ခေါင်းဆောင်နောက်လိုက်ပြီး အကုန်ထွက်ကြမယ်
Vol. 15 Ch. 288
ကြီးမားသောဖိအားတစ်ခု ထွက်လာပြန်သည်။
“မိုးနတ်မင်းရေ သန်မာလိုက်တာ”
“ဘာကြောက်စရာရှိလို့လဲ.. ငါတို့မှာလည်း ခေါင်းဆောင်ရှိတယ်.. မှော်သားရဲတွေ ဒီလောက်များတာ ဟားဟား ငါ့ရဲ့ပထမဆုံးမှော်သားရဲကို ဖမ်းရတော့မယ်”
“ဟုတ်တယ် ညီအစ်ကိုတို့ လက်နက်တွေထုတ်လိုက်ကြ ငါတို့ ခေါင်းဆောင်နောက်လိုက်ပြီး အကုန်ထွက်ကြမယ်”
“သေစမ်း စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ ငါသေသွားရင်တောင် တန်တယ်”
ဝှီး ဝှီး ရွှီး ရွှီး လက်နက်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်လိုက် ကြသည်။ နှင်းဝံပုလွေ၏ ကြောက်မက်ဖွယ် အစိမ်းရောင်မျက်လုံးများနှင့်ယှဉ် လျှင် ပေထင်းဟွမ်အသင်း၏ လက်နက်များသည် လရောင်အောက်တွင် တောက်ပနေသည်။
“ထွက်ခဲ့ ငါ့တွဲဖက်”
ပေထင်းဟွမ် လက်ဝေ့လိုက်သည်နှင့် အပြာနုရောင်အလင်းလှိုင်းလုံး သည် သူမ ဘေးတွင်လင်းလက်လာသည်။ ကြောက်လန့်နေသောလူအုပ်နှင့် ဝံပုလွေများ၏ အကြည့်အောက်တွင် မှော်ားရဲများ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းကြီးထွားကာ ၎င်းတို့၏မူလအသွင်အပြင်အဖြစ်ပြောင်းသွားကြ လေသည်။
“ခေါင်းဆောင်ရဲ့ စာချုပ်သားရဲတွေ.. များလိုက်တာ” ထိတ်လန့်သော အသံတစ်သံသည် စာကြောင်းအပြည့်အစုံကိုပင် မပြောနိုင်ပေ။
“အရူး ခေါင်းဆောင်က ဘယ်သူလဲဆိုတာ ဘာလို့မကြည့်တာလဲ”
“ကောင်းကင် မြေကြီး ဒီဘဝမှာ ဒီလိုခေါင်းဆောင်နောက်လိုက်ဖို့ အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်”
“ဟားဟား ငါတို့အနိုင်ရနိုင်ခြေပိုမြင့်နေပြီ.. ငါတို့တွေ ဒီဝံပုလွေအုပ်ကို သေချာပေါက် သတ်မယ်”
သံမဏိကြေးစားအဖွဲ့ဝင် တစ်ရာကျော်၏ခံစားချက်များသည် ပြန်လည် မြင့်တက်လာသည်။ သူတို့စိတ်ထဲမှ တိုက်ခိုက်ရေးစိတ်ဓာတ်များသည် မထိန်း နိုင်သောအဆင့်သို့ မြင့်တက်လာသည်။ အမြီးကိုးချောင်းမီးမြေခွေးသည် နီရဲ သောမီးလျှံများဖြင့် ပေထင်းဟွမ်ဘေးသို့ လျှောက်လာသည်။ ၎င်း၏အလွန် စူးရှသည့်အရောင်နှင့် အားကောင်းသောရောင်ဝါသည် အားလုံး၏ မျက်လုံးများ ကို ပြူးကျယ်သွားစေသည်။
အမြဲတမ်း နစ်နာပြီးဒေါသထွက်နေသောတုန်ဖန်းကျောက်သည် အနည်း ငယ် ခံစားရသက်သာသွားသည်။ သူသည် ပေထင်းဟွမ်၏ သားရဲများ နှိပ်စက် ခြင်းကိုခံရသူတစ်ဦးအနေနှင့် ဤလူများကို စိတ်ထဲမှ ရယ်မောမိသည်။ သူတို့ သည် မှော်သားရဲတစ်ကောင်ကိုပင် ခံနိုင်ရည်မရှိကြပေ။ အဲလူမှာ မှော်သားရဲ ဘယ်နကောင်ရှိလဲဆိုတာ သိကြရဲ့လား။ သူတို့တွေအကုန်လုံးက မွန်မြတ်တဲ့ သားရဲထက် မြင့်တာချည်းပဲ။ အဲလူကအမြဲတမ်း အန္တရာယ်ပြုမယ့်လက္ခဏာရှိ နေတယ်။ သူမက ဘယ်တော့မှ ဝှက်ဖဲကိုထုတ်မပြဘဲ အချိန်တိုင်း နောက်ကွယ် ကနေ သူများကို ဆန့်ကျင်ဖို့ အကြံထုတ်ရတာကို ကြိုက်တဲ့သူပဲ။
