လူရုပ်နဲ့မြေခွေး
Vol. 15 Ch. 289
“ဟင်း စဉ်းတောင်မစဉ်းစားနဲ့” သန္ဓေပြောင်းဝံပုလွေဘုရင်၏မျက်လုံး များသည် ဒေါသများဖြင့် ပြည့်နေသည်။ ဒီလူသားအစုတ်အပြတ်က နတ်သားရဲ ကို မတိုက်ခိုက်ဘဲနဲ့ အညံ့လာခံခိုင်းနေတယ်။
“ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့” ပေထင်းဟွမ်သည် သူမလက်ထဲမှ ဓားပျော့ဖြင့် သန္ဓေပြောင်းဝံပုလွေဘုရင်ကို ညွှန်ပြလိုက်သည် “နွယ်ပင်လေး ဒီထောင်လွှားနေတဲ့ကောင်ကို မင်းရဲ့ ခွန်အားကိုအရသာမြည်းခိုင်းလိုက်”
မိုးပေါ်သို့ ခုန်တက်ကာ အနောက်မှအဖွဲ့ကို စစ်ပွဲစတင်ခိုင်းလိုက်၏ “ဝမ်ဝေ့ တုန်ဖန်းကျောက် ဟော်မင်နဲ့ မေလော့ ဒီမွန်မြတ်တဲ့သားရဲလေးကောင် ကို ရှင်းလိုက်.. ကျို့ယန်ဒီဝံပုလွေအစုတ်အပြတ်က မင်းလို မျက်နှာနှစ်ဖက်နဲ့ မြေခွေးထက် ကောက်ကျစ်လားဆိုတာ ကြည့်ကြတာပေါ့”
“သခင် အကောက်ကျစ်ဆုံးက မင်းလိုမျိုး လူရုပ်နဲ့မြေခွေးမဟုတ်ဘူးလား”
ကျို့ယန် စကားပြောသည်နှင့် သန္ဓေပြောင်းဝံပုလွေဘုရင်သည် ကြောက်လန့်တကြား ခုန်တက်လေသည်။ ၎င်းသည် ကောင်းကင်မီးအပြည့်နှင့် အမြီးကိုးချောင်းမြေခွေးအား ကြောက်လန့်တကြားကြည့်လေသည် “နတ်သားရဲ မင်းကလည်း နတ်သားရဲလား”
သေချာပေါက်ပဲပေါ့.. ၎င်းတို့နှစ်ဘောက်သည် နတ်သားရဲကဲ့သို့ ပြောနိုင် ကြသည်။ ကျို့ယန်သည် ဂရုစိုက်မနေတော့ပေ။ သူမသည် အထင်သေးစွာဖြင့် မိုးပေါ်သို့ ခုန်တက်ကာ အနောက်မှ တုံးအသောဝံပုလွေကို ကြည့်လိုက်သည် “ငါက နတ်သားရဲဟုတ်လား မဟုတ်လားဆိုတာကို မကြာခင်သိရလိမ့်မယ်.. အရင်ဆုံးနောက်ကမင်းရဲ့လူတွေကိုသာ ဂရုစိုက်ပါဦး”
ပေထင်းဟွမ်သည် ကျို့ယန်အား မထီမဲ့မြင် ကြည့်လိုက်သည်။ သူမသည် နှင်းဝံပုလွေ၏ဂူဝင်ပေါက်သို့ ရောက်စဉ်ကတည်းကပင် နွယ်ပင်လေးကို လွှတ် ထားပြီးဖြစ်ကာ ဤနေရာတွင် ချောင်းမြောင်းတိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။ အပင်အမျိုးအစားသားရဲများသည် ငြိမ်သက်ကာ ရှာတွေ့ရန်ခက်ခဲလှသည်။ နွယ်ပင်လေး၏ ကောင်းကင်ကိုအံတုနိုင်သည့် ဂူဖောက်နိုင်သည့် အစွမ်းအစကို ပါ ထည့်ပေါင်းလိုက်သောအခါ သူတို့နှစ်ဖွဲ့ပေါင်းမိသည်နှင့် နွယ်ပင်လေးသည် သန္ဓေပြောင်းဘုရင်၏ နယ်မြေကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ သူမသည် ပေထင်းဟွမ် အမိန့်ပေးလာသည်ကိုပင် စောင့်နေခဲ့သည်။
“သံမဏိသွေးအဖွဲ့ဝင်တို့ နားထောင်ကြ.. အသက်ရှင်နေသရွေ့ ဒီအဆင့် မြင့်ကြယ် ဝိညာဉ်သားရဲတွေကို စိတ်တိုင်းကျသတ်မယ် ဒါပေမဲ့…” ပေထင်းဟွမ်သည် စကားအကြောင်းအရာပြောင်းကာ ခေါင်းဆောင်တစ်ဦး၏ ပြောဆိုပုံကို ပြသလေသည် “မင်းတို့ အသက်ကအရေးအကြီးဆုံးပဲ”
“စိတ်တိုင်းကျသတ်မယ်” ထိုစကားလုံးများသည် အလွန်အားကောင်းပြီး ပဲ့တင်ရိုက်နေကာ အဆုံးမရှိသော လှုံ့ဆော်နိုင်သည့်စွမ်းအားရှိလေသည်။ ရာချီ ရှိသောလူများသည် ဆင်ခြင်တုံတရားနည်းပါးသွားပြီဖြစ်သည်။ သူတို့၏ တိုက်ရေးခိုက်ရေးစိတ်ဓာတ်များသည် ကမ်းပါးတစ်ခုလုံးပြည့်နှက်သွားသည်။ မေလော့နှင့် ဟော်မင်တို့သည် အရင်ဆုံး တိုက်ခိုက်သည်။ သူတို့သည် သူတို့၏ မွန်မြတ်သောသားရဲများကို ဦးဆောင်ကာ ဝံပုလွေအုပ်ဆီသို့ ပြေးသွားကြ၏။
ကောင်းကင်ပေါ်တွင် သန္ဓေပြောင်းဝံပုလွေဘုရင်သည် ကျို့ယန်၏ စကားများကို နားမလည်သေးပေ။ သူ့လူတွေကို စိတ်ပူရမှာလား။ သူ့လူတွေကို စိတ်ပူပါဆိုတာက ဘာအဓိပ္ပာယ်လဲ။ ဒီအားနည်းတဲ့လူသားဝိညာဉ်သခင်တွေ က သူတို့သွားကြားတောင်မညပ်နိုင်လောက်ဘူးကို။
“ဟား ဟား မင်းအတွက်မင်း အရင်ပူပန်ပါဦး.. မင်းက အရမ်းသန်မာ တယ်ဆိုတာ ငါ ဝန်ခံပါတယ်.. ဒါပေမဲ့ မင်းလိုမျိုး ကြယ် ၂ ပွင့် နတ်သားရဲကို အညံ့ခံစေချင်ရင်တော့…” သန္ဓေပြောင်းဘုရင်သည် ဘာမှဆက်မပြောနိုင်ပေ။ သူသည် အောက်မှတိုက်ပွဲကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။ အကောင် ၂၀ ကျော်သော နှင်းဝံပုလွေများသည် နေရာတွင် မလှုပ်မယှက်ရပ်ကာ လူသား ဝိညာဉ်သခင်များ ချေမှုန်းမည်ကို ခွင့်ပြုနေ၏။
“ဟင်း မင်းက မင်းပြိုင်ဘက်အကြောင်း ဘာမှမသိဘဲ မင်းကိုယ်မင်း ဝံပုလွေလို့ ခေါ်နေသေးတယ်.. မင်းက ဒီပြိုင်ပွဲမှာ အရှက်ရစရာဖြစ်သွားပြီ” ကျို့ယန်၏ ကြီးမားသောခန္ဓာကိုယ်သည် သန္ဓေပြောင်းဝံပုလွေဘုရင်ဆီသို့ မီးလုံးကဲ့သို့ အမြန်ပြေးသွားလေသည်။
ငွေရောင်နှင့် ရဲရဲတောက်နေသော အနီရောင်… ညကောင်းကင်တွင် ထို အရောင်နှစ်ရောင်ဖြင့်ပြည့်ကာ မီးရှူးမီးပန်းကဲ့သို့ ထွန်းလင်းတောက်ပနေ၏။ ကြီးမားသောစွမ်းအင်လှိုင်းသည် အဘက်ဘက်သို့ ဖျက်ဆီးတတ်သော ရောင်ဝါ ဖြင့် ဖြန့်ကျက်လိုက်သည်။ ၎င်းနှင့်သာ အနည်းငယ်ထိလိုက်ပါက ပြာအဖြစ် ပြောင်းသွားနိုင်သည်။
“အားကောင်းလိုက်တာ”
