← Chapters

ကြေးဝါ ဓားအဆီအနှစ်

Vol. 21 Ch. 281

ကြေးဝါ ဓားအဆီအနှစ်

Vol. 21 Ch. 281

ကျားနဂါးပြိုင်ပွဲ ကျင်းပဖို့ အချိန်ဟာ တစ်လလောက်သာ လိုတော့သည့် အတွက်  အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ဂိုဏ်းအသီးသီးက လူငယ်ပါရမီရှင် တွေဟာလည်း အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားပြီ ကြပါပြီ။

အချို့သော လူငယ်တွေ ကတော့ လျှို့ဝှက် နည်းစနစ် အသစ်တွေကို လေ့ကျင့်ထား ကြသလို အချို့ကတော့ သိုင်းပညာ အသစ်တွေကို လေ့ကျင့်ထား ကြပါတယ်။

အချို့ကတော့ ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တက်လာဖို့ အတွက် ကြိုးစားပြီးတော့ ကျင့်ကြံနေဆဲပါပဲ။

ကောင်းကင်နတ်ဆိုးဂိုဏ်း

ရန်ကလန် အပိုင်စား ရထားတဲ့ တောင်တစ်ခုရဲ့ ခြံဝင်း တစ်နေရာ၌ ...

“ချင်းဟူ ... သမီးက အဖေတို့ ရန်ကလန်ရဲ့ ရာစုနှစ်တွေ အများကြီးကြာမှ တစ်ခါ ပေါ်ပေါက်လာတဲ့ ရှားမှရှား ပါရမီရှင်ပဲ။ သည်တစ်ခါ ကျားနဂါးပြိုင်ပွဲမှာ ထိပ်ဆုံး ၃၆ယောက် အဆင့်ထဲကိုတော့ ဝင်မှ ရမယ်နော်။ ထိပ်ဆုံး ၃၆ယောက် အဆင့်ထဲကို ဝင်နိုင်တဲ့ သူတွေမှသာ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအားကို ဆုအဖြစ် ရရှိမှာ ... အဲသည် ချီစွမ်းအားက ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါမှာ သမီးကို အထောက်အကူ ပေးလိမ့်မယ်။ ပြီးတော့ သမီးကောင်းကင် နယ်ပယ်ကို ရောက်သွားရင်လည်း ကျင့်ကြံမှုနှုန်းကို ပိုမြန်လာစေဦးမှာ”

ရန်ကလန်ရဲ့ ပင်မခန်းဆောင် အတွင်းမှာတော့ သက်လတ်ပိုင်း လူကြီး တစ်ယောက်က ရန်ချင်းဟူကို သေသေချာချာ မှာကြား နေပါတယ်။

ရန်ချင်းဟူက ခေါင်းညိတ် လိုက်ပြီး …

“စိတ်မပူပါနဲ့ အဖေ ...။ သမီး ထိပ်ဆုံး ၃၆ယောက် အဆင့်ထဲကို သေချာပေါက် ဝင်နိုင်ရပါစေမယ်”

သူမရဲ့ ဖခင်ဖြစ်သူ ကတော့ ရန်ကလန်ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ရန်ပိုင်ထျန်း ပါပဲ။ ရန်ပိုင်ထျန်းက ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၁ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ သူက ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ဂိုဏ်းထိန်းကြီး တစ်ဦး ဆိုရင်လည်း မမှားပါဘူး။

“အဖေ ပေးထားတဲ့ ကြယ် ၄ပွင့် လျှို့ဝှက် နည်းစနစ်ဖြစ်တဲ့ ပျံလွှား တောင်ပံခတ်သံကို လေ့ကျင့်တာကော ဘယ်အခြေအနေ ရှိသွားပြီလဲ”

