← Chapters

မဟာနေမင်းကောင်းကင် မိုးကြိုးစွမ်းအား

Vol. 68 Ch. 960

မဟာနေမင်းကောင်းကင် မိုးကြိုးစွမ်းအား

Vol. 68 Ch. 960

အခန်း (၉၆၀) မဟာနေမင်းကောင်းကင် မိုးကြိုးစွမ်းအား

ရန်ကျောက်ကဲက သုံးပေတောင်မှ အကြီးအကဲကို လည်ပင်းညှစ်ထားပြီး ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။

“ဒီကောင်လေးက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ လင်ကူတောင်တန်းဒေသ ၊ ရှအိမ်တော်က အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ယောက်တည်းသောသူ မဟုတ်လား”

တစ်ဖက်လူက နီရဲသောမျက်နှာဖြင့် ခေါင်းညိတ်ပြသည်။

“သူ့ရဲ့ထူးခြားတဲ့ မိုးကြိုးသွေးကြောင့် မင်းတို့ သူ့ကို အသက်ဆက်ရှင်စေခဲ့တာလား”

ရန်ကျောက်ကဲက မေးလိုက်သည်။

“ပြောရရင်တော့ ဒီလောက်ထူးချွန်တဲ့ အရည်အချင်းရှိတာ လူမသိသူမသိ မဖြစ်သင့်ဘူး”

မိုးကြိုးသံတောင်ထွတ်မှ ရှအိမ်‌တော်က ထင်ရှားကျော်ကြားလာနိုင်စရာရှိသော အင်အားစုတစ်ခုမဟုတ်ပေ။

သူတို့လုပ်ဆောင်နိုင်သည်က ကျင့်ကြံခြင်းအခြေခံကိုခိုင်မာစေပြီး မဟာမိတ်များနှင့် ကျောထောက်နောက်ခံများ ရှာဖွေရန်သာ ဖြစ်သည်။

သုံးပေတောင်မှ အကြီးအကဲက အသက်မပါသည့် အသံဖြင့်...

“ဒီသူခိုးလေးက အရင်တုန်းက သူတို့အိမ်တော်ဘေးခြံဝန်းထဲမှာ တံခါးပိတ်ကျင့်ကြံနေတာ ၊ သူကျင့်ကြံတဲ့နေရာမှာ အစီအရင်တစ်ခုနဲ့လည်း အရံအတား လုပ်ထားတယ် ၊ ကြည့်ရတာ အကျဉ်းချခံထားရသလိုပဲ ၊ ငါတို့သာ ‘ရှ’ အိမ်တော်ကို ဝင်မတိုက်ရင် သူရှိနေတာကိုတောင် သိခွင့်ရမှာမဟုတ်ဘူး”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဒီတော့ မင်းသူ့ကိုရှာတွေ့တော့ အရှင်လတ်လတ် ဖမ်းထားလိုက်တာလား”

သူက ဆက်ပြောသည်။

“အံ့သြစရာတော့ မရှိပါဘူး ၊ မင်းက မိုးကြိုးသွားသွေးးကို သိပ်အရေးမစိုက်ဘူး ၊ ဒီလောက် ရန်ငြိုးကြီးနေတဲ့သူကို မင်းတို့ဂိုဏ်းရဲ့ တပည့်အဖြစ်လည်း လက်ခံဖို့မဖြစ်နိုင်ဘူး”

“ဒါပေမဲ့ မင်းအတွက် မဟာနေမင်း ကောင်းကင်မိုးကြိုးစွမ်းအားက အရမ်းဆွဲဆောင်မှုရှိနေတယ် မဟုတ်လား”

ထိုစကားကိုကြားတော့ သုံးပေတောင်မှ အကြီးအကဲက ရန်ကျောက်ကဲကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

“မင်း...”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

"ငါ... ဘာဖြစ်လဲ"

တစ်ဖက်လူ သတိပြန်ဝင်လာချိန်မှာတော့ သူက စကားဆက်မပြောတော့ဘဲ မျက်နှာက မှောင်မှိုင်းလျက် ရှိသည်။

မဟာနေမင်းကောင်းကင် မိုးကြိုးစွမ်းအား ဆိုသည်က ကောင်းကင်ကိုးထပ် နတ်ဘုရားမိုးကြိုးထဲက ပညာရပ်တစ်ခုဖြစ်ပြီး အဆင့် (၈)တွင် တည်ရှိသည်။