မီးတောင်ပေါက်ကွဲသလို တိုက်မိပြီးနောက်တွင် နတ်သားရဲနှစ်ကောင်၏ မျက်လုံးထဲတွင် အကြောက်တရားများဖြစ်ပေါ်လာသည်။ ဝံပုလွေ၏ အရှိန် ကြောင့်ဖြစ်ပေါ်လာသော စွမ်းအားသက်ရောက်မှုကို အမြီးကိုးချောင်းမီးမြေခွေး သည် အလေးအနက်ထားရမည်ဖြစ်သည်။ အမြီးကိုးချောင်းမီးမြေခွေး၏ ကောင်းကင်မီးသည် ဝံပုလွေဘုရင်ကို ခေါင်းကိုက်စေသည်။ အစောက ပေါက်ကွဲမှုတွင် အမြီးကိုးချောင်းမီးမြေခွေး၏ ကောင်းကင်မီးသည် ၎င်း၏ခန္ဓာ ကိုယ်ပေါ်သို့ ကျရောက်လာကာ ၎င်း၏ငွေရောင်အမွေးများကို မီးလောင်ရာ ကျန်ရစ်ခဲ့စေလေသည်…
အပိုင်း (၂၉၀) – အမိုက်ဆုံးပဲ ကျို့ယန်
အားကောင်းသောတွန်းအားတစ်ခုသည် ကျို့ယန်ကို နောက်သို့တွန်း လိုက်သလို သန္ဓေပြောင်းဝံပုလွေဘုရင်သည်လည်း ခြေသုံးလှမ်းနောက်ဆုတ် သွားလေသည်။ ဝမ်းတွင်းပါ အဆင့်မြင့်သွေးသားဖြစ်သည့် အမြီးကိုးချောင်း မီးမြေခွေးပင် ခြွင်းချက်မရှိ ကြယ် ၁ ပွင့်နှင့် ကြယ် ၂ ပွင့်ကြားတွင် ခွန်အားကွာခြားမှုရှိသည်ဟု ပြော၍ရသည်။
“မင်းက ငါနဲ့မယှဉ်နိုင်ပါဘူး”
ကျို့ယန်၏ ပတ္တမြားကဲ့သို့ မျက်လုံးထဲမှ တောက်ပသောအလင်းထွက် လာပြီးနောက် တိုးညင်းပြီး မာန်ပါသည့်အသံထွက်ပေါ်လာသည်။ ထိုအသံကို ကြားပြီးနောက် ဝံပုလွေဘုရင်သည် သဘောတူလေသည်။
“ဖြားယောင်းနိုင်ပါပေတယ်”
ဝံပုလွေဘုရင်၏ ရင်များအခုန်မြန်လာသည်။ နောက်ကျသွားလေပြီ။ ဝံပုလွေဘုရင် စိတ်ပျံ့နေချိန်တွင် ကျို့ယန်သည် နတ်သားရဲနယ်ပယ်ကို အသက်သွင်းလိုက်ပြီဖြစ်သည်။ သူ၏ မြေခွေးအမြီးသည် အဆုံးမရှိ ဆန့်ထွက် လာသည်။ သူ၏ ကြီးမားသောအမွေးပွအမြီးပေါ်ရှိ အနီရောင်အမွေးများသည် အပ်များသဖွယ် ချောက်၏ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထား၏။ မုန်တိုင်း လေလုံးများသည် ပတ်လည်ဝေ့ကာ မပျက်စီးနိုင်သော ကာကွယ်ရေးစက်ဝိုင်း အဖြစ် တည်ဆောက်လေသည်။ လည်ပတ်မှု၏အရှိန်နှုန်းသည် အရာအားလုံး ကို ဝါးမျိုနိုင်သည့် စကြာဝဠာတွင်းနက်ကြီးနှင့်တူသည်။ ကြည့်လိုက်သည်နှင့် လူတစ်ယောက်၏ ဝိညာဉ်ကို ဝါးမျိုသွားနိုင်သည်။
ကြယ် ၂ ပွင့် နတ်သားရဲ၏ ခွန်အားပင်။
သွေးနီရောင်အလင်းသည် မယှဉ်နိုင်သောရောင်ဝါနှင့် စိမ်းရောင်ဝဲဂယက် ဖြစ်သွားသည်။ ၎င်းသည် ကမ္ဘာကိုခွဲပစ်နိုင်သည့် ရှေးမိုးကြိုးသွားနှင့်ပင် တူနေ သည်။ ဝံပုလွေဘုရင်၏ အားကောင်းသော နတ်သားရဲနယ်ပယ်သည် ထိုတောက်ပသော အလင်းကြောင့် အက်ကွဲရာဖြစ်သွား၏။ အနီရောင်အလင်း သည် ပိုပိုပြီး ပိုနက်လာသည်။ နောက်ဆုံးတွင် မီးရှူးမီးပန်းများသဖွယ် ပေါက်ကွဲသွားလေသည်။ ဝံပုလွေဘုရင်၏ ကြီးမားသောနတ်သားရဲခန္ဓာကိုယ် သည် မြေကြီးပေါ်သို့ ဥက္ကာပျံကဲ့သို့ ကျလာ၏။
နှင်းဝံပုလွေအုပ်၏ခေါင်းဆောင် ကြယ် ၂ ပွင့်နတ်သားရဲ သန္ဓေပြောင်း ဝံပုလွေသည် ရှုံးနိမ့်သွားလေပြီ။
ကျို့ယန်သည် ထောင်လွှားစွာဖြင့် ရှေ့လက်နှင့် ခြောက်ခုမြောက် အမြီးကို သပ်လိုက်သည်။ သူသည် ၎င်းကိုမထီမဲ့မြင်သည့် အပြုအမူဖြင့် ပုတ်ပြီးနောက် မြေပြင်ပေါ်ရှိ ဝံပုလွေဘုရင်ဆီသို့ ကြွရွသောခြေလှမ်းများဖြင့် လျှောက်သွား လေသည်။
မြေပြင်ပေါ်တွင် ချူဖုန်းသည် လက်ထဲမှ ဓားရှည်ကိုယမ်းကာ ဝံပုလွေ အုပ်ဆီသို့ သူ၏ထူးခြားသောသိုင်းကွက်နှင့် သတ်ဖြတ်နိုင်သည့်အရည်အချင်း ဖြင့် ဦးစွာချဉ်းကပ်သွားလေသည်။ သူ့အနောက်မှ အဖွဲ့ဝင်များ၏ စိတ်အား ထက်သန်မှုသည် တိုက်ပွဲကို တစ်ဖက်သတ်ပုံစံဖြင့် အဆုံးသတ်ပြီးဖြစ်သည်။ အကောင်နှစ်ဆယ်ရှိသော နှင်းဝံပုလွေများသည် သံမဏိသွေးကြေးစားအဖွဲ့မှ လုယက်စရာဖြစ်လာသည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။ ၎င်းတို့နှစ်ကောင်လုံး သည် အဆင့်မြင့်ကြယ်ဝိညာဉ်သားရဲများဖြစ်ကြကာ နွယ်ပင်လေး၏ အားကောင်းသော ထုံဆေးနှင့် နွယ်ပင်ချုပ်နှောင်အစွမ်းအစအောက်တွင် ဝံပုလွေအုပ်သည် သတိလွတ်သွားကြ၏။
လူသားများ၏ ဓားများသည် သူတို့၏ အစွမ်းအစကို တိုက်ခိုက်ကြ၏။ သူတို့သည် အသေမလိုချင်ဘဲ အညံ့ခံသည်ကိုသာ လိုချင်ကြသည်။
ဝမ်ဝေ့သည် ကြယ် ၁ ပွင့်ကြယ်တာရာဓားသခင်ဖြစ်သော်လည်း မွန်မြတ် သောသားရဲတစ်ကောင်ကို ဖြေရှင်းရာတွင် ပြဿနာမရှိခဲ့ပေ။ နှင်းဝံပုလွေ၏ တိုက်ခိုက်မှုများကို နူးညံ့စွာရှောင်ရှားပြီးနောက် လျင်မြန်စွာပင် ပြန်လည် တိုက်ခိုက်ခဲ့သည်။ ၎င်း၏ရှေ့လက်သည်းများသည် လက်ထဲတွင်မြောက်သွား ကာ ဝမ်ဝေ့အား ကြမ်းတမ်းသော အစိမ်းရောင်လေခုတ်ချက်ဖြင့် ခုတ်လေ သည်။ ဝမ်ဝေ့သည် ရှုံးနိမ့်ချင်ဘောင်ဆောင်ခဲ့သည်။ နှင်းဝံပုလွေ အရှိန်နှေးလာ သည်ကို အခွင့်ကောင်းယူကာ ကြယ်တာရာဓားသခင်ခွန်အား၏ အားသာချက် ကို ထုတ်ဖော်လေသည်။ “မုန်တိုင်းခုတ်ချက်” နှင့်အတူ နှင်းဝံပုလွေသည် မြေကြီးနှင့် အနမ်းပေးကာ တိုက်ခိုက်ရေးခွန်အားလုံးဝပင် ကုန်ဆုံးသွားခဲ့သည်။
