ပထမဆုံးတိုက်ပွဲစတင်ခြင်း
Vol. 15 Ch. 281
“ဟားဟား သခင်ကြီး ခုနက ငါ့ကို မင်းအထင်သေးနေတာလေ အခုရော ဘယ်လိုနေလဲ.. အထင်သေးရဲသေးလား.. ငါက သံမဏိသွေးကြေးစားအဖွဲ့ဝင် ဖြစ်သွားပြီ”
“ငါရောပဲ အခုကစပြီး ငါက သခင်ပေထင်းဟွမ်ရဲ့အဖွဲ့ကဖြစ်သွားပြီး ငါ့ကို ဘယ်သူမှအနိုင်မကျင့်ရဲတော့ဘူး”
စခန်းဝင်ပေါက်တွင် အတန်ကြာသည်အထိ တက်ကြွသည့်လေထုရှိနေခဲ့ သည်။ နေသည်တဖြည်းဖြည်းမြင့်တက်လာသည်။ မျိုးနွယ်ကြီးလေးခုမှလူများ သည် နေ့တစ်ဝက်ကြာအောင် လျှောက်လာပြီးဖြစ်သော်လည်း သံမဏိသွေး ကြေးစားအဖွဲ့သည် မည်သူမှမလောကြပေ။ ပေထင်းဟွမ်နှင့်ဆိုလျှင် မည်သည့် အရာမှ ကြောက်စရာမကောင်းသည့်ပုံပင်။
ပေထင်းဟွမ်သည် သူမအပိုင်ဖြစ်လာသည့်အဖွဲ့ကိုကြည့်ပြီး ဂုဏ်ယူမဆုံး ဖြစ်နေသည်။ ထိုလူများသည် မှော်သားရဲတောအနက်ပိုင်းထဲရှိ ထိပ်တန်းပညာ ရှင်များဖြစ်ကြသည်။ သူတို့သည် တစ်နှစ်ပတ်လုံး အန္တရာယ်အကြီးဆုံးအပိုင်း၌ ရှိခဲ့ကာ အလွန်ထူးခြားသည့်အရည်အချင်းများရှိကြသည်။ သူတို့ကိုသာ ကောင်းကောင်းပျိုးထောင်လိုက်ပါက အနာဂတ်တွင် သူတို့သည် သူမ၏ အသန်မာဆုံးကျောထောက်နောက်ခံဖြစ်လာနိုင်သည်။
သန်မာသူများကိုသာ လေးစားကြသော ဤကမ္ဘာပေါ်တွင် ပေထင်းဟွမ်သည် မိုင်ပေါင်းထောင်ချီ တစ်ယောက်တည်း ခရီးနှင်လာခဲ့သည်။ သူမတွင် စိုးရိမ်စရာများမရှိသော်လည်း အထီးကျန်သလို ကူညီမည့်သူလည်း မရှိခဲ့ပေ။
သူမသည် ကစဥ့်ကလျားနတ်အရင်းအမြစ် လျှို့ဝှက်ချက်အပါအဝင် ဝန်ထုပ်ဝန်ပိုးများကို သူမတစ်ယောက်တည်းသာ သယ်ပိုးခဲ့ကာ သူမ၏ မိဘ များနောက်သို့ လိုက်နေသည့် အားကောင်းသောလူများအပြင် ချူဖုန်း၏ သွေးကြွေးနှင့် ယန်ယဲ့၏ လပြည့်ညတုံ့ပြန်မှုများလည်းရှိသေးသည်။ သူမ မည်မျှပင် အားကောင်းစေကာမူ ထိုအရာများအားလုံးကို တစ်ယောက်တည်း ဖြေရှင်းရန်မှာမဖြစ်နိုင်ပေ။ သူမသည် သေလမ်းရှာနေသလိုဖြစ်လိမ့်မည်။
သူမသည် ပိုအားကောင်းမှဖြစ်မည်။ သူမတွင် ကိုယ်ပိုင်ခွန်အားနှင့် အင်အားကြီးမားသော မဟာမိတ်များရှိရန်လိုအပ်သည်။
မဟုတ်လျှင် သူမ၏သရုပ်မှန်မှာ တောအပြင်ဘက်သို့ ပေါက်ကြားသွားပါ က သူမသည် ပေထင်းမိသားစုနှင့် ဖြေရှင်းရမည်ဖြစ်သည်။
ပုရွက်ဆိတ်အုပ်သည် ဆင်တစ်ကောင်ကို သေအောင်ကိုက်နိုင်သည်။ ထို့အပြင် သူမသည် ဆင်မဖြစ်နိုင်သေးပေ။ နှစ်ပေါင်းသောင်းချီအောင် အရည်အချင်းများဆက်ခံလာသည့် ဝိညာဉ်သခင်မိသားစုကို အခြေခံအုတ်မြစ် မရှိသည့် လူတစ်ယောက်မှ ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။
