← Chapters

ဇာမဏီငှက်ကိုဖျက်ဆီးခြင်း

Vol. 68 Ch. 956

ဇာမဏီငှက်ကိုဖျက်ဆီးခြင်း

Vol. 68 Ch. 956

အခန်း (၉၅၆) ဇာမဏီငှက်ကိုဖျက်ဆီးခြင်း

ရန်ကျောက်ကဲ၏မေးခွန်းကိုကြားသည့်အခါ ကျွမ်းကျောင်းဟွေ သိသိသာသာ မှင်တက်သွားသည်။ သတိပြန်ဝင်လာသည့်အခါ မည်သို့မှမတတ်နိုင်စွာ သူ၏အမူအရာက အနည်းငယ် ထူးဆန်းနေသည်။

ရန်ကျောက်ကဲကို ခဏမျှကြည့်ပြီးနောက် ကျွမ်းကျောင်းဟွေက ဒေါသထွက်သည်လည်း မဟုတ် ၊ မထွက်သည်လည်းမဟုတ် ၊ ပြုံးသည်လည်းမဟုတ် ၊ မပြုံးသည်လည်း မဟုတ် မျက်နှာထားဖြင့်...

“ငါသိပါတယ် ၊ မန်ဝမ်နဲ့မင်းနဲ့က အောက်ဘုံကမ္ဘာမှာ အတူတူမွေးဖွားလာခဲ့တာ ၊ သူကြီးပြင်းလာတဲ့ အောက်ဘုံကမ္ဘာကသိုင်းဂိုဏ်းကိုလည်း မင်းတို့ဝါဒတောင်က ဖျက်ဆီးပစ်လိုက်ပြီ မဟုတ်လား”

“သူ့အဖေက ဘယ်သူလဲ... သူ့အဖေက ဘယ်သူလဲ... ဟား... သူ့အဖေကဘယ်သူလဲ”

ကျွမ်းကျောင်းဟွေ ရုတ်တရက် ရယ်မောလိုက်သည်။

“မင်း မသိချင်ပါနဲ့... ဒါပေမဲ့ မင်းမကြာခင်သိရတော့မှာပါ”

အရူးတစ်ယောက်ပမာ သူကပြုံးရင်း...

“မကြာခင်ပေါ့ကွာ...”

ထို့နောက် ကျွမ်းကျောင်းဟွေက ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်ပြီး...

“ဘယ်သူလဲဆိုတာသာ သိသွားရင် မင်းရဲ့ မျက်နှာအမူအရာ ဘယ်လိုဖြစ်သွားမလဲ မြင်ချင်မိတယ် ၊ ဒါပေမဲ့ မင်းအတွက် ဝမ်းသာစရာ ကိစ္စတစ်ခုတော့ မဟုတ်ဘူး”

“အိုး...”

ထိုစကားကြားတော့ ရန်ကျောက်ကဲက ဒေါသထွက်ခြင်း မရှိပေ။

“ဒါဆို ငါတော့ နောင်တတွေရင်မှာပိုက်ပြီး သေရတော့မှာပေါ့”

ပြောပြီးသည်နှင့် သူက လက်ကိုဆန့်တန်းလျှက် မီးတောက်ကို လှမ်းယူ ဆုပ်ကိုင်လိုက်ပြီး လက်ငါးချောင်းအသုံးပြုကာ မီးလျှံများကို အပိုင်းပိုင်းဖြစ်အောင် ကြိတ်ချေပစ်လိုက်သည်။

ကျွမ်းကျောင်းဟွေ၏မျက်နှာက မီးတောက်မီးလျှံများအလယ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ရန်ကျောက်ကဲ... ငါမင်းကို ငရဲမှာစောင့်နေမယ် ၊ အဲဒီနေ့ သိပ်မလိုတော့ဘူး ၊ မကြာတော့ဘူး... လုံးဝ မကြာတော့ဘူး”

သေလုဆဲဆဲဖြစ်သည့်တိုင် သူ၏ကြုံးဝါးသံတွင် အနိုင်ရသည့် အငွေ့အသက်များ ထင်ဟပ်နေသေးသည်။

“မင်း မပြောပေမယ့် မင်းစကားတွေကနေတစ်ဆင့် မန်ဝမ် အန္တရာယ်ကင်းတယ်ဆိုတာ ငါသိလိုက်ပါပြီ”

ရန်ကျောက်ကဲက နှုတ်ခမ်းများကိုတွန့်ကွေးရင်း...