တုန်ဖန်းကျောက်တွင် နတ်သားရဲတစ်ကောင်နှင့် အဆင့်မြင့်ကြယ် မွန်မြတ်သောသားရဲတစ်ကောင်ရှိနှင့်ပြီးဖြစ်သည်။ ထိုလူသည် ပေထင်းဟွမ်၏ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံခဲ့ရခြင်းကြောင့်လားမသိပေ.. စိတ်ထဲတွင် နာကြည်း ချက်များကို စုဆောင်းထား၏။ ထိုအခိုက်တါင် သူသည် နှင်းဝံပုလွေတစ်ကောင် နှင့်အတူ လည်နေသည်။ သူကျေနပ်သွားချိန်တွင် ကြယ် ၁ ပွင့်ဝိညာဉ်သိုင်းသုံး ကာ ဤတိုက်ပွဲကို လုံးဝမတူညီသောအဆင့်အဖြစ်သို့ အဆုံးသတ်ရန် ဆုံးဖြတ် လိုက်သည်။
ပေထင်းဟွမ်သည် မွန်မြတ်သောသားရဲကို တစ်ယောက်တည်း တိုက်ခိုက် နေသည်။ အပြာရောင်ဒြပ်စင်စွမ်းအင် ထည့်ပြီးနောက် စက္ကူဖြူတစ်ရွက်နှင့်တူ သော ဓားပျော့ခြောက်ချောင်းသည် သူမ၏ပတ်ပတ်လည်တွင် လျင်မြန်စွာ လှည့်ပတ်သွားကာ အားကောင်းသော ကာကွယ်ရေးအလွှာ တည်ဆောက်ကာ သူမ၏ခန္ဓာကိုယ်ကို ကောင်းကင်ပေါ်သို့သယ်ဆောင်သွားလေသည်။ သူမ၏ ပေါ့ပါးသောပုံရိပ်သည် မွန်မြတ်သောသားရဲနောက်သို့လိုက်လေသည်။ ပေထင်းဟွမ် ဆင့်ခေါ်ထားသော ၂၃ ချောင်းသောဓားပျော့များသည် မိုးပေါ်တွင် အသင့်အနေအထားနှင့်ရှိနေသည်…
အပိုင်း (၂၉၁) – ကောင်းကင်နဲ့မြေကြီးကို ဖြိုခွင်းမယ့် ဓားပေါင်းတစ်သောင်း
နှင်းဝံပုလွေ၏ ကြီးမားသောကိုယ်ထည်သည် ပေထင်းဟွမ်၏ နှိပ်ကွပ်နိုင် သော ရောင်ဝါပါဝင်သည့် တိုက်ကွက်ကို စောင့်ဆိုင်းနေသည်။ မြေကြီးအဆင့် ပညာရှင်သည် မိုးပေါ်တွင် ပျံသန်းနိုင်သည့် အစွမ်းအစရှိလိမ့်မည်ဟု ၎င်းသည် ထင်မထားပေ။ ဤနှင်းဝံပုလွေ၏ ထောင်လွှားသောမျက်လုံးများသည် လေးနက်သော အမူအရာထွက်ပေါ်လာသည်။
သို့သော် နောက်ကျသွားလေပြီ။
ပြိုင်ဘက်နှင့် တူညီသောအမြင့်သို့မရောက်ခင်တွင် ပေထင်းဟွမ် အော် လိုက်သည် “ကိုယ်ထင်ပြလိုက်တော့”
ဝံပုလွေ၏ဦးခေါင်းအထက်တွင် ၂၃ ချောင်းသောဓားပျံသည် တစ်ချိန်တည်း ပေါ်လာသည်။ နှင်းဖြူရောင်ဓားသွားသည် အေးစက်သော လရောင်အောက်ရှိ အေးစက်သောအလင်းနှင့်အတူ လင်းလက်သွားသည်။ ချွန်ထက်သော ဓားသွားများသည် ဝံပုလွေ၏ဦးခေါင်းကို ချိန်ရွယ်ထားကာ ၎င်း၏ ဦးခေါင်းကို ပိုက်ကွန်သဖွယ် ဖုံးအုပ်ထားလေသည်။ ၎င်းသည် ကောင်းကင်ပိုက်ကွန်ကဲ့သို့ ကြီးကျယ်ခမ်းနားလှသည်။ အေးစက်သော လက်နက်များ၏ အေးစက်သောအလင်းများသည် ဝံပုလွေ၏ အစိမ်းရောင် မျက်လုံးတစ်စုံကို ကန်းသွားစေလောက်သည်။
သို့သော် သူမသည် မွန်မြတ်သောသားရဲအဆင့်ရှိသည့် နှင်းဝံပုလွေကို ဤနည်းလမ်းဖြင့် အနိုင်ယူချင်လျှင် သူမကိုယ်သူမ အထင်ကြီးလွန်းနေခြင်းဖြစ် သည်။
ဤမြေကြီးအဆင့်ဓားသခင်သည် အစွမ်းအစရှိသည်ဟု ၎င်းထင်သည်။ ထိုမြင်ကွင်းကိုမြင်ပြီးနောက် နှင်းဝံပုလွေ၏အေးစက်ပြီး ထောင်လွှားသော မျက်လုံးများသည် အထင်သေးစွာဖြင့် မျက်တောင်ခတ်ပြန်လာသည်။ ၎င်းသည် ရှေ့လက်များကိုမြှောက်ကာ ခေါင်းအထက်ရှိ ကြောက်စရာကောင်း သော ဓားများကို ဝေ့ယမ်လိုက်သည်။
“ကောင်းကင်နဲ့မြေကြီးကို ဖြိုခွင်းနိုင်တဲ့ ဓားတစ်သောင်း”
ကမ္ဘာမြေကြီးအက်ကွဲနိုင်လောက်သည့် အသံနှင့်အတူ ခမ်းနားသော ရောင်ဝါသည် ဤကမ္ဘာ၏တစ်စိတ်တစ်ပိုင်းကို ပဲ့တင်ထပ်သွားလေ၏။ အေးစက်သောအလင်းများ တောက်ပလာပြီ ၂၃ ချောင်းသောဓားပျော့များသည် လျင်မြန်စွာ လည်ပတ်လာသည်။ ပိုက်ကွန်နှင့်တူသော အလင်းသည် ပိုပြီး ပါးလွှာလာပြီး နောက်ဆုံးတွင် မျဉ်းတစ်ကြောင်းအဖြစ် ကျုံ့သွားလေသည်။ ကျို့ယန်သည် နတ်သားရဲနယ်ပယ်မှ ဆွဲထုတ်လိုက်သည့် အနီရောင် မျဉ်းကြောင်းနှင့်တူသည်။ အပြာရောင်အလင်း ခပ်ဖျော့ဖျော့ဖြင့် ရောနှောထား သည့် ထိုနှင်းဖြူရောင်အလင်းမျဉ်းသည် နတ်သားရဲတစ်ကောင်ကိုပင် ပြန်တိုက်ခိုက်နိုင်သည့် အစွမ်းအစကို ပျောက်သွားစေလောက်အောင် တန်ပြန် တိုက်ခိုက်လေသည်။
၎င်းသည် တစ်ကွက်မှပင် ထုတ်မသုံးလိုက်ရပေ။
“အထင်ကြီးလောက်ပါပေတယ် အဲလူက ပိုပိုပြီးအားကောင်းလာတာပဲ သူမက လျှပ်စီးလိုကို မြန်နေတာ”
တုန်ဖန်းကျောက်သည် မိုးပေါ်မှ ရဲစွမ်းသတ္တိရှိပြီး သူရဲကောင်းဆန်သော ပေထင်းဟွမ်ကို ကြည့်ကာ စိတ်ထဲတွင် ကမ္ဘာကြီးတုန်ခါသွားသလို ခံစားလိုက် ရသည်။ ရက်အနည်းငယ်အတွင်းမှာပင် ပေထင်းဟွမ် ခွန်အား အနည်းငယ်စီ တိုးလာသည်ကို တုန်ဖန်းကျောက် ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ လက်ရှိတွင် ပေထင်းဟွမ်၌ သူတို့ ပထမဆုံးတွေ့စဉ်က ခွန်အားနှင့်သာဆိုလျှင် တိုက်ပွဲကိုရှုံးနိုင်သည်။
ပေထင်းဟွမ်၏ရောင်ဝါသည် ကောင်းကင်အဆင့်သို့ မရောက်သေး သော်လည်း သူမ၏တစ်ကိုယ်ရည် ခွန်အားသည် အဆင့်မြင့်ဓားကောင်းကင် အဆင့်အောက်ရှိ ကောင်းကင်အဆင့်ကို ချေမှုန်းနိုင်လောက်သည်။ သူမသည် အဆင့်မြင့်ဓားကောင်းကင်အဆင့် ပညာရှင်နှင့်တွေ့လျှင်တောင် သူမ၏ အလုံးစုံခွန်အားသည် သူတို့နှင့် ယှဉ်နိုင်ဆဲပင်ဖြစ်လိမ့်မည်။
တိုက်ပွဲအဆုံးတွင် ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် နှင်းဝံပုလွေကို လွှမ်းမိုးနိုင်သောခွန်အားဖြင့် ချေမှုန်းကာ မွန်မြတ်သောသားရဲကို မိုးပေါ်မှ ရိုက်ချလေသည်။ အရိုးနှင့်အကြောများတွင်ရလာသော ဒဏ်ရာများသည် ထိုဝံပုလွေ၏ တိုက်ခိုက်ရေးခွန်အားများကို ဆုံးရှုံးသွားစေနိုင်သည်။
