← Chapters

ဇာမဏီအမကိုလိုချင်တယ်

Vol. 15 Ch. 284

ဇာမဏီအမကိုလိုချင်တယ်

Vol. 15 Ch. 284

“ဟုတ်ပြီ ဟုတ်ပြီ” ပေထင်းဟွမ်သည် တုန်ဖန်းကျောက်၏ ကလေးဆန် သောအလိုမကျမှုကို မြင်သောအခါ အနည်းငယ် ဆွံ့အမိသည်။ သူမသည် သူ့ကို နှစ်သိမ့်ပေးရန်သာတတ်နိုင်တော့သည် “ဒီလိုဆိုရင်ရော ဝိညာဉ်ခွဲ တောင်တန်းမှာက နတ်သားရဲအများကြီးရှိတယ်လို့ ကြားဖူးတယ်.. ငါတို့တွေ နှစ်ကောင်လောက် ဘာလို့အတူမဖမ်းရမှာလဲ.. ငါမင်းကို တစ်ကောင်ကူ ထိန်းကျောင်းပေးမယ် ဘယ်လိုလဲ”

“နှစ်ကောင်ဖမ်းမှာလား နတ်သားရဲတွေနော်” တုန်ဖန်းကျောက်သည် ထိတ်လန့်တကြား ထခုန်မိသည် “ငါတို့ နတ်သားရဲနှစ်ကောင်ဖမ်းနိုင်မှာ သေချာလား”

“ဘာလို့မရရမှာလဲ.. အထွတ်အမြတ်သားရဲထွက်လာပြီး ငါ့စာချုပ်သားရဲ ဖြစ်ချင်ပါတယ်လို့ အရင်ပြောရင်လည်းပြောလာနိုင်တယ်လေ” ပေထင်းဟွမ် သည် နှာခေါင်းကိုပွတ်လိုက်သည်။ နတ်သားရဲတစ်ကောင်သာဖြစ်သည်။ သူမ သည် နတ်သားရဲများနှင့် မတိုက်ခိုက်ဖူးခြင်းလည်းမဟုတ်ပေ။ ဘာများကြောက်စရာရှိလို့လဲ။

“ရှောင်ကျို့” တုန်ဖန်းကျောက်သည် မိုးပေါ်သို့ကြည့်လိုက်သည်။ ကောင်းကင်ပေါ်တွင် ပေါလောပေါ်နေသော တိမ်တိုက်တစ်ခုရှိလေသည်။ ခဏ အကြာတွင် ၎င်းသည် ပျောက်ကွယ်သွားလေသည် “မင်းက ပါရမီရှင်လည်း မဟုတ်ဘူး လူမိုက်လည်းမဟုတ်ဘူး တကယ့်ကို လုံးဝရူးသွပ်တဲ့လူပဲ”

ဤလူ၏ကောင်းကင်ကို အံတုသည့်ခွန်အားမှာ မည်သည့်နေရာမှလာ ကြောင်းကို သူနောက်ဆုံးမှပင်သိလိုက်ရသည်။ သူသည် ဝိညာဉ်ခွဲတောင်တန်း ကို ဝင်ရဲကာ နတ်သားရဲများကို ဖမ်းသည်။ သူသည် ဝိညာဉ်ခွဲတောင်တန်းတွင် နှစ်နှစ်ကျော်ကြာအောင် လှည့်လည်သွားလာခဲ့သော်လည်း ဤကဲ့သို့ အကြောက်တရားမဲ့သော လူကိုတစ်ခါမှမကြားဖူးခဲ့ပေ။

“ဒါပေမဲ့..” ပေထင်းဟွမ်သည် တုန်ဖန်းကျောက်အား စူးရှစွာကြည့်လိုက် သည် “ငါက သားရဲထိန်းဖြစ်တယ်ဆိုတာကို ဘယ်သူ့ကိုမှမပြောရဘူး”

သွေးသံမဏိကြေးစားအဖွဲ့သည် သူမ၏အသင်းဖြစ်သည်။ ပေထင်းဟွမ် သည် သူမ၏လျှို့ဝှက်ချက်ကို သူတို့ထုတ်ဖော်လိုက်မည်ကို မကြောက်ပေ။ တစ်ဖက်တွင် တုန်ဖန်းကျောက်ကို မယုံခြင်းတော့မဟုတ်သော်လည်း သတိတော့ပေးရမည်။

သေချာပေါက်ပဲပေါ့.. တုန်ဖန်းကျောက်သည် ပေထင်းဟွမ်၏အတွေးကို နားလည်သည်။ ပေထင်းဟွမ်၏ သားရဲထိန်းသခင်ကြီး သရုပ်မှန်သာပေါ်ပေါက် သွားပါက ပေထင်းမိသားစုသည် ပေထင်းဟွမ်ကို အလွတ်ပေးတော့မည်မဟုတ် ပေ။ အနာဂတ်တွင် သူတို့သည် မိသားစုအတွက် ပေထင်းဟွမ်ကို မှော်သားရဲ အမြောက်အများကို ထိန်းကျောင်းခိုင်းလိမ့်မည်။

သူမ အသုံးမဝင်ခဲ့စဉ်က နှင်ထုတ်ခံခဲ့ရသည်။ အသုံးဝင်သည့်ချိန်တွင် အတင်းအကြပ် ပြန်ခေါ်ခံရမည်။ ကိုယ့်ကိုယ်ကိုယ် လေးစားသူများသည် ထိုသို့ လုပ်မည်မဟုတ်ပေ။