ရန်ပိုင်ထျန်းက မေးလိုက်ပါတယ်။

ရန်ကလန်ဟာ ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ထိပ်တန်းကလန် တစ်ခုဖြစ်သလို ကောင်းကင်နက်ဆိုး ဂိုဏ်းနဲ့လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက် နေခဲ့တာပါ။ ရန်ကလန်ဆီမှာ ကြယ် ၅ပွင့် လျှို့ဝှက် နည်းစနစ်တော့ မရှိပေမဲ့ ဘိုးဘွားပိုင် ကြယ် ၄ပွင့် လျှို့ဝှက် နည်းစနစ်တော့ ရှိနေပါသေးတယ်။

ရန်ချင်းဟူက ပြုံးလိုက်ပြီး …

“သမီးက ပျံလွှားတောင်ပံ ခတ်သံကို ပြီးပြည့်စုံခြင်း အဆင့်နီးပါးကို လေ့ကျင့်ထား နိုင်ပါပြီ”

“ကောင်းတယ် ... ကောင်းတယ် ... ပျံလွှားတောင်ပံ ခတ်သံကို သည်လောက်အထိ လေ့ကျင့်ထားနိုင်ပြီ ဆိုရင်တော့ ငါ့သမီးက ထိပ်ဆုံး ၃၆ယောက် အဆင့်ထဲကို သေချာပေါက် ဝင်မှာပဲ”

ရန်ပိုင်ထျန်း ကတော့ ကျေနပ်အားရစွာဖြင့် ရယ်မော လိုက်ပါတယ်။

ကြယ် ၄ပွင့် လျှို့ဝှက် နည်းစနစ်တွေက အရမ်းကို အားကောင်းလွန်းတဲ့ အတွက် အကြိုပြီး ပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထား နိုင်ရင်တောင်မှ ကြယ်သုံးပွင့် လျှို့ဝှက် နည်းစနစ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ လေ့ကျင့်ထား နိုင်သူတွေကို ယှဉ်နိုင်စွမ်း ရှိပါတယ်။

( note -လျှို့ဝှက်နည်းစနစ် တွေမှာတော့ ပြီးပြည့်စုံခြင်း အဆင့်က အမြင့်ဆုံးပါပဲ။ )

နတ်စမ်းရေ တောင်ကြား

နတ်စမ်းရေ တောင်ကြားဂိုဏ်း ဆိုတာကတော့ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်တန်း အင်အားစုကြီး တစ်ခုပါ။

နတ်စမ်းရေ တောင်ကြားကတော့ သေးငယ်ပြီး ကျဉ်းမြောင်းလှတဲ့ တောင်ကြား တစ်ခုရဲ့ အနောက်မှာ တည်ရှိပါတယ်။

တောင်ကြားလမ်းရဲ့ အနောက် ချိုင့်ဝှမ်း တစ်နေရာမှာတော့ ...

ရွှီး ... ရွှီး ... ဝှီး ... ဝှီး ...

စုမုယူ တစ်ယောက် ကတော့ သူမရဲ့ ချိတ်ကောက်ဓားကို ဝှေ့ယမ်းကာ လျှို့ဝှက် နည်းစနစ် တစ်ခုကို လေ့ကျင့် နေပါတယ်။

သင်္ချိုင်းဂူ မှာတုန်းက သူမဟာ ချီစုစည်းမှုနဲ့ သက်ဆိုင်တဲ့ ကြယ် ၆ပွင့်အဆင့် လျှို့ဝှက်နည်းစနစ် တစ်ခုကို ရရှိခဲ့တယ်လေ။

အဲသည် နည်းစနစ်ရဲ့ နာမည်ကတော့ ရေငွေ့ ချီအတွင်းအား စုစည်းမှုပဲ ဖြစ်ပါတယ်။

သည်နည်းစနစ်က သူမ အသုံးပြုလိုက်တဲ့ အတွင်းအား ကျင့်စဉ်တွေကို အရည်အသွေး မြှင့်တက်သွား စေတာပါ။ သူမ ကျင့်ကြံတဲ့ အတွင်းအား ကျင့်စဉ်က ပိုကောင်း လာလေလေ သည်နည်းစနစ်က ပိုအစွမ်းထက်လာ လေလေပါပဲ။

