← Chapters

ဒီကောင်းကင်ကိုအံတုနိုင်တဲ့လူကြောင့် ကြောက်ပြီးမသေချင်လိုက်နဲ့

Vol. 15 Ch. 282

ဒီကောင်းကင်ကိုအံတုနိုင်တဲ့လူကြောင့် ကြောက်ပြီးမသေချင်လိုက်နဲ့

Vol. 15 Ch. 282

အချိန်သည် တန်ဖိုးရှိသည်။ ပေထင်းဟွမ်သည် ရှင်းပြရန်အချိန်မရှိပေ။ သူမသည် ကျောက်တုံးပေါ်မှ ခုန်ဆင်းကာ လျှောက်သွားပြီး နှင်းစပါးအုံးမြွေ၏ ခေါင်းပေါ်သို့ လက်တင်လိုက်သည်။ သူမသည် မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ထဲ မှ ကစဥ့်ကလျားစွမ်းအင်ကို လှည့်ပတ်လိုက်သည်။ ကစဥ့်ကလျားနတ်အရင်း အမြစ်နှင့်ရောနှောထားသော ကမ္ဘာဦးမူလစွမ်းအင်စီးကြောင်းသည် သူမ၏ လက်မောင်းမှတစ်ဆင့် စပါးအုံးမြွေ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

၎င်းသည် ခုခံတော့မည်အပြုတွင် ကောင်းကင်ကိုအံတုနိုင်သည့် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ စွမ်းအားကို ခံစားလိုက်ရလေသည်။ နှင်း စပါးအုံးမြွေသည် ကျိုးနွံစွာပင် မျက်လုံးများကိုပိတ်လိုက်သည်။ ထိန်းကျောင်း ခြင်း လုပ်ငန်းစဉ်မှာ အလွန်ရိုးရှင်းသည်။ စက္ကန့်အနည်းငယ်သာ ကုန်ဆုံးသွား သည်ကို အားလုံးခံစားလိုက်ရသည်။ ပေထင်းဟွမ်သည် စိတ်ကိုပြန်ရုတ်သိမ်း လိုက်သည် “မေလော့ ဒီကိုလာပြီး ဒီကောင်နဲ့ စာချုပ်တည်ထောင်လိုက်”

ကြယ် ၅ ပွင့် ခွန်အားရှိသော နှင်းဖြူရောင်မွန်မြတ်သောသားရဲတွင် အားကောင်းသည့်တိုက်ခိုက်မှုနှင့် ကာကွယ်နိုင်စွမ်းရှိသည်။ ဤကဲ့သို့ ပစ္စည်း ကောင်းသည် မှော်သားရဲတောတွင် တစ်နှစ်ပတ်လုံး လှည့်ပတ်သွားနေသည့် ကြယ် ၉ ပွင့်မှော်သားရဲပိုင်ဆိုင်သော စွန့်စားသူများပင် စိတ်မကူးနိုင်သည့်အရာ ဖြစ်သည်။

“အရှင် ဘာပြောလိုက်တယ်..” မေလော့သည် ထင်ယောင်ထင်မှားဖြစ်နေ ပြီဟုပင် ထင်လိုက်သည်။ သူမသည် ရုတ်တရက် သူမ၏ခေါင်းကိုရိုက်လိုက်၏။ နေ့လယ်ခင်းကြီးပါ.. သူမ အိပ်မက်မက်နေတာမဟုတ်ဘူး။

မေလော့တစ်ယောက်တည်း ထိုကဲ့သို့ ခံစားရသည်မဟုတ်ပေ။ ချူဖုန်း၊ တုန်ဖန်းကျောက်နှင့် တခြားသောအဖွဲ့ဝင်များအားလုံး မှင်တက်ကုန်ကြသည်။ သူတို့မျက်နှာထားများသည် တောင့်တင်းပြီး မျက်လုံးများသည် ပြူးကျယ်လာ ကာ ပါးစပ်များမှာလည်း ကြက်ဥတစ်လုံးကိုငုံထားနိုင်လောက်သည်အထိ ပွင့်ဟနေကြသည်။ သူတို့သည် ပေထင်းဟွမ်အား ကမ္ဘာပျက်တော့မည့်အတိုင်း ထိတ်လန့်စွာကြည့်လေသည်။

သားရဲထိန်းသခင်ကြီးလား။

ဒီသတင်းက ပိုလန့်စရာကောင်းတာလား။ သခင်ပေထင်းဟွမ်က လူတွေ ကို ဒီလိုခြောက်တတ်တာလား။

“မေလော့ မင်းမလိုချင်ရင် တခြားလူကိုပေးလိုက်မယ်” ပေထင်းဟွမ် သည် အချိန်ဆွဲနေရန် အချိန်မရှိပေ။ သူမသည် ကြုံရာလူကို ညွှန်ပြလိုက်သည်။ မေလော့သည် ဤကဲ့သို့အခွင့်အရေးကောင်းကို မည်သို့လက်လွှတ်ခံမည်နည်း။ သူမသည် ထခုန်ပြီး နှင်းစပါးအုံးမြွေ၏ခေါင်းပေါ်သို့ လက်တင်လိုက်သည် “သခင် မလုပ်နဲ့ မလုပ်နဲ့ ကျွန်မမှာ မှော်သားရဲတစ်ကောင်မှမရှိသေးဘူး”

