← Chapters

တိုက်ပွဲမှအဓိကလက်ဆောင်

Vol. 68 Ch. 951

တိုက်ပွဲမှအဓိကလက်ဆောင်

Vol. 68 Ch. 951

အခန်း (၉၅၁) တိုက်ပွဲမှအဓိကလက်ဆောင်

အရှေ့ခန်းမတွင် အစီအရင်‌ရေးသားထားသည့် ပိတ်စကိုသာ ကြည့်နေရပြီး ကျင့်ကြံခြင်းလည်း မပြုလုပ်နိုင်လေရာ အားဟူမှာ အလွန်တရာ ပျင်းရိငြီးငွေးလျက် ရှိသည်။

အားဟူသည် အမြဲတမ်း ပေါ့ပေါ့ပါးပါးနေထိုင်ဟန်ရှိသော်လည်း အခြေအနေနှင့်အချိန်အခါကို လိုက်ပြီး အလေးအနက်ထားရမည့်ကိစ္စများကို သိရှိနားလည်သူ ဖြစ်သည်။

သို့ဖြစ်ရာ အာဟူသည် ငြီးငွေ့နေသည့်တိုင် အမွှေးတိုင်ထွန်းသည့်စားပွဲထက်တွင် အာရုံစိုက်နေဆဲ ဖြစ်၏။

အချိန်မည်မျှကြာသည်ကို မသိရှိသော်လည်း အမွှေးတိုင်ထွန်းသည့်စားပွဲထက်မှ အဝါရောင်ပိတ်စထက်တွင် အပြောင်းအလဲများဖြစ်ပေါ်သွားသည်ကို အာရုံခံလိုက်မိသည်။

သစ်ကြမ်းပိုးခေါက်ဖြင့်ရေးဆွဲထားသော ဝိညာဉ်သင်္ကေတများက မရပ်မနား လှုပ်ရှားသွားက အသက်ဝင်လာပုံရသည်။

ရန်ကျောက်ကဲ၏လမ်းညွှန်မှုကို လက်ခံရရှိထားသဖြင့် အားဟူက ဝိညာဉ်သင်္ကေတ အပြောင်းအလဲများကို သိမြင်ခဲ့ပြီး ကျုန်းယွမ်ကျောင်းတော်အတွင်း တစ်ယောက်ယောက်က ဝင်ရောက်ရန် ကြိုးစားနေကြောင်း ချက်ချင်းနားလည်သွားခဲ့သည်။

ရောက်လာသူက မည်သူမည်ဝါဖြစ်ကြောင်း မသိရှိသော်လည်း အားဟူကတော့ ထိုသူကိုရင်ဆိုင်ရန် အရေးမစိုက်လှပေ။

“ဘာပဲဖြစ်ဖြစ် ဝါဒတောင်ကလူ ရောက်လာတာမဟုတ်တာတော့ သေချာတယ်”

သူက အတွေးနှင့်အတူ တစ်ချက်ပြုံးလိုက်ပြီး အဝါရောင်ပိတ်စထက်တွင် ရေးဆွဲထားသော ဝိညာဉ်သင်္ကေတများကို ရန်ကျောက်ကဲ သင်ပေးထားသည့်အတိုင်း ချိန်ညှိလိုက်၏။

ဝိညာဉ်သင်္ကေတများပြောင်းလဲသွားပြီး ဝိညာဉ်အလင်းတန်းများ တောက်ပလာကာ လေထဲတွင် နက်နဲသော သင်္ကေတများစွာ ထွက်ပေါ်လာသည်။

ပင်မခန်းဆောင်ထဲတွင် အပြောင်းအလဲမရှိဟု ထင်မှတ်ရသော်လည်း အပြင်မှဝင်ရောက်လာသူများအတွက်တော့ ကြီးမားသောကပ်ဘေးကို ရင်ဆိုင်ရပေတော့မည်။