သူမ၏ အရင်ဘဝတွင် သူမသည် ကြေးစားအဖွဲ့ကြီးတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။ ဤဘဝတွင် သံမဏိသွေးကြေးစားအဖွဲ့နှင့် သူမ၏ အရင်အလုပ်အကိုင်ဟောင်းဆီသို့ ပြန်ရောက်သွားပြီဖြစ်သည်။ ပေထင်းဟွမ် သည် အလွန်ကျွမ်းကျင်သည်။ သူမသည် ကျောက်တုံးကြီးပေါ်တွင်ရပ်လိုက်ရာ သူမ၏အနက်ရောင်ဝတ်ရုံနှင့် ဆံနွယ်ရှည်များသည် လေနှင့်အတူလွင့်နေ၏။ သူမသည် လက်ကိုဝေ့ယမ်းလိုက်သည် “ဟုတ်ပြီ ခင်ဗျားတို့က ကျွန်တော်နဲ့ လာပူးပေါင်းချင်တယ်ဆိုတော့ အခုကစပြီး ခင်ဗျားတို့က ကျွန်တော့်လူတွေပဲ.. ကျွန်တော်တို့မှာ တူညီတဲ့နာမည်ရှိတယ်.. အဲဒါက သံမဏိသွေးပဲ.. အခုကစပြီး ကျွန်တော့်နောက်လိုက်ပြီး ကျွန်တော်တို့ ကြေးစားအဖွဲ့ရဲ့ ပထမဆုံး တိုက်ပွဲကို စလိုက်ကြရအောင်”
စိတ်အားတက်ကြွမှုများ ပေါက်ကွဲထွက်ပြီး သွေးများဆူပွက်လာကြ၏။ သူတို့ခန္ဓာကိုယ်ထဲမှ စွမ်းအားများမြင့်တက်လာကာ အယောက်တစ်ရာကျော် ပါဝင်သောအဖွဲ့သည် တိုက်ခိုက်ရေးစိတ်ဓာတ်များ ပြည့်သွားကြသည်။ စကား တစ်ခွန်းနှင့်တင် ပေထင်းဟွမ်၏ သတ္တိရှိမှုသည် သူတို့၏ စိတ်ဓာတ်ကို ထိပ်ဆုံး ထိရောက်စေသည်။ သူတို့သည် သူမအတွက် အခုပင် တိုက်ခိုက်ချင်မိသည်။
“ဟုတ်တယ် ပထမဆုံးတိုက်ပွဲစလိုက်ရအောင်”
“ဟုတ်တယ် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို ဆွဲလု ပြီး နန်ကုန်းမိသားစုကလူတွေကို အနိုင်ယူပစ်မယ်”
“ခေါင်းဆောင် မင်းနောက်ကိုလိုက်မယ်”
အဖွဲ့ထဲမှ လေထုသည် မထင်မှတ်ဘဲ အရှိန်မြင့်တက်လာသည်။ သူတို့ သည် ပေထင်းဟွမ်ကို ရိုသေကာ သူတို့၏အသက်ကိုပင် စွန့်စားပေးနိုင်သည်။
နေရောင်အလယ်တွင် ပေထင်းဟွမ်သည် အချိန်ကိုကြည့်နေသည်။ နေ့လယ်ခင်းရောက်နေပြီဖြစ်သည်။ မေရှို့နှင့် မေလော့တို့ မကြာခင် ရောက်သင့်နေပြီဖြစ်၏။ အသံတစ်သံသည် ပေထင်းဟွမ်၏ စိုးရိမ်မှုများကို ချိုးဖျက်လိုက်သည်။ အဖွဲ့တစ်ဖွဲ့သည် အနောက်ဘက်တောင်တန်းမှ ထွက်လာ သည်။ မေလော့သည် ရှေ့မှပြေးလာကာ လက်ဝေ့ယမ်းနေသည် “စစ်ဦးစီး ကျွန်မတို့ ပြန်လာပြီ”
“အချိန်ကိုက်ရောက်လာတာပဲ”
ပေထင်းဟွမ်သည် လက်မြှောက်ကာ ယမ်းလိုက်သည်။ နူးညံ့သော အင်အားတစ်ခုသည် လူအုပ်ကြီးကို တွန်းထုတ်လိုက်သည်။ မီတာဒါဇင် အနည်းငယ်ရှိသော နှင်းဖြူရောင်စပါးအုံးမြွေကြီးသည် သူတို့မျက်စိရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ကြယ် ၅ ပွင့် မွန်မြတ်သော သားရဲဖြစ်သည်။ လူအုပ်သည် တညီတညွှတ်တည်း ပင့်သက်ရှိုက်မိသည်။
“ဒါက.. ခေါင်းဆောင် ဒါက ခုနက ကျွန်မတို့ကို တိုက်ခိုက်တဲ့ နှင်းစပါးအုံး မြွေမဟုတ်ဘူးလား ဒီကောင်က သေသွားပြီမဟုတ်ဘူးလား”
နှင်းစပါးအုံးမြွေ၏ ညှဉ်းပန်းခြင်းကိုခံခဲ့ရသော မေလော့သည် အားနည်း နေသောရောင်ဝါကြောင့် ကြောက်လန့်ကာ ခြေလှမ်းအနည်းငယ် ခုန်ဆုတ်မိ လေသည်။ သူမသည် မျက်စိရှေ့မှ နှင်းစပါးအုံးမြွေကို လက်ညှိုးထိုးလိုက်၏။ ပေထင်းဟွမ် ဤကောင်ကို ဘာကြောင့် လွှတ်ပေးလိုက်သည်ကို သူမ နားမလည်နိုင်ပေ။