန်သည့် တိုက်ခိုက်မှုမျိုးကို ရန်ကျောက်ကဲက သဘောမကျပေ။ သို့သော် အခြေအနေအရလိုအပ်ပါက ထိုနည်းလမ်းကိုအသုံးပြုရန်လည်း ဝန်လေးမည် မဟုတ်ပေ။

ယခု သူ့အ‌ရှေ့ရှိ သုံးပေတောင်မှလူများကိုရင်ဆိုင်ရတွင် အချိန်ဆွဲသည့်နည်းလမ်းက ရန်သူ၏စွမ်းအားကို နှေးကွေးသွားစေနိုင်သည်။

သုံးပေတောင်၏ ရွှေကျီးကန်းမီးလျှံကျမ်းစာအမွေအနှစ်က အလွန်ထူးခြားပြီး သုံးပေတောင်သခင်၏တန်ခိုးစွမ်းအားကလည်း အလွန်မြင့်မားသည်။ လင်ဟန့်ဟွာ ၊ ကျန်းမော့ ၊ ရှန်လင်ကျီတို့အား မမီသည့်တိုင် ထိုသူများနီးပါး စွမ်းအားမြင့်မားသည်။

သို့ပေသိ ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်မပါရှိပါက သူ၏တန်ခိုးစွမ်းအားက သိသိသာသာ‌လျော့နည်းသွားပေမည်။

ထို့ကြောင့် တိုက်ပွဲကိုကြာမြင့်စွာအချိန်ဆွဲထားမည်ဆိုပါက ရွှေကျီးကန်း၏အကြွင်းအကျန်ဝိညာဉ် ပျောက်ကွယ်သွားမည် ဖြစ်သည်။

တောရိုင်းပင်လယ်အတွင်းဝင်ရောက်စဉ် သုံးပေတောင်မှလူများကို ကာကွယ်ပေးရသည်ကပင် ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်က အတော်လေး ကုန်ခမ်းနေပြီ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲတွင် အခြားနည်းလမ်းတစ်ခု ရှိလေသည်။

သူက တိုက်ပွဲထက် ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်ကို ပိုပြီးစိတ်ဝင်စားနေမိသည်။

သူက မိစ္ဆာဓားတောင်းတျဲကို စက်ဝိုင်းသဏ္ဌာန်လှည့်ပတ်လိုက်သော်လည်း သူ့ဆီဝင်ရောက်လာသော ရွှေကျီးကန်းမဟာနေမင်းစွမ်းအားကို တိုက်ခိုက်ခြင်းမရှိခဲ့ပေ။

အနက်ရောင်ဓားအလင်းတန်းစက်ဝိုင်းအလယ်တွင် အဖြူရောင် အလင်းတန်းများတောက်ပလာပြီး ရန်ကျောက်ကဲကို ဗဟိုပြုကာ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

ထိုနေရာတွင်ရှိနေသော ရွှေရောင်မီးလျှံကြာပန်းများက ပေါက်ကွဲထွက်သွားသော်လည်း အဝေးတစ်နေရာတွင် ငြိမ်သက်တိတ်ဆိတ်နေသော ရွှေရောင်ကြာပန်းများလည်း ရှိနေသေး၏။

ယခုတော့ ရန်ကျောက်ကဲ၏ ဓားအလင်းတန်းကြောင့် အဝေးမှ ရွှေရောင်မီးလျှံကြာပန်းများသည်ပင် လွင့်စဉ်ပေါက်ကွဲထွက်သွားကြသည်။

ပြင်းထန်သောမီးလျှံများက အဆုံးမဲ့မီးတောက်ကမ္ဘာအဖြစ်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲနှင့် ရွှေကျီးကန်းမဟာနေမင်းတို့ကို ဝန်းရံထားသည်။