ကျုန်းယွမ်တာအိုကျောင်းတော်သို့ ရောက်ရှိလာသူများတွင် ရန်ကျောက်ကဲနှင့် သုံးပေတောင်မှလူများအြင်း အခြားမရှိပေ။ သို့သော် ရောက်လာသူအားလုံးက တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြသည်။

မီးလျှံများတောက်လောင်နေသည့် ဇာမဏီငှက်များထွက်ပေါ်လာပြီး စူးရှသည့်ဇာမဏီအော်သံနှင့်အတူ ခန်းမဆောင် ပင်မတံခါးဆီသို့ ရောက်ရှိလာကြသည်။

ပင်မတံခါးအား ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် သူတို့ရှေ့မှ မြင်ကွင်းက ချက်ချင်းပင် ပြောင်းလဲသွား၏။

ဇာမဏီငှက်များ ရပ်တန့်သွားပြီး ချက်ချင်းပင် သူတို့၏ ပုံသဏ္ဌာန်အစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်ကြသည်။

ရောက်လာသူအုပ်စုကို ဦးဆောင်လာသူနှစ်ယောက်မှာ တစ်ဘောက်က အသက်လေးဆယ်ကျော် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ကျန်တစ်ယောက်က အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးဖြစ်သည်။

လူငယ်က ရုပ်ရည်ချောမောသူတစ်ယောက်ဖြစ်ပြီး သူ၏မျက်ဝန်းများကတော့ အေးစက်စူးရှလျှက် ရှိသည်။

ထိုလူငယ်က အခြားသူမဟုတ် ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏သား ‘ဇာမဏီမင်းသား’ ကျွမ်းကျောင်းဟွေပင် ဖြစ်၏။

ယခုအချိန်တွင် သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရက စွမ်းအားအပြည့်ဖြစ်ပြီး စနစ်တကျ အရှိန်အဟုန်ဖြင့် မြင့်တက်လျှက်ရှိသည်။

ကောင်းကင်ထက်မှ ကြယ်စင်ပင်လယ်ကြီးပမာ သူ့ခန္ဓာကိုယ်မှ အလင်းရောင်များ တောက်ပနေသည်။ ထိုအလင်းရောင်များက ၎င်းတို့၏ကိုယ်ပိုင်ထူးခြားသောဥပဒေများနှင့်အညီ တည်ငြိမ်စွာလည်ပတ်နေပုံရသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင်၏သားဖြစ်သလို အထက်ဘုံကမ္ဘာတွင် နာမည်ကျော်ကြားသော လူငယ်တစ်ယောက်ဖြစ်သည့် ကျွမ်းကျောင်းဟွေသည် ဤနှစ်များအတွင်း အချိန်ဖြုန်းတီးခဲ့ခြင်း လုံးဝမရှိပေ။

လွန်ခဲ့သော (၆)နှစ်က ကျွမ်းကျောင်းဟွေ ဇာမဏီအရိုးကိုရှာဖွေရန်အတွက် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသ ၊ သဘာဝပသာဒနယ်မြေသို့ ရောက်ရှိလာခဲ့ပြီး ထိုစဉ်က နတ်ဘုရားသိမြင်ခြင်းအဆင့်မျှသာ ရှိသေးသည်။

ယခုတော့ သူက အမတကူးပြောင်းခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပေပြီ။

ထိုစဉ်အချိန်က နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ရှိသော ကျွမ်းကျောင်းဟွေသည် အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင်များကိုပင် ရင်ဆိုင်နိုင်သူ ဖြစ်၏။

ယခု အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ သူ၏တန်ခိုးစွမ်းအားက အဆင့်သစ်တစ်ခုသို့တက်ရောက်ပြီး တည်ငြိမ်သွားခဲ့သည်။

လုန်ဟန့်ဟွာ ၊ ရှန်လင်ကျီနှင့် ကျန်းမော့တို့ကဲ့သို့သော ပုဂ္ဂိုလ်များနှင့် ရင်မဆိုင်ရပါက ကျန်းကျောင်းဟွေသည် သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူအများစုကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။

