← Chapters

သေလောက်အောင်ဒေါသထွက်နေသည့် ’ဇာမဏီမင်းသား’

Vol. 68 Ch. 952

သေလောက်အောင်ဒေါသထွက်နေသည့် ’ဇာမဏီမင်းသား’

Vol. 68 Ch. 952

အခန်း (၉၅၂) သေလောက်အောင်ဒေါသထွက်နေသည့် ’ဇာမဏီမင်းသား’

တဟုန်းဟုန်းအော်ြမည်သံများနှင့်အတူ တဟုန်ထိုးမြင့်တက်လာသော မြစ်ရေက ဤနေရာ၏ ဒုတိယမြောက် အရံအတားကပ်ဘေး ဖြစ်သည်။

ထိုမြစ်ရေက ထျန်းဟယ်မြစ်ကဲ့သို့ပင် နာမည်ကျော်ကြားသည့် ရှန်ဟယ်မြစ် သို့မဟုတ် လေးလံမြစ်‌ရေ ဖြစ်သည်။

အရံအတားများကို ဖြတ်ကျော်ကာ တာအိုကျောင်းတော်ခန်းမကြီးအတွင်း ဝင်ရောက်ပြီးနောက် ရန်ကျောက်ကဲက အဝါရောင်ပိတ်စထက်မှ အစီအရင်ကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့သည်။ ထို့နောက် သူ အလွန်ကံကောင်းသည်ဟု ခံစားခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် သူ ဝင်ရောက်သည့်အချိန်တွင် အစီအရင်ကို ထိန်းချုပ်ကိုင်တွယ်သူ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။

ထို့ကြောင့် သဲမုန်တိုင်း ၊ လေးလံမြစ်ရေနှင့် မီးလျှံကြာပန်းများက သူသွားမည့်လမ်းကို တစ်ခုပြီးတစ်ခုသာလျှင် ပိတ်ဆို့ခဲ့ကြသည်။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ထိုအရံအတားများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားရန်သာ လိုအပ်ခဲ့သည်။

ဒါတောင်မှ သူ့အတွက် လွယ်ကူခဲ့သည် မဟုတ်ပေ။

တစ်စုံတစ်ယောက်ကသာ အရံအတားအစီအရင်ကို ထိန်းချုပ်နေမည်ဆိုပါက ထို ကပ်ဘေး (၃)ခုမှ (၂)ခု ၊ သို့မဟုတ် ကပ်ဘေး (၃)ခုလုံး တစ်ပြိုင်တည်း ထုတ်လွှတ်တိုက်ခိုက်နိုင်မည် ဖြစ်၏။

ယခု ရန်ကျောက်ကဲ ညွှန်ကြားသည့်အတိုင်း အားဟူက အရှေ့ခန်းမကို စောင့်ကြပ်နေပြီး အရံအတားအစီအရင်ကို ထိန်းချုပ်လျှက် ရှိသည်။

တစ်စုံတစ်ယောက် ရောက်ရှိလာကြောင်း ထောက်လှမ်းသိရှိလိုက်သည်နှင့် စေ့စေ့စပ်စပ်ရှိသော အားဟူက အခြားအရံအတားများကို ထိန်းသိမ်းထားပြီး ပထမကပ်ဘေးဖြစ်သည့် သဲမုန်တိုင်းကိုသာ တိုက်ခတ်စေလိုက်သည်။

အကယ်၍ ဤအရံအတားများအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သဖြင့် ကုန်ဆုံးသွားပါက ပြန်လည်ရယူရန် အချိန်တစ်ခု လိုအပ်မည်ဖြစ်သည်။

ရန်သူက အသေခံတပ်သားများကို အရင်စေလွှတ်လိုက်ပါက အရံအတား၏စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်လျှင် အလဟဿ ဖြုန်းတီးသလိုဖြစ်သွားမည်မှာ သေချာပေါသည်။

သို့သော် တစ်ဖက်လူက ပထမကပ်ဘေးကို အောင်မြင်စွာကျော်ဖြတ်လိုက်သည့်အခါ ယခုရောက်ရှိလာသူသည် အသေခံတပ်သားမဟုတ်ကြောင်း အားဟူ သဘောပေါက်သွားသည်။

ပထမဆုံးကပ်ဘေးက ရွှေရောင်သဲမုန်တိုင်းများတိုက်ခိုက်ခြင်းဖြစ်ပြီး ထိုသဲမုန်တိုင်းများက သိုင်းသူတော်စင် နဝမအဆင့်နှင့်ညီမျှသော အဖျက်စွမ်းအားကို ပိုင်ဆိုင်သည်။