ထူးကဲယန်စည်းတံဆိပ်ကိုကိုင်ဆောင်ထားသော ရန်ကျောက်ကဲဖြစ်စေ ၊ ခြေသုံးချောင်းရွှေကျီးကန်းပဲဖြစ်စေ ထိုခဏတွင် မခံမရပ်နိုင်လောက်အောင် ပူပြင်းတောက်လောင်သွားသည်။

“သူ ရူးနေတာလား”

သုံးပေတောင်မှလူများတအံ့တသြဖြင့် တွေးလိုက်ကြသည်။

“သူက ငါတို့ကို အတူတူသေလမ်းခေါ်သွားချင်တာလား”

ရွေးချယ်စရာမရှိသည့်အခြေအနေမျိုးတွင် ဤသို့တိုက်ခိုက်ခြင်းက ဖြစ်နိုင်ပေသည်။

သို့သော် သာမန်တိုက်ခိုက်နေချိန်တွင် အဘယ့်ကြောင့် ဤသို့ ရူးသွပ်သည့်နည်းလမ်းကို ရွေးချယ်ရပါမည်နည်း။

သာမန်တိုက်ပွဲတစ်ခုတွင် သူတို့ရှေ့မှလူငယ်က ယခုလိုမျိုး သူသေကိုယ်သေနည်းလမ်းမျိုးကို အဘယ့်ကြောင့် တိုက်ခိုက်ရပါသနည်း။

အသက်ငယ်ငယ်ဖြင့် နာမည်ကျော်ကြားမှုရရှိခဲ့သော မိုးကောင်းကင်၏အချစ်ခံသားတော်တစ်ပါးက သူ၏ကျင့်ကြံခြင်းစွမ်းအားဖြင့်တိုက်ခိုက်ရန် အရင်ဆုံးရွေးချယ်သင့်ပေသည်။ နောက်ဆုံးအခြေအနေရောက်ပြီး အသက်ရှင်ရန် လမ်းစမရှိ‌တော့မှသာ ယခုကဲ့သို့သော နည်းလမ်းမျိုးကို ရွေးချယ်သင့်သည်။

သို့ပေသိ ယခုကြည့်ရသည်မှာ ရန်ကျောက်ကဲက သူတို့အားလုံးကို သေတွင်းထဲသို့ သူနှင့်အတူ ဆွဲခေါ်သွားမည့် ပုံစံမျိုး ဖြစ်သည်။

“တမင်ဟန်ဆောင်လှည့်ဖြားားချင်တာလား”

သုံးပေတောင်သခင်က မေးမြန်းလိုက်သည်။

“မင်း ငယ်ပါသေးတယ် ကောင်လေးရာ”

ထို့နောက် သုံးပေတောင်သခင်က သူ၏အံ့အားသင့်မှုနှင့် ကြောက်လန့်မှုများကို ဖယ်ရှားပစ်လိုက်သည်။

ဓားရှည်ကိုင်ထားသောသူ့လက်များတွင် စွမ်းအားများပိုမိုမြင့်မားလာပြီး ရန်‌ကျောက်ကဲကို ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်လိုက်သည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရယ်မောလိုက်၏။

သူက မိစ္ဆာဓားတောင်းတျဲကို ဓားသေတ္တာထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး ထူးကဲယန်စည်းတံဆိပ်ကို ဘေးနားရှိအားဟူသို့ လှမ်းပေးလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက လက်နှစ်ဖက်ကို အသာဖြန့်ကားလိုက်ရာ လက်နှစ်ဖက်လုံးတွင် ရတနာပစ္စည်းတစ်ခုစီပေါ်လာသည်။

တစ်ခုမှာ ဓားတိုတစ်လက်နှင့်ဆင်တူပြီး ဓားတိုထိပ်ဖျားက ထက်ရှချွန်မြခြင်း မရှိဘဲ ခပ်တုံးတုံး အနေအထားရှိသည့် ထူးခြားသော စည်းတံဆိပ်တစ်ခု ဖြစ်သည်။