“ဒီလောက်သိရရင် ကျေနပ်ပါပြီ”

ကျွမ်းကျောင်းဟွေက စူးရှစွာ အော်ဟစ်လိုက်သည်။

“’ရန်’ မျိုးနွယ်ကောင်... မင်းဘယ်လိုသေမလဲဆိုတာ ငါမြင်ချင်လိုက်တာ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“အဲဒါက မင်းစိတ်ပူရမယ့်ကိစ္စမဟုတ်ပါဘူး”

ထို့နောက် သူက မီးတောက်ကိုလုံးဝငြိမ်းသတ်ပစ်ရန် သူ၏လက်ငါးချောင်းဖြင့် ဖမ်းဆုပ်လိုက်သည်။

ထိုခဏတွင် အသက်ဓာတ်စွမ်းအားများ ချုပ်ငြိမ်းသွားပြီး ကျွမ်းကျောင်းဟွေ၏အသက်ဓာတ်စွမ်းအားက ငြိမ်းသတ်သွားသည်။

ရန်ကျောက်ကဲက ကျောက်စိမ်းအင်းချပ်ကို ထုတ်ယူပြီး ထိုအရာကို ကြည့်လိုက်သည်။

“အထူးနည်းလမ်းနဲ့ အသက်ဓာတ်စွမ်းအားမြင့်မားအောင် ကျင့်ကြံထားတဲ့ သိုင်းကျင့်ကြံသူတွေကိုသတ်ဖြတ်ရတာ အတော်လေးဒုက္ခရောက်တာပဲ”

ယခုတစ်ကြိမ်မှာတော့ ကျောက်စိမ်းအင်းချပ်က မည်သို့မှမတုံ့ပြန်ခဲ့ပေ။

ကျွမ်းကျောင်းဟွေက သူ၏ဖခင် ကျွမ်းရှန် သူ့အတွက်ပေးအပ်ခဲ့သော နိဗ္ဗာနမီးတောက် ယန္တရားကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

သို့တိုင် ကျွမ်းကျောင်းဟွေ မည်မျှစွမ်းအား ကြီးမားစေကာမူ ယခုတစ်ကြိမ်မှာတော့ သေချာပေါက် ယမမင်းနှင့် သွားားရောက်တွေ့ဆုံရပေတော့မည်။

ကျွမ်းကျောင်းဟွေ ဤနေရာတွင် သတ်ဖြတ်ခံရပြီးနောက် ရန်ကျောက်ကဲ ၊ ဝါဒတောင်နှင့် တောင်ပိုင်း ထပ်တန်းအရှင်သခင် ကျွမ်းရှန်တို့ကြားအမုန်းတရားက အဆင့်အသစ်တစ်ခုသို့ မြင့်တက်သွားပြီဖြစ်သည်။

ရန်ကျောက်ကဲကတော့ တည်ငြိမ်လျက်ရှိပြီး ဝမ်းသာဝမ်းနည်းခံစားချက်များ သူ့မျက်နှာတွင်တွေ့မြင်ရခြင်း မရှိပေ။

သူက ထူးကဲယန်စည်းတံဆိပ်နှင့် ကျောက်စိမ်းအင်းချပ်ကို သိမ်းဆည်းလိုက်ပြီး အားဟူနှင်ပန်ပန်ကိုလှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

“ဒီ ကျုန်းယွမ်ကျောင်းတော်ကို နောက်ဆုံတစ်ကြိမ်ရှာဖွေပြီးရင် ငါတို့တွေ သွားကြမယ်”

ကျွမ်းကျောင်းဟွေတို့ (၂)ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်သည့်အချိန်ကာလက တိုတောင်းသော်လည်း တိုက်ပွဲမှထွက်ပေါ်လာသည့် စွမ်းအားလှိုင်းလုံးများက နည်းပါးခြင်း မရှိပေ။

ထို့ကြောင့် တိုက်ပွဲသက်ရောက်မှုက ကျုန်းယွမ်ကျောင်းတောင်တစ်ခုလုံးအား သက်ရောက်ခဲ့ပြီး ပြိုကျလုနီးပါး ဖြစ်လာခဲ့သည်။ တကယ်တော့ ဤနေရာက နှစ်ပေါင်းများစွာ စွန့်ပစ်ခံခဲ့ရသည်ဖြစ်ရာ နဂိုကပင် ယိုယွင်းပျက်ဆီးနေခဲ့ပေပြီ။

ကျောင်းတော်ထဲတွင် သိမ်းဆည်းထားသော ရတနာပစ္စည်းများနှင့် ဆေးဝါးများစွာ ရှိနေသေးသည်။

