ဝမ်းကွဲ
Vol. 15 Ch. 285
တုန်ဖန်းကျောက်မှ သူမ၏အကြောင်းများကို တခြားသူများအား ပြောမည်ကို ပေထင်းဟွမ် မကြောက်ပေ။ သူမသည် ခေါင်းလှည့်ပြီး ချူဖုန်းကို ကြည့်လိုက်သည်။ သူမ၏အကြည့်များသည် အပြစ်မကင်းမှုများ၊ ရင်နာမှုများ၊ နှင့် နွေးထွေးမှုများပါဝင်နေသည်။ “သေချာပေါက် ချူဖုန်းက ကျွန်တော့် ဝမ်းကွဲအစ်ကိုပဲ ကျွန်တော့်အမေက ယွဲ့မုန့်ယင်း ချူဖုန်းအမေက ယွဲ့မုန့်ချင် အမေတွေက ညီအစ်မအရင်းတွေလေ.. အဲတော့ဝမ်းကွဲတွေမဟုတ်ရင် ဘာဖြစ်ရမှာလဲ”
“မင်းက အဒေါ်မုန့်ယင်းရဲ့သားလား.. မင်းက တကယ်ကြီး အဒေါ် မုန့်ယင်းရဲ့သားလား” ချူဖုန်းသည် ထိတ်လန့်သွားကာ ပေထင်းဟွမ်အား ဆုပ်ကိုင်လိုက်သည်။ အမြဲတစေ ပေထင်းဟွမ်အား နွေးထွေးတတ်သောသူ သည် ပေထင်းဟွမ်၏လက်မောင်းကို သံညှပ်သဖွယ် ဝမ်းမြောက်စွာဖြင့် ဆုပ်ကိုင်လေသည်။ ထိုအခိုက်အတန့်တွင် အေးစက်လေ့ရှိသော သူ့မျက်လုံး များသည် ၆ လပိုင်းတွင် ထွန်းတောက်သည့် နေမီးတောက်များနှင့်တူသည်။ သူသည် ပေထင်းဟွမ်အား ဆုပ်ကိုင်ကာ ရေရွတ်လိုက်သည် “ကောင်းလိုက်တာ မင်းက အဒေါ်မုန့်ယင်းရဲ့သားပဲ”
သူတို့သုံးယောက်သည် အရှေ့မှလျှောက်သွားကာ အဖွဲ့သည် သူတို့အနောက်မှ ခပ်ခွာခွာလိုက်ခဲ့ကြသည်။ သံမဏိသွေးကြေးစားအဖွဲ့မှ တခြားသောအဖွဲ့ဝင်များသည် သူတို့သုံးယောက် ပြောနေသည်များကို မကြားရ ပေ။ သူတို့မြင်ရသည်မှာ ချူဖုန်းသည် အားမလိုအားမရနှင့် ပေထင်းဟွမ်အား တင်းကြပ်စွာဖက်တွယ်ထားသည်ကိုပင်။ တခြားအရာများသည် အဆင်ပြေ၏။ သို့သော် တစ်နေ့ ကမ္ဘာကြီးမှ လက်ခံလိုက်လျှင် ပြောစမှတ်တွင်သော ဆက်ဆံ ရေးဖြစ်သွားလိမ့်မည်။ တစ်ဖက်တွင် ဝမ်ဝေ့သည် မတည်ငြိမ်နိုင်တော့ပေ။
“စစ်ဦးစီးနဲ့ တပ်မှူးတို့က အရင်ကကောင်းနေတာပဲမဟုတ်ဘူးလား.. စစ်ဦးစီးက တပ်မှူးကို ဝမ်းကွဲအစ်ကိုလို့တောင်ခေါ်နေတာ.. ဘာလို့… ဒီလို ဖြစ်သွားတာလဲ” ဝမ်ဝေ့သည် ငိုချင်လာသည်။
“ကောင်းပါတယ်” မွန်မြတ်သောသားရဲရထားသည့် မေလော့သည် မတည်ငြိမ်နိုင်တော့ပေ။ သူမသည် လက်နှစ်ဖက်ဖြင့် သူမ၏နှလုံးသားကို ကိုင်လိုက်သည် “စစ်ဦးစီးက အရည်အချင်းရှိတဲ့သူလေ တပ်မှူးကိုအားကျ လိုက်တာ”
“ကောင်မစုတ်ကလေး မင်းနဲ့ ဟော်မင်တို့က မွန်မြတ်တဲ့သားရဲ တစ်ကောင်စီရကြတာ.. မြန်မြန်ရှေ့ထွက်ပြီး အဖွဲ့အတွက် မွန်မြတ်တဲ့သားရဲ တွေ မြန်မြန်ရှာမပေးသေးဘူးလား.. ဘာတွေတွေးနေတာလဲ” ဝမ်ဝေ့သည် ဒေါသတကြီးပြောလေသည် “ဟင်း ခေါင်းဆောင်ဆိုတဲ့လူက ဘာလို့ အဲလောက်တောင် တပ်မက်ရတာလဲ.. လိုချင်ရင် ကိုယ့်ဘာသာတော်အောင် လုပ်လေ.. မဟုတ်ရင် ပြုတ်မှာပဲ”