မေလော့၏နှင်းစပါးအုံးမြွေဘက်တွင် ၎င်း၏ထူထဲသောအမြီးသည် ဓားကဲ့သို့ချွန်ထက်သည့် လေလုံးကိုယူဆောင်လာလေသည်။ ၎င်းသည် တခြား သောမွန်မြတ်သောသားရဲနှင်းဝံပုလွေ၏ ခါးကိုပင် ရစ်ပတ်လိုက်သည်။ ဝံပုလွေ ၏ ခါးသည် အားအနည်းဆုံးအပိုင်းဖြစ်သည်။ ကျိုးအက်သွားသောအသံနှင့် အတူ ဝံပုလွေသည် မိုးပေါ်မှ အမှိုက်တစ်စလို ပြုတ်ကျလာသည်။
“အညံ့ခံမှာလား အသေခံမှာလား”
လေပေါ်တွင် ပျံဝဲနေသော ဓားပျော့များသည် ပေထင်းဟွမ်အား မမြင်နိုင် လောက်အောင် ပတ်နေကြသည်။ သူမသည် ထူးခြားသော သိုင်းဝတ်စုံကို ချပ်ရပ်စွာဝတ်ဆင်ထားသည်။ သူမ၏ရှည်လျားသော ဆံပင်နက်များသည် လေအဝှေ့တွင် လွင့်နေကာ သူမအနောက်မှ တောက်ပသောလသည် သူမကို ညအလယ်တွင် ကမ္ဘာပေါ်သို့ရောက်လာသော အဇူရာနှင့်တူအောင် ထောက်ပံ့ ပေးနေသည်။
အေးစက်မှု၊ ချောမွတ်မှု၊ ထောင်လွှားမှုနှင့် လွှမ်းမိုးမှုများ.. ထိပ်တိုက် ရင်ဆိုင်ပြီးနောက် အားလုံးသည် ပေထင်းဟွမ်၏ ရဲရင့်သောခွန်အား၊ အံ့အား သင့်ဖွယ် နည်းဗျူဟာများနှင့် တည်ငြိမ်သော စစ်မြေပြင်ကို ကွပ်ကဲနိုင်သည့် အရည်အချင်းများကို အခြေခံအနေနှင့် နားလည်သွားကြသည်။ သူတို့သည် ဤ ၁၄ နှစ်အရွယ် ကောင်လေးကို နတ်ဘုရားကဲ့သို့ပင် လေးစားသွားကြသည်…
အပိုင်း (၂၉၂) – ပါရမီရှင်တွေအကုန်လုံးက ငါတို့စစ်ဦးစီးလောက် မတော်ဘူး
လေထဲမှ ချောမောသော လူငယ်ကိုကြည့်ပြီး သံမဏိသွေးအဖွဲ့ဝင်များ၏ မျက်လုံးများသည် မီးတောက်များကဲ့သို့ တောက်လောင်လာကြသည်။ သူတို့၏ လေးစားမှုသည် နွေဦးမြက်ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ အမျိုးသမီးအဖွဲ့ဝင်များ သည် ပေထင်းဟွမ်အား လေးစားသဘောကျမှုကို မဖုံးဖိနိုင်တော့ပေ။ ဤလူငယ်သည် အလွန်ပင် ရင်ထဲထိလောက်သည်။ ဤကဲ့သိုလူမျိုးကို လက်ထပ်မှပင် သူတို့ကို စိတ်လုံခြုံစေလိမ့်မည်။
အညံ့ခံရမယ်ဟုတ်လား။ ဒီကောင်လေးက သားရဲထိန်းသခင်ကြီးမို့လို့ လား။ ကြယ် ၁ ပွင့် ဝံပုလွေသည် မြေပေါ်တွင် နောက်ဆုံးဝင်သက်ထွက်သက် ဖြင့် လှဲလျောင်းကာ မိုးပေါ်မှ လူငယ်ကို ကြည့်နေသည်။ နောက်ဆုံးအခိုက်တွင် အမြီးကိုးချောင်းမီးမြေခွေးသည် ကောင်းကင်မီးလုံးတစ်ခုကိုဆင့်ခေါ်ကာ သူ့ကို ကင်လုနီးပါးဖြစ်ခဲ့သည်။
သေခြင်းတရား အမှန်အကန်ရောက်လာချိန်တွင် ထိုနှင်းဝံပုလွေဘုရင် သည် အသက်ရှင်ချင်စိတ်ပြင်းပြလာသည်။ သူသာအသက်ရှင်နိုင်မည်ဆိုပါက အသက်ရှင်ချင်သည်။
နတ်သားရဲတစ်ကောင်၊ မွန်မြတ်သောသားရဲငါးကောင်နှင့် အဆင့်မြင့် ကြယ်ဝိညာဉ်သားရဲ အကောင် နှစ်ဆယ်ကျော်ကို ဤတိုက်ပွဲတွင်ရလိုက်သည်။ သူတို့အဖွဲ့သည် တစ်ကောင်မှမချန်ဘဲ အားလုံးကိုဖမ်းဆီးလေသည်။ သူတို့သည် ဤတိုက်ပွဲတွင် အသေအပျောက်လုံးဝမရှိဘဲ အနိုင်ရလိုက်သည်။ ဤသည်မှာ အဖွဲ့ငယ်လေးခေါင်းဆောင်များအားလုံး၏ အမြင်တွင် မထင်မှတ် လောက်စရာပင်။
သံမဏိသွေးကြေးစားအဖွဲ့ဝင်များသည် ဝံပုလွေအုပ်၏ နေထိုင်ရာဂူကို သန့်ရှင်းရေးလုပ်သည်နှင့် အလုပ်များနေကြသည်။ ပေထင်းဟွမ်သည် ဤဂူတွင် ညပိုင်းတည်းခိုရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကြားသည်နှင့် သန္ဓေပြောင်းဝံပုလွေဘုရင်သည် ငိုချင်မိသည်။ သူသာ စောစောသိခဲ့ပါက ဂူကို လက်လျော့လိုက်မည်ဖြစ်သည်။
လူသားလောကတွင် အဆိုရှိသည် - လူတစ်ယောက်သည် သူ၏ ကြွယ်ဝမှုကြောင့်ပင် ပျက်စီးခြင်းပင်။ သူကဲ့သို့ သားရဲတစ်ကောင်သည် ထိုအဆို ၏ လေးနက်သောအဓိပ္ပာယ်ကို နားလည်သွားလိမ့်မည်ဟု သူ ထင်မှတ်မထား ပေ။
ဂူကို သန့်ရှင်းပြီးဖြစ်လေသည်။ မီးထွန်းညှိလိုက်ကာ အလင်းသည် အားလုံး၏ အပြုံးမျက်နှာများကို ရောင်ပြန်ဟပ်နေသည်။ ကြေးစားအဖွဲ့ထဲမှ လူများအားလုံးသည် ပျော်ရွှင်ကြသည်။ လူကြမ်းကြီး အယောက် ၁၀၀ ကျော် သည် ဝံပုလွေအုပ်ကို တိုက်ခိုက်ရေးအစွမ်းအစဆုံးရှုံးအောင်လုပ်ပြီး ဂူအား သိမ်းပိုက်ခဲ့သည်။
ဤဝံပုလွေအုပ်နှင့်အတူ သံမဏိသွေးအုပ်၏ ခွန်အားသည် မယုံကြည်နိုင် လောက်သော အဆင့်သို့ရောက်လေသည်။
“သခင်ကြီး ရှောင်ကျို့ မင်းက အရမ်းကို သတ္တိရှိတာပဲ” မျိုးနွယ်ကြီး လေးခုမှလာခဲ့ပြီး ဝိညာဉ်ခွဲတောင်တန်းတွင် ၂ နှစ်ကျော်ကြာအောင် နေလာခဲ့ သည့် တုန်ဖန်းကျောက်သည် ယနေ့ညတိုက်ပွဲရလဒ်ကိုမြင်ရပြီးနောက် မတည်ငြိမ်နိုင်တော့ပေ။
“အဲလောက်လည်းမဟုတ်ပါဘူး” ပေထင်းဟွမ်သည် ဂူအပြင်ဘက်ရှိ ညဘက်ကောင်းကင်ကို မော့ကြည့်နေသည်။ “ငါက သာမန်ကြေးစားအဖွဲ့ဖွဲ့ ချင်ရုံတင်မဟုတ်ဘူး.. စစ်တပ်တစ်ခုဖွဲ့ချင်တာ အားအကောင်းဆုံးမှော်သားရဲ တပ်ပဲ..ဒါက အစပဲရှိသေးတာ.. အကုန်လုံးလည်း ဒီစစ်ပွဲမှာ ဝင်နွှဲလို့ရမယ်.. အကျိုးကို မင်းလည်းခံစားရမယ်”