ထိုမိုးကြိုးစွမ်းအားက မိုးမြေတစ်ခွင်တွင် ယန်စွမ်းအားကို အထင်ရှားဆုံး ပြဆိုနိုင်၏။

မဟာနေမင်းကောင်းကင်မိုးကြိုး စွမ်းအား၏ ‘ယန်’ စွမ်းအား ထိပ်တန်းအဆင့် ရောက်ရှိသွားပါက ယင်နှင့်ဘန် အသွင်ကူးပြောင်းမှုတွင် အစွန်းနှစ်ဖက်သို့ ရောက်ရှိသွားသည်။

မဟာနေမင်းကောင်းကင်မိုးကြိုးနှင့် ဆန့်ကျင်ဘက် မိုးကြိုးစွမ်းအားကတော့ ကောင်းကင်ကိုးထပ် နတ်ဘုရားမိုးကြိုးပညာရပ်တွင် အဆင့် (၇)ရှိသော ယင်စွမ်းအားမိုးကြိုးဖြစ်၏။

မိုးကြိုးသွားသွေးရုပ်ခန္ဓာပိုင်ဆိုင်သူက မဟာနေမင်း ကောင်းကင်မိုးကြိုး စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု မဟာကပ်ဘေးကြီးမတိုင်ခင်က ပြောဆိုလေ့ ရှိကြသည်။

ဤသည်က လက်တွေ့စမ်းသပ်အတည်ပြုခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းပြောဆိုခြင်း မဟုတ်ပေ။

သုံးပေတောင်မှသိုင်းပညာက မိုးကြိုးစွမ်းအားနှင့် သက်ဆိုင်ခြင်းမရှိသော်လည်း ဤ မဟာနေမင်းကောင်းကင်မိုးကြိုးစွမ်းအားက သူတို့အတွက် အမှန်တကယ် အကျိုးရှိစေမည့် အရာတစ်ခု ဖြစ်သည်။

ရှကွမ်းကို သူတို့ အသက်ရှင်လျက် ထားရှိရခြင်းက ထိုအကြောင်းကြောင့် ဖြစ်သည်။

မဟာနေမင်း ကောင်းကင်မိုးကြိုးစွမ်းအားကို မည်သည့်နေရာတွင် ရှာဖွေရမည် မသိသည့်တိုင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရှကွမ်းကို ဖမ်းဆီးထားခြင်းပင်။

ဤသတင်းကို လူအနည်းငယ်သာ သိရှိကြပြီး သုံးပေတောင်၏ ကျမ်းဂန်အမွေအနှစ်များတွင်ပင် ဖော်ပြထားခြင်း မရှိပေ။

ရွှေကျီးကန်းမီးလျှံကျမ်းစာကို ပြနလည်ပြင်ဆင်သည့်အချိန် ထိုမိုးကြိုး စွမ်းအားအကြောင်းကို အမှတ်မထင် သိရှိခဲ့ရခြင်း ဖြစ်၏။

သုံးပေတောင်အကြီးအကဲမှာလည်း ထိုမိုးကြိုးစွမ်းအားအကြောင်း သိရှိရသည့်အခါ အံ့အားသင့်သွားလေသည်။

သို့တိုင် ရန်ကျောက်ကဲက မဟာနေမင်း ကောင်းကင်မိုးကြိုး စွမ်းအားအကြောင်း သိရှိနေသည်မျာ အံ့သြစရာတော့ မဟုတ်ပေ။

သို့သော် မဟာနေမင်း ကောင်းကင်မိုးကြိုးစွမ်းအားနှင့် မိုးကြိုးသွားသွေး ခန္ဓာပတ်သက်မှုကို သိရှိသူကတော့ ခပ်ရှားရှားပင်။

သုံးပေတောင်မှ အကြီးအကဲ အံ့အားသင့်ရသည်မှာ ဤကိစ္စများအားလုံးကို သိရှိနေသော ရန်ကျောက်ကဲသည် ဒဏ္ဍာရီထဲမှ နေဝန်းထက်ယံ အရှင်သခင်နှင့် အမှန်တကယ်ပင် ဆက်စပ်နေပါသလား။

ရန်ကျောက်ကဲကတော့ သူ့စိတ်ထဲမှသံသယများကို အရေးမစိုက်ပေ။

သူစိတ်ဝင်စာသည်က ဤသို့လူသိနည်းသည့်လျှို့ဝှက်ချက်ကို သုံးပေတောင်မှလူများက မည်သို့ သိရှိခဲ့ကြပါသနည်း ဆိုသောအချက် ဖြစ်သည်။