နောက်တစ်ခုကတော့ အဆစ် (၇)ဆစ်ပါပြီး (၇)ပေရှည်သည့် အစိမ့်ရင့်ရောင် ဝါးကိုင်းက မျက်နှာပြင်ထက်တွင် အလင်းရောင်မှိန်မှိန် တောက်ပနေသည်မှလွဲပြီး လုံးဝသာမန် ဖြစ်သည်။

ရန်ကျောက်ကဲ၏ဘယ်ဘက်လက်မှ စည်းတံဆိပ်က လေထုထဲသို့အနည်းငယ်မြင့်တက်လာသည်။

ထိုစည်းတံဆိပ်နှင့်ရိုက်ခတ်မိသည်နှင့် ခြေသုံးချောင်းရွှေကျီးကန်းက အော်မြည်လိုက်ပြီး အတောင်များကို ရုပ်သိမ်းလိုက်ကာ အလင်းရောင်များ မှေးမှိန်သွားသည်။ တကယ်တော့ သူ၏မူလတည်ရှိရာ ဝိညာဉ်အလံအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခြင်းပင်။

ဒါကိုမြင်တော့ သုံးပေတောင်မှလူများအားလုံး ထိတ်လန့်သွားကြသည်။

ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်မရှိတော့သည့်တိုင် သုံးပေတောင်သခင်၏တိုက်ခိုက်မှုက ပြင်းထန်နေဆဲ ဖြစ်သည်။ သို့သော် အရင်ကလောက် ပြင်းထန်ခြင်း မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက အစိမ်းရင့်ရောင်ဝါးကိုင်းကို ကိုင်မြှောက်လျှက်လှည့်ပတ်လိုက်ပြီး ရန်သူ၏ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ရွှေကျီးကန်းကောင်းကင်ဓားအား ရိုက်ချလိုက်သည်။

ရွှေကျီးကန်းကောင်းကင်ဓားမှာ ရုတ်တရက် တုန်ခါသွားပြီး ချက်ချင်းပင် အလင်းရောင်များ မှိန်ဖျော့သွားသည်။

“ဒါက ဘာပစ္စည်းလဲ”

သုံးပေတောင်သခင် အံ့အားသင့်သွား၏။

ရန်ကျောက်ကဲက ရန်သူကို ပိတ်ဆို့ရန်အတွက် ဝါးကိုင်းဖြင့် အဆက်မပြတ် ထိုးနှက် တိုက်ခိုက်လိုက်သည်။

ရွှေကျီးကန်းကောင်းကင်ဓားမှာ အသက်ဝင်လာသည့်ပမာ အဆက်မပြတ် တုန်ခါလာပြီး စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဓားရှည်ထက်မှ အလင်းရောင် ပျောက်ကွယ်သွားပြီး ဓားသွားထက်တွင် ပါးလွှာသည့် အက်ကြောင်းများပင် ထင်ဟပ်လာသည်။

သုံးပေတောင်သခင် ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများပင် ထောင်သွားပြီး သူ့လက်ထဲတွင် ကိုင်ထားသော ဓားရှည်ကို လျင်မြန်စွာ ပြန်လည်သိမ်းဆည်းလိုက်သည်။

ဓားကိုသိမ်းဆည်းရင်း သူက လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်၏။ သူ့အတွက် နောက်ဆုတ်ရန်မှလွဲပြီး အခြားရွေးချယ်စရာ မရှိပေ။

ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ် သို့မဟုတ် အဆင့်မြင့်အထွတ်ထိပ် မှော်ဝင်ပစ္စည်းကို အသုံးမပြုနိုင်ပါက သူကိုယ်တိုင် မည်မျှစွမ်းအားကြီးမားပါစေ ပေါက်ကွဲထွက်နေသည့် ရွှေရောင်မီးလျှံကြာပန်းများကို ခုခံနိုင်မည် မဟုတ်ပေ။

