← Chapters

ဒီကမ္ဘာမှာ ငါမရနိုင်တာဘာမှမရှိဘူး

Vol. 15 Ch. 287

ဒီကမ္ဘာမှာ ငါမရနိုင်တာဘာမှမရှိဘူး

Vol. 15 Ch. 287

ဂူသည် လူအရပ်တစ်ဝက်စာအမြင့်သာရှိသည်။ ဝင်ပေါက်သည် လူ သုံးဦး ဝင်နိုင်ကာ ဘေးချင်းယှဉ်ပြီးဝင်နိုင်သည်။ ထိုအချိန်တွင် နတ်သားရဲမှ ဦးဆောင် ကာ ၎င်း၏နောက်လိုက်များကို ဂူဝင်ပေါက်တွင် ဆောင့်ကြောင့်ထိုင်ခိုင်းနေပြီ ဖြစ်သည်။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် ဂူဝင်ပေါက်ကို ပိတ်ထားသည်။ ၎င်း၏ နှင်းဖြူရောင်အမွေးသည် လရောက်အောင်တွင် တောက်ပကာ အေးစက်မှုကို ပေးစွမ်းသည်။

ပေထင်းဟွမ်နှင့်တခြားသူများကို ထောင်လွှားစွာကြည့်ပြီးနောက် သန္ဓေ ပြောင်းဘုရင်၏ အနောက်ရှိဝံပုလွေအကောင် ၂၀ လောက်သည် အစိမ်းရောင် မျက်လုံးများဖြင့်ကြည့်နေကြသည်။ သူတို့သည် လဆီသို့မျှော်ကြည့်ကာ အူလိုက်ကြရာ ကြောက်မက်ဖွယ်ရောင်ဝါသည် ပေထင်းဟွမ်၏အဖွဲ့ဆီသို့ လှိုင်းလုံးသဖွယ် ရိုက်ခတ်လာသည်။

သူတို့တွေ့လိုက်သည့်အခိုက်အတန့်တွင် ခွန်အားကိုပြသလေသည်။ သူတို့သည် ကောက်ကျစ်သောဝံပုလွေအုပ်ပင်။ ပေထင်းဟွမ်သည် ဝံပုလွေများ ကို အထူးတလည်ရွေးချယ်တတ်သည်။ ၎င်းတို့သည် အေးစက်ပြီး အညှာတာမဲ့ သော်လည်း တွဲဖက်အပေါ်တွင် အလွန်သစ္စာရှိကြသည်။ သူမ၏စိတ်ထဲတွင် စိတ်ပိုင်းဖြတ်မှုများမြင့်တက်လာပြီးနောက် ပေထင်းဟွမ်၏လှပသောနှုတ်ခမ်း သည် အေးစက်သောအပြုံးအဖြစ် ကွေးတက်သွားသည်။

“တုံးအလိုက်တဲ့လူသားတွေ မင်းတို့ကလူများတာနဲ့ ငါတို့ကို နိုင်မယ်လို့ ထင်နေလား” မြေပေါ်တွင်ဝပ်ရင်းနှင့် မောက်မာစွာဖြင့် ခေါင်းမော့ကာ သန္ဓေ ပြောင်းဘုရင်၏ ရောင်ဝါကို ထုတ်လွှတ်နေသည်။ ၎င်းသည် လကိုမျှော်ကာ အူလိုက်သည်နှင့် ရောင်ဝါထပ်မံထွက်လာသည်။ ဖိအားများသည် နှင်းပြိုသလို ပင်ရောက်လာသည်။

လူတစ်ရာကျော်ရှိသောအဖွဲ့သည် တည်ငြိမ်စွာပင် မရပ်နိုင်ကြပေ။ အားလုံးပေါင်း အဆင့်မြင့်ကြယ် ဝီညာဉ်သားရဲအကောင် ၂၀ ကျော်ရှိသည်။ အကယ်၍ သာမန်စွန့်စားသူအဖွဲ့သာ ဤကဲ့သို့ ဖွဲ့စည်းမှုနှင့်တွေ့လျှင် အပိုင်းပိုင်းပြတ်ပြီး အစားခံရမည်ဖြစ်သည်။

“ဟားဟား” ကြည်လင်သောအသံတစ်သံသည် ချောက်အထက်လေထဲ တွင် ထွက်လာသည်။ ပေထင်းဟွမ်သည် ရှေ့တစ်လှမ်းတိုးကာ သူမ၏ခန္ဓာ ကိုယ်ရှိ ရောင်ဝါများသည် တောင်နှင့်မြစ်များကို လွှမ်းခြုံကာ ကြယ် ၂ ပွင့် နတ်သားရဲ၏ဖိအားကို ခုခံနေလေသည်။ “ဒီကမ္ဘာမှာ ငါပေထင်းဟွမ် မလိုချင် တာတစ်ခုပဲရှိတာ.. ငါပေထင်းဟွမ် မလိုချင်တာ ဘာမှမရှိဘူး.. မင်းတို့ ဝင်သက်ထွက်သက်တွေကို အကုန်မခံနဲ့”

