← Chapters

စိတ်မကောင်းစရာ

Vol. 68 Ch. 959

စိတ်မကောင်းစရာ

Vol. 68 Ch. 959

အခန်း (၉၅၉) စိတ်မကောင်းစရာ

သုံးပေတောင်မှ အကြီးအကဲအတွက် သူ့အရှေ့တွင် ရင်ဆိုင်နေရသောဒုက္ခက အဆုံးဆုံးမဟုတ်သေးပေ။ သူအစိုးရိမ်ဆုံးက ရန်ကျောက်ကဲ၏ဖမ်းဆီးခြင်းခံရမည်ကို ဖြစ်သည်။

စောစောကပင် သူက အလွန်တရာစိတ်ရှုတ်ထွေးပြီး ထွက်ပြေးရန် ခွန်အားရှိသမျှ အစွမ်းကုန်အသုံးပြုခဲ့သည်။ ထို့ကြောင့် လင်ကူတောင်တန်းဒေသမှ ဖမ်းဆီးလာသည့် လူငယ်ကို မေ့လျော့သွားခဲ့သည်။

အရင်က သူတို့ သုံးပေတောင်မှ လူများက လင်ကူတောင်တန်းဒေသ ၊ ‘ရှ’ အိမ်တော်ကိုဖျက်ဆီးခဲ့ပြီး ဖူချန်နှင်တံအကျိုးကိုရယူကာ ကျုန်းယွမ် ကျောင်းတော်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။

မိုးကြိုးသံတောင်ထွတ် ၊ ‘ရှ’ အိမ်တော်တစ်ခုလုံး သုတ်သင်ရှင်းလင်းပြီးနောက် ဤလူငယ်လေး ‘ရှကွမ်း’ တစ်ယောက်သာ အသက်ရှင်လျက် အဖမ်းခံခဲ့ရသည်။

သူ့ကိုစောင့်ကြည့်ရန် အမိန့်ထုတ်ထားသော်လည်း သူက စိတ်ထဲအလေးအနက် မထားခဲ့ပေ။

မမျှော်လင့်စွာ နောက်ပိုင်းတွင် အခြေအနေများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သုံးပေတောင်မှ သိုင်းသမားများအားလုံး ကျုန်းယွမ်ကျောင်းတော်တွင် ချေမှုန်းခံရလုနီးပါး ဖြစ်ခဲ့ရပြီး သူသည်လည်း ဒဏ်ရာအပြင်းအထန်ရကာ ထွက်ပြေးခဲ့ရသည်။

ထိုအချိန် ဖမ်းဆီးထားသော ရှကွမ်းလွတ်မြောက်သွားခဲ့သည်။

သာမန်အခြေအနေဆိုလျှင် ရှကွမ်းမည်မျှပင် စွမ်းအားကြီးမားပါစေ သုံးပေတောင်မှ အကြီးအကဲအနေဖြင့် စိတ်ထဲထားမည် မဟုတ်ပေ။

တကယ်တော့ သူတို့ (၂)ယောက်ကြားမှ ကျင့်ကြံခြင်းအဆင့် ကွာဟချက်က အရမ်းကိုကြီးမားလွန်းသည် မဟုတ်လား။

သို့သော် ယခုလိုအရေးကြီးသည့်အခိုက်အတန့်မှာတော့ အသက်ကိုပင် ဆုံးရှုံရလုမတတ် ဖြစ်လာခဲ့သည်။

“ငါသာ ရန်ကျောက်ကဲကြောင့် ဒဏ်ရာမရထားရင် ဒီကောင်လေး ဒီလောက်အတင့်ရဲနိုင်မှာမဟုတ်ဘူး”

ရှကွမ်းက အချိန်အတန်ကြာတောင် တိုက်ခိုက်နေသဖြင့် သုံးပေတောင်မှ အကြီးအကဲမှာလည်း ဒေါသထွက်လာသည်။ သူက ရှကွမ်းကို အစွမ်းကုန် တိုက်ခိုက်သုတ်သင်ပြီး ထွက်ပြေးလွတ်မြောက်ရန် အာရုံစိုက်လိုက်သည်။