မဟာကပ်ဘေးကြီး မတိုင်ခင်က အမွေအနှစ်ဖြစ်သော ရွှေကျီးကန်မီးလျှံကျမ်းစာကို ရရှိခဲ့သော်လည်း သူတို့ရရှိခဲ့သည့် ထိုကျမ်းစာက ပြီးပြည့်စုံခြင်း မရှိပေ။

“ဒီလိုလူသိနည်းတဲ့အချက်အလက်တွေကို သိဖို့ဆိုတာ သူတို့ကို တစ်ယောက်ယောက်က ပြောပြလို့ပဲဖြစ်ရမယ်”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ယခု ရန်ကျောက်ကဲမှာ သုံးပေတောင်နောက်ကွယ်မှလူကို ပိုပြီးစိတ်ဝင်စားလာမိသည်။

ရန်ကျောက်ကဲက အောက်ဘက်မှ ရှကွမ်းကိုကြည့်နေရင်း စဉ်းစားခန်းဝင်နေသည်။

“ကျွန်တော်တို့အောက်ကိုမဆင်းသွားဘူးလား သခင်လေး”

အားဟူက သိချင်စိတ်ဖြင့်မေးလိုက်သည်။

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း ရှကွမ်းကိုစိတ်ဝင်တစားကြည့်နေသည်။

“မလောပါနဲ့... သူ နောက်ထပ်ဘာလုပ်မလဲဆိုတာ ငါတို့ကြည့်ကြတာပေါ့”

ရှကွမ်းက သူ၏အဝတ်များကို ဆုတ်ဖြဲကာ ဒဏ်ရာများကို ရိုးရှင်းစွာပင် စည်းနှောင်လိုက်သည်။

“ငါ့ဒဏ်ရာတွေက အတော်ပြင်းထန်တယ် ၊ အပြင်ပန်းက ပြဿနာမရှိပေမယ့် အတွင်းဒဏ်ရာက အတော်ဆိုးတယ်”

ရှကွမ်း စိတ်ရှုပ်ထွေးစွာဖြင့် တွေးလိုက်သည်။

သူ၏ပြင်ပဒဏ်ရာများထဲတွင်ညာဘက်မျက်လုံးက အဆုံးဆုံးဒဏ်ရာရခဲ့ပြီး အမြင်အာရုံဆုံးရှုံးခဲ့ရသည်။

ယခုအချိန်မှစပြီး သူက ‘မျက်လုံတစ်ဖက်လပ်နဂါး’ သာ ဖြစ်နိုင်ပေတော့မည်။

ဒါကိုတွေးမိတော့ ရှကွမ်းစိတ်ထဲမှ ဒေါသများ တစ်ဖန်ပြန်လည် မြင့်တက်လာပြီး သုံးပေတောင်မှ ရန်သူများကို သတ်ဖြတ်ချင်စိတ်များ တဖွားဖွားထွက်ပေါ်လာပြန်သည်။

သူ၏အတွင်းဒဏ်ရာက အလွန်ဆိုးရွားသည့်အပြင် စောစောက သုံးပေတောင်အကြီးအကဲနှင့် တိုက်ခိုက်လိုက်သည့်အတွက် အခြေအနေပိုဆိုးသွားသည်။

သွေးမိုးကြိုးထုံးတမ်းအစီအရင်ကိုထုတ်ဖော်အသုံးပြုလိုက်သည့်အတွက် အသက်ဓာတ်စွမ်းအားများကလည်း လျော့နည်းသွားသည်။ ပြီးတော့ ခံစစ်မတိုက်ခိုက်ဘဲ တိုက်စစ်သာလျှင် တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်သည်မှာလည်း သဘာဝကျသည်။

ရလဒ်အနေဖြင့် လက်ရှိတွင် သူသည် ပင်ပန်းနွမ်းနယ်နေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကာ အားအင်မရှိသလို တစ်ကိုယ်လုံး နာကျင်နေခဲ့သည်။

“ငါ့ဒဏ်ရာတွေကို အရင်ဆုံးဆေးကုသသင့်တယ် ၊ ငါ အရမ်းအားနည်းနေပြီ ၊ မြန်မြန်ဆေးမကုဘူးဆိုရင် ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံတောင် ပျက်ဆီးသွားနိုင်ပြီး ကျင့်ကြံခြင်းအဆင့်တက်ဖို့အနေသာသာ သိုင်းဆရာသခင်အဆင့်ကိုတောင် ပြန်ရောက်သွားနိုင်တယ်”