မေလော့သည် ငေးငိုင်မိသည်။ သူမသည် အသိစိတ်ကိုပင် ပြန်ဆွဲယူပြီး မထိန်းချုပ်နိုင်သေးပေ။ သူမကို အပြစ်တင်၍လည်းမရပေ။ သခင်ပေထင်းဟွမ် ပစ်ပေးသည့် မုန့်သည် ကြီးလွန်းနေသည်။ လူကိုလန့်၍သေစေနိုင်လောက်၏။ မေလော့သည် အသက်ကိုခပ်ပြင်းပြင်းရှူကာ ခံစားချက်များကို ချုပ်တည်းထား လိုက်သည်။ သူမသည် အသိစိတ်ကို အဖြူရောင်ဝိညာဉ်စွမ်းအင်ဖြင့် ရစ်ပတ် ကာ ထုတ်လွှတ်လိုက်သည်။ ၎င်းသည် အလွန်ချောမွေ့သည်။ သူမသည် နှင်း စပါးအုံးမြွေ၏ ဝိညာဉ်ပင်လယ်ထဲသို့ တွန့်ဆုတ်ခြင်းမရှိ အမှတ်အသားပြုလိုက် သည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စည်းမျဉ်းသည် ဆင်းသက်လာပြီး လူသားနှင့်သားရဲကို လွှမ်းမိုးလိုက်သည်။ ငွေရောင်အလင်းတန်းသည် အလျင် အမြန်ပင်ပျောက်ကွယ်သွားပြီး ကြီးမားသောနှင်းစပါးအုံးမြွေသည် မြွေငယ် လေးအသွင်ပြောင်းကာ မေလော့၏လည်ပင်းကို ထူးခြားသောငွေရောင် လည်ပတ်အဖြစ် ရစ်ပတ်လိုက်လေသည်။

မွန်မြတ်သောသားရဲ၏ ပုံတူဖြစ်သည်။

မေလော့သည် ငေးကြောင်ဆဲဖြစ်ကာ လည်တိုင်မှ အေးစက်စက် လည်ပတ်ကို ထိကိုင်မိသည်။ သူမ အောင်မြင်သွားလေပြီ။ သူမတွင် မွန်မြတ် သောသားရဲရှိနေပြီဖြစ်၏။ သူမခေါင်းလှည့်ပြီး အနောက်တွင်ရပ်နေသော မေရှို့ကို ဆုပ်ကိုင်လိုက်သည် “အစ်ကို ညီမကိုရိုက်ပါဦး အိပ်မက်မက်နေတာ မဟုတ်ဘူးမလား”

နှင်းစပါးအုံးမြွေ၏အသံသည် သူမ၏စိတ်ထဲတွင်ပေါ်လာသည် “သခင် မင်း အိပ်မက်မက်နေတာမဟုတ်ဘူး”

“မေလော့ ဒါတကယ်ကြီးဖြစ်နေတာ” မေရှို့သည်သည် ညီမဖြစ်သူအား တအံ့တဩကြည့်နေသည်။ သူသည် ပေထင်းဟွမ်အား သဘောကျမှုနှင့်အတူ လေးစားသမှုဖြင့် ကြည့်လိုက်သည်။

“အာ.. ငါမွန်မြတ်တဲ့သားရဲနဲ့ စာချုပ်တည်ထောင်လိုက်ပြီ.. အခုကစပြီး ငါက စစ်မှန်တဲ့ ဝိညာဉ်သခင်ဖြစ်ပြီ” မေလော့သည် လေပေါ်တွင် ထခုန်ပြီး ပေထင်းဟွမ်အား ရှက်ရွံ့စွာဖြင့် လက်ယမ်းပြလေသည် “သခင်ပေထင်းဟွမ် ချစ်လိုက်တာ အရမ်းချစ်တာပဲ”

ပင့်သက်ရှိုက်သံများ ထပ်မံထွက်လာသည်။ မည်သူကမှ စိတ်ထဲမှ ခံစားချက်များကို မဖိနှိပ်နိုင်ပေ။ သူတို့သည် စိတ်ထဲမထားနိုင်တော့ပေ။ သူတို့ သည် ဤပုံမှန်မဟုတ်သောလူငယ်ကြောင့် ထပ်ခါထပ်ခါအံ့ဩရသည်။ သူသည် အမှိုက်မဟုတ်ဘဲ ကောင်းကင်အဆင့်ဖြစ်နေသည်။ သူ့သည် ဓားသခင်နှင့် ဝိညာဉ်သခင်ဖြစ်ရုံတင်သာမကဘဲ သားရဲထိန်းသခင်ကြီးဖြစ်နေပြန်သည်။

သားရဲထိန်းဖြစ်ရန်မှာ အရင်ဆုံးဝိညာဉ်သခင်ဖြစ်ရန် လုပ်ရမည်ဖြစ်၏။

သခင်ပေထင်းဟွမ်က ဘယ်အဆင့်မှာရှိတာလဲ။ အားလုံးသည် မေးချင် သော်လည်း မမေးရဲပေ။

သူတို့သည် ဝိညာဉ်ခွဲတောင်တန်းထဲတွင် ကောင်းကောင်းနေပြီး ကံကောင်းချင်သေးသည်။ သူတို့သည် ဤကောင်းကင်ကိုအံတုနိုင်သည့် လူ ကြောင့် ထိတ်လန့်ပြီး မသေချင်ပေ။

All Chapters