၎င်း၏အနီရောင်တောက်ပသောအမွေးများသည် လရောင်အောက်တွင် လင်းလက်စွာတောက်ပသည့် ဖဲသားပျော့နှင့်တူနေသည်။ ၎င်းအနောက်မှ ကြီးမားသော အမွေးပွအမြီများသည် အလွန်ပင် ခမ်းနားလွန်းသည်။ ကြယ် ၂ ပွင့်နတ်သားရဲ၊ အမြီးကိုးချောင်းမီးမြေခွေးသည် ရှေ့မှ ငွေရောင်ဝံပုလွေဘုရင် ကို အေးစက်သောမျက်လုံးနီများဖြင့် ကြည့်နေသည်။ ၎င်း၏အမွေးပွအမြီးသည် အနောက်တွင် ညင်သာစွာဝေ့ယမ်းနေသည်။ ၎င်းသည် ကြယ် ၁ ပွင့် နတ်သားရဲ ကို အရေးတယူမရှိသည်မှာတော့ သေချာနေသည်။
အဖွဲ့ထဲတွင် လော့ရဲနှင့် ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ဟော်မင်နှင့် စာချုပ်တည်ထောင်ပြီးဖြစ်ကာ ရှေ့တိုးပြီး သူတို့၏ပုံစံအစစ်အမှန်ကို ထုတ်ပြ လေသည်။
ကြီးမားသောမြွေ၏နှင်းဖြူရောင်ကိုယ်ထည်သည် ကောင်းကင်တွင် စိမ့်ဝင်နေသော လရောင်နှင့်တူသည်။ ၎င်းသည် ဤချောက်ရှိ နေရာအတော် အများကိုယူထားသည်။ ၎င်းသည် မီးပုံးနှင့်တူသည်။ မြွေ၏မျက်လုံးများသည် အစိမ်းရောင်လက်နေကာ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သောအလင်းရောင် ထုတ် လွှတ်ပေးသည်။ ၎င်း၏ ရေပုံးအရွယ်အစားရှိ ကြေးခွံများသည် နူးညံ့သော ဓားသွားနှင့်တူကာ အေးစက်သောအလင်းထုတ်ပေးလေသည်။ မြွေ၏ လျှာနှစ်ခွသည် ချွန်ထက်သောမြားကဲ့သို့ ကျုံ့သွားကာ လူများစိုက်ကြည့်ရန်ပင် ကြောက်ရွံ့စေသည်။
ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ရှေ့တစ်လှမ်းတိုးရာ မြေကြီးပင် တုန်ခါသွားစေသည်။ ကောင်းကင်ပေါ်သို့မော့ကာ ဒေါသတကြီးမာန်ဖီသည်နှင့် ဘေးနှစ်ဖက်မှ တောင်ကမ်းပါးများပြိုကျတော့မတတ်ပင်။ ကျောက်တုံးများ လိမ့်ကျသည့်အသံကို ကြားနေရသည်။ ထိုကြီးမားသောအကောင်ကြီးသည် ပေါ်လာသည်နှင့် ဝံပုလွေအုပ်ကို မှင်တက်သွားစေသည်။
နှင်းဝံပုလွေများ လေအေးကိုရှိုက်သွင်းရသည့်အလှည့်ဖြစ်သွားသည်။ ဤသန္ဓေပြောင်းဘုရင်၏ဦးနှောက်သာ ချောင်မနေလျှင် တစ်ဖက်အဖွဲ့တွင် နတ်သားရဲတစ်ကောင်၊ မွန်မြတ်သောသားရဲနှစ်ကောင်၊ ကောင်းကင်အဆင့် ပညာရှင်နှစ်ယောက်၊ ကောင်းကင်အဆင့်ရောက်ခါနီးပညာရှင် တစ်ယောက် ရှိသည်ကို သိသင့်သည်။ ဤစစ်ပွဲသည် မစသေးသော်လည်း အနိုင်ရနိုင်ခြေမှာ တစ်ဝက်လျော့သွားပြီဖြစ်သည်။
မွန်မြတ်သောသားရဲတစ်ကောင်သည် အရွယ်ရောက်ပြီးသားလူ၏ ဉာဏ်ရည်များရှိရာ နတ်သားရဲဆိုပြောရန်ပင် မလိုတော့ပေ။
သန္ဓေပြောင်းဝံပုလွေဘုရင်သည် အလျင်အမြန်ပင် နှစ်ဖက်လုံး၏ခွန်အား ကို ချင့်ချိန်ပြီးသွား၏။ ၎င်းသည် ပေထင်းဟွမ်အနောက်မှ အဆင့်နိမ့်လူသား ဝိညာဉ်သခင်များကိုမြင်သောအခါ နှာမှုတ်လေသည် “ဟင်း လူသားငမိုက် ငါ့ တော်ဝင် ဝံပုလွေမျိုးနွယ်က ဘယ်တော့မှ အရှုံးမပေးဘူး.. မင်းရဲ့ မှော်သားရဲ တွေက တကယ်ပဲသန်မာကြပါတယ် အခုထွက်သွားကြတော့.. ငါမင်းရဲ့ ရိုင်းပြ မှုကို ဗွေမယူတော့ဘူး.. မဟုတ်ရင် မင်းကျန်တဲ့ဘဝမှာ ဒီတန်ရာတန်ကြေးကို အမှတ်ရသွားစေရမယ်”
တစ်ဖက်သည် မျက်လုံးများကို လှိမ့်လိုက်သည်။ ဤလူသည် သူမအဖွဲ့၏ အသက်နှင့် သူမကိုခြိမ်းခြောက်နေသည်ကို ပေထင်းဟွမ်သိသည်.. သူမသည် ရယ်မောကာ အေးစက်စွာပြောလိုက်သည် “မင်းအခု အရှုံးပေးရင် ငါမင်းကို မရယ်ဘူး”