သူတို့၏လွင့်ပျံနေသောရောင်ဝါ၊ ချွင်းချက်မရှိသောယုံကြည်မှု၊ အတွေ့အကြုံရင့်သော တိုက်ခိုက်ရေးအတွေ့အကြုံများနှင့် ပြီးပြည့်စုံသော ပူးပေါင်းမှုတို့မရှိပါက ဤတိုက်ပွဲသည် ဤကဲ့သို့ လှလှပပ အဆုံးသတ်မည် မဟုတ်ပေ။
“မဟုတ်ဘူး စစ်ဦးစီး ဒီအကျိုးတွေက မင်းအတွက်ပါ.. ငါတို့တွေ တစ်ယောက်ချင်းစီ ဘယ်လိုပဲ သန်မာပါစေ မင်းရဲ့ဦးဆောင်မှုမပါရင်ငါတို့တွေ ဒီလောက်ကြီးတဲ့ဝံပုလွေအုပ်ကို အလဲထိုးနိုင်မှာမဟုတ်ဘူး မင်းက ငါတို့ရဲ့ စစ်ဦးစီးပဲ.. နောက်ဆိုရင် မင်းက ငါတို့ရဲ့စစ်ဦးစီးဖြစ်လာမှာ” အဖွဲ့ဝင်တစ် ယောက်သည် ပေထင်းဟွမ်နှင့်ပတ်သက်ပြီး စိတ်ထဲမှသဘောထားကို မချုပ် ထာနိုင်တော့ပေ။ သူသည် မတ်တတ်ရပ်ပြီး စိတ်ရင်းနှင့်ပြောလေသည်။
“ဟုတ်တယ် စစ်ဦးစီး မှော်သားရဲတောမှာ ငါ နှစ်တွေအများကြီးနေလာ တာ မင်းလိုမျိုး အံ့ဩစရာကောင်းတဲ့ လူငယ်မမြင်ဖူးဘူး. မင်းက ပြိုင်ဘက်ကင်း ပါရမီရှင်လို့ပြောတာ ချဲ့ကားပြောတာမဟုတ်ဘူး.. ညီလေး တုန်ဖန်းကျောက်က မျိုးနွယ်ကြီးလေးခုက ပါရမီရှင်ပဲ ဒါပေမဲ့ ပေထင်းမိသားစု တောင်မှ ငါတို့စစ်ဦးစီးကိုယှဉ်နိုင်မှာမဟုတ်ဘူးလို့ ပြောနိုင်တယ်” အစက ပေထင်းဟွမ်ကို သဘောမတေါ့သည့် ဝမ်ဝေ့ပင်လျှင် ချီးကျူးရန် မတွန့်တိုနေ ပေ။
“အင်း…” တုန်ဖန်းကျောက်၏မျက်နှာသည် နေရခက်သွားသည် “ဒီကောင့်ရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်ပါလို့ မခေါ်ရဲပါဘူး.. ဒါပေမဲ့ အအဲကောင်ပေထင်းကျင်းက ရှောင်ကျို့ရဲ့ အစ်ကိုကြီးပဲ.. ငါ့အစ်ကိုကြီးဆီက ကြားတာတော့ ၃ နှစ်အတွင်းမှာ အဲလူက အဆင့် ၇ ကိုကျော်ပြီး အခုဆို အဆင့် ၇ ကြယ်ဓားသခင်ဖြစ်နေပြီတဲ့.. မင်းအစ်ကိုတွေက ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ် နေတာကို ငါဂရုမစိုက်ပါဘူး..”
အပိုင်း (၂၉၃) – အောင်နိုင်ခြင်း၊ ဖိနှိပ်ခြင်း၊ ဒဏ္ဍာရီဖန်တီးခြင်း
ပေထင်းဟွမ်သည် ငိုရမည်လား ရယ်ရမည်လားမသိသဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။ သူမသည် မြေပေါ်မှ ဝံပုလွေများကို ညွှန်ပြကာ ပြောလိုက်သည် “မင်းတို့တွေ ပါရမီရှင်တွေနဲ့ လိုက်နှိုင်းမနေနဲ့တော့ ဒီမှော်သားရဲတွေကို ဘယ်လိုခွဲမလဲဆိုတာကိုပဲ တွေးကြ”
နတ်သားရဲဦးဆောင်သည့် မွန်မြတ်သောသားရဲ ၅ ကောင်အပါအဝင် မှော်သားရဲ အကောင် ၂၀ ကျော်သည် မျက်လုံးရွဲကြီးများဖြင့် အကြည့်ခံလိုက်ရ လေတော့သည်။
ဂူတစ်ခုလုံးမှာ တိတ်ဆိတ်သွားကြသည်။ မီးဖိုမှ ထင်းအက်သံကိုသာ ကြားနေရသည်။ မီးတောက်များသည် ဂူနံရံတွင် ရောင်ပြန်ဟပ်ကာ ကခုန်နေ သည်။ အားလုံးသည် ရင်ခုန်စွာဖြင့် ခွဲဝေမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
“ရှောင်ကျို့ ဘယ်လိုခွဲရမလဲဆိုတာ ပြောပါဦး” ချူဖုန်းသည် ပေထင်းဟွမ် ကို အခက်တွေ့သည့် အခြေအနေကို ဆွဲမသွင်းလိုပေ။
“ဟုတ်တယ် ခေါင်းဆောင် ကျွန်မတို့က ရှင့်အမိန့်ကို သေချာပေါက် နာခံ မှာပါ” ဆယ်လင်း၏ အကြည့်သည် သူမနာမည်အောက်မှ အဖွဲ့ဝင်များ၏ မျက်နှာပေါ်သို့ ကျရောက်သွားသည် “ကျွန်မတို့က ခေါင်းဆောင်ကိုပဲ နာခံမှာပါ စိတ်ရင်းနဲ့ယုံပါတယ်၊ မှော်သားရဲရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မတို့ ခေါင်းဆောင်နောက်လိုက်ဖို့ ယုံကြည်မှုရှိပြီးသားပါ၊ ကျွန်မတို့မှာလည်း မှော်သားရဲရှိလာမှာပါပဲ”
“ဟုတ်တယ်” တညီတညာတည်း အသံထွက်လာကြသည်။ လူတစ်ရာ ကျော်သည် ဆယ်လင်း၏ စကားအတိုင်း ပဲ့တင်ထွက်ကြသည် “ငါတို့ ခေါင်းဆောင်နောက်လိုက်တာနဲ့ တစ်နေ့မှာ ကိုယ်ပိုင်မှော်သားရဲပိုင်ဆိုင်ရလိမ့် မယ်လို့ ယုံကြည်ပြီးသားပါ”
“အရမ်းကောင်းတယ်” ပေထင်းဟွမ်သည် အားလုံးငြိမ်ကျရန် လက်မြှောက်လိုက်သည် “ငါပြောသလိုပဲ ဒါကအစပဲရှိသေးတယ်.. ချောက်နက် ထဲဝင်လေလေ အဆင့်မြင့်တဲ့ မှော်သားရဲကိုတွေ့လေလေပဲ.. နောက်ဆိုရင် ခွန်အားပိုမြင့်ဖို့လိုတယ်.. ဒီနေ့ည ဒီမှော်သားရဲ အကောင် ၂၀ ကိုငါတို့လက်နဲ့ အနိုင်တိုက်ခဲ့တယ်.. မနက်ဖြန် ငါတို့အနိုင်တိုက်ခဲ့တဲ့ အဲဒီမှော်သားရဲတွေက ပိုသန်မာလာမယ်ဆိုတာ ယုံကြလား”
ဂူတစ်ခုလုံးသည် အဖွဲ့တစ်ဖွဲ့လုံး၏အသံကြောင့် ပြိုကျမတတ်ပင်။ စိတ်ဓာတ်မြင့်မားပြီး ပြိုင်ဘက်ကင်းသည့် ပေထင်းဟွမ်ကိုကြည့်ပြီး ချူဖုန်း၏ မျက်လုံးများသည် တက်ကြွမှုများဖြင့် တောက်ပနေကာ တုန်ဖန်းကျောက်၏ စိတ်သည် အလွန်ထိတ်လန့်မိသည်။
တစ်နေ့တွင် ဤလူငယ်သည် ကြီးမားသည့်တပ်ဖွဲ့တစ်ခုပိုင်ဆိုင်လိမ့်မည် ကို သူ ယုံကြည်သည်။
သူမသည် အလွန်ထူးချွန်သည့် သူမ၏ကိုယ်ပိုင် တိုင်းပြည်ကို တည်ဆောက်နိုင်လိမ့်မည်။ အကြောင်းမှာ သူမ၏နာမည်သည် ပေထင်းဟွမ် ဖြစ်နေခြင်းကြောင့်ပင်။ သူမ လုပ်ခဲ့သည့်အရာတိုင်းသည် အောင်နိုင်ခြင်း၊ ဖိနှိပ်ခြင်းနှင့် ဒဏ္ဍာရီတွင်မည့်အရာများကို ဖန်တီးခြင်းတို့သာဖြစ်သည်။