“စိတ်မပူပါနဲ့ ငါမပြောပါဘူး” တုန်ဖန်းကျောက်သည် ပေထင်းဟွမ်၏ ပခုံးကို ပုတ်လိုက်သည် “ညီလေး မင်းငါ့အတွက် နတ်သားရဲထိန်းကျောင်းပေးဖို့ မင်းကို မှီခိုနေတုန်းပဲ.. ဇာမဏီငှက်အမဆိုရင် အကောင်းဆုံးပဲ.. နောက်ဆိုရင် ငါ လူသားတစ်ဝက် မှော်သားရဲတစ်ဝက် ကလေးမွေးဖို့ အခွင့်အရေးရသွားတာ ပေါ့”

လူသားတစ်ဝက် မှော်သားရဲတစ်ဝက် ကလေးဟုတ်လား။ ပေထင်းဟွမ် သည် ကူကယ်ရာမဲ့စွာဖြင့် မျက်စောင်းထိုးလိုက်သည်။ ဒီကောင်ရဲ့အကြိုက်က တကယ်ကို ထူးခြားတာပဲ။

“ရှောင်ကျို့ မှော်သားရဲနဲ့လူသားတွေရဲ့ ကလေးကို အထင်မသေးနဲ့နော နှစ်မျိုးစပ် မျိုးဆက်တွေက မျိုးနွယ်နှစ်ခုရဲ့ အကောင်းဆုံးအရည်အချင်းတွေ ပိုင်ဆိုင်တတ်ကြတယ်.. သူတို့ပေါက်မြောက်မှုကလည်း သာမန်လူထက်တောင် မြင့်သေးတယ်” ပေထင်းဟွမ်၏ မျက်နှာထားကိုကြည့်ပြီး သူမသည် ချစ်စရာ ကောင်းသည်ဟု ချူဖုန်း ထင်မိသည်။ ဤကောင်လေးသည် လူကိုတစ်နေကုန် လန့်အောင်လုပ်ခဲ့သည်။ သူ ကြောက်ပင်မကြောက်တော့ပေ။

ပေထင်းဟွမ်သည် နှာခေါင်းကိုပွတ်လိုက်သည်။ သူမသည် ဤကဲ့သို့ အရာမျိုးကို တကယ်မသိပေ။ လမ်းတစ်လျှောက်တွင် ချူဖုန်းနှင့် တုန်ဖန်းကျောက်တို့သည် မှော်သားရဲများ၏မျိုးစိတ်များ၊ ဤတိုက်၏ အလွှာများ အစရှိသဖြင့် ဤတိုက်၏အထွေထွေဗဟုသုတများအကြောင်းကို ပြောပြကြသည်။ ပေထင်းဟွမ်သည် ဤတိုက်အကြောင်းမသိသဖြင့် ထိုယောက်ျားသားနှစ်ယောက်၏ ရင်များနာကျင်မိသည်။

“ရှောင်ကျို့ ပေထင်းမိသားစုက လွန်နေပြီ.. မင်းက မိသားစုရဲ့ တိုက်ရိုက် ဆက်ခံသူပဲ.. အဲဒါကြောင့် မင်းကမိသားစုရဲ့ နည်းပြတွေရဲ့ သင်ပြမှုရသင့်တယ်.. ပေထင်းမိသားစုကအဘိုးကြီးက မင်းလိုပါရမီရှင်ကို လော့ပေမြို့လို ခေါင်တဲ့ နေရာကို နှင်ထုတ်ရအောင် ကန်းနေတာလား.. မင်း မြို့တော်ကိုပြန်ရင် အဲဒီ ပေထင်းမိသားစုက အဘိုးကြီးတွေ ပါရမီရှင်ကို နှင်ထုတ်တဲ့အတွက် သွားပညာ ပေးလိုက်တော့.. သူတို့တွေ ဒေါသထွက်လွန်းလို့ အခေါင်းတွေတောင် ထုတ်လာလိမ့်မယ်” တုန်ဖန်းကျောက်သည် ဒေါသတကြီးပြောလေသည်။

“အဲလောက်လည်းမဟုတ်ပါဘူး” ပေထင်းဟွမ်သည် ချူဖုန်း၏ လက်မောင်းကို ဖက်လိုက်သည် “ငါ့မှာ အစ်ကိုကြီး၊ ဒေါ်လေး၊ ဦးလေး၊ ဝမ်းကွဲ အစ်ကိုနဲ့ အစ်ကိုကြီးတုန်ဖန်းတို့ရှိတာပဲ.. ငါ ဒုက္ခရောက်ရင် မကူညီဘဲနေမှာ မဟုတ်ဘူးမလား”

“ဒါပေါ့” တုန်ဖန်းကျောက်သည် ထိုစကားကြားရသည်ကို ပျော်ရွှင်နေ သည်။ သူသည် ပေထင်းဟွမ်၏ပခုံးပေါ်လက်တင်လိုက်သည် “ရှောင်ကျို့ ချူဖုန်းက ဘယ်လိုလုပ် မင်းရဲ့ဝမ်းကွဲအစ်ကိုဖြစ်သွားတာလဲ”

All Chapters