← Chapters

မင်းကို အကောင်းဆုံးပေးချင်တာ

Vol. 15 Ch. 295

မင်းကို အကောင်းဆုံးပေးချင်တာ

Vol. 15 Ch. 295

“အာ.. မိန်းကလေးဆယ်လင်းက ဘာဖြစ်သွားတာလဲ.. ခေါင်းဆောင် ပြောတဲ့အထဲမှာ အမှားပါမသွားပါဘူး သူမကိုအထင်သေးတဲ့စကားတွေလည်း မပြောမိပါဘူး” မိန်းကလေးတွေ၏ အတွေးကို ဘယ်တုန်းကမှ နားမလည်ခဲ့ သည့် ခိုင်သည် ကြောင်စီစီဖြင့် ပြောလေသည်။

“အရူး” ဝေ့အာရှင်းသည် ခေါင်းခါလေသည်။ ထင်ထားသည့်အတိုင်းပင် ကောင်းကင်သည် မျှတသည်။ ခြေလက်များ ဖွံ့ဖြိုးလာချိန်တွင် ဦးနှောက်ဖွံ့ဖြိုး မှုကို ထိခိုက်စေနိုင်သည်။

“ဟား” တခြားအဖွဲ့ခွဲခေါင်းဆောင်နှစ်ယောက်ဖြစ်သည့် ဖုန်ဟိုင်နှင့် ဖန်ဖင်တို့သည် မရယ်ဘဲမနေနိုင်ကြတော့ပေ။ အတန်ကြာအောင် အောင့်အီး ပြီးနောက် သူတို့သည် လူရှင်းသည့်နေရာသို့သွားကာ ရယ်နေကြတော့သည်။ ၎င်းသည် ရယ်ရလွန်းနေခြင်းကြောင့်မဟုတ်ဘဲ ယနေ့ညသည် အလွန်စိတ်လှုပ် ရှားဖွယ်ကောင်းနေခြင်းကြောင့်ပင်။ သူတို့ ရယ်ကွဲနိုင်သည့် နေရာတစ်နေရာကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။ သူတို့နှစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ဂူတစ်ခုလုံးသည် ရယ်မောကြလေသည်။

အဝင်ပေါက်တွင်ရပ်နေသော ဆယ်လင်းသည် အားတက်သရော် ရယ်မောနေသံများကို ကြားရသည်။ ထိုလူများ ဘာကြောင့် ရယ်မောနေကြ သည်ကို သူမသိသည်။ နွေးထွေးမှုနှင့် မိသားစုကဲ့သို့ ခံစားချက်မျိုး သူမဆီတွင် ပျံ့နှံ့သွားသည်။ ထိုအခိုက်အတန့်တွင် သူမသည် ယခုအချိန်ကစပြီး အားကိုးရ မည့်သူ ရှိပါစေဟု ကောင်းကင်ကြီးအား အော်ဟစ်လိုက်ချင်သည်။

ဝိညာဉ်သားရဲ အကောင် ၂၀ ကျော်၊ မွန်မြတ်သောသားရဲ ၅ ကောင်နှင့် နတ်သားရဲ ၁ ကောင်တို့ကို ထိန်းကျောင်းပြီးနောက် သူမခန္ဓာကိုယ်ထဲမှ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်ထိ ဆူပွက်လာခဲ့သည်။ သို့သော် ပေထင်းဟွမ်မှာ အဆင့်တက်သည့် လက္ခာမပြလာပေ။ သူမသည် မြေပေါ်တွင်ရပ်ကာ ချူဖုန်း၏လက်ကို ကိုင်လေသည်။ ကလူသောအကြည့်ဖြင့် သူမသည် ပြုံးပြီးပြောလိုက်သည် “ဝမ်းကွဲအစ်ကို ညရှုစားဖို့ ကျွန်တော့်ကို အဖော်ပြုပေးဖို့ စိတ်ဝင်စားလား”

ဝိုး

ဂူထဲမှ လေထုသည် သက်ဝင်လှုပ်ရှားလာသည်။ ဝိညာဉ်သားရဲများ တစ်ကောင်ပြီး တစ်ကောင် စာချုပ်တည်ထောင်ခြင်းသည် အထွတ်အထိပ်လှိုင်း များဖြစ်စေသည်။ ပေထင်းဟွမ်၏ ‘မပြတ်သားသော’ စကားများသည် သူတို့ အတွက် အားအကောင်းဆုံး လှုံ့ဆော်မှုဖြစ်ခဲ့သည်။ ၎င်းသည် ဂူထဲမှ လူတစ်ရာ ကျော်၏ ခံစားချက်များကို မွှေနှောက်ခဲ့သည်။

ချူဖုန်းသည် ရယ်မောပြီး သူမနှင့်အတူ ရပ်လိုက်သည်။ ဤကောင်လေး သည် လူကိုယခုလိုစနောက်ရသည်ကို ကြိုက်သည်။ သူမ သူ့ကို ပြောချင်သည့် စကားများကို သူမသိဟုများ သူမ ထင်နေသလား။ သို့သော် သူမကိုအဖော်ပြုပြီး လရှုစားရမည့်အခွင့်အရေးရလာရာ ချူဖုန်းသည် မလိုလားစရာအကြောင်းမရှိ ပေ။