လူ့သဘာဝသည် လောဘတက်ကြသည်။ ကျင့်ကြံသူ၏ အားထုတ်မှုကို မည်သည့်အရာကမှ မတားနိုင်ပေ။ ဤအသင်းထဲရှိ လူအားလုံးသည် ဝိညာဉ်ခွဲ တောင်တန်းအပြင်တွင် အားကောင်းလိမ့်မည်။ သူတို့အားလုံးသည် မှော်သားရဲ တောတွင် နှစ်ပေါင်းများစွာ သွားလာခဲ့ကြသည့် ဝါရင့်တိုက်ခိုက်ရေးသမားများ ဖြစ်ကြသော်လည်း ထိုလူများသည် အားနည်းသူများဖြစ်ကြသည်။ အများစု သည် အဆင့် ၂ ပညာရှင်များဖြစ်ကာ အဆင့် ၃ ပညာရှင်မှာ နည်းပါးသည်။ သူတို့တွင် အဆင့်မြင့်မှော်သားရဲ ပိုင်ဆိုင်ရမည်မှာ အလွန်ကြီးမားသော မျှော်လင့်ချက်သာဖြစ်သည်။ သူတို့သည် အဆင့်မြင့်ကြယ်ဝိညာဉ်သားရဲများ၊ မွန်မြတ်သောသားရဲများနှင့် နတ်သားရဲများနှင့် ရင်ဆိုင်ရမည်ကိုတော့ ပြောဖို့ပင်မလိုပေ။
ခွန်အားရှိခြင်းသည် ငွေကြေး၊ အဆင့်အတန်းနှင့် အစွမ်းအစရှိခြင်းသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်နှင့် တခြားသူများကို အောင်နိုင်နိုင်သည်ဟု ဆိုလိုသည့်အဓိပ္ပာယ်သက်ရောက်သည်။
လူသားတို့၏ သဘာဝဆန္ဒကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။
သိ့သော် ပေထင်းဟွမ်သည် ပြောလျှင် ပြောသည့်အတိုင်း လုပ်မည်ကို အားလုံးသိကြသည်။ သူတို့၏ ပေထင်းဟွမ်အပေါ် ယုံကြည်မှုသည် ခေါင်းပူနေ သူများကိုပင် ငြိမ်သက်သွားစေသည်။ သူတို့သည် အလွန်စိတ်ပူနေခဲ့ကာ သူတို့၏ လောဘအတွက် နောင်တရမိသည်။ “ခေါင်းဆောင် ဘယ်လိုခွဲမလဲဆို တာ ဆုံးဖြတ်ပေးပါ ငါတို့ နားထောင်ပါမယ်” ခိုင်သည် လက်ကိုဝေ့ယမ်းကာ လျစ်လျူရှုစွာဖြင့် ပြောလိုက်သည်။
“ဟုတ်ပြီ” ပေထင်းဟွမ်သည် ရှေ့တိုးရပ်ပြီး မျက်စိရှေ့မှ နေရာလွတ်အား လက်ညှိုးထိုးလိုက်သည် “မှော်သားရဲမရှိဖူးတဲ့သူတွေ ထွက်လာခဲ့”
အားလုံးသည် ပေထင်းဟွမ်သည် ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။ ဒါဘယ်လို ခွဲဝေမှုမျိုးလဲ။ မည်သည့်အဖွဲ့တွင်မဆို အရင်းအမြစ်များကိုခွဲဝေရန် အားကောင်းသူများကို ဦးစားပေးတတ်ကြသည်။
အားလုံး၏ခွန်အားသည် တူညီသလောက်ပင်။ မှော်သားရဲတစ်ကောင်မှ မရှိသူများသည် အညံ့ဆုံးဖြစ်ပြီး တိုက်ပွဲတွင် ပါဝင်မှုအနည်းဆုံးဖြစ်ကြောင်း ထင်ရှားလှသည်…
အပိုင်း (၂၉၄) – ပျော်ရွှင်ခြင်း၊ စိတ်အေးခြင်းနှင့် နွေးထွေးသော အားပေးမှု
“ဘာမှ သံသယဝင်စရာမလိုဘူး” ပေထင်းဟွမ်၏အသံသည် တောက်ပပြီး ကြည်လင်နေသည်။ “တိုက်ပွဲတိုင်းမှာ အကုန်လုံးက အကောင်း ဆုံးတိုက်ခိုက်နေကြတာပဲ.. ငါတို့အဖွဲ့ကို ပိုပြီးကူညီနိုင်ဖို့ သန်မာချင်ကြမယ်လို့ ယုံကြည်ပါတယ်၊ ဒီသစ္စာရှိမှုကို သံသယတင်စရာမလိုဘူး၊ ခေါင်းဆောင်တစ် ဘောက်အနေနဲ့ မင်းတို့တစ်ယောက်ချင်းစီရဲ့ ခွန်အားကို တိုးဖို့ ငါ အကောင်း ဆုံးကြိုးစားသွားမယ်၊ မင်းတို့တစ်ယောက်ချင်းစီ သန်မာလာမှ တစ်ဖွဲ့လုံး သန်မာလာမှာ”
သူမသည် မြေပေါ်မှ ဝိညာဉ်သားရဲ အကောင် ၂၀ ကျော်ကို လက်ညှိုးထိုး လိုက်သည် “ဟုတ်ပြီ ဒါတွေက မင်းတို့ဘဝမှာ ပထမဆုံးမှော်သားရဲတွေဖြစ်လာ လိမ့်မယ်၊ အခုစာချုပ်ဖွဲ့စည်းပုံစမယ်.. နောက်မှော်သားရဲအသုတ်က မင်းတို့ထက် သန်မာပြီး ဒုတိယမြောက်မှော်သားရဲပိုင်ဆိုင်ဖို့ အရည်အချင်းရှိတဲ့ သူတွေအတွက်ဖြစ်လိမ့်မယ်၊ ခြင်္သေ့ဘုရင်တောင်တန်းကို ရောက်တဲ့အချိန်မှာ အဖွဲ့ထဲက လူတိုင်းမှာ အနည်းဆုံး နတ်သားရဲအဆင့်ရှိတဲ့ မှော်သားရဲတစ် ကောင်စီတော့ ရှိနေဖို့ ငါတို့မှာယုံကြည်ချက်ရှိတယ်”
နတ်သားရဲလား။ အားလုံးမှာ နတ်သားရဲတစ်ကောင်ရှိရမှာလား။ ထိုအချိန်ရောက်လာလျှင် သံမဏိသွေးကြေးစားအဖွဲ့သည် မည်သို့သော တည်ရှိမှုမျိုးဖြစ်လိမ့်မည်ကို တွေးရပင်ခက်လှသည်။
သူတို့၏စိတ်ထဲတွင် သွေးများဆူပွက်လာသည်။ အားလုံး၏ မျက်လုံးများ ပြူးထွက်လာကြသည်။ သူတို့ စစ်ဦးစီးမှာ ဘယ်လိုဆန္ဒမျိုးရှိနေတာလဲ။ သူမက တိုက်တစ်ခုလုံးကို အောင်နိုင်ဖို့ အားကောင်းတဲ့တပ်ဖွဲ့တစ်ခုလိုချင်နေတာ လား။
လက်ရှိ အင်ပါယာလေးခုတွင် အားအကောင်းဆုံး မြင်းတပ်အင်ပါယာ သည် အဆင့်နိမ့်မွန်မြတ်သောသားရဲများရှိသည့် လူများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ ရာယာအင်ပါယာ၏ မြင်းတပ်ဖွဲ့သည် နဂါးစစ်သည်များ ဟု လူသိများကြသည်။ “နဂါး” ဆိုသည့်စကားသည် လူအများကို လန့်၍သေစေ နိုင်လောက်သည်။ သို့သော် အမှန်မှာ ၎င်းသည် နဂါးမျိုးနွယ်၏ အသွေးအသား တစ်ပိုင်းသာပါသည့် အမြီးပြတ်နဂါးများနှင့် တွားသွားနဂါးများကဲ့သို့ မွန်မြတ် သောသားရဲများကို ဆိုလိုခြင်းသာဖြစ်သည်။
စစ်မှန်သောနဂါးများတွင် အများကလက်ခံထားသည့် သွေးသားများရှိကြ သည်။ သူတို့သည် နတ်သားရဲအဆင့်နှင့် မွေးဖွားလာခဲ့ကြသည်။
သို့သော် အယောက် ၁၀၀ ပါဝင်သည့် နဂါးစစ်သည်တပ်ဖွဲ့သည် ဤတိုက် တွင် တည်ရှိနေသည့်အတွက် ဂုဏ်ယူနေတုန်းပင်။ အင်ပါယာရှိ ပြည်သူများ၏ စိတ်ထဲတွင် သူတို့သည် အထင်ကြီးလောက်ရသည့် စောင့်ရှောက်သူများဖြစ်ကြ သည်။