လွန်ခဲ့သော (၆)နှစ်နှင့် နှိုင်းယှဉ်ပါက ကျွမ်းကျောင်းဟွေ၏ရုပ်သွင်မှာ များစွာပြောင်းလဲခြင်း မရှိသော်လည်း သူ၏မျက်လုံးများကတော့ အေးစက်ပြီး ပိုမိုတည်ငြိမ်နေသည်။

သဘာဝပသာဒနယ်မြေတွင် ဇာမဏီအရိုးရှာဖွေခြင်း မအောင်မြင်ခဲ့သည့်အခါ ထိုဖြစ်ရပ်က သူ့ဘဝတွင် ကြီးမားသော ရိုက်ချက်တစ်ခု ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် အရှေ့တောင်‌ နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင် ပြည်နယ် စစ်ပွဲစတင်ခဲ့သည်။

အစပိုင်းတွင် ကျွမ်းကျောင်းဟွေတို့ဘက်မှ အားသာချက်ရခဲ့သည့်နောက် နောက်ဆုံးမှာတော့ အောင်မြင်မှုမရရှိဘဲ ရွေးချယ်စရာမရှိ နောက်ဆုတ်ခဲ့ရပြီး ပစ်မှတ်ကို ရယူနိုင်ခဲ့ခြင်း မရှိပေ။

‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ ကို ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိစေရန် သာမဓိမီးတောက် (၅)မျိုးလုံး ပြီးပြည့်စုံခြင်းအပေါ် များစွာမူတည်သည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်အတွက် ရှားပါးအခွင့်အရေးတစ်ခုဖြစ်ပြီး သူ၏ကျင့်ကြံခြင်း ဆက်လက်တိုးမြှင့်ကာ နတ်ဘုရားတံခါးကိုဖွင့်လှစ်နိုင်သည်အထိ အရေးပါသည်။

နတ်ဘုရားအဆင့်သို့ မရောက်နိုင်သည့်တိုင် သူ၏တန်ခိုးစွမ်းအားများ ခုန်ပျံကျော်လွှားကာ တိုးတက်လာမည် ဖြစ်၏။

ဤသည်က ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ အဆက်အနွယ် တစ်ခုလုံးအတွက် အလွန်ကြီးမားသော တိုးတက်ပြေင်းလဲမှု ဖြစ်လာပေမည်။

ထို့ကြောင့် ဤကိစ္စကို တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ သာ စိတ်ပူသည်မဟုတ်ဘဲ ကျွမ်း‌ကျောင်းဟွေသည်လည်း အလွန်တရာ စိတ်ပူပန်ခဲ့သည်။

သို့သော် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ ကျင်းထင်တောင်ကို အနိုင်ယူရန် မလွယ်ကူပေ။ အနိုင်ယူလိုသည်ဆိုပါက များပြားလှစွာသော ကဏ္ဍပေါင်းစုံတွင် အစီအစဉ်များစွာ ရေးဆွဲရမည် ဖြစ်၏။

ကဏ္ဍပေါင်းစုံတွင် တန်ခိုးစွမ်းအားနှင့် ရင်းမြစ်ပစ္စည်းများ ပြီးပြည့်စုံလေ ပိုမိုကောင်းမွန်သည့်အခြေအနေကို ရရှိလေ ဖြစ်ပေလိမ့်မည်။

ဝူထုန်တောင်မှ တပည့်တစ်ယောက်က ရေရွတ်လိုက်သည်။

“ဒါက ထိုက်ချင်အဆက်အနွယ်လား ၊ ကျင်းထင်တောင်နဲ့ မြောက်ဖေးတောင်ထွတ်တို့ကလည်း ထိုက်ချင်အဆက်အနွယ်တွေပဲ မဟုတ်လား”

ကျန်းကျောင်းဟွေက ဖြည်းညင်းစွာဖြင့်...