သို့သော် မဟာကပ်ဘေးကြီး ဒဏ်ကိုခံစားခဲ့ရပြီး နှစ်ပေါင်းများစွာလည်း ကြာမြင့်ခဲ့ပြီဖြစ်ရာ သိမ်းဆည်းထားသော ပစ္စည်းအများစုသည်လည်း ပျက်ဆီးယိုယွင်းနေခဲ့ပြေီ။

သို့တိုင် အကောင်းတိုင်းကျန်ရှိသော ရတနာပစ္စည်းများစွာလည်း ရှိနေပါသေးသည်။

အချို့ပစ္စည်းများကတော့ လူအများစုအမြင်တွင် သာမန်မျှသာဖြစ်ပြီး တန်ဖိုးအကန့်အသတ် ရှိသော်လည်း ရန်ကျောက်ကဲအတွက်တော့ ဤပစ္စည်းများကို ရတနာပစ္စည်းအဖြစ် ပြောင်းလဲပေးရန် နည်းလမ်းများရှိနေသည်။

ဤနေရာတွင်ကျန်ရှိသည့် စိတ်ဝင်စားဖွယ်ရတနာပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ရန်ကျောက်ကဲ ၊ အားဟူနှင့် ပန်ပန်တို့ ပင်မခန်းဆောင်ဆီသို့ ပြန်လည်ထွက်ခွာလာသည်။

တာအိုဝါဒတည်ထောင်သူ စန်းချင်း (၃)ပါး ရုပ်တုများကို ထပ်မံဂါရဝပြုပြီးသည့်နောက် အမွှေးတိုင်ထွန်းသည့် စားပွဲထက်မှ အဝါရောင်ပိတ်စတွင် သစ်ကြံပိုးခေါက်ဖြင့်ရေးသားထားသော အစီအရင်သင်္ကေတများကို ကြည့်လိုက်သည်။

“အိုး... ဒီကောင်တွေ ထွက်သွားကြပြီပဲ”

ဝူထုန်တောင်စောင်းမှလူများက ကျုန်းယွမ်ကျောင်းတော်အရံအတားဖြစ်သည့် ကပ်ဘေး (၃)ခုကို ဖြတ်ကျော်နေကြစဉ် ဒုတိယအုပ်စုဖြစ်သော သုံးပေတောင်မှလူများက ကျောင်းတော်အတွင်းဝင်ရောက်ရန် အခွင့်အရေးကို အသုံးချခဲ့ကြသည်။

ကပ်ဘေး (၃)ခုက ကြောက်မက်ဖွယ်ကောင်းသည့်တိုင် ဝူထုန်တောင်စောင်းမှလူများက ကြိုတင်ရင်ဆိုင်ထားပြီးဖြစ်ရာ အချိန်သိပ်မကြာခင် အရံအတားက ပြီးဆုံးသွားနိုင်သည်။

သို့သော် ကျွမ်းကျောင်းဟွေတို့နှစ်ယောက် နိဗ္ဗာနမီးတောက်ကိုအသုံးပြုကာ ကပ်ဘေး (၃)ခုကို ဖြတ်ကျော်သွားကြောင်း တွေ့မြင်ပြီးသည့်နောက် သုံးပေတောင်မှလူများ၏စိတ်ထဲ သတိပေးခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။

ဝူထုန်တောင်မှကျင့်ကြံသူများအားလုံး သေဆုံးခဲ့သည့်တိုင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်ကတော့ လွတ်မြောက်သွားသည်ဖြစ်ရာ ထိုနှစ်ယောက်က အလွန်တန်ခိုးစွမ်းအား မြင့်မားကြောင်း ခန့်မှန်းနိုင်သည်။

ထို့ပြင် ဝူထုန်တောင်မှလူများအပြင် ကျောင်းတော်ထဲသို့ရောက်နှစ့်နေသည့် နောက်ထပ်အုပ်စုတစ်စုလည်း ရှိနေသေး၏။

ထိုအုပ်စုကြောင့် သူတို့ သုံးပေတောင်သခင်အပါအဝင် ပထမအုပ်စု ဒုက္ခရောက်ခဲ့ရသည် မဟုတ်ပါလား။

သုံးပေတောင်မှ သိုင်းကျင့်ကြံသူ ဒုတိယအုပ်စုမှာ ခဏမျှတုံ့ဆိုင်းသွားပြီးနောက် အဆုံးသတ်မှာတော့ လက်လျှော့ပြီးထွက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့ကြောင့် အစီအရင်အရံအတား အင်အားနည်းသွားချိန် သူတို့က အောင်မြင်စွာ ထွက်ပြေးခဲ့ကြသည်။