အနီရောင်ဝတ်လူငယ်သာ အရူးအမူး တိုက်ခိုက်ခြင်းမရှိလျှင် ရန်ကျောက်ကဲလက်မှ ထွက်ပြေးရန် သူ အပြည့်အဝ အာရုံစိုက်နိုင်ပေမည်။ သို့သော် ရန်ကျောက်ကဲ လက်ထဲ ကျရောက်ပါက သူ့ဘဝ မည်သို့ အဆုံးသတ်မည်ကို တွေးပင်မတွေးရဲပေ။

သူက ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း စွမ်းအားအပြည့် ထုတ်ဖော်လိုက်သည့်အခါ ရှကွမ်းမှာ ဖိအားများကို ခံစားလာရသည်။

သို့သော် လူငယ်က လုံးဝအရေးမစိုက်ပေ။

လောလောဆယ် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိသည်။

ရန်သူ သေလျှင်သေ ၊ မသေလျှင် သူသေရုံသာ ရှိသည်။

“ဘယ်သူသေမလဲ ကြည့်ကြတာပေါ့”

မြေပြင်ထက်တွင် မိုးကြိုးပစ်ခတ်သည့်ပမာ ကြုံးဝါးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

ရှကွမ်းသည် မိုးကြိုးသွားသွေး အဆက်မပြတ်တောက်လောင်နေစေရန် ဘဝတစ်ခုလုံးစာ သွေးမိုးကြိုးထုံးတမ်းအစီအရင်ကို ဆက်လက်ထုတ်ဖော်လိုက်သည်။

ထိုခဏတွင် ကြမ်းတမ်းသော မိုးကြိုးသွားပုံစံက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ထွက်ပေါ်လာပြီး သွေးနီရောင် တောက်ပလျက် မိုးခြိမ်းသျံားထွက်ပေါ်လျက် ရှိသည်။

ပြင်းထန်သောမိုးကြိုးစွမ်းအား စဉ်ဆက်မပြတ် နှိုးစွခံရပြီး မိုးကြိုးသွားများက ဓားသွားများပမာ ရန်သူကို အလျှော့မပေးဘဲ ဆက်လက်တိုက်ခိုက်နေသည်။

သုံးပေတောင်မှ အကြီးအကဲက လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ရှကွမ်းခန္ဓာကိုယ်တစ်ခုလုံး သွေးများထွက်လာစေရန် ရိုက်နှက်ပစ်လိုက်သည်။

ထိုတိုက်ကွက်ကြောင့် ရှကွမ်း၏ဓားချက်ကိုပိတ်ဆို့လိုက်နိုင်သော်လည်း ရန်ကျောက်ကဲကြောင့် ရရှိထားသည့်ဒဏ်ရာများက ထပ်မံပွင့်ထွက်ကုန်ပြီး သုံးပေတောင်မှ အကြီးအကဲမှာ သွေးများအန်ထုတ်လိုက်သည်။

"မဟုတ်ဘူး၊ ငါ ဒီအရူးကောင်လေးနဲ့ ဆက်မတိုက်နိုင်တော့ဘူး”

သူက ဒေါသတကြီးဖြင့် နှုတ်ခမ်းထောင့်မှသွေးများကိုသုတ်ရင်း ဆိုလိုက်သည်။

ရှကွမ်းက သူ့ဒဏ်ရာများ မည်သို့ပင်ရှိစေကာမူ အံတင်းတင်းကြိတ်ရင်း ထပ်မံတိုက်ခိုက်လာသည်ကိုတွေ့ရတော့ သုံးပေတာင်မှ အကြီးအကဲ၏မျက်ဝန်းများ တောက်ပလာပြိး လက်နှစ်ဖက်ဆန့်တန်းကာ ရှေ့သို့တွန်းထုတ်လိုက်သည်။

အဆုံးမရှိသော ရွှေရောင်နေခြည်များက မိုးမြေတစ်ခွင်တွင် တောက်ပစွာထွန်းလင်းနေပြီး ရွှေရောင်ကျီးကန်းကြီးနှစ်ကောင်သည် ရှကွမ်းဆီသို့ ဦးတည်ပျံသန်းလာသည်။

“သားရဲလေး... မင်းသေချင်တယ်ဆိုရင် မင်းမိသားစုနဲ့ ပြန်ပေါင်းစည်းဖို့ ငရဲပို့ပေးလိုက်မယ်”