အဲသည်အတွက် သည်လျှို့ဝှက် နည်းစနစ်က မြေကမ္ဘာအဆင့် အတွင်းအား ကျင့်စဉ်တွေနဲ့ ဆိုရင် ပိုလိုက်ဖက် ပါတယ်။

စုမုယူက အစိမ်းရောင် ရေငွေ့ချီ အတွင်းအား အဆင့်အထိသာ လေ့ကျင့်ထားခဲ့ နိုင်ပေမဲ့လည်း သူမရဲ့ စွမ်းရည်တွေက ဘက်ပေါင်းစုံကနေ တိုးတက် လာနေပါပြီ။

စုမုယူ လေ့ကျင့်နေတဲ့ နေရာမှာတော့ လူတစ်ကိုယ်စာ နီးပါးရှိတဲ့ သတ္ထုရိုင်း တုံးကြီးတွေ ရှိနေပါတယ်။

ရွှပ် ... ရွှပ် ... ရွှပ် ...

စုမုယူရဲ ချိတ်ကောက်ဓားက ထိုသတ္ထုရိုင်း တုံးကြီးတွေကို တိုဟူးကို လှီးဖြတ် လိုက်သည့်ပမာ အလွယ်တကူ လှီးဖြတ်သွား ခဲ့ပါတယ်။

“ဟိုင်းယား ...”

စုမုယူရဲ့ ချိတ်ကောက်ဓားက ၈၁ ကြိမ်အထိ ခုတ်ပိုင်းပြီးတဲ့ နောက်မှာတော့ အနီရောင် ဖျော့ဖျော့ အလင်းတန်း တစ်ခုက ချိတ်ကောက်ဓားရဲ့ ဓားသွား တစ်လျှောက်မှာ ပေါ်လာခဲ့ပါပြီ။

“ယား ...”

ဝုန်း ... ဝုန်း ...

သည်အနီရောင် အလင်းတန်း ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ စုမုယူရဲ့ ချိတ်ကောက် ဓားဟာ ပိုပြီး အားကောင်း လာပုံပါပဲ။

စုမုယူက သတ္ထုရိုင်း တုံးကြီးတွေကို အားမစိုက်ဘဲ အလွယ်တကူ ပိုင်းဖြတ်နိုင်ရုံ သာမက မြေပြင်ပေါ် မှာတောင် အက်ကွဲရာတွေ ဖြစ်ပေါ်လာစေ ခဲ့ပါတယ်။

“အနီရောင် ရေငွေ့ချီ စုစည်းမှု အဆင့်”

စုမုယူက ကျေနပ်စွာဖြင့် ရေရွတ်လိုက် ပါတယ်။

သည်ရေငွေ့ချီ အတွင်းအား စုစည်းမှု လျှို့ဝှက် နည်းစနစ်ကို အဆင့် ၄ဆင့် ပိုင်းခြားထား ပါတယ်။

အစိမ်းရောင် ရေငွေ့ ချီစုစည်းမှု အဆင့် ...

အနီရောင် ရေငွေ့ ချီစုစည်းမှု အဆင့် ... ...

အဝါရောင် ရေငွေ့ ချီစုစည်းမှု အဆင့် ... … နဲ့

အနက်ရောင်  ရေငွေ့ ချီစုစည်းမှု အဆင့် ဆိုပြီးတော့ပေါ့။

အစိမ်းရောင် ရေငွေ့ ချီစုစည်းမှု အဆင့်က ကြယ် ၃ပွင့် လျှို့ဝှက် နည်းစနစ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်။

အနီရောင် ရေငွေ့ ချီစုစည်းမှုအဆင့်က ကြယ် ၄ပွင့် လျှို့ဝှက် နည်းစနစ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်။

အဝါရောင် ရေငွေ့ ချီစုစည်းမှုအဆင့်က ကြယ် ၅ပွင့် လျှို့ဝှက် နည်းစနစ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်။

အနက်ရောင် ရေငွေ့ ချီစုစည်းမှု အဆင့်က ကြယ် ၆ပွင့် လျှို့ဝှက် နည်းစနစ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်နဲ့ တူညီပါတယ်။