ရန်ကျောက်ကဲက ပြုံးလျက် ခေါင်းခါယမ်းရင်း အားဟူနှင့်ပန်ပန်ကို ဦးဆောင်ကာ ခန်းမထဲမျ ထွက်ခွာလိုက်သည်။

ဤနေရာမှ ဝိညာဉ်စွမ်းအား စီးဆင်းမှုပြောင်းလဲသွားသည်ကို အာရုံခံမိတော့ ရန်ကျောက်ကဲ ပေါ့ပေါ့ဆဆ သ‌ဘောမထားရဲဘဲ မျက်မှောင်ကြုံ့လိုက်၏။

“တစ်ယောက်ယောက်က တခြားလမ်းကြောင်းတစ်ခုကို ဖွင့်လိုက်တယ် ၊ ကြည့်ရတာ... ကျွမ်းကျောင်းဟွေတို့က အဲဒီလမ်းကြောင်းက ဝင်လာကြတာ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့...”

ဤဖြစ်ရပ်ကြောင့် သူနှင့် သုံးပေတောင်မှလူများဝင်ခဲ့ကြသော တောရိုင်းပင်လယ်ဒေသ ဝင်ပေါက်က အလိုလို ပိတ်ဆို့သွားပြီဖြစ်ရာ ပြန်လည်ဖွင့်လှစ်ရန် ခက်ခဲပေမည်။

အဓိပ္ပါယ်ကတော့ ရန်ကျောက်ကဲ သို့မဟုတ် သုံးပေတောင်မှလူများ အထက်ဘုံကမ္ဘာသို့ ပြန်လိုလျှင် ကျွမ်းကျောင်းဟွေတို့ဝင်လာသည့် လမ်းကြောင်းအတိုင်းသာ ပြန်ထွက်နိုင်မည် ဖြစ်၏။

ထွက်ပေါက်၏အခြားတစ်ဖက်က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တွင် ဖြစ်နိုင်သည်ဟု ရန်ကျောက်ကဲ ခန့်မှန်းလိုက်သည်။

ရန်ကျောက်ကဲတို့အုပ်စု တာအိုကျောင်းတော်မှထွက်လာပြီး ဦးတည်ရာအကြမ်းဖျင်း သတ်မှတ်ပြီးနောက် ဝူထုန်တောင်စောင်းမှတပည့်များ ဝင်ရောက်လာသော ရေကန်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

ရေကန်အနားသို့ရောက်သည်နှင့် လူအချို့ကိုတွေ့လိုက်ရသည်။

သူတို့၏အဝတ်အစားနှင့် သိုင်းပညာကိုအကဲဖြတ်ကြည့်လျှင် သုံးပေတောင်မှ သိုင်းသမားများမှလွဲပြီး အခြားသူများမဟုတ်ကြောင်း တွေ့ရ၏။

ရန်ကျောက်ကဲရောက်လာသည်ကိုတွေ့သည့်အခါ သူတို့အားလုံး မျက်နှာပျက်သွားကြသည်။

တာအိုကျောင်းတော်ထဲတွင် မည်သည့်အဖြစ်အပျက်များ ဖြစ်ပွားခဲ့ကြောင်း သိရှိချင်နေကြသည်။

ရန်ကျောက်ကဲကတော့ ယဉ်ကျေးနေခြင်းမရှိဘဲ သုံးပေတောင်မှလူများထံ လျှောက်သွားလိုက်ပြီး လက်ဖဝါးကိုမြှောက်ကာ စက်ဝန်းသံသရာ ကောင်းကင်စည်းတံဆိပ်နှင့် ထိုးနှက်တိုက်ခိုက်လိုက်သည်။

“မင်း...”

သုံးပေတောင်မှ အကြီးအကဲက စကားပြောရန်ဟန်ပြင်လိုက်သော်လည်း ရန်ကျောက်ကဲ၏တိုက်ခိုက်မှုက လေပြင်းများပမာ ဝင်ရောက်လာသဖြင့် ပါးစပ်ပိတ်သွားရသည်။

သူက အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင်ဖြစ်သော်လည်း ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုခုခံနိုင်ခြင်းမရှိဘဲ သွေးများအံထွက်ကာ နောက်သို့လွင့်ထွက်သွား၏။

ရန်ကျောက်ကဲက ကောင်းကင်ပြိုကျသည့်ပမာ လက်ဝါးရိုက်ချက်ကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။

သူ၏လက်ဝါးချက်တွန်းထုတ်လိုက်သည်နှင့် ကမ္ဘာလောကတစ်ခုလုံး တုန်လှုပ်ပြီး ရေကန်အလယ်သို့ ပြိုကျသွားသည့်အလားပင်။