“ငါတို့အတွက်တော့ ဒီကျောက်ဂူအိမ်တော်က သာမန်ထက်ပိုပြီး အဖိုးတန်တယ်”

သူ့ဘေးမှတစ်ယောက်က ခါးသီးစွာဖြင့်...

“တစ်နေ့မှာ ငါတို့တွေ ကျင်းထင်တောင်ကို ဖျက်ဆီးပစ်မယ်”

“ကျင်းထင်တောင်အပြင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ ငါတို့အရမ်းမုန်းတဲ့ တခြားအင်အားစုတွေလည်း ရှိသေးတယ်”

“အထူးသဖြင့် အောက်ဘုံကမ္ဘာကတက်လာတဲ့ ဝါဒတောင်က တာအိုဝါဒရဲ့ အရှေ့တောင်ထွတ် အမည်ကို တကယ်ခံယူထိုက်လို့လား”

ဝူထုန်တောင်စောင်းမှတပည့်က...

“ဒီဝါဒတောင်က မြောက်ဖေးတောင်ထွတ်နဲ့ ကျင်းထင်တောင်က ကာကွယ်ပေးနေလို့ ဒီနေ့အထိ အသက်ရှင်နေတာပါ ၊ ဒါပေမဲ့ နားထဲမှာဝီနေတဲ့ခြင်လိုပဲ အတော်အနှောင့်အယှက်ပေးတယ် ၊ ငါတို့ရဲ့ အရေးကြီးကိစ္စတွေကိုလည်း အချိန်နဲ့အမျှဖျက်ဆီးနေတဲ့အပြင် ငါတို့တပည့်တွေကိုတောင် သတ်ရဲတဲ့အထိ အတင့်ရဲနေကြတာ ၊ သူတို့အပေါ်ထားတဲ့ ငါတို့အမုန်းတရားက ဘယ်တော့မှပြေပျောက်နိုင်မှာ မဟုတ်ဘူး”

ထိုစကားကိုကြားတော့ ကျွမ်းကျောင်းဟွေ၏မျက်ဝန်းများက ပိုမိုအေးစက်သွားသည်။

“ကျင်းထင်တောင်ကို ဖျက်ဆီးဖို့ဆိုတာတော့ သိပ်မလွယ်လှဘူး ၊ သူတို့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ပြီး ဇာမဏီအရိုး လွှဲပြောင်းပေးဖို့ အကျပ်ကိုင်နိုင်ရင် အောင်မြင်တယ်လို့ ယူဆလို့ရပြီ”

“အဲဒီအချိန်ကျရင် မြောက်ဖေးတောင်ထွတ်နဲ့ ကျင်းထင်တောင်က သူတို့ဘက်ကို မရပ်တည်ပေးနိုင်တော့ဘူးဆိုရင် ဝါဒတောင်ကို လွယ်လွယ်နဲ့ ချေမှုန်းနိုင်လိမ့်မယ်”

ကျွမ်းကျောင်းဟွေက ဖခင်ဖြစ်သူနှင့် ပြောဆိုခဲ့သောစကားများကို ပြန်လည်သတိရမိသည်။

“ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းက သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီလား...”

ထိုအတွေးက ကျွမ်းကျောင်းဟွေကို အတော်လေး စိတ်မချမ်းမသာ ခံစားရစေသည်။

ဖခင်ဖြစ်သူ ကျွမ်းရှန်က ထိုစကားကိုပြောနေစဉ် အတော်လေး တည်ငြိမ်နေခဲ့သည်။

“ရန်ကျောက်ကဲကို သတ်ပြီး ဝါဒတောင်ကို ချေမှုန်းတာ ကောင်းပါတယ် ၊ ဒါပေမဲ့ အဲဒီအမတ မှော်ဝင်ပစ္စည်းကိုတော့ လုံးဝမယူပါနဲ့ ၊ ဒါပေမဲ့ ဝါဒတောင်ထက်အရင် ငါတို့ရင်ဆိုင်ဖြေရှင်းရမယ့် အဓိကပြဿနာက ကျင်းထင်တောင်နဲ့ မြောက်ဖေးတောင်ထွတ်ပဲ”