ဤသို့သောကပ်ဘေးမျိုးကို အောင်မြင်စွာဖြတ်ကျော်နိုင်သည်ကို ကြည့်လျှင် ရန်သူက ရိုးရှင်းခြင်း မရှိကြောင်း ပြသနေသည်။

အားဟူက တစ်ချက်ပြုံးလိုက်ပြီး ကျန်ရှိသော အရံအတား (၂)ခုကို တစ်ပြိုင်တည်းထုတ်လွှတ်လိုက်၏။

တိုက်ခတ်နေသည့် သဲမုန်တိုင်းများသာမက လေးလံမြစ်ရေများ ၊ တဟုန်းဟုန်း တောက်လောင်နေသည့် မီးလျှံကြာပန်းများက ရောက်လာသူများဆီသို့ ကြောက်မက်ဖွယ်ရာ ဝင်ရောက်သွားကြသည်။

ထို့ပြင် လေထဲတွင်လွင့်မျောနေသည့် ရွှေရောင်ကြာပန်းများစွာကလည်း ဝူထုန်တောင်စောင်းမှ တပည့်များကို ဝိုင်းရံထားသည်။

ဝူထုန်တောင်မှလူများ ပြန်လည်ဆုတ်ခွာရန်ဟန်ပြင်လိုက်သော်လည်း ဆုတ်ခွာနိုင်ခြင်း မရှိတော့ပေ။

သဲမုန်တိုင်း တိုက်ခတ်မှုကြောင့် ခေါင်းများ မူးဝေနေကြစဉ် လေးလံမြစ်ရေနှင့် ရွှေရောင်မီးလျှံကြာပန်းများက တစ်ဟုန်ထိုး ဝင်ရောက်လာသည်ကိုတွေ့ရသည်။

ကျွမ်းကျောင်းဟွေနှင့် အခြားသော သိုင်းကျင့်ကြံသူများအတွက် ‘မရဏသမာဓိမီးတောက်’ ကိုအသာထား သမာဓိမီးတောက် (၅)မျိုးလုံး ပိုင်ဆိုင်ထားလျှင်ပင် အန္တရယ်ကင်းရန် အာမခံနိုင်မည် မဟုတ်ပေ။

တောက်လောင်နေသောကြာပန်းများ ပေါက်ကွဲထွက်သွားပြီး အဆုံးမရှိသော မီးလျှံပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ သို့သော် လေးလံမြစ်ရေက ထိုမီးတောက်များကို ငြိမ်းသတ်စေခြင်းမရှိဘဲ အချင်းချင်း သဟဇာတဖြစ်လျက် ရှိ၏။

လေးလံမြစ်ရေနှင့် ကြာပန်းမီးလျှံများက အကြင်နာတရားလုံးဝမရှိဘဲ ကျွမ်းကျောင်းဟွေနှင့် အခြားသူများထံ အဆက်မပြတ် ဝင်ရောက်လာသည်။

သဲမုန်တိုင်းများမှာလည်း တိုက်ခတ်နေသေးသည်ဖြစ်ရာ သူတို့ရင်ဆိုင်ရသည့် အခြေအနေက အလွန်တရာ ကြောက်မက်ဖွယ်ရာပင်။

ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ မရဏသမာဓိမီးတောက် ကျင့်ကြံထားသူများမှာလည်း သူတို့ကိုကာကွယ်ပေးထားသည့် အဖြူရောင်မီးတောက် လွင့်စဉ်ပျောက်ကွယ်သွားသည်ကို ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်နေကြရသည်။

အခြေအနေအရ သူတို့အသက်ရှင်သန်ရန် မဖြစ်နိုင်တော့လေရာ ဆုံးခန်းတိုင်ရတော့မည်ဟုသာ ဆိုနိုင်ပေသည်။

ကျွမ်းကျောင်းဟွေနှင့် အမတကူးပြောင်းခြင်း အဆင့်ရှိသော လူရွယ်သည်ပင် ဤသို့သောအခြေအနေတွင် ခက်ခက်ခဲခဲ ဖိအားပေးခံနေရသည်။

ကြောက်မက်ဖွယ်ရာ သဲမုန်တိုင်းက အရှိန်အဟုန်ဖြင့် ဖြတ်ကျော်သွားပြီး အရိုးအသား အလောင်းများ ဘာတစ်ခုမှ မကျန်ရစ်အောင် ပြင်းထန်လွန်းသည်။

သဲမုန်တိုင်း တဖြည်းဖြည်း မှိန်ဖျော့သွားချိန် လေးလံမြစ်ရေနှင့် မီးလျှံကြာပန်းများက လေထဲတွင် ပျံဝဲထွက်ပေါ်လာသည်။