“သည်အနီရောင် ရေငွေ့ ချီစုစည်းမှုအဆင့်နဲ့ ဆိုရင်တော့ ငါက ကျားနဂါး စာရင်းရဲ့ ထိပ်ဆုံး ၁၀ယောက်ထဲ ပါဝင်နိုင်ဖို့ကို ပိုပြီး အခွင့်အလှမ်း များသွားပြီ”

စုမုယူရဲ့ ကျင်ကြံမှု အဆင့်ကတော့ မြေကမ္ဘာနယ်ပယ် အဆင့် ၉ ကိုတောင် ရောက်နေပါပြီ။ ကြည့်ရတာတော့ သူမရဲ့ ကျင့်ကြံမှုနှုန်းက လီဖူချန်းထက်ကို မြန်နေပုံပါပဲ။

မိုးပြာရောင်ဂိုဏ်း

၁၀ရက် နီးပါးလောက် ဓားကျောက်စာတိုင် ချိုင့်ဝှမ်းမှာ အချိန်ဖြုန်းပြီး နောက်မှာတော့ လီဖူချန်းရဲ့ မိစ္ဆာနှင် ဓားဆန္ဒဟာ ပြီးပြည့်စုံစွာ ဖွံ့ဖြိုးသွားခဲ့ပါပြီ။ အခုဆိုရင် မိစ္ဆာနှင် ဓားဆန္ဒဟာ ဆန်းကြယ် အထွတ်အထိပ် ဓားဆန္ဒအဆင့် ကိုတောင် ရောက်လု နီးပါးပါပဲ။

“ငါ့ရဲ့ ထောက်ပံ့ရေး ရမှတ်တွေ ကတော့ ပြောင်သလင်း ခါလုနီးပါး ဖြစ်သွားပြီပဲ”

လီဖူချန်းက မချိပြုံး ပြုံးလိုက်မိပါတယ်။

အစောပိုင်း တုန်းကတော့ သူ့ရဲ့ ထောက်ပံ့ရေး ရမှတ်တွေက ၁၀သန်းကျော် ရှိတာပါ။ အဲသည် ထောက်ပံ့ရေး ရမှတ်တွေထဲက တစ်ဝက်ကိုတော့ လီဖူချန်းက ဆေးအမျိုးမျိုးနဲ့ အသက်ကယ်ပစ္စည်း အမျိုးမျိုး ဝယ်တဲ့နေရာမှာ သုံးပစ်လိုက် တယ်လေ။

ကျန်တဲ့ ထောက်ပံ့ရေး ရမှတ်တွေကတော့ ဓားကျောက် စာတိုင်မှာပဲ ကုန်ဆုံးသွား ခဲ့တာပါ။

သည်ဓား ကျောက်စာတိုင်မှာ လေ့လာခွင့်ရဖို့ အတွက်ဆိုရင် တစ်ရက်ကို ထောက်ပံ့ရေး ရမှတ် ၁သိန်း ပေးရသည် မဟုတ်ပါလား။

“ဒါပေမဲ့လည်း တန်ပါတယ်လေ ... ငါရဲ့ ကြယ်ပျံ ဓားဆန္ဒတောင်မှ ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒ အဆင့်ကို ရောက်သွားခဲ့ပြီပဲ”

လီဖူချန်းက သူ့ကိုယ်သူ ပြန်ဖြေသိမ့် လိုက်ပါတယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကြယ်ပျံဓားဆန္ဒ ဆိုတာက မူလကတော့ ဆန်းကြယ် အဆင့်နိမ့် ဓားဆန္ဒ တစ်ခုပါ။ အခုတော့ သည်ကြယ်ပျံ ဓားဆန္ဒက မီးတောက်ကြယ် ဓားဆန္ဒ၊ မျောလွင့် ဓားဆန္ဒနဲ့ ပြောင်းလဲခြင်း ကိုးကွက် ဓားဆန္ဒတွေထက်ကို ကျော်လွန် သွားခဲ့ပါပြီ။ ဒါက တကယ့်ကို အံ့ဖွယ်ကိစ္စရပ် တစ်ခုပါပဲ။

ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒ ဖြစ်သွားတဲ့ ကြယ်ပျံ ဓားဆန္ဒရဲ့ ပြင်းအားနဲ့ အမြန်နှုန်း ကတော့ လုံးဝကို ကြောက်စရာ ကောင်းတဲ့ အဆင့်တစ်ခု အထိကို ရောက်သွားခဲ့ပါပြီ။

လီဖူချန်းက ကြယ်ပျံဓားသိုင်းရဲ့ တစ်ခုတည်းသော ဓားကွက်ဖြစ်တဲ့ ကြယ်ကြွေ ဓားကွက်ကိုလည်း စမ်းပြီး သုံးကြည့်ခဲ့ပါ သေးတယ်။

ကြယ်ပျံဓားဆန္ဒ ပါဝင်ကိန်းအောင်း နေတဲ့ ကြယ်ကြွေ ဓားကွက်ဟာ ကြောက်စရာ ကောင်းလွန်း လောက်အောင်ကို လျင်မြန် နေခဲ့ပါပြီ။

ဓားချက် တစ်ချက်က တစ်ဖက်လူရဲ့ တုံ့ပြန်နိုင်မှုထက် အဆပေါင်း များစွာ မြန်နေမှတော့ တစ်ဖက်လူက ထိုဓားချက်ကို ဘယ်လိုလုပ်ပြီး ရှောင်တိမ်း နေနိုင်မည်နည်း။

လျင်မြန်မှု ဆိုတာက သိုင်းပညာရဲ့ အခြေခံ နိယာမ တစ်ခုပင် မဟုတ်ပါလော။

၂၈၁ b

“သည်အတိုင်း ဆိုရင် ကြယ်ပျံ ဓားဆန္ဒက ငါ့ရဲ့ အဓိက ဓားဆန္ဒ ဖြစ်လာလိမ့်မယ် ထင်တယ်”

လီဖူချန်းက တီးတိုး ရေရွတ်လိုက် ပါတယ်။

သူ့ရဲ့  အသိစိတ် နယ်ပယ် ထဲမှာတော့ သည်ကြယ်ပျံ ဓားဆန္ဒက သာမန် ဓားဆန္ဒတွေထက် ပိုနက်နက် ရှိုင်းရှိုင်း တည်ရှိနေတဲ့ ပုံပါပဲ။

“အခု ငါလုပ်ဖို့ လိုနေတာဆိုလို့ ဓားအဆီအနှစ် လျှို့ဝှက် နည်းစနစ်ကို နောက်တစ်ဆင့် အထိ ရောက်အောင် လေ့ကျင့်ဖို့ပဲ လိုတော့တယ်”

လီဖူချန်းက ဓားအဆီအနှစ် လျှို့ဝှက် နည်းစနစ်ကို လုံးဝ မမေ့လျော့ ခဲ့ပါဘူး။

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ ရှိစဉ်အခါ ကလည်း ကြေးဝါ ဓားအဆီအနှစ် အခန်းကို အချိန်အတော်ကြာ လေ့လာခဲ့ပါ သေးတယ်။

ကြေးဝါ ဓားအဆီအနှစ် အခန်းမှာတော့ အဝါရောင် အဆင့်မြင့် ဓားအင်းကွက် တစ်ထောင်ကျော် ရှိပါတယ်။ ပထမဆုံး အနေနဲ့ လုပ်ဆောင် ရမှာကတော့ အဲဒါတွေကို အသုံးပြုပြီးတော့ အမျိုးအစား မတူညီတဲ့ ဆန်းကြယ် အလယ်အလတ် အဆင့် ဓားအင်းကွက် ၉မျိုးကို ဖန်တီးရမှာပါ။

ဒုတိယအဆင့် လုပ်ဆောင်ရမှာ ကတော့ အဲသည် ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၉မျိုးကို ပေါင်းစည်းပြီး ဆန်းကြယ် အဆင့်မြင့် ဓားအင်းကွက် တစ်ခု ဖြစ်သွားအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၉မျိုး ပါဝင်နေတဲ့ ဆန်းကြယ် အဆင့်မြင့် ဓားအင်းကွက်ဟာ ကြေးဝါ ဓားအဆီအနှစ် အင်းကွက်ပါပဲ။