ရှကွမ်းသည် ရေရှည်အတွက် သိပ်စဉ်းစားစီစဉ်တတ်သူမဟုတ်ပေ။ ထို့ကြောင့် သူဘာဆက်လုပ်မည်ကို လွယ်ကူစွာပင် ဆုံးဖြတ်လိုက်သည်။

‘ရှ’ အိမ်တော် ပျက်စီးသွားပြီးနောက် ဝေးကွာနေသော သူ၏ဆွေမျိုးသားချင်းများကို မရှာဖွေခင် ဒဏ်ရာကိုအရင်ဆုံး ကုသရမည် ဖြစ်သည်။ နောက်မှ လက်စားချေဖို့ နည်းလမ်း စဉ်းစားရ‌ပေမည်။

သေဆုံးသွားသော မိသားစုဝင်များအကြောင်း တွေးတောမိတော့ ရှကွမ်း ဝမ်းနည်းပူဆွေးစွာ ခံစားလာရပြန်သည်။

သူက မိုးကြိုးသွား သွေးခန္ဓာဖြင့် မွေးဖွားလာခဲ့ပြီး သိုင်းတာအိုတွင် သူ၏စွမ်းရည်နှင့် နားလည်နိုင်စွမ်းသည် အလွန်ထူးချွန်သည်။

မိသားစုက သူ့အပေါ်မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့ပြီး သိုင်းဂိုဏ်းကြီး တစ်ခုဆီသို့ ပို့ဆောင်ပညာသင်စေရန် ကြိုးပမ်းခဲ့ကြသည်။

ထိုစဉ်အချိန်က မိုးကြိုးသံတောင်ထွတ်မှ ‘ရှ’ အိမ်‌တော်မှာ လင်ကူတောင်တန်းဒေသမှ အဓိက စွမ်းအားစုတစ်ခု ကျောထောက်နောက်ခံကို ရယူထားချိန် ဖြစ်၏။

‘ရှ’ အိမ်‌တော်က သားဖြစ်သူကို ထိုအင်အားစုထံသို့ ပို့ဆောင်ကာ ပညာသင်ယူစေလိုသည်။

စိတ်မကောင်းစရာမှာ ရှကွမ်းက ဒေါသထွက်လွယ်သူဖြစ်ပြီး ထိုသိုင်းဂိုဏ်းကြီးသို့ မသွားရောက်ခင်မှာပင် ပြဿနာကြီးကြီးမားမားဖြစ်ခဲ့ပြီး မျှော်လင့်ချက်များအားလုံး ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် ‘ရှ’ အိမ်တော်က သူ့ကို ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆုံးပါးသွားခဲ့ပြီဟု ပြင်ပကမ္ဘာသို့ ကြေညာခဲ့ပြီး ခြံဝန်းထဲတွင် ပိတ်လှောင်ထားခဲ့ရသည်။

ထို့ကြောင့် ထိပ်တန်းပါရမီရှင်တစ်ယောက်မှာ ထွန်းတောက်လာခြင်းမရှိဘဲ ထို့သို့ပင် မှေးမှိန်ပျောက်ကွယ်သွားရသည်။

မိသားစုက သူ့ကိုချုပ်နှောင်ထားပြီးနောက် ရှကွမ်းသည်လည်း အိမ်တော်မှထွက်ခွာရန် လုံးဝဆန္ဒမရှိခဲ့ပေ။

အစပိုင်းတွင် ဤကိစ္စနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်ခဲ့သော်လည်း သေသေချာချာ တွေးကြည့်တော့ သူ့မိသားစုက သူ့ကိုကာကွယ်ပေးခြင်းသာ ဖြစ်သည်ဟု နားလည်ခဲ့၏။

မိခင်ဖြစ်သူက သူ့ကို ကြိုးစား ပျိုးထောင်ပေးခဲ့ခြင်းနှင့် ဖခင်ဖြစ်သူ၏ ဝမ်းနည်းကြေကွဲခြင်းများကို ပြန်လည် ပေးဆပ်ရန် ဝီရိယရှိရှိ ကျင့်ကြံခဲ့ပြီး သူ၏စိတ်အစဉ်ကို ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားခဲ့သည်။

ထိုအကြောင်းများကိုတွေးမိတော့ ရှကွမ်းပါးပြင်ထက် မျက်ရည်များ စီးကျလာသည်။

“ဘာလို့ငိုနေတာလဲ ၊ ငိုရင်ဘာအကျိုးရှိမှာလဲ”