ထိုအချိန် ကြီးမားသော ရွှေရောင်ကျီးကန်းတစ်ကောင်ပုံသဏ္ဌာန်ဖြင့် လူအချို့ တာအိုကျောင်းတော်အတွင်းသို့ ဝင်ရောက်လာကြသည်။

ထိုသူများက တောင်ခြေတွင် အရံအင်အားအဖြစ်ကျန်ရစ်ခဲ့ကြသော သုံးပေ‌တောင်မှ သိုင်းသမားများဖြစ်ပြီး ကျွမ်း‌ကျောင်းဟွေ ဤနေရာသို့ဝင်ရောက်နိုင်ရန် ဖူချန်နှင်တံအကျိုးအား ရေကန်ထဲချပေးပြီး ကူညီခဲ့သူများ ဖြစ်၏။

သူတို့အထဲဝင်လာသည်နှင့် အရံအတား၏တိုက်ခိုက်မှုကို ခံစားလိုက်ကြရသည်။

ဤနေရာမှ အစီအရင်ကို တစ်စုံတစ်ယောက်က ချိုးဖျက်ပြီးဖြစ်နိုင်လေရာ အဘယ့်ကြောင့် ယခု အစီအရင်က ပိုမိုပြင်းထန်လာရပါသနည်း။

နောက်မှရောက်လာသော သုံးပေတောင်သိုင်းသမားများ နားမလည်နိုင်ဖြစ်သွားပြီး ခါးသက်စွာ ခံစားလိုက်ကြရသည်။

“ဒီအရံအတား (၃)ခုက တစ်ခုပြီးတစ်ခု လာရမှာမဟုတ်ဘူးလား ၊ အခု ဘာလို့ အားလုံး တပြိုင်တည်း တိုက်ခိုက်ရတာလဲ”

“ဝူထုန်တောင်စောင်းက လူတွေ အကုန်သေကုန်ပြီလား”

သူတို့ စဉ်းစားနေစဉ်မှာပင် လေထုထဲတွင် မီးလျှံစက်ဝန်း (၂)ခု ထွက်ပေါ်လာသည်။

ထိုမီးလျှံစက်ဝန်းက ပူလောင်ခြင်းမရှိသလို ပြင်းထန်ခြင်းလည်းမရှိဘဲ အသက်ဓာတ်စွမ်းအားများကိုသာ ထုတ်လွှတ်ပေးနေသည်။

မီးလျှံစက်ဝန်းထဲတွင်တော့ အတောင်ပံဖြန့်ထားသော ရောင်စုံဇာမဏီငှက်တစ်ကောင်စီ တွေ့မြင်နေရသည်။

ထိုမီးလျှံများက ပုံရိပ်ယောင်ပမာဖြစ်ပြီး တဖြည်းဖြည်းအသွင်သဏ္ဌာန်ထင်ရှားလာကာ ရောင်ဝါများထွက်ပေါ်လာသည်။ ကျန်ရှိနေသည့် လေးလံမြစ်ရေနှင့် ရွှေရောင်မီးလျှံကြာပန်းများက သူတို့ကို မတိုက်ခိုက်ဝံ့သည့်အလား ခဏမျှ ရပ်တန့်သွား၏။

ဒါကိုမြင်တော့ သုံးပေတောင်မှလူများ သဘောပေါက်သွားကြသည်။

“ဒါက ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ ရဲ့ ပြန်လည်မွေးဖွားခြင်း နိဗ္ဗာနမီးတောက်ပဲ ၊ ဒီနေရာမှာ ဝူထုန်တောင်စောင်းက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက် ရှိနေတယ်”

မီးလျှံစက်ဝန်း (၂)ခုအတွင်းမှ ဇာမဏီ အော်မြည်သံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

နောက်ဆုံးမှာတော့ အရောင်စုံသည့် မီးလျှံဇာမဏီ (၂)ကောင် မီးလျှံအတွင်းမှ မွေးဖွားလာပြီး ပျံသန်း ထွက်ခွာလာကြသည်။

ထို မီးလျှံဇာမဏီငှက် (၂)ကောင်မှာ ကျွမ်းကျောင်းဟွေနှင့် သူ၏ဆရာဦးလေးပင် ဖြစ်၏။ သူတို့နှစ်ယောက်၏မျက်နှာများကတော့ အလွန်အရုပ်ဆိုးအကျည်းတန်လျှက် ရှိကြသည်။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များဖြစ်ကြသော သူတို့ (၂)ယောက်မှလွဲပြီး ဝူထုန်တောင်စောင်းမှ အခြားတပည့်များအားလုံး တာအိုကျောင်းတော်၏ အရံအတားအောက်တွင် သေဆုံးသွားကြပြီ ဖြစ်သည်။