သုံးပေတောင်မှ အကြီးအကဲက ရှကွမ်းကို ပြင်းပြင်းထန်ထန် ထိုးနှက်ရန်ကြိုးပမ်းရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ရှကွမ်းက တစ်စက်လေးပင် မကြောက်ရွံ့သည့်အပြင် မျက်လုံးများပြူးကျယ်စွာ ဖွင့်လျှက် တိုက်ခိုက်မှုကို မယိမ်းမယိုင် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

နှစ်ဖက်ပြင်းထန်စွာ ရိုက်ခတ်မိသည်နှင့် သုံးပေတောင်မှ အကြီးအကဲ နောက်ပြန်ဆုတ်သွားပြီး ရှုံးနိမ့်မှုနှင့် ရင်ဆိုင်လိုက်ရသည်။

ရှကွမ်းမျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ရန်သူ၏တိုက်ခိုက်မှုက ပြင်းထန်ခြင်းမရှိဘဲ အနည်းငယ်သိမ်မွေ့နေသည်ဟု သူခံစားလိုက်ရသည် မဟုတ်ပါလား။

ထိုခဏတွင် သုံးပေတောင်မှအကြီးအကဲ နောက်ပြန်ဆုတ်သွားပြီး ရှကွမ်း၏စွမ်းအားကို လှည့်စားကာ အဝေးသို့ ထွက်ပြေးသွားလေသည်။

ရှကွမ်း နောက်မှ လိုက်သွားချင်သော်လည်း ရန်သူ၏ သိမ်မွေ့သော စွမ်းအားတစ်ခုက သူ့ကို နေရာတွင် ချုပ်နှောင်ထားသည်ကို တွေ့ရသည်။ ထိုစွမ်းအားကို ချိုးဖျက်ရန် ကြိုးစားရသဖြင့် မလွှဲမရှောင်သာ နှောင့်နှေးသွားရတော့သည်။

“သူခိုးကြီး...”

ရှကွမ်းအော်ဟစ်လိုက်ပြီး သုံးပေတောင်မှ အကြီးအကဲနောက်သို့ လိုက်ပါသွားသည်။

သို့သော် ရန်သူ၏အရှိန်အဟုန်က လျင်မြန်လွန်းသလို သူ့ထက်လည်း ကျင့်ကြံခြင်းအဆင့် မြင့်မားလေရာ ဆက်လက်လိုက်ပါရန် အခွင့်အရေး ဆုံးရှုံးသွားသည်။

သူတို့ (၂)ယောက်ကြား အကွာအဝေး ပိုမိုရှည်လျားသွားလေရာ အနီရောင်ဝတ်လူငယ်မှာ ဒေါသထွက်လွန်းသဖြင့် သူ၏ကောင်းမွန်သည့် မျက်လုံးတစ်ဖက်မှာ နီစွေးလျှက်ရှိတော့သည်။

နောက်ဆုံး သုံးပေတောင်မှ အကြီးအကဲ၏ပုံရိပ် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့၏။

ရှကွမ်း အလျှော့မပေးဘဲ အတန်ကြာအောင် ဆက်လိုက်နေသေးသော်လည်း နောက်ဆုံးတော့ ခြေရာခံနိုင်ခြင်း မရှိတော့ပေ။

သုံးပေတောင်မှ ကျင့်ကြံသူများက ရွှေကျီးကန်းမီးလျှံကျမ်းစာကိုကျင့်ကြံသူများဖြစ်ကြလေရာ မည်သည့်နေရာတွင်မဆို မီးလောင်ကျွမ်းစေနိုင်စွမ်းရှိပြီး ခြေရာဖျောက်နိုင်စွမ်းလည်း ရှိကြသည်။

ရှကွမ်းက မြေပြင်ကို ဓားဖြင့်ထိုးစိုက်ပြီး ‌တောင်စောင်းတစ်ခုကို ဓားဖြင့်ခုတ်ဖြတ်ပစ်လိုက်ပြီး ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူက ဒေါသ ထွက်လွန်းသဖြင့် စိတ်မငြိမ်သက်ဖြစ်နေပြီး နေရာအနှံ့ ဓားဖြင့် ခုတ်ပိုင်းပစ်နေသည်။

“အဖေ ၊ အမေ ၊ အဘိုး ၊ အယွား ၊ ဦးလေး ၊ ဒေါ်လေး ၊ ဒုတိယအစ်ကို ၊ အစ်မကြီး ၊ ဒုတိယအစ်မ ၊ ညီမလေး....”