ခဏမျှ ငိုကြွေးပြီးနောက် ရှကွမ်း ကိုယ့်ပါးကိုယ်ပြန်ရိုက်ကာ သတိပေးလိုက်သည်။

“ငိုနေရုံနဲ့ လက်စားချေနိုင်မယ်ထင်သလား”

ထို့နောက်သူက မျက်ရည်များကိုသုတ်လိုက်ပြီး အားတင်းကာ မတ်တတ်ရပ်လိုက်သည်။

“ငါ အခု ဘယ်ရောက်နေတာလဲ”

ရှကွမ်း ပတ်ဝန်းကျင်ကို စူးစိုက်အကဲခတ်လိုက်သည်။

နောက်ဆုံးမှာတော့ ခြေဦးတည့်ရာသွားရင်း လူများနှင့်တွေ့ဆုံပြီး စုံစမ်းရန်ဆုံးဖြတ်လိုက်သည်။

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ရောက်ရှိနေကြောင်း သိလိုက်ရသည့်အခါ သူ့မျက်နှာထက် အတော်လေး နားလည်ရခက်သွားသည်။

ခဏမျှစဉ်းစားပြီးနောက် ဒဏ်ရာကိုဆေးကုသရန် အာရုံစိုက်သည်က အကောင်းဆုံးဖြစ်နိုင်သည်စဉ်းစားလိုက်သည်။

သူ၏ဒဏ်ရာများက သာမန်သမားတော်များကုသ၍မရနိုင်ပေ။ အဂ္ဂိရတ် ပညာကျွမ်းကျင်သော ဆေးလုံးပညာရှင်များသာ ကုသနိုင်မည် ဖြစ်သည်။

ရှကွမ်းက ဗဟုသုတကြွယ်ဝသူဖြစ်သော်လည်း အဂ္ဂိရတ်ပညာကိုတော့ အနည်းငယ်မျှသာ သိရှိသည်။

သိုင်းပညာနှင့် အဂ္ဂိရတ်ပညာက ခွဲခြားမရဟူသော ရှေးဆိုရိုးစကားတစ်ခု ရှိခဲ့သည်။ သိုင်းကျင့်ကြံသူတစ်ယောက် စွမ်းအားမြင့်မားလေ ရုပ်ခန္ဓာရှုတ်ထွေးမှုမျာကို ဖြေရှင်းရန် ဆေးလုံးပညာကျွမ်းကျင်ရလေ ဖြစ်၏။

သို့သော် ရှကွမ်းကတော့ အဂ္ဂိရတ်ပညာနှင့် အလွန်တရာ အလှမ်းဝေးခဲ့သည်။

ပထမဦးဆုံး ဆေးလုံးဖော်စပ်ရန် မီးပြင်းဖိုမရှိသည့်အကြောင်းကိုအသာထား ၊ သာမန်ဆေးလုံးများကိုပင် သူ့အနေဖြင့် ဖော်စပ်နိုင်ခြင်း မရှိပေ။ သူ့ဒဏ်ရာများကိုကုသရန်ဆေးလုံးဖော်စပ်နိုင်ဖို့ကတော့ ဝေလာဝေးဖြစ်၏။

ကံကောင်သည်လား ကံဆိုးသည်လားမသိသော်လည်း တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် ၊ အဆုံးမဲ့တောင်တန်းနှင့် သိပ်မဝေးသောနေရာတွင် ကျုန်းယွမ်ခန်းမဆိုသည့် သိုင်းဂိုဏ်းတစ်ခုရှိကြောင်း သိရှိထားသည်။

ခန်းမသခင်က အဆုံးမဲ့တောင်တန်းဒေသတစ်ဝိုက် သိုင်းပညာထူးချွန်သူမဟုတ်သော်လည်း အဂ္ဂိရတ်ပညာနယ်ပယ်တွင် အတော်ပင် ကျွမ်းကျင်သည်။

ကျုန်းယွမ်ခန်းမ၏ ကြည်လင်အလင်းဆေးလုံးသည် လူတစ်ယောက်၏ ချီစွမ်းအား သွေးစွမ်းအားများကို ညှိနှိုင်းပေးပြီး အတွင်းဒဏ်ရာများကို ကုသရာတွင် အလွန် ထိရောက်သည်ဟု ဆိုသည်။

ထိုနေရာသို့ သွားရောက်ရန် နည်းလမ်းရှာဖွေပြီးနောက် ရှကွမ်းသည် ကျုန်းယွမ်ခန်းမတွင် ဆေးဝါးရယူရန် ထွက်ခွာလာခဲ့လေသည်။

All Chapters