သူတို့ (၂)ယောက်သည်ပင် သေလုမျောပါး ခံစားကြရပြီး ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ ၏ အံ့သြဖွယ်ရာ ပြန်လည်မွေးဖွားခြင်း နိဗ္ဗာနမီးတောက်ကြောင့်မဟုတ်ပါက ဤကြောက်မက်ဖွယ်ရာအရံအတားအောက်တွင် အသက်ဆုံးနိုင်ဖွယ် ရှိသည်။

ယခု သူတို့ (၂)ယောက် ပြန်လည်မွေးဖွားလာချိန်တွင် သူတို့၏ ရတနာများ ၊ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများအားလုံး သဲလွန်စမကျန် ပျက်ဆီးပျောက်ကွယ်သွားကြပြီ ဖြစ်၏။

“ရွှေကျီးကန်း... ရွှေကျီးကန်းမီးလျှံကျမ်းစာ... အရှေ့တောင်နေဝန်း ကောင်းကင်ပြည်နယ် ၊ သုံးပေတောင်ကလူတွေလား”

ကျွမ်းကျောင်းဟွေ အံတစ်ချက် ကြိတ်လိုက်သည်။

သူတို့ကို ဖူချန်နှင်တံအကျိုး ပေးသောသူမှာ သုံးပေတောင်မှလူများ ဖြစ်နိုင်ပြီး ထိုသူများက သူတို့အပေါ် ရည်ရွယ်ချက်ကောင်းမရှိသည်မှာ ထင်ရှားသည်။

သို့သော် လက်ရှိအချိန်က သုံးပေတောင်အတွက်လည်း အချိန်ကောင်း မဟုတ်ပေ။

ကျောက်ဂူအိမ်တော်မှ အရံအတားများက လူသားတစ်ယောက်၏စွမ်းအားမဟုတ်ဘဲ အစီအရင်တစ်ခု ဖြစ်သဖြင့် အသိဉာဏ်ရှိသည်မဟုတ်လေရာ ယခု လေးလံမြစ်ရေနှင့် မီးလျှံကြာပန်းတို့က သုံးပေတောင်မှလူများကို ဆီးကြိုနှုတ်ဆက်လိုက်သည်။

ကျွမ်းကျောင်းဟွေနှင့် သူ၏ဆရာဦးလေးတို့မှာ နိဗ္ဗာနမီးတောက်မှ ပြန်လည် မွေးဖွားလာပြီးသည့်နောက် အရံအတား၏ပစ်မှတ်ထားခြင်းကို မခံရတော့ပေ။

သို့သော် မြစ်ရေနှင့် မီးလျှံကြာပန်းများက သူတို့ပြန်လည် ဆုတ်ခွာရာလမ်းကြောင်းကို ပိတ်ဆို့ထားဆဲ ဖြစ်သည်။ ထို့ကြောင့် ကျွမ်းကျောင်းဟွေတို့ (၂)ယောက်မျာ အံတင်းတင်းကြိတ်ကာ ရှေ့သို့သာ ဆက်သွားနိုင်ကြသည်။

သူတို့ရှေ့မှမြင်ကွင်းကတော့ပြောင်းလဲသွားပြီး နောက်ဆုံး ကျုန်းယွမ်ကျောင်းတော် အရှေ့ဘက် ခန်းမဆောင်ရှိရာသို့ ရောက်ရှိလာကြသည်။

တာအိုဝါဒတည်ထောင်သူ စန်းချင်း (၃)ပါး ရုပ်တုများကိုတွေ့တော့ သူတို့နှစ်ယောက် မချိပြုံး ပြုံးလိုက်ကြသည်။

အခန်းထဲတွင် မည်သူမှမရှိသော်လည်း ခန်းမထောင့်တစ်နေရာတွင်တော့ အမွှေးတိုင်ထွန်းသည့်စားပွဲတစ်လုံး ရှိနေသည်။

ထိုစားပွဲကိုကြည့်ရင်း ကျွမ်းကျောင်းဟွေမျက်နှာ တစ်ခုလုံး ညိုမှိုင်းသွားသည်။

“လက်စသတ်တော့ ဒီနေရာမှာ ရှိနေတဲ့လူတစ်ယောက်က အစီအရင်ကို အသက်သွင်းခဲ့တာပဲ ၊ ဒီကောင် ငါ့လက်ထဲရောက်လို့ကတော့ သင်ခန်းစာကောင်းကေငာ်းပေးရမယ်”

သူ့ဘေးနားတွင်ရှိနေသည့် ဝူထုန်တောင်စောင်းမှ အကြီးအကဲ၏မျက်ဝန်းများကလည်း အေးစက်သွားပြီး...