ဂူဝင်ပေါက်တွင်ရှိသော သစ်ပင်ကြီးသည် အစောကတိုက်ပွဲကြောင့် လဲပြို နေသ်ည။ ပေထင်းဟါမ်သည် ချူဖုန်းလက်ကိုကိုင်ကာ ခုန်တက်လိုက်သည်။ သူတို့နှစ်ယောက်သည် ဘေးချင်းယှဉ်ထိုင်လိုက်ကြသည်။ ပေထင်းဟွမ်သည် ပင်လယ်ပြာနက်ရှိုင်းအဆီအနှစ်ပုလင်းကို ချူဖုန်းဆီသို့ ပစ်ပေးကာ မိုးပေါ်ရှိ ပြည့်လုနီးပါးဖြစ်နေသည့် လကိုကြည့်လိုက်သည်။

“ဝမ်းကွဲအစ်ကို ဒီနေ့ နတ်သားရဲကို မင်းရသင့်တယ်လို့ အကုန်လုံးကထင် နေကြတာ.. ဒါပေမဲ့ ငါမင်းကိုမပေးတာကို အပြစ်တင်မှာလား”

ချူဖုန်းသည် သူမနောက်လိုက်ရန် ပထမဆုံးသစ္စာဆိုခဲ့သူဖြစ်သည်။ သူသည် သူမ၏မိသားစုလည်းဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းကပင် မိဘများ၏ကာကွယ်မှုကို ဆုံးရှုံးခဲ့ကာ လက်ထဲရှိပိုင်ဆိုင်မှုများကို စွန့်လွှတ်ခဲ့ရ ပြီး နှင်ထုတ်ခံရသလို နောက်ကလည်းအလိုက်ခံခဲ့ရသည်။ သူမသည် ဤနေရာ သို့ပြေးလာခဲ့ပြီး အသက်အန္တရာယ်လည်းရှိခဲ့သည်။

သူမ သူ့ကိုမည်မျှပင် ကောင်းကောင်းဆက်ဆံစေကာမူ လွန်ကျူးသည်ဟု မရှိပေ။

“ရှောင်ကျို့က ဘာလို့အဲလိုပြောတာလဲ”

ညလေတိုက်ခတ်လာကာ နွေဦးနှောင်းပိုင်းကျန်နေသော လေအေးကိုပါ သယ်ဆောင်လာသည်။ ချူဖုန်းသည် လက်ဆန့်ကာ ပေထင်းဟွမ်အား ရင်ခွင် ထဲဆွဲသွင်းလိုက်သည်။ မိုင်ပေါင်းထောင်ချီ ခဲနေသည့် ရေခဲကဲ့သို့ အမြဲတမ်း အေးစက်နေသောမျက်လုံးများသည် လရောင်အောက်တွင် နူးညံ့နေသည်။ တည်ငြိမ်နေသောပင်လယ်သည် အရည်ပျော်ပြီးနောက် စီးဆင်းလာသည်နှင့် ပင်တူညီသည်။

“ဘာတွေပြောနေတာလဲ” ချူဖုန်း၏ နူးညံ့သောအသံသည် နွေဦးလေပြေ နှင့်တူသည် “မင်းက ငါ့အတွက် အကောင်းဆုံးတွေ ပေးချင်တယ်ဆိုတာ ငါ သိပါတယ်”

“ဟုတ်တယ်” ပေထင်းဟွမ်သည် ချူဖုန်း၏မျက်နှာကို ကြည့်လိုက်သည်။ သူသည် ကျောက်စိမ်းနှင့်တူသော ယောက်ျားသားဖြစ်ကာ ကမ္ဘာပေါ်တွင် မယှဉ်နိုင်သော နူးညံ့သည့်လူမျိုးဖြစ်သည်။ သို့သော် သူသည် ဤအရိုင်းဆန် သောနေရာတွင် ကျင်လည်နေရသည်။ “ဟုတ်တယ် ဝမ်းကွဲအစ်ကို မင်းက ဒီကမ္ဘာပေါ်က အကောင်းဆုံးတွေနဲ့ပြထိုက်တန်တယ်.. အဲဒါကြောင့် မင်းကို အကောင်းဆုံးတွေပေးရမယ်”

“အရူးလေး” သူသည် ပေထင်းဟွမ်အား အလွန်လေနက်သော မျက်နှာ ထားဖြင့် ကြည့်လေသည်။ ဤကောင်လေးသည် အမြဲတစေအေးစက်နေတတ် သည်။ သူမသည် စိတ်ထဲတွင် ဘာမှထည့်ထားပုံမပေါ်သော်လည်း လက်တွေ့ တွင် တခြားသူများထက် ပို၍စေ့စပ်တိကျသည်။ သူ့ဘေးနားကလူတွေအတွက် ဘာလို့ အဲလောက်တောင် အမြဲတွေးပေးနေတာလဲ။ ဒီလိုလူမျိုးကို သူက ဘာလို့ ဂရုမစိုက်ချင်ရမှာလဲ။ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့် အင်ပါယာ၏လိုက်ခြင်းကို ခံနေရသည်ကို မဆိုလိုပေ။ သို့သော် သူသည် သူ့အသက်ကို စွန့်လွှတ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ…

All Chapters