သူနောက်ပြန်မဆုတ်ပါက ရန်ကျောက်ကဲ ဘာဖြစ်မည်ကို မသိသော်လည်း သူကတော့ သေချာပေါက် ရွှေရောင်မီးလျှံပင်လယ်ထဲ နစ်မြုပ်သွားပေလိမ့်မည်။

အစကတော့ မီးလျှံကြာပန်းများနှင့်အတူ ရန်ကျောက်ကဲကို နှစ်ဖက်ညှပ်တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။

ရန်ကျော်ကဲက ပတ်ဝန်းကျင်မှ မီးလျှံကြာပန်းများအားလုံးကို ပေါက်ကွဲထွက်စေပြီး သူတို့သုံးပေတောင်၏ ထိပ်တန်းရတနာကို ဖိနှိပ်နိုင်သည့်နည်းလမ်းမျိုးရှိနေမည်ဟု မည်သူက ထင်ပါမည်နည်း။

အခြေအနေက ချက်ချင်း ပြောင်းပြန်ဖြစ်သွားသည်။

“ပြန်ဆုတ်...”

အဘိုးအိုအမိန့်ပေးလိုက်သည်နှင့် သုံးပေတောင်မှသိုင်းသမားများ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

သူတို့အားလုံးပူးပေါင်းပြီး ပြင်းထန်စွာတိုက်ခိုက်မှုသည် ရန်ကျောက်ကဲ၏ တိုက်ကွက်တစ်ကွက်ကိုပင် ကြံ့ကြံ့ခံနိုင်ခဲ့ခြင်း မရှိပေ။

သို့ပေသိ သုံးပေတောင်မှလူများ ဆုတ်ခွာသွားကြရသည့်တိုင် သူတို့စိတ်ထဲတွင် အလွန်တရာ စိုးရိမ်ပူပန်ခြင်း မရှိကြပေ။ အကြောင်းမှာ ဤနေရာတစ်ခုလုံး ကြောက်မက်ဖွယ်ရာ မီးတောက်မီးလျှံများဖြင့် ပြည့်နက်နေသောကြောင့် ဖြစ်၏။

ရန်ကျောက်ကဲအနေဖြင့် သုံးပေတောင်၏ထိုးစစ်ဆင်မှုကို တန်ပြန်တိုက်စစ်ဖြင့် တွန်းလှန်နိုင်ခဲ့သော်လည်း သူကိုယ်တိုင် ရွှေရောင်မီးလျှံပင်လယ်ထဲတွင် ပိတ်မိနေမည်သာပင်။

သို့ရာတွင် မီးလျှံပင်လယ်ကိုရင်ဆိုင်ရန် ရန်ကျောက်ကဲစိတ်ထဲ အစီအစဉ်တကျ ရှိပုံရသည်။

သူက အနည်းငယ်ပြုံးလိုက်ပြီး ‘ယင်စွမ်းအား အလင်းဓားစည်းတံဆိပ်’ ကို သိမ်းလိုက်ပြီး နောက်ထပ် ရတနာပစ္စည်းတစ်ခု လက်ထဲတွင် ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများနှင့်အတူ အနက်ရောင်ငှက်မွေးတစ်ချောင်း တောက်ပလာသည်။ ထိုပစ္စည်းကိုမြင်လိုက်တော့ သုံးပေတောင်မှလူတိုင်း မျက်လုံးပြူးသွားကြသည်။

သူတို့ ဤပစ္စည်းကို အလွန် ရင်းနှီးကြသည်ပင်။

“နတ်ကျီးကန်းငှက်မွေး”