ကျွမ်းကျောင်းဟွေ သတိပြန်ဝင်လာပြီး သူ့အရှေ့မှ ကျုန်းယွမ်ကျောင်းတော်ကို လေးနက်စွာဖြင့် ကြည့်လိုက်သည်။

ထိုအချိန် ဝူထုန်တောင်မှ တပည့်တစ်ယောက်က ရေရွတ်လိုက်သည်။

“ဒီဖူချန်နှင်တံအကျိုးက အကြောင်းပြချက်မရှိဘဲ ငါတို့လက်ထဲကိုရောက်လာပြီး ဒီအထဲကို ဝင်လို့ရအောင် ကူညီပေးခဲ့တယ် ၊ ဒါပေမယ့် ဘယ်သူက လုပ်လိုက်တာလဲဆိုတာ ငါတို့မသိဘူး”

ကျွမ်းကျောင်းဟွေဘေးနားတွင် ရှိနေသည့် လူရွယ်က ဝူထုန်တောင်စောင်းမှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်ပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏ ဂိုဏ်းတူညီ ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က ကျွမ်းကျောင်းဟွေထက်ပင် မြင့်မားသည်။

သူက အေးဆေးစွာဖြင့်...

“ငါတို့တွေ ပိုပြီးသတိထားရမယ် ၊ အကြောင်းမရှိဘဲ ပြဿနာမရှာမိစေနဲ့”

ကျွမ်းကျောင်းဟွေက...

“ဟုတ်ကဲ့ပါ ဆရာဦးလေး”

ထို့နောက် လူရွယ်နှင့် ကျန်းကျောင်းဟွာတို့က ဦးဆောင်ထွက်ခွာသွားကြပြီး အခြားတပည့်များက နောက်မှလိုက်ပါသွားကြသည်။

ထိုခဏတွင် ကြောက်မက်ဖွယ်ကောင်းသော အဝါရောင်သဲလုံးများ ရုတ်ခြည်းမြင့်တက် ထွက်ပေါ်လာလေသည်။

မရဏမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး ခန်းမအတွင်းဝင်ရောက်သွားသော ဝူထုတ်တောင်စောင်းမှ လူများအားလုံးကို ဝါးမျိုသွားခဲ့သည်။

ရှေးဟောင်းကျောက်ဂူအိမ်တော်များကို စူးစမ်းလေ့လာသည့်အခါတိုင်း မူလပိုင်ရှင် ချန်ထားခဲ့လေ့ရှိသော အရံအတားများကို ကြုံတွေ့ရသည်မှာ ပုံမှန်ပင် ဖြစ်၏။

သို့ပေသိ ဤနေရာမှ အရံအတားကတော့ အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်သည်။

သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော လူရွယ်က ကောင်းမြတ်ခြင်း မြေကြီး သမာဓိ မီးတောက်နှင့် ခရမ်းရောင်သမာဓိမီးတောက်တို့ကို တစ်ပြိုင်တည်း ထုတ်ဖော်ကာ ကာကွယ်လိုက်သည့်တိုင် အနည်းငယ်မျှသာ ခံနိုင်ရည်ရှိခဲ့သည်။

ကံကောင်းစွာပင် သူနှင့်အတူယူဆောင်လာသည့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ဇာမဏီအစစ်အှန်ကျမ်းစာမှ သမာဓိမီးတောက် (၅)မျိုး၏ အနှစ်သာရကို စုစည်းထားသည့် ချပ်ဝတ်တစ်စုံ ဖြစ်လေသည်။ ထို့ကြောင့်ပင် အခြေအနေကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