အုပ်စုဖွဲ့နေသော နတ်မိစ္ဆာသားရဲများ.. အထူးသဖြင့် နတ်သားရဲနှင့် မွန်မြတ်သောသားရဲများဦးဆောင်သည့် သားရဲအုပ်များသည် ပုံမှန်အားဖြင့် နတ်သားရဲဖိအားကို မကြောက်ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် လူသား မြေကြီးအဆင့်ဝိညာဉ်သခင်များသည် နတ်သားရဲများ သို့မဟုတ် မွန်မြတ်သော သားရဲများနှင့် ရင်ဆိုင်ရသည့်ခါ ဖိနှိပ်ခြင်းကိုမခံနိုင်ကြပေ။ သို့သော် ပေထင်းဟွမ်၏အဖွဲ့တွင် ကောင်းကင်အဆင့်သားရဲနှစ်ကောင်ရှိသည့်အပြင် ပေထင်းဟွမ်တွင် ကောင်းကင်အဆင့်သို့ရောက်တော့မည့် သားရဲလည်းရှိ၏။ သူမ ဘာကြောက်စရာလိုလို့လဲ။

ဤတိုက်ပွဲသည် သံမဏိသွေးကြေးစားအဖွဲ့၏ ပထမဆုံးတိုက်ပွဲဖြစ်၏။ သူမသည် ဝိုင်းသည့်နည်းလမ်းကို မသုံးပေ။ ထိုအစား အဖွဲ့နှစ်ဖွဲ့ကို ထိပ်တိုက် တွေ့စေသည်။ သူမသည် ဤအခွင့်အရေးကို အသုံးချကာ သူမ၏စွမ်းအားကို အစစ်အမှန်တည်ဆောက်ချင်သည်။

ဤလူတစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသောအဖွဲ့သည် သူမကို စိတ်ရင်းဖြင့် သစ္စာခံပြီး ယုံကြည်ပါက အားပေးစကားပြောရုံနှင့်မလုံလောက်ပေ။ သူမသည် ပိုအားကောင်းသော ခွန်အားများထုတ်ပြကာ သူတို့၏စိတ်တစ်ခုလုံးကို သိမ်းပိုက်ရမည်။ သူမသည် ဤလူများ၏စိတ်ထဲတွင် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်ချင်သည်။ အနာဂတ်တွင် သူမ မှော်သားရဲတောတွင်နေသည်ဖြစ်စေ မနေသည်ဖြစ်စေ ဤစစ်ဆင်ရေးပြီးနောက် သူမသည် သူတို့စိတ်ထဲရှိ စစ်မှန် သော ခေါင်းဆောင်ဖြစ်ချင်သည်။

တုန်ဖန်ကျောက်နှင့်ချူဖုန်းတို့သည် ပေထင်းဟွမ်၏ ခွန်အားကို ကောင်းစွာနားလည်ပြီးသားဖြစ်သည်။ ထို့ကြောင့် စိတ်မပူကြပေ။ သူမအနောက်မှ အဖွဲ့ဝင်တစ်ရာသည် ပေထင်းဟွမ်၏ဆင့်ခေါ်မှုကိုခံရ ပြီးနောက် တိုက်ခိုက်ရေးစိတ်ဓာတ်များ တက်ကြွလာသည်။ သူတို့သည် စိတ်ထဲရှိမီးကိုငြှိမ်းသက်ရန် တိုက်ပွဲတစ်ခုအရေးတကြီးလိုအပ်နေသည်။

ပေထင်းဟွမ်၏ ရန်စခြင်းကိုခံရပြီးနောက် အလွန်အားကောင်းသည့် ကြယ် ၁ ပွင့်နတ်သားရဲ သန္ဓေပြောင်းဝံပုလွေဘုရင်သည် တုန်ဖန်းကျောက်နှင့် ဝမ်ဝေ့တို့အား အနည်းငယ် ကြောက်သည့်အကြည့်ဖြင့် ကြည့်လေသည်။ သို့သော် ပေထင်းဟွမ် ဆွပေးပြီးနောက် ၎င်း၏အေးစက်သောမျက်လုံးစိမ်းများ သည် အထင်သေးမှုများဖြင့် ပြည့်နေသည်။

ဒီတုံးအတဲ့လူသားက မြေကြီးအဆင့်ဝိညာဉ်သခင်ပဲရှိသေးတာကို သူ့ကို မကြောက်မရွံ့နဲ့ လာပြီးရန်စရဲယ်။ ဒီနေ့ နတ်သားရဲတွေက စလို့ရတဲ့ဟာ မဟုတ်ဘူးဆိုတာ ဒီလူသားကိုပြပေးလိုက်မယ်။

“ဒါဆိုလည်း မင်းတို့လို သောက်တုံးတွေက ငါ့လူတွေကို ဘယ်လိုအနိုင်ယူ မလဲကြည့်ကြတာပေါ့” နတ်သားရဲသည် ၎င်း၏ရှေ့လက်သည်းများကို ဝေ့ယမ်း ပြလေသည်။ သူ၏ဦးဆောင်မှုအောက်တွင် အနောက်မှမွန်မြတ်သော သားရဲ လေးကောင်သည် တဖန်ဖြန့်ကျက်လိုက်ပြီး မှော်သားရဲ၏ ပုံစံအစစ်အမှန်သည် တဖြည်းဖြည်ပေါ်လာသည်။

All Chapters