နတ်ကျီးကန်းငှက်မွေးဆိုသည်က သာမန်ရွှေကျီးကန်း အမွေးမဟုတ်ပေ။

ရွှေကျီးကန်း၏ဦးခေါင်းထက်မှ အနက်ရောင် ငှက်မွေး (၃)ပင်အနက် တစ်ပင် ဖြစ်သည်။ ထိုငှက်မွေးက အလွန်အဖိုးထိုက်တန်ပြီး လျှို့ ဝှက်ဆန်းကြယ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နေသူတော်စင်ဂိုဏ်းကို ချေမှုန်းစဉ်က ဤငှက်မွေးကို ရန်ကျောက်ကဲ ရရှိခဲ့ခြင်းပင်။ ကြည့်ရသည်မှာ ကွမ်းမင်ဂိုဏ်းမှ ဆင်းသက်လာဟန် ရှိ၏။

နှစ်အတန်ကြာသည်အထိ သင့်တော်အောင် မည်သို့သုံးစွဲရမည်မသိသဖြင့် သူက သိမ်းဆည်းထားခဲ့သည်။

အစကတော့ ရတနာပစ္စည်းတစ်ခုခု ပြုလုပ်သည့်အခါ ပေါင်းစပ်ရန်အတွက် ကုန်ကြမ်းအဖြစ်အသုံးပြုရန် စဉ်းစားထားခဲ့၏။

သို့သော် ယနေ့တော့ ပိုပြီးသင့်လျော်သည့်အခွင့်အရေးကို ရန်ကျောက်ကဲ တွေ့ရှိခဲ့သည်။

ရန်ကျောက်ကဲ လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့် နတ်ကျီးကန်းငှက်မွေးက ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး သုံးပေတောင်မှလူများထံသို့ တည့်မတ်စွာ ဝင်ရောက်သွားသည်။

တစ်ဆက်တည်းပင် ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း ယင်ယန်လက်ချောင်းသိုင်းကိုအသုံးပြုကာ ရှေ့သို့ ဖြည်းညင်းစွာ ညွှန်ပြလိုက်သည်။

ယင်ယန်လက်ချောင်းသိုင်းက မကြုံစဖူး ထူးထူးခြားခြားလေးနက်လှပြီး နှေးလည်းနှေးကွေးလွန်းသည်။

ယင်ယန်ကောင်းကင်ကျမ်းစာ စတင်ကျင့်ကြံခဲ့သည့်အချိန်မှစပြီး ရန်ကျောက်ကဲ အသုံးပြုခဲ့သမျှ အပြင်းထန်ဆုံး ယင်ယန်လက်ချောင်းသိုင်းလည်း ဖြစ်၏။

လက်တစ်ချောင်းတည်းဖြင့် ယင်နှင့်ယန်၏ စီးဆင်းမှုကို ပြောင်းပြန် ဖြစ်ပေါ်စေသည်။

စောစောက ယင်စွမ်းအား အလင်းဓားစည်း တံဆိပ်ကြောင့် ဝိညာဉ်အလံထဲတွင် ငိုက်မျဉ်းသွားသော ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်မှာ နတ်ကျီးကန်းငှက်မွေးမွှေးနှင့် ရန်ကျောက်ကဲ၏ လက်ချောင်းသိုင်းစွမ်းကြောင့် တစ်ဖန် ပြန်လည်နိုးထလာသည်။

လာခြင်းသွားခြင်း အပြောင်းအလဲများက အမြဲတမ်းရှိနေသည်ပင်။

သုံးပေတောင်မှလူများ စိတ်အေးလက်အေးမဖြစ်နိုင်ခင်မှာပင် မီးလျှံများကြားမှ မြူခိုးများထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်ကိုလွှမ်းခြုံသွားကာ ကြီးမားသော မီးလျှံမိုးစက်များအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

ရန်ကျောက်ကဲ၏ ယင်ယန်လက်ချောင်းသိုင်းနှင့် နတ်ကျီးကန်းငှက်မွေးတို့၏ ပေါင်းစပ်တန်ခိုး စွမ်းအားကြောင့် ရွှေရောင်မီးလျှံများသည် သုံးပေတောင်မှ ကျင့်ကြံသူများထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားလေတော့သည်။

All Chapters