သို့သော် ရှေ့သို့ ခြေတစ်လှမ်းတိုးရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်ရလျက် ရှိ၏။

ကျွမ်းကျောင်းဟွေမှာ ကျင့်ကြံခြင်းအဆင့် အားကောင်းသည့်တိုင် ကျရှုံးလုနီးပါး ဖြစ်ရသည်။

ကြောက်မက်ဖွယ်ရာ အဝါရောင်သဲမုန်တိုင်း၏ အဖျက်စွမ်းအားက သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှသည်။

သို့ဖြစ်ရာ ကျွမ်းကျောင်းဟွေမှာ ရိုက်ချခံရလုနီးပါး ဖြစ်သွားသည်။

သူ၏ အဆင့်မြင့် အထွတ်ထိပ် မှော်ဝင်ပစ္စည်းဖြစ်သော ‘မီးလျှံဇာမဏီလေးညှို့’ မှာ တိုက်စစ်သာရရှိပြီး ခံစစ်အသုံးမဝင်သည့်အတွက် သူ့ကိုယ်သူသာ အားကိုးရမည် ဖြစ်သည်။

သဲမုန်တိုင်းများက ကောင်းမြတ်ခြင်း မြေကြီးသမာဓိမီးတောက်ကို ထိုးဖောက်ဝင်ရောက်ပြီး ခရမ်းရောင်သမာဓိမီးတောက်မှာလည်း အက်ကွဲသွားလေရာ ကျွမ်းကျောင်းဟွေမှာ ပွဲချင်းပြီး သေလုမတတ် ဖြစ်သွားရသည်။

နောက်ဆုံးတော့ သူ၏ခန္ဓာကိုယ်တွင် ရုတ်တရက် မီးတောက်မီးလျှံများထွက်ပေါ်လာပြီး စက်ဝိုင်းပုံအကာအကွယ်များ ဖြစ်ပေါ်လာကာ သူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။

ဤသည်က ကျန်း‌ကျောင်းဟွေ၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သော ရတနာပစ္စည်းဖြစ်ပြီး နောက်ဆုံးအချိန်တွင် အသက်ကယ်တင်ရန် တတ်နိုင်သည်။

သို့သော် တစ်ကြိမ်အသုံးပြုပြီးသည်နှင့် ကုန်ခမ်းသွားပေမည်။

ကျွမ်းကျောင်းဟွေမှာ ဤနေရာမှ အရံအတားများ အားကောင်းနိုင်သည်ဟု မှန်းဆထားသော်လည်း တံခါးအတွင်းသို့ဝင်လိုက်သည်နှင့် သေခြင်းတရားမှ သီသီလေး လွတ်မြောက်သည်အထိ ဖြစ်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အခြားသော ဝူထုန်တောင်စောင်းမှ တပည့်များက အခြေအနေစိုးရွားလှသည်။

သို့သော် သူတို့ကိုခေါင်းဆောင်လာသည့် ကျွမ်းကျောင်းဟွေနှင့် လူရွယ်အမျိုးသားတို့ကြောင့် အသက်ပျောက်သွားခြင်းတော့ မရှိကြသေးပေ။

သက်လတ်ပိုင်း အမျိုးသားက မျက်မှောင်ကြုတ်ရင်း...

"မမျှော်လင့်ဘဲ အတော်အန္တရာယ်များတယ် ၊ မင်းတို့တွေ ထွက်သွားကြ ၊ ငါ တစ်ယောက်တည်း ဝင်ကြည့်စမ်းမယ်”

သူ့စကားမဆုံးခင်မှာပင် သဲမုန်တိုင်းများကြားမှ နောက်ထပ်ဆူညံသံများ ထွက်ပေါ်လာလေသည်။

ထိုအသံက တဟုန်းဟုန်း တောက်လောင်နေသည့် မြစ်တစ်စင်း၏ ကြုံးဝါးသံ ဖြစ်လေ၏။

All Chapters