“ဒီကောင့်နောက်ကိုလိုက်ကြတာပေါ့”

ထိုသူက ကျောက်ဂူအိမ်တော်တွင် တားမြစ်ထားသည့်အစီအရင်အရံအတားကို ကျော်လွှားပြီး ထွက်ခွာသွားနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့နှင့် ကျင့်ကြံခြင်းအဆင့်ကွာခြားနိုင်သည်ဟု တွေးမိကြသည်။

သူတို့၏ ကျင်ကြံခြင်းအဆင့်က ထိုသူနှင့်ဆာလျှင် အားနည်းနေသည့်အတွက်သာ ဤကပ်ဘေး (၃)ခုကို ရုန်းကန်ကျော်ဖြတ်ရခြင်း ဖြစ်နိုင်၏။

မည်သို့ပင်ဖြစ်စေ ဝူထုန်တောင်တောင်စောင့်မှ လူ (၂)ယောက်ကတော့ အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ဤအခြေအနေအထိ ဖြစ်လာပြီးမှတော့ သူတို့တွင် နောက်ပြန်ဆုတ်ရန် နည်းလမ်းမရှိဘဲ ရှေ့ဆက်သွားရန်သာ တတ်နိုင်သည်။ မဟုတ်ပါက သူတို့ဂိုဏ်းမှ တပည့်များစွာ အသက်ပေးခဲ့ရသည်မှာ အချည်းနှီး ဖြစ်ရပေမည်။

ကျွမ်းကျောင်းဟွေတို့ (၂)ယောက် ဒေါသတကြီးဖြင့်ပင် အနောက်ခန်းမဆီသို့ ပြေးဝင်သွားကြသည်။

သို့ပေသိ...

အနောက်ခန်းမထဲတွင်ရှိနေသော ရုပ်တုကိုတွေ့မြင်လိုက်ရသည့်အခါ သူတို့ (၂)ယောက်လုံး အံ့အားသင့်သွားကြသည်။

“လင်ပေါင်ထျန်းကျွင်း...”

ကျွမ်းကျောင်းဟွေမှာ ဦးခေါင်းထက် မိုးကြိုးပစ်ချလိုက်သည့်ပမာ ခံစားလိုက်ရသည်။

ဤနေရာသည် စန့်ချင်အဆက်အနွယ်များနှင့် သက်ဆိုင်သည့်နေရာဖြစ်ပါက ဤနေရာသို့ ဝင်ရောက်ရန်အတွက် ဤမျှ ကြိုးစားပမ်းစားအားထုတ်မည် မဟုတ်ပေ။

ဤနေရာမှ လျှို့ဝှက်ပညာရပ်များ ရရှိခဲ့ဦးတော့ အထက်ဘုံကမ္ဘာသို့ ပြန်ရောက်သည့်အခါ လူအများရှေ့တွင် ထိုပညာကို အသုံးပြုနိုင်မည် မဟုတ်ပေ။

အမှန်တော့ အကိုးအကားပြုရန်အသုံးပြုနိုင်လျှင် များစွာအကျိုးရှိနိုင်သည်မှာ သေချာသည်။ ရန်သူများကို သတ်ဖြတ်ရန် လူသတ်ဝှက်ဖဲအဖြစ် အသုံးပြုနိုင်သည် မဟုတ်ပါလား။

သို့သော် အဓိကပြဿနာမှာ ဤအရာသည် သူတို့ အရေးတကြီးလိုအပ်သော အရာမဟုတ်သဖြင့် ဤနေရာသို့ရောက်ရှိရန်အတွက် တပည့်များစွာ အသက်ပေးရသည်မှာ မတန်လှပေ။

ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းအတွက် ဤ စန့်ချင်အဆက်အနွယ် ပညာရပ် ဆိုသည်က အရသာမရှိသောအစားအသောက်သာ ဖြစ်ပြီး တွေးတောနေစရာပင်မလိုဘဲ စွန့်ပစ်လိုက်နိုင်သည်။

ကျွမ်းကျောင်းဟွေတို့ (၂)ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ထိုခဏတွင် သူတို့ခံစားနေရသည့် ဒေါသတရားများပင် ပြေပျောက်သွားပြီး စိတ်ဓာတ်ကျခြင်းနှင့် စိတ်မသက်မသာခံစားရခြင်းများ ဖြစ်ပေါ်လာလေတော့သည်။

All Chapters