သုံးပေတောင်မှလူများမှာ မခုခံဝံ့ကြတော့ဘဲ ရေကန်အောက်ခြေမှ ကမ္ဘာဖြတ်လမ်းကြောင်းဆီသို့ အလျှင်အမြန်ပင် ပြေးလွှားထွက်ခွာသွားကြသည်။

သို့သော် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်အောက်တွင် လူပေါင်းများစွာအသက်ပျောက်သွားပြီး ဒဏ်ရာအပြင်းအထန်ရကာ သွေးများထွက်နေသော သိုင်းကျင့်ကြံသူ (၂)ယောက်သာ အသက်ရှင်လျှက် ကမ္ဘာဖြတ်လမ်းကြောင်းအတွင်းသို့ ပြေးဆင်းသွားနိုင်ခဲ့ကြသည်။

ရန်ကျောက်ကဲကတော့ပေါ့ပေါ့ပါးပါးပင် ပန်ပန်၏ကျောပြင်ထက်တွင် ထိုင်နေသည်။

ပန်ပန်က ခြေ (၄)ချောင်းလုံးဖွင့်ကာပြေးလွှားရင်း ကမ္ဘာဖြတ်လမ်းကြောင်းအတွင်းသို့ လိုက်ပါသွားသည်။

သုံးပေတောင်မှ အကြီးအကဲ (၂)ယောက်မှာ ဒါကိုမြင်တော့ ထိတ်လန့်တုန်လှုပ်သွားပြီး...

“ဒီလူက ရန်ကျောက်ကဲလား ၊ တကယ့်ကိုရက်စက်တာပဲ ၊ တောင်သခင်နဲ့ တခြားသူတွေလည်း သူ့လက်ချက်နဲ့သေသွားပြီထင်တယ်”

ကမ္ဘာဖြတ်လမ်းကြောင်းကိုဖြတ်သန်းပြီး တစ်ဖက်သို့ရောက်ရှိသွားတော့ သူတို့ကို ပိတ်ဆို့ထားသူများကို တွေ့ရသည်။

တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် ၊ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်းစောင်းမှ လူများဖြ်ကြ၏။

ကျွမ်းကျောင်းဟွေတို့အုပ်စု ကျောက်ဂူအိမ်တော်အတွင်းဝင်ရောက်သွားချိန် ဤလူများက ဝင်ပေါက်ကို စောင့်ကြပ်ပေးနေကြခြင်းပင်။

သုံးပေတောင်မှ အကြီးအကဲ (၂)ယောက် ထွက်လာသည်ကိုမြင်တော့ ဝူထုန်တောင်စောင်းမှတပည့်များ မျက်နှာအမူအရာ ပြောင်းလဲသွားကြ၏။

“မင်းတို့က ဘယ်သူလဲ”

“မြန်မြန်ပြေး... မြန်မြန်ပြေး”

သုံးပေတောင်မှ အကြီးအကဲ (၂)ယောက်က ပြိုင်တူအော်ဟစ်ကာ အရူးများပမာ ထွက်ပြေးသွားကြသည်။

သို့သော် သူတို့မှာ ဒဏ်ရာအပြင်းအထန်ရထားပြီး သိပ်မြန်မြန်မပြေးနိုင်သဖြင့် ဝူထုန်တောင်မှလူများ၏ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရသည်။

သုံးပေတောင်မှ အကြီးအကဲနှစ်ယောက်က သွေးရောင်လွှမ်းသော မျက်ဝန်းများဖြင့် ဝူထုန်တောင်စောင်းမှ လူများကိုကြည့်ရင်း...

“မသေချင်ရင် လမ်းဖယ်ပေးစမ်း”

ဒီစကားကြားတော့ ဝူထုန်တောင်စောင်းမှကျင့်ကြံသူများ ဒေါသထွက်သွားကြသည်။

“သောက်ကြီးသောက်ကျယ်နဲ့”

တော်ကလောင်နေသည့်မီးလျှံများက ဓားသွားအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခွင်ပြည့်လျှံသွားကာ ထိုသူ (၂)ယောက်ဆီသို့ ပျံသန်းသွားကြသည်။

သုံးပေတောင်မှအကြီးအကဲ (၂)ယောက် အော်ဟစ်ရန်ဟန်ပြင်လိုက်စဉ်...

သူတို့နောက်မှ ကြောက်မက်ဖွယ်ရာ စွမ်းအားရောင်ဝါတစ်ခုက နီးကပ်သည်ထက် နီးကပ်လာသည်ကို အာရုံခံလိုက်မိလေ၏။

All Chapters