ရှကွမ်း၏မျက်နှာထက်မှ ဒေါသရိပ်များပျောက်ကွယ်သွားပြီး ဝမ်းနည်းပူဆွေးရိပ်များ ထင်ဟပ်လာသည်။

“ကျွန်တော် အသုံးမကျဘူး ၊ အားလုံးအတွက် လက်စားချေဖို့မဖြစ်နိုင်ခဲ့ဘူး ၊ ဒဏ်ရာရထားတဲ့ ရန်သူတစ်ယောက်ကိုတောင် သတ်ဖို့မစွမ်း‌ဆောင်နိုင်ခဲ့ဘူး”

ဒေါသနေရာတွင် ပျော့ညံ့သောခံစားချက်တို့ထွက်ပေါ်လာသည့်အခါ သူ၏ဒဏ်ရာမှ နာကျင်မှုကိုလည်း ပြင်းထန်စွာ ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ထက်မှ သွေးနီရောင်မိုးကြိုးသွားသင်္ကေတများ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး နောက်ဆုံး သူ၏ကျောပြင်တွင် သွေးနီရောင် လျှပ်စီးကြောင်းတစ်ခုအဖြစ် စုစည်းသွားသည်။

ရှကွမ်းသည် သွေးများ ထွက်နေသည့်ညာဘက်မျက်လုံးကိုအုပ်ကိုင်ရင်း မြေပြင်ထက်သို့လဲကျသွားသည်။

ထိုအချိန်က သူအဖမ်းခံလိုက်ရသည်။ သို့သော် သူက အရှုံးမပေးသဖြင့် သုံးပေတောင်မှလူများက  သူ့မျက်လုံးတစ်ဖက်ကို ဖောက်ပစ်ခဲ့ကြသည်။

“သုံးပေတောင် ၊ သုံးပေတောင် ၊ သုံးပေတာင်”

ရှကွမ်း အံ့တင်းတင်းကြိတ်ရင်း အော်ဟစ်လိုက်သည်။

“ဘုန်းကြီးတွေထွက်ပြေးလည်း ဘုန်းကြီးကျောင်းကတော့ ကျန်ခဲ့မှာပဲ ၊ သုံးပေတောင်... ငါတို့ ‘ရှ’ အိမ်တော်က လူ (၁၂၇)သေခဲ့ရတာ အလကားမဖြစ်စေရဘူး”

“မင်းတို့ကို လက်စား မချေနိုင်ဘူးဆိုရင် ငါ ရှကွမ်း လူမလုပ်တော့ဘူး”

သူ မြေပြင်ထက်လဲကျသွားစဉ် သူ့ဆံပင်များ ဖြူဖွေးသွားသည်ကို သိရှိလိုက်သည်။

သို့သော် ရှကွမ်း မအံ့သြခဲ့ပါ။

သူအသုံးပြုခဲ့သည့် သွေးမိုးကြိုးထုံးတမ်း အစီအရင်အတွက် ပေးဆပ်ရမည့်တန်ဖိုးကို သူ ကောင်းစွာသိရှိပါသည်။

သူ့မျက်နှာသည်လည်း အလွန်အိုမင်းရင့်ရော်နေပြီကို မှန်ကြည့်စရာမလိုဘဲ သိရှိထားပြီး ဖြစ်သည်။

သွေးမိုးကြိုးထုံးတမ်းအစီအရင်ကို အသုံးပြုသည့်အချိန်က အကန့်အသတ် ကျော်လွန်သွားသည်ဖြစ်ရာ သူ၏သက်တမ်းသည်လည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။

နောက်ထပ်တစ်ကြိမ် ဤသို့ အကန့်အသတ် ကျော်လွန်အောင် အသုံးပြုပါက သူ၏ငသက်တမ်း ကုန်ဆုံးသွားမည် ဖြစ်သည်။

ရှကွမ်း လက်သီးများကို တင်းတင်းဆုပ်ထားသည်။

သုံးပေတောင်မှအကြီးအကဲက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် ဖြစ်၏။ ထို့ပြင် သုံးပေတောင်တွင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် တစ်ယောက်မက ရှိနေသေးသည်။

