သူကရဲစွမ်းသတ္တိရှိလွန်းတာမဟုဘူးလား
Vol. 15 Ch. 283
“ဘုန်း”
ကမ္ဘာပြိုလောက်သည့် နောက်ထပ်အသံတစ်ခုထွက်လာရာ ကောင်းကင် တွင် သဲများဖြင့် ပြည့်နှက်သွားသည်။ သဲမှုန်များပါးသွားသောအခါ ကြီးမား သော ဝက်ဝံကြီးသည် အားလုံးရှေ့တွင်ပေါ်လာသည်။ ခရမ်းရောင်မြေကြီး ဝက်ဝံသည် အတော်အတန်ရက်စက်သည်။ ၎င်း၏ ကောင်းကင်ဘုံကို အံတုနိုင် သောအရည်အချင်းတစ်ခုမှာ ၎င်း၏စိတ်ချရသော ခုခံမှုဖြစ်သည်။ သို့သော် ခရမ်းရောင်မြေကြီးဝက်ဝံတွင် ဒဏ်ရာများနှင့်ပြည့်နေပြီး သေအံ့ဆဲဆဲဖြစ်ခဲ့ သည်ကိုမြင်သောအခါ အားလုံးသည် သက်ပြင်းချမိကြသည်။ သူတို့သည် ပေထင်းဟွမ်ကို ပြန်ကြည့်မိကြကာ သူတို့၏မျက်လုံးများထဲတွင် ကြောက်လန့် မှုများရှိနေသည်။
သူတို့ခေါင်းဆောင်က ရဲစွမ်းသတ္တိမရှိလွန်းဘူးလား။
မွန်မြတ်သောသားရဲနှစ်ကောင်ကို ဆက်တိုက်ထိန်းကျောင်းပြီးနောက် ပေထင်းဟွမ်သည် အဆင့်မတက်နိုင်သည့်အတွက် အနည်းငယ်စိတ်ပျက်မိ၏။ သူမသည် တောင်တန်းအတွင်းပိုင်းသို့ ဝင်ပြီးမှပင် တခြားသောအခွင့်အလမ်း များကို ရှာနိုင်ရန် မျှော်လင့်မိသည်။
“တပ်မှူးဆယ်လင်း ဒီကြမ်းတမ်းတဲ့မြေကြီးဝက်ဝံကို မင်းပဲတာဝန်ယူ လိုက်ပါ” ပေထင်းဟွမ်သည် သာမန်ကာလျှံကာပင် ညွှန်ပြလိုက်ရာ သူမ၏ ဆံနွယ်ရှည်များသည် ကျောပြင်တွင် လှပစွာယိမ်းနွဲ့နေသည်။ သူမ၏ အေးစက် သောမျက်နှာသည် စိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နေသည် “စိတ်ပူဖို့မလိုပါဘူး ဒီတစ်ခေါက် ဝိညာဉ်ခွဲတောင်တန်းက မှော်သားရဲတွေနဲ့ စာချုပ်တည်ထောင်ဖို့ အားလုံးမှာ အခွင့်အရေးရှိလာမှာပါ.. မွန်မြတ်တဲ့သားရဲဖြစ်ဖြစ် နတ်သားရဲဖြစ် ဖြစ် မင်းတို့မှာ ဖမ်းနိုင်တဲ့အစွမ်းအစရှိရင် ငါ ကူထိန်းကျောင်းပေးမယ်.. ဒါပေမဲ့ မှော်သားရဲတွေက အရေးကြီးပေမဲ့ မင်းတို့အသက်က ပိုအရေးကြီးတာကို မှတ်ထားရမယ်”
မွန်မြတ်တဲ့သားရဲဟုတ်လား။ နတ်သားရဲလား။ သူတို့ ဖမ်းနိုင်သရွေ့ သူက ကူပြီးထိန်းကျောင်းပေးမှာလား။
တစ်ဖွဲ့လုံးသည် နှုတ်ဆိတ်သွားကြသည်။ ပျော်ရွှင်မှုကို မထိန်းချုပ်နိုင် သော မေလော့ပင်လျှင် တုံ့ပြန်ရန်မေ့လျော့နေခဲ့သည်။ အားလုံး၏မျက်နှာမျာ သည် ထိတ်လန့်မှုနှင့် ကြောက်ရွံမှုများဖြင့် ပြည့်နေသည်။ သူတို့သည်မှင်တက် နေကြသည်။
မည်သူမှ ပေထင်းဟွမ်၏ စကားများကို မသံသယမဖြစ်ကြပေ။ ၁၄ နှစ် အရွယ် ကောင်လေးသည် ဝိညာဉ်သခင်ကြီးဖြစ်သည့် နန်ကုန်းရှိုထက် သာလွန် လိမ့်မည်ဟု မည်သူမှ သံသယမဖြစ်မိကြပေ။ သူတို့ရှေ့မှအရာများအားလုံး သည် စစ်ဆေးရန်လုံလောက်သဖြင့် ဤကိစ္စသည် အကျိုးအကြောင်းမသင့်ဟု မည်သူမှ မတွေးကြပေ။
ဆယ်လင်းသည် အသက်ပြင်းပြင်းရှူကာ ခိုင်တို့နှင့်အကြည့်ချင်းဖလှယ် လိုက်ကြသည်။ အားလုံးသည် သူတို့၏ရွေးချယ်မှုကို ဝမ်းမြောက်နေကြသည်။ သားရဲထိန်းသခင်ကြီးနောက်လိုက်ရသည့် အကျိုးအမြတ်များသည် မတိုင်းတာ နိုင်လောက်သည်အထိပင်။
