နှင်းဝံပုလွေများ
Vol. 15 Ch. 286
မှော်သားရဲတောသည် တိုက်ကြီးတစ်ခုလုံးကို အရှေ့မှအနောက် ဖြန့်ကျက်ကာ ဝိညာဉ်ခွဲတောင်တန်းသည် ဤတိုက်ကြီး၏ ကျောရိုးသဖွယ် တည်ရှိပြီး မှော်သားရဲခံတောတစ်ခုလုံးကို ဖြန့်ကျက်ထားသည်။ ဤဝိညာဉ်ခွဲ ချောက်သည် ကြီးမားသောတောင်တန်းတစ်ခုကြားတွင် အသားညှပ်ပေါင်မုန့် ကဲ့သို့ တည်ရှိနေကာ ဝိညာဉ်ခွဲတောင်တန်းအတွင်းအနက်ပိုင်းသို့ တိုက်ရိုက် ရောက်ရှိနိုင်သည်။
ဝိညာဉ်ခွဲတောင်တန်းအပြင်တွင် ကြယ် ၅ ပွင့်မွန်မြတ်သောသားရဲနှစ် ကောင်ရှိနှင့်ပြီးသောပေထင်းဟွမ်သည် ဝိညာဉ်ခွဲချောက်အတွင်းသို့ ဝင်ပြီးသည် နှင့် မည်သို့သောအဆင့်မြင့်ကြယ်မှော်သားရဲများနှင့်တွေ့မည်ကို တွေးကြည့်၍ ပင်မရပေ။
အတန်ကြာအောင် လျှောက်ပြီးနောက် မြင့်မားသောသစ်ပင်များသည် မိုးပေါ်မှ နေကိုပိတ်ကာနေပြီဖြစ်သည်။ ခြေသံများအပြင် သူတို့၏ အသက်ရှူ သံများကပင် ခပ်တိုးတိုးသာရှိနေသည်။ သူတို့သည် မည်သည့်အသံကိုမှ မကြား ရပေ။ အားလုံးသည် စိတ်လှုပ်ရှားနေသည်ကို မြင်နိုင်သည်။
ကောင်းကင်ကြီးသည် မှောင်ပြီးရင်းမှောင်လာသည်။ ရံဖန်ရံခါတွင် မှော်သားရဲများ၏ရောင်ဝါ အရိပ်အယောင်တချို့ကို မြင်ရတတ်သည်။ ပေထင်းဟွမ်သည်လက်မြှောက်ကာ အဖွဲ့ကိုရပ်တန့်စေလိုက်သည် “ဟော်မင် မေလော့ ဒီနားမှာ ဂူရှိလားလို့ မင်းတို့ သားရဲတွေကိုမေးလိုက်.. နေရာရှင်းလား ဆိုတာ သေချာအောင်လုပ်ပြီး စခန်းချမယ်”
သူတို့သည် ခြင်္သေ့ဘုရင်တောင်တန်းနှင့် အနည်းငယ် ဝေးကွာနေသေး သော်လည်း ပေထင်းဟွမ် မလောပေ။ သူတို့၏လက်ရှိ ခရီးသွားသည့်အရှိန်နှုန်း သည် အနည်းငယ် နှေးလျှင်နှေးလိမ့်မည်။ သို့သော် အဖွဲ့၏ခွန်အားတိုးလာ သည်နှင့် အရှိန်လည်းမြန်လာမည်ဖြစ်သည်။ မျိုးနွယ်ကြီးလေးခုထက် ခြင်္သေ့ ဘုရင်တောင်တန်းသို့ အမြန်ရောက်နိုင်သည့် နည်းလမ်းများ သူမတွင်ရှိသည်။
ထို့နောက် သူတို့နှစ်ယောက်သည် သက်ဆိုင်ရာမွန်မြတ်သောသားရဲများ နှင့် ထွက်သွားပြီးနောက် မေလော့သည် မလှမ်းမကမ်းမှ အမှောင်ဂူတစ်ခုအား ညွှန်ပြကာ ပြောလိုက်သည် “ခေါင်းဆောင် လော့ရှဲပြောတာတော့ ဟိုမှာ နှင်းဝံပုလွေဂူရှိတယ်တဲ့.. ဂူကအရမ်းကြီးလို့ ကျွန်မတို့ အယောက် ၁၀၀ ကျော် တော့နေလို့ရတယ်တဲ့.. ဒါပေမဲ့ အထဲက ဝံပုလွေတွေက အရမ်းအားကောင်း တယ်.. ခေါင်းဆောင် ကြယ် ၁ ပွင့်နတ်သားရဲ၊ ကြယ် ၅ ပွင့်မွန်မြတ်တဲ့သားရဲ ၅ ကောင်နဲ့ ကျန်တာကလည်း အများစုက အဆင့်မြင့်ဝိညာဉ်သားရဲတွေ”
နှင်းဝံပုလွေဟုတ်လား။ အားလုံးသည် လေအေးများကို ရှိုက်သွင်းမိကြ သည်။ ပြောခဲ့သည့်အတိုင်းပင် အုပ်စုဖွဲ့နေကြသော မှော်သားရဲများသည် သူတို့ ၏ အညှာတာကင်းမှုနှင့် အရှိန်ကိုမသိနိုင်ပေ။ တောထဲတွင် လှည့်ပတ်သွားနေ သည့် စွန့်စားူများသည် နှင်းဝံပုလွေထက် အနက်ရောင်ဝက်ဝံများနှင့်သာ တွေ့တတ်ကြသည်။ သူတို့၏ လေကဲ့သို့ပေါ့ပါးသွက်လက်သော လှုပ်ရှားမှုများ သည် ၎င်းတို့၏ပြိုင်ဘက်ကိုပင် ရူးခါသွားစေလောက်သည်။