လီဖူချန်းက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ နေခဲ့တုန်းက ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၉မျိုးကို ဖန်တီးခဲ့ပြီးပါပြီ။ သူလုပ်ဖို့ ကျန်နေတာ ကတော့ အဲသည် ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၉မျိုးကို ဆန်းကြယ် အဆင့်မြင့် ဓားအင်းကွက် တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့ပါပဲ။

အချိန်တွေ ကုန်ဆုံးလာတာ နဲ့အမျှ လီဖူချန်းရဲ့ တိုးတက်မှုနှုန်းက အတော်လေး ကောင်းလာ ခဲ့ပါတယ်။

ပထမဆုံး အနေနဲ့ ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၃ခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်း နိုင်ခဲ့တယ်။

ဒုတိယ အနေနဲ့ ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၄ ခုကို ဓားအင်းကွက် တစ်ခုတည်း အဖြစ် ထပ်မံ ပေါင်းစည်း နိုင်ခဲ့ ပြန်ပါတယ်။

ထို့နောက်မှာတော့ ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၅ ခု။

ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၆ခု ...

ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၉ ခု ...

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီး သင်ကြားပေးတဲ့ ဓားတာအို အခြေခံတွေရယ်၊ ပြီးပြည့်စုံသွားပြီ ဖြစ်တဲ့ မိစ္ဆာနှင် ဓားဆန္ဒရဲ့ အထောက်အပံ့ တွေကြောင့် နောက်ဆုံးမှာတော့ လီဖူချန်း တစ်ယောက် ဆန်းကြယ် အလယ်အလတ် ဓားအင်းကွက် ၉ ခုကို ဆန်းကြယ် အဆင့်မြင့် ဓားအင်းကွက် တစ်ခုအဖြစ် ပေါင်းစည်း နိုင်ခဲ့ပါတယ်။

ဆန်းကြယ် အလယ်အလတ် အဆင့် ဓားအင်းကွက် ၉ခု ခိုဝင် ကိန်းအောင်းနေတဲ့ ဆန်းကြယ် အဆင့််မြင့် ဓားအင်းကွက်ကို ရေးဆွဲပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်က ကြောက်စရာ ကောင်းလွန်းလှတဲ့ ချီအရှိန်အဝါ တစ်ခုကို ထုတ်လွှင့် နေခဲ့ပါပြီ။

ဓားတာအို ဆရာသခင် တစ်ယောက်နဲ့ ဓားအင်းကွက် ဆရာသခင် တစ်ယောက်ဟာ သိပ်ပြီးတော့ မတူညီကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ တူညီတဲ့ အခြေခံ သဘောတရား တစ်ခုကတော့ နှစ်မျိုးစလုံးဟာ ဓားတာအို လမ်းစဉ်ကို ရှာဖွေနေ ကြတာပါပဲ။

ကြေးဝါ ဓားအဆီအနှစ် အင်းကွက်ကို ရေးဆွဲနိုင်ပြီး နောက်မှာတော့ လီဖူချန်းကို ဓားအင်းကွက် ဆရာသခင် တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါပြီ။

တစ်ချိန်တည်းမှာပဲ လီဖူချန်းဟာ ဆန်းကြယ်အဆင့် ဓားသိုင်းတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိသွားပြီ ဖြစ်တဲ့အတွက် သူ့ကို ဓားတာအို ဆရာသခင် တစ်ယောက် အဖြစ်လည်း သတ်မှတ်လို့ ရပါသေးတယ်။

“ဓားအင်းကွက်တွေ ဆိုတာက ဓားတာအိုရဲ့ အစိတ်အပိုင်း တစ်ခုပဲ”