ရန်ကျောက်ကဲက ကျောက်ဂူအိမ်တော်ထဲတွင် သုံးပေတာင်မှ လူအများအပြားကို သတ်ဖြတ်ပစ်လိုက်သော်လည်း သူတို့ဂိုဏ်းဌာနချုပ်တွင် ကျန်ရစ်ခဲ့သော သိုင်းကျင့်ကြံသူများစွာ ရှိနေဦးမည် အမှန်ပင်။

“ဒဏ်ရာရနေတဲ့ နတ်ဘုရားသိမြင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် ငါမသတ်နိုင်ခဲ့ဘူး ၊ လက်စားချေဖို့ ဘယ်လောက်တောင်ခက်ခဲလိုက်မလဲ”

ရှကွမ်းက အခက်အခဲများကို ကြောက်ရွံ့တတ်သူ မဟုတ်ပေ။ ရန်သူက မည်မျှပင် အင်အားကြီးမားပါစေ သူက ကြောက်ရွံ့ခြင်း မရှိပေ။

သို့သော် သူ့တွင် အချိန်မကျန်တော့မည်ကို ကြောက်ရွံ့မိသည်။

“အစ်ကိုကြီးနဲ့ အစ်မကြီး...”

ရှကွမ်း ရုတ်တရက် သတိပြန်ဝင်လာသည်။

“အစ်ကိုကြီးနဲ့ အစ်မကြီးက ခရီးထွက်နေတာ မဟုတ်လား ၊ ငါတို့မိသားစု ဖြစ်ပျက်ခဲ့တာတွေကို သူတို့ သတင်းကြားပါ့မလား ၊ ငါ နည်းလမ်းရှာပြီး သူတို့ကိုဆက်သွယ်ရမယ် ၊ ဒါမှ သုံးပေတောင်က သူတို့ကို တိုက်ခိုက်တဲ့ရန်က အန္တရာယ် ကင်းနိုင်မှာ”

သို့သော် ရှကွမ်း စိတ်ရှုတ်ထွေးစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

“ဒီနေရာက လင်ကူတောင်တန်းမဟုတ်ဘူး ၊ ဒါပေမဲ့ ဘယ်နေရာမှန်းလည်း မသိဘူး ၊ အစ်ကိုကြီးနဲ့ အစ်မကြီးကို ဘယ်လိုရှာရမလဲ”

သူ စိတ်ရှုပ်ထွေးနေစဉ် စောစောက သုံးပေတာင်မှ အကြီးအကဲ ရေရွတ်လိုက်သည့်စကားထဲမှ နာမည်တစ်ခုကို ရုတ်တရက် သတိရသွားသည်။

“ရန်ကျောက်ကဲ... ဒီနာမည်ကို ငါတို့အိမ်တော်မှာ ာပြောတာ ကြားခဲ့ဖူးတယ် ၊ သူ့အသက်အရွယ်က ငါ့လောက်ပဲရှိဦးမယ်တဲ့ ၊ ဒါပေမဲ့ နတ်ဘုရား သိမြင်ခြင်းအဆင့်ကို ရောက်နေပြီ ၊ သူက ပါရမီရှင်တစ်ယောက်ပဲ”

“ဟို သူခိုးကြီးက သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ပဲရှိသေးတယ် ၊ ဒါပေမဲ့ ရန်ကျောက်ကဲက သူ့ကို ဒဏ်ရာရသွားအောင် တိုက်ခိုက်နိုင်တယ်”

ရှကွမ်း မနေနိုင်ဘဲ ခဏတာမျှ အံ့အားသင့်သွားသည်။

“ဒီ ရန်ကျောက်ကဲက ဘယ်လိုလူမျိုးလဲ”

ထိုအချိန် ကောင်းကင်ထက် တိမ်တိုက်များအလယ်တွင် ရန်ကျောက်ကဲ ရှိနေလေသည်။

သူက ပန်ပန်၏ကျောပြင်ထက်တွင် ထိုင်ရင်း ထွက်ပြေးသွားသော သုံးပေတောင်အကြီးအကဲ၏လည်ပင်းကို ကိုင်ထားကာ မြေပြင်ထက်တွင်ရှိနေသော ရှကွမ်းကို စိတ်ဝင်တစား အကဲခတ်နေလေ၏။

All Chapters