“ကဲပါ ဦးလေးဝမ် သွားရအောင်ပါ မေလော့ ရှေ့သွားပြီးလမ်းဖွင့်ပေးရ အောင်.. ငါတို့ညီအစ်ကိုတွေအတွက် မွန်မြတ်တဲ့သားရဲတချို့ရှာပေးကြတာပေါ့” ဟော်မင်သည် ရှေ့တိုးကာ မေလော့ကို ဆွဲလာသည်။ သူသည် အကြောင်းမရှိ မွန်မြတ်သောသားရဲရလိုက်သည်။ အကြောင်းမှာလည်း သူ၏ပုံမှန်လုပ်ဆောင် ချက်ကောင်းခြင်းကြောင့်ဖြစ်သော်လည်း စိတ်မအေးနိုင်ကာ သံမဏိသွေးအဖွဲ့ ကို မျှဝေပေးချင်သည်။
သူသည် ပေထင်းဟွမ်တို့သွားသည့်လမ်းအတိုင်း ရွေးချယ်လိုက်သည်။ သူတို့သာ တောင်ကြားကိုဖြတ်ပြီး ဖြတ်လမ်းအတိုင်းသွားလျှင် မိသားစုကြီး လေးခုမရောက်ခင် ခြင်္သေ့တောင်တန်းသို့ ရောက်နိုင်သည်။ မည်သူမှ ဤလမ်း ကိုမသွားရဲကြပေ။ ဝိညာဉ်ခွဲတောင်တန်းရှိ လှပသောတောင်ကြားများကို အဆင့်မြင့်မှော်သားရဲများမှ စောင့်ကြပ်နေသည်ဟု ပြောကြသည်။
သို့သော် သူတို့ဝင်သွားသည့်တောင်ကြားသည် ယန်ယဲ့နှင့် အထွတ်အမြတ်သားရဲတို့၏ တိုက်ပွဲကြောင့် ပျက်စီးထားသည့်နေရာဖြစ်သည်။ အတိုချုပ်ပြောရလျှင် မည်သည့်မှော်သားရဲမှ မဝင်ရဲကြပေ။
ရှေ့မှတောင်ကြားကို ညွှန်ပြရင်း ပေထင်းဟွမ်သည် အသံကိုမြှင့်ကာ စိတ်ဓာတ်တက်ကြွသည့်အသံဖြင့် ပြောလေသည် “အဲဒီတောင်ကြားကိုဖြတ်ပြီး ရင် နန်ကုန်းမိသားစုကို ကျော်ပြီး သူတို့ရှေ့ကရောက်မယ်.. ညီအစ်ကိုတို့ ခြေလှမ်းသွက်ပြီး သူတို့မှော်သားရဲတွေ အကုန်သာလုတော့.. အဲဒီစိတ်တိုဖို့ ကောင်းတဲ့ နန်ကုန်းမိသားစုကလူတွေ လက်ဗလာနဲ့ပြန်ရအောင်လုပ်လိုက် သူတို့ ဒေါသထွက်ပြီးသေအောင်လုပ်လိုက်တော့”
“ငါတို့ခေါင်းဆောင်က အင်အားကြီးလိုက်တာ”
မေလော့၏အားပေးသံနောက်တွင် အဖွဲ့တစ်ခုလုံးသည် အော်ဟစ်ကြ၏။ သူတို့သည် တောင်ကြားဆီသို့ အမြန်သွားကြသည်။ တောင်ကြားတွင် ပွထနေ သော မြေများနှင့် ကျိုးပျက်နေသောအမြစ်များရှိသည်။ ထူထဲသောမြေဆီလွှာ သည် ပြိုကျနေကာ လူ့အရပ်ထက်မြင့်သောကျောက်တုံးကြီးများသည် ကွဲအက် နေသည်။ ထိုညက တိုက်ပွဲသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို တွေးကြည့်ရန်ပင်ခက်လှသည်။
လမ်းသည် လျှောက်ရန် အနည်းငယ်ခက်ခဲသည်။ သို့သော် မှော်သားရဲ တောတွင် တစ်နှစ်ပတ်လုံး လှည့်ပတ်သွားနေသည့် စွန့်စားသူများအဖို့ ခက်ခဲလှ သည်တော့မဟုတ်ပေ။ ဟော်မင်နှင့် မေလော့တို့သည် ရှေ့မှဦးဆောင်သွားကာ မျက်နှာချင်းဆိုင်မှ ကြီးမားသောတောင်ကြားကိုဖြတ်ပြီး မှော်သားရဲတောရှိ နာမည်အကြီးဆုံး ဝိညာဉ်ခွဲချောက်ဆီသို့ ဝင်လေသည်။