“ဟော်မင် ဒီကိုလာပြီး ဒီမွန်မြတ်တဲ့သားရဲနဲ့ စာချုပ်တည်ထောင်လိုက်” ဆယ်လင်းသည် အဖွဲ့ထဲမှ ကြယ် ၉ ပွင့်ဝိညာဉ်သခင်အား ညွှန်ပြလိုက်သည်။ ကောင်လေး၏ မှင်တက်နေသောမျက်နှာထားသည် ဆယ်လင်းကို ကျေနပ်စေ သည်။ သူမသည် မကျေနပ်သလို ဟန်ပြုကာ ပေထင်းဟွမ်၏စကားအတိုင်း အတုယူလေသည် “ဘာလဲ မလိုချင်ဘူးလား ဒါဆို တခြားလူကိုပေးလိုက်မယ်”
“မလုပ်ပါနဲ့ မလုပ်ပါနဲ့ တပ်မှူး” ဟော်မင်သည် အိပ်မက်မှ နိုးထလာသည့် အတိုင်း အမြန်ပြေးလာသည်။ သူ ခရမ်းရောင်မြေကြီးဝက်ဝံပေါ်သို့ လက်တင် လိုက်သည်နှင့် ဆယ်လင်းသည် သူ့ကိုတားလိုက်သည် “မှော်သားရဲကို ရသွားတဲ့ သူက ဒီမှော်သားရဲကို ကိုယ့်အပေါင်းအဖော်အဖြစ် သတ်မှတ်မယ်လို့ မျှော်လင့် ပါတယ်”
“ဟုတ်ကဲ့ပါ” ဟော်မင်သည် ပေထင်းဟွမ်အား ချစ်ကြောက်ရိုသေသော မျက်လုံးဖြင့် ကြည့်လေသည် “တပ်ဦးစီး ကျွန်တော်က မသန်မာပေမဲ့ ကျွန်တော် ဟော်မင်က တပ်ဦးစီးနောက် တစ်သက်လုံးလိုက်ပြီး အမိန့်ကို နာခံ ပါမယ်လို့ ကျိန်ဆိုချင်ပါသေးတယ်.. ဒါကို ကျွန်တော့်တစ်ဘဝလုံး နောင်တရ သွားမှာမဟုတ်ဘူး.. ကျွန်တော် မနာခံရင် ဒီကမ္ဘာပေါ်မှာ မနေတော့ဘူး”
သစ္စာဆိုပြီးသည်နှင့် အားလုံးသည်လည်း ပေထင်းဟွမ်နောက်လိုက်ပါ မည်ဟု ကျိန်ဆိုကြသည်။ ပေထင်းဟွမ်သည် ခွင့်မပြုချင်သော်လည်း ထိုလူများ သည် အလွန်ရူးသွပ်နေကာ ပေထင်းဟွမ် သူတို့ကို အထင်သေးမည်ဟု ထင်နေ တုန်းပင်ဖြစ်သည်။ ကူကယ်ရာမဲ့စွာပေင် ပေထင်းဟွမ်သည် မငြင်းဆန်နိုင် တော့ပေ။
ထို အယောက် ၁၀၀ သောလူများအတွက် ဤအရာသည် ဉာဏ်ရှိသော ရွေးချယ်မှုဖြစ်သည်။ ပေထင်းဟွမ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာခြင်းမှာ သူတို့ တစ်ဘဝလုံးအတွက် ကြွားဝါရန်လုံလောက်ပြီဖြစ်သည်။
ဤအခိုက်အတန့်တွင်မူ ၁၄ နှစ်အရွယ်ရှိသည့် လူငယ်သည် ပညာရှင် အဆင့်သို့ဝင်နေပြီဖြစ်သည်။
“ရှောင်ကျို့.. မင်း.. မင်းက တကယ်ကြီး သားရဲထိန်းသခင်ကြီးလား.. မင်း လူတွေကို အသက်ရှင်စေချင်သေးရဲ့လား” အတန်ကြာအောင် အောင့်အီး ပြီးနောက် အဖွဲ့ထွက်သွားချိန်တွင် တုန်ဖန်းကျောက်သည် ပေထင်းဟွမ်အား ဆွဲပြီး ဒေါသတကြီးဖြင့် မေးလေသည်။
ပေထင်းဟွမ်သည် သူ့ကို အရူးတစ်ယောက်ကဲ့သို့ သဘောထားပြီး ကြည့်လေသည် “မင်းမှမမေးတာ.. မင်းမသိဘူးဆိုတာ ငါကဘယ်လိုသိမှာလဲ”
“အာ…” တုန်ဖန်းကျောက်သည် အလွန်စိတ်ဓာတ်ကျကာ သွေးအန် မတတ်ပင်။ “သေစမ်း.. ဆိုးလိုက်တာ.. မင်းက သူများကို အနိုင်ကျင့်ဖို့ စွမ်းအား တွေသုံးပြီး သားရဲထိန်းသခင်ကြီးဖြစ်နေတာနဲ့ပဲ ငါ့ကို သားရဲတွေ အနိုင်ကျင့်ခွင့် ပေးခဲ့တာပဲ.. တော်ပြီ မင်းနဲ့ ထပ်မကစားချင်တော့ဘူး”