ကြေးဝါ ဓားအဆီအနှစ် ဓားအင်းကွက် ဖြစ်တည်လာပြီး နောက်မှာတော့ လီဖူချန်းက ဓားတာအိုနဲ့ ပတ်သက်တဲ့ ဉာဏ်အလင်း တချို့ကို ခံစားလိုက်မိ သလိုပါပဲ။

လီဖူချန်းရဲ့ ဦးနှောက် ထဲကိုတော့ ဓားတာအိုနဲ့ ပတ်သက်တဲ့ နိယာသဘောတရား တွေဟာ လှိုင်းလုံးကြီးတွေလို ဆင့်ကာ ဆင့်ကာဖြင့် ဝင်ရောက် ခဲ့ပါတယ်။

အခုအချိန်မှာတော့ လီဖူချန်းရဲ့ ဓားတာအို အခြေခံဟာ ပိုပြီး အခြေခိုင် လာသလို နောက်တစ်ဆင့်ကို လှမ်းတက် နိုင်ဖို့လည်း အဆင်သင့် ဖြစ်လာခဲ့ပါပြီ။

ကြေးဝါ ဓားအဆီအနှစ် အင်းကွက်ကို ဖန်တီးနိုင်ပြီး နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ကြေးဝါ ဓားအဆီအနှစ် တွေကို ကျောရိုးမကြီး ထဲသို့ စတင်စုဆောင်း ပါတော့တယ်။

သူ့ရဲ့ ကျောရိုးမကြီးပေါ်မှာ ရေးဆွဲထားတဲ့ သံနက် ဓားအဆီအနှစ် အင်းကွက်ကလည်း တဖြည်းဖြည်းနဲ့ ကြေးဝါ ဓားအဆီအနှစ် အင်းကွက်အဖြစ် ပြောင်းလဲသွား နေပါတယ်။

၅ ရာခိုင်နှုန်း ...

၁၀ ရာခိုင်နှုန်း ...

၂၀ ရာခိုင်နှုန်း ...

သည်လိုနဲ့ပဲ လီဖူချန်းရဲ့ ကျောရိုးမကြီးပေါ်မှာ ရေးဆွဲထားတဲ့ သံနက် ဓားအဆီအနှစ် အင်းကွက်က ကြေးဝါ ဓားအဆီအနှစ် အင်းကွက် အဖြစ်ကို ၃၀ ရာခိုင်နှုန်း နီးပါး ပြောင်းလဲသွား ခဲ့ပါပြီ။

ရွှီး ...

လီဖူချန်းရဲ့ လက်ညှိုးကနေ ကြေးဝါရောင် ဓားချီတစ်ခု ထွက်ပေါ်လာ ခဲ့ပါတယ်။ သည်ဓားချီရဲ့ ထက်မြမှု ကိုတော့ အဝေးက နေတောင် ခံစားမိ နိုင်ပါတယ်။

“ဝိုး ... ငါ့ရဲ့ ကြေးဝါ ဓားအဆီအနှစ် အင်းကွက်က ၃၀ရာခိုင်နှုန်းပဲ ပြောင်းလဲသေး တာတောင်မှ သံနက် ဓားအဆီအနှစ် ထက်ကို ၂ဆ လောက် ပိုအားကောင်း နေပါလား ...”

ရွှပ် ...

လီဖူချန်းက မြေပြင် တစ်နေရာကို လက်ညှိုးဖြင့် ညွှန်လိုက်တဲ့ အခါမှာတော့ ဓားချီတစ်ခု ပြေးထွက်သွားပြီး မြေပြင်ပေါ်မှာ အက်ကွဲရာကြီး တစ်ခုကို ဖြစ်ပေါ်သွား စေခဲ့ပါတယ်။

သည်အက်ကွဲရာ ကြီးက အတော်လေးကို နက်ရှိုင်းသလို သူ့ရဲ့ ပေါက်ကွဲအား ကလည်း နက်ရွှေမှော် ဓားကို အသုံးပြုပြီး ထွက်ပေါ်လာတဲ့ ဓားချီထက်ကို ကြောက်စရာ ကောင်းပါသေးတယ်။

***

All Chapters