မွန်မြတ်သောသားရဲ ငါးကောင်ကို မေရှို့အပါအဝင် ဒုတိယစာချုပ်သားရဲ ပိုင်ဆိုင်ရန် အရည်အချင်းရှိသည့် ဝိညာဉ်သခင်များကို ခွဲဝေပေးလိုက်သည်။ နောက်ခွဲဝေမှုမှာ နတ်သားရဲဖြစ်သည်။ အဖွဲ့ငါးဖွဲ့၏ ခေါင်းဆောင်များဖြစ်သည့် ဆယ်လင်းနှင့် တခြားသူများသည် ချူဖုန်းဆီသို့ အကြည့်ရောက်သွားကြသည်။ ချူဖုန်းသည် ပေထင်းဟွမ်၏ ဝမ်းကွဲဖြစ်သည်ကို သူတို့ငါးယောက်လုံး ကောင်းကောင်းကြီး သိထားကြသည်။ နတ်သားရဲ၏တန်ဖိုးသည် အဖိုးမဖြတ် နိုင်ပေ။ ပိုင်ရှင်သည် သံသယဝင်စရာပင်မလိုဘဲ ချူဖုန်းဖြစ်သင့်သည် “ဆယ်လင်း မိန်းကလေးတွေကို ခွဲခြားဆက်ဆံတာတော့မဟုတ်ဘူး.. မင်းငါ့ကို သံသယမရှိဘဲ ယုံမယ်လို့ထင်တယ်.. ဝမ်းကွဲအစ်ကို ချူဖုန်းအပါအဝင် ခိုင်တို့နဲ့ ယှဉ်ရင် ဒီနတ်သားရဲကို မင်းအလိုအပ်ဆုံးဖြစ်လိမ့်မယ်” ပေထင်းဟွမ်သည် သူမအား တောက်လောင်သော အကြည့်ဖြင့်ကြည့်လိုက်သည်။
သူမ၏မျက်လုံးမှ မျက်ရည်နှစ်စက်ကျလာသည်။ မီးပုံပွဲမှ မီးညွန့်များ သည် ဆယ်လင်း၏မျက်နှာပေါ်တွင် ကခုန်နေသည်။ ပေထင်းဟွမ်စကားများ၏ အဓိပ္ပာယ်သည် ထင်ရှားလွန်းသည်။ ဆယ်လင်းသည် အဖွဲ့ခေါင်းဆောင်များထဲ တွင် အားအနည်းဆုံးဖြစ်သည်။ သို့သော် သူမသည် ဒေါသမထွက်ပေ။ ၎င်းသည် အမှန်တရားဖြစ်သည်။ တစ်ချိန်တည်းမှာပင် တိုက်ကြီး၏ အန္တရာယ်အများဆုံး အပိုင်းတွင် သူမ ရုန်းကန်ခဲ့ရသည့် နှစ်များကို နားလည်သွားသည့် အခိုင်အမာ ပြောဆိုချက်ဖြစ်ခဲ့သည်။
သူမ အလွန်ပင်ပန်းနေပြီဆိုသည်ကို မည်သူမှမသိကြပေ။ မိန်းမသားတစ် ယောက်အနေနှင့် သူမသည် အကြိမ်ပေါင်းများစွာ သေခြင်းတရားမှ ထွက်ပြေး ခဲ့ရသည်။ သူမသည် သူမ၏အဖွဲ့ကိုတည်ဆောက်ကာ တစ်ဖွဲ့လုံးအတွက် ကြိုးစားခဲ့ရသည်။
ဤကမ္ဘာပေါ်တွင် မှီခိုစရာမလိုချင်သည့် မိန်းကလေးဆိုသည်မှာ မရှိပေ။ သူမသည် စိတ်ထဲတွင်တောင့်တမိသော်လည်း လက်တွေ့မဆန်သည်ကိုလည်း နားလည်သည်။ ဤအခိုက်အတန့်တွင် ဤ ၁၄ နှစ်အရွယ် ကောင်လေးသည် သူမစိတ်ကိုဖတ်ကာ သူမကို အထောက်အပံ့ပေးခဲ့သည်။ သူမသည် မျက်နှာကို အုပ်ကာ ဂူထဲမှ ထွက်ပြေးလာခဲ့သည်။ သူမသည် ဂူဝင်ပေါက်တွင်ရပ်ကာ ညမိုး ကောင်းကင်ကို ကြည့်လိုက်သည်။ ဆယ်လင်း၏မျက်ရည်များသည် တသွင်သွင်ကျနေသည်။ သို့သော် သူမ၏စိတ်တွင်တော့ အဆုံးမရှိသော ပျော်ရွှင်ခြင်း၊ စိတ်အေးသွားခြင်းနှင့် တစ်ခါမှမခံစားဖူးသည့် နွေးထွေးခြင်းများ ကို ခံစားမိလိုက်ရလေသည်…
အပိုင်း (၂၉၅) – မင်းကို အကောင်းဆုံးပေးချင်တာ
“အာ.. မိန်းကလေးဆယ်လင်းက ဘာဖြစ်သွားတာလဲ.. ခေါင်းဆောင် ပြောတဲ့အထဲမှာ အမှားပါမသွားပါဘူး သူမကိုအထင်သေးတဲ့စကားတွေလည်း မပြောမိပါဘူး” မိန်းကလေးတွေ၏ အတွေးကို ဘယ်တုန်းကမှ နားမလည်ခဲ့ သည့် ခိုင်သည် ကြောင်စီစီဖြင့် ပြောလေသည်။
“အရူး” ဝေ့အာရှင်းသည် ခေါင်းခါလေသည်။ ထင်ထားသည့်အတိုင်းပင် ကောင်းကင်သည် မျှတသည်။ ခြေလက်များ ဖွံ့ဖြိုးလာချိန်တွင် ဦးနှောက်ဖွံ့ဖြိုး မှုကို ထိခိုက်စေနိုင်သည်။
“ဟား” တခြားအဖွဲ့ခွဲခေါင်းဆောင်နှစ်ယောက်ဖြစ်သည့် ဖုန်ဟိုင်နှင့် ဖန်ဖင်တို့သည် မရယ်ဘဲမနေနိုင်ကြတော့ပေ။ အတန်ကြာအောင် အောင့်အီး ပြီးနောက် သူတို့သည် လူရှင်းသည့်နေရာသို့သွားကာ ရယ်နေကြတော့သည်။ ၎င်းသည် ရယ်ရလွန်းနေခြင်းကြောင့်မဟုတ်ဘဲ ယနေ့ညသည် အလွန်စိတ်လှုပ် ရှားဖွယ်ကောင်းနေခြင်းကြောင့်ပင်။ သူတို့ ရယ်ကွဲနိုင်သည့် နေရာတစ်နေရာကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။ သူတို့နှစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ဂူတစ်ခုလုံးသည် ရယ်မောကြလေသည်။
အဝင်ပေါက်တွင်ရပ်နေသော ဆယ်လင်းသည် အားတက်သရော် ရယ်မောနေသံများကို ကြားရသည်။ ထိုလူများ ဘာကြောင့် ရယ်မောနေကြ သည်ကို သူမသိသည်။ နွေးထွေးမှုနှင့် မိသားစုကဲ့သို့ ခံစားချက်မျိုး သူမဆီတွင် ပျံ့နှံ့သွားသည်။ ထိုအခိုက်အတန့်တွင် သူမသည် ယခုအချိန်ကစပြီး အားကိုးရ မည့်သူ ရှိပါစေဟု ကောင်းကင်ကြီးအား အော်ဟစ်လိုက်ချင်သည်။
ဝိညာဉ်သားရဲ အကောင် ၂၀ ကျော်၊ မွန်မြတ်သောသားရဲ ၅ ကောင်နှင့် နတ်သားရဲ ၁ ကောင်တို့ကို ထိန်းကျောင်းပြီးနောက် သူမခန္ဓာကိုယ်ထဲမှ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်ထိ ဆူပွက်လာခဲ့သည်။ သို့သော် ပေထင်းဟွမ်မှာ အဆင့်တက်သည့် လက္ခာမပြလာပေ။ သူမသည် မြေပေါ်တွင်ရပ်ကာ ချူဖုန်း၏လက်ကို ကိုင်လေသည်။ ကလူသောအကြည့်ဖြင့် သူမသည် ပြုံးပြီးပြောလိုက်သည် “ဝမ်းကွဲအစ်ကို ညရှုစားဖို့ ကျွန်တော့်ကို အဖော်ပြုပေးဖို့ စိတ်ဝင်စားလား”
ဝိုး
ဂူထဲမှ လေထုသည် သက်ဝင်လှုပ်ရှားလာသည်။ ဝိညာဉ်သားရဲများ တစ်ကောင်ပြီး တစ်ကောင် စာချုပ်တည်ထောင်ခြင်းသည် အထွတ်အထိပ်လှိုင်း များဖြစ်စေသည်။ ပေထင်းဟွမ်၏ ‘မပြတ်သားသော’ စကားများသည် သူတို့ အတွက် အားအကောင်းဆုံး လှုံ့ဆော်မှုဖြစ်ခဲ့သည်။ ၎င်းသည် ဂူထဲမှ လူတစ်ရာ ကျော်၏ ခံစားချက်များကို မွှေနှောက်ခဲ့သည်။
ချူဖုန်းသည် ရယ်မောပြီး သူမနှင့်အတူ ရပ်လိုက်သည်။ ဤကောင်လေး သည် လူကိုယခုလိုစနောက်ရသည်ကို ကြိုက်သည်။ သူမ သူ့ကို ပြောချင်သည့် စကားများကို သူမသိဟုများ သူမ ထင်နေသလား။ သို့သော် သူမကိုအဖော်ပြုပြီး လရှုစားရမည့်အခွင့်အရေးရလာရာ ချူဖုန်းသည် မလိုလားစရာအကြောင်းမရှိ ပေ။
ဂူဝင်ပေါက်တွင်ရှိသော သစ်ပင်ကြီးသည် အစောကတိုက်ပွဲကြောင့် လဲပြို နေသ်ည။ ပေထင်းဟါမ်သည် ချူဖုန်းလက်ကိုကိုင်ကာ ခုန်တက်လိုက်သည်။ သူတို့နှစ်ယောက်သည် ဘေးချင်းယှဉ်ထိုင်လိုက်ကြသည်။ ပေထင်းဟွမ်သည် ပင်လယ်ပြာနက်ရှိုင်းအဆီအနှစ်ပုလင်းကို ချူဖုန်းဆီသို့ ပစ်ပေးကာ မိုးပေါ်ရှိ ပြည့်လုနီးပါးဖြစ်နေသည့် လကိုကြည့်လိုက်သည်။
“ဝမ်းကွဲအစ်ကို ဒီနေ့ နတ်သားရဲကို မင်းရသင့်တယ်လို့ အကုန်လုံးကထင် နေကြတာ.. ဒါပေမဲ့ ငါမင်းကိုမပေးတာကို အပြစ်တင်မှာလား”
ချူဖုန်းသည် သူမနောက်လိုက်ရန် ပထမဆုံးသစ္စာဆိုခဲ့သူဖြစ်သည်။ သူသည် သူမ၏မိသားစုလည်းဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းကပင် မိဘများ၏ကာကွယ်မှုကို ဆုံးရှုံးခဲ့ကာ လက်ထဲရှိပိုင်ဆိုင်မှုများကို စွန့်လွှတ်ခဲ့ရ ပြီး နှင်ထုတ်ခံရသလို နောက်ကလည်းအလိုက်ခံခဲ့ရသည်။ သူမသည် ဤနေရာ သို့ပြေးလာခဲ့ပြီး အသက်အန္တရာယ်လည်းရှိခဲ့သည်။
သူမ သူ့ကိုမည်မျှပင် ကောင်းကောင်းဆက်ဆံစေကာမူ လွန်ကျူးသည်ဟု မရှိပေ။
“ရှောင်ကျို့က ဘာလို့အဲလိုပြောတာလဲ”
ညလေတိုက်ခတ်လာကာ နွေဦးနှောင်းပိုင်းကျန်နေသော လေအေးကိုပါ သယ်ဆောင်လာသည်။ ချူဖုန်းသည် လက်ဆန့်ကာ ပေထင်းဟွမ်အား ရင်ခွင် ထဲဆွဲသွင်းလိုက်သည်။ မိုင်ပေါင်းထောင်ချီ ခဲနေသည့် ရေခဲကဲ့သို့ အမြဲတမ်း အေးစက်နေသောမျက်လုံးများသည် လရောင်အောက်တွင် နူးညံ့နေသည်။ တည်ငြိမ်နေသောပင်လယ်သည် အရည်ပျော်ပြီးနောက် စီးဆင်းလာသည်နှင့် ပင်တူညီသည်။
“ဘာတွေပြောနေတာလဲ” ချူဖုန်း၏ နူးညံ့သောအသံသည် နွေဦးလေပြေ နှင့်တူသည် “မင်းက ငါ့အတွက် အကောင်းဆုံးတွေ ပေးချင်တယ်ဆိုတာ ငါ သိပါတယ်”
“ဟုတ်တယ်” ပေထင်းဟွမ်သည် ချူဖုန်း၏မျက်နှာကို ကြည့်လိုက်သည်။ သူသည် ကျောက်စိမ်းနှင့်တူသော ယောက်ျားသားဖြစ်ကာ ကမ္ဘာပေါ်တွင် မယှဉ်နိုင်သော နူးညံ့သည့်လူမျိုးဖြစ်သည်။ သို့သော် သူသည် ဤအရိုင်းဆန် သောနေရာတွင် ကျင်လည်နေရသည်။ “ဟုတ်တယ် ဝမ်းကွဲအစ်ကို မင်းက ဒီကမ္ဘာပေါ်က အကောင်းဆုံးတွေနဲ့ပြထိုက်တန်တယ်.. အဲဒါကြောင့် မင်းကို အကောင်းဆုံးတွေပေးရမယ်”
“အရူးလေး” သူသည် ပေထင်းဟွမ်အား အလွန်လေနက်သော မျက်နှာ ထားဖြင့် ကြည့်လေသည်။ ဤကောင်လေးသည် အမြဲတစေအေးစက်နေတတ် သည်။ သူမသည် စိတ်ထဲတွင် ဘာမှထည့်ထားပုံမပေါ်သော်လည်း လက်တွေ့ တွင် တခြားသူများထက် ပို၍စေ့စပ်တိကျသည်။ သူ့ဘေးနားကလူတွေအတွက် ဘာလို့ အဲလောက်တောင် အမြဲတွေးပေးနေတာလဲ။ ဒီလိုလူမျိုးကို သူက ဘာလို့ ဂရုမစိုက်ချင်ရမှာလဲ။ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့် အင်ပါယာ၏လိုက်ခြင်းကို ခံနေရသည်ကို မဆိုလိုပေ။ သို့သော် သူသည် သူ့အသက်ကို စွန့်လွှတ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ…
အပိုင်း (၂၉၆) – အနက်ရောင်ဝိညာဉ်အသီး၊ အနက်ရောင်စပါးအုံးမြွေကြီး
“ဟူး မင်း နတ်သားရဲရဖို့ကိုသာ ကူညီနိုင်ရင်..” ပေထင်းဟွမ်သည် လက်ချောင်းများဖြင့် သစ်ပင်ပင်စည်ကို ခေါက်ရင်းနှင့် အဝေးရှိ ဝပ်နေသော မှော်သားရဲနှင့်တူသည့် မှောင်မိုက်နေသောတောင်တန်းကို ကြည့်လိုက်သည်။
နတ်သားရဲသည် ကောင်းကင်အဆင့်လူသားနှင့် တူညီသည်ဟု ယန်ယဲ့ ပြောခဲ့သော်လည်း မရနိုင်သည့်အဆင့်အောက်တွင် အသန်မာဆုံးတည်ရှိနေ တုန်းပင်ဖြစ်သည်။
ဟုတ်သည် အခွင့်အရေးရလျှင် သူသည် ဝမ်းကွဲအစ်ကို နတ်သားရဲရရန် သေချာပေါက် ကူညီမည်ဖြစ်သည်။ ထိုသားရဲသည် အမဖြစ်လျှင်ပိုကောင်း၏။
သူမ စိတ်လှုပ်ရှားလာသည်နှင့် ချူဖုန်းသည်လက်များကို လှုပ်ရှားကာ သားမွေးအင်္ကျီကို သူမကိုယ်ပေါ်သို့ လွှမ်းပေးလိုက်သည်။ ချူဖုန်းသည် သူမကို ရင်ခွင်ထဲဆွဲသွင်းကာ ညလေကဲ့သို့ နူးညံ့သည့်အသံဖြင့်ပြောလေသည် “စောစောနား မနက်ဖြန် ခရီးဆက်ရဦးမယ်”
“အင်း” တိုးညင်းစွာပြန်ဖြေပြီးနောက် ပေထင်းဟွမ်၏မျက်ခွံများသည် လေးလံလာကာ မျက်လုံးပင်မဖွင့်နိုင်တော့ပေ။ သူမသည် ချူဖုန်း၏ ပခုံးပေါ် တွင် ခေါင်းမှီကာ မျက်လုံးများကိုမှိတ်လိုက်သည်။ ညလေထဲတွင် သူမ၏ အသက်ရှူသံ ခပ်တိုးတိုးကိုသာ ကြားနေရသည်။ ချူဖုန်း၏ ရင်ထဲတွင် ထူထဲသော အနွေးဓာတ်များ ထကြွလာသည်။ ဤအန္တရာယ်များလှသည့် ဝိညာဉ်ခွဲချောက်တွင် သူ့နှလုံးသားအတွင်း၌ သန့်စင်သောနယ်မြေ ဖန်တီးမိပြီး သားဖြစ်၏။ သူသည် လုံခြုံပြီး စိတ်အေးချမ်းသွားသည်။