← Chapters

အနက်ရောင်ဝိညာဉ်အသီး၊ အနက်ရောင်စပါးအုံးမြွေကြီး

Vol. 15 Ch. 296

အနက်ရောင်ဝိညာဉ်အသီး၊ အနက်ရောင်စပါးအုံးမြွေကြီး

Vol. 15 Ch. 296

“ဟူး မင်း နတ်သားရဲရဖို့ကိုသာ ကူညီနိုင်ရင်..” ပေထင်းဟွမ်သည် လက်ချောင်းများဖြင့် သစ်ပင်ပင်စည်ကို ခေါက်ရင်းနှင့် အဝေးရှိ ဝပ်နေသော မှော်သားရဲနှင့်တူသည့် မှောင်မိုက်နေသောတောင်တန်းကို ကြည့်လိုက်သည်။

နတ်သားရဲသည် ကောင်းကင်အဆင့်လူသားနှင့် တူညီသည်ဟု ယန်ယဲ့ ပြောခဲ့သော်လည်း မရနိုင်သည့်အဆင့်အောက်တွင် အသန်မာဆုံးတည်ရှိနေ တုန်းပင်ဖြစ်သည်။

ဟုတ်သည် အခွင့်အရေးရလျှင် သူသည် ဝမ်းကွဲအစ်ကို နတ်သားရဲရရန် သေချာပေါက် ကူညီမည်ဖြစ်သည်။ ထိုသားရဲသည် အမဖြစ်လျှင်ပိုကောင်း၏။

သူမ စိတ်လှုပ်ရှားလာသည်နှင့် ချူဖုန်းသည်လက်များကို လှုပ်ရှားကာ သားမွေးအင်္ကျီကို သူမကိုယ်ပေါ်သို့ လွှမ်းပေးလိုက်သည်။ ချူဖုန်းသည် သူမကို ရင်ခွင်ထဲဆွဲသွင်းကာ ညလေကဲ့သို့ နူးညံ့သည့်အသံဖြင့်ပြောလေသည် “စောစောနား မနက်ဖြန် ခရီးဆက်ရဦးမယ်”

“အင်း” တိုးညင်းစွာပြန်ဖြေပြီးနောက် ပေထင်းဟွမ်၏မျက်ခွံများသည် လေးလံလာကာ မျက်လုံးပင်မဖွင့်နိုင်တော့ပေ။ သူမသည် ချူဖုန်း၏ ပခုံးပေါ် တွင် ခေါင်းမှီကာ မျက်လုံးများကိုမှိတ်လိုက်သည်။ ညလေထဲတွင် သူမ၏ အသက်ရှူသံ ခပ်တိုးတိုးကိုသာ ကြားနေရသည်။ ချူဖုန်း၏ ရင်ထဲတွင် ထူထဲသော အနွေးဓာတ်များ ထကြွလာသည်။ ဤအန္တရာယ်များလှသည့် ဝိညာဉ်ခွဲချောက်တွင် သူ့နှလုံးသားအတွင်း၌ သန့်စင်သောနယ်မြေ ဖန်တီးမိပြီး သားဖြစ်၏။ သူသည် လုံခြုံပြီး စိတ်အေးချမ်းသွားသည်။

ပထမဆုံးအရုဏ်တက်နေရောင်သည် အကိုင်းအခက်များကို မြစိမ်းရောင် ဖြစ်သည်အထိ တောက်ပပေးနေသည်။ ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းပြီး ဖွင့်လိုက်သည်။ သူမသည် ချူဖုန်း၏ ဒူးပေါ်မှထလိုက်သည်။ ပေထင်းဟွမ်သည် ယခုအတိုင်း အိပ်ပျော်သွားခဲ့သည်။ မနေ့ညတိုက်ပွဲ ပြီးသည့် နောက်တွင် နတ်သားရဲနှစ်ကောင်မှ ဖိအားထုတ်လွှတ်လိုက်သဖြင့် ညသည် အလွန်ငြိမ်နေခဲ့သည်။ မည်သည့်မှော်သားရဲကမှ လာမနှောင့်ယှက်ရဲပေ။

ချုဖုန်းသည် တခြားသစ်ပင်ကြီးကိုမှီကာ ပေထင်းဟွမ်အား ရီဝေသော မျက်လုံးများဖြင့်ကြည့်လေသည်။ ပထမဆုံးအကြိမ် သူ၏နှလုံးသားသည် မနက်ခင်းကဲ့သို့ တိတ်ဆိတ်သွားသည်။

“မင်းတို့နှစ်ယောက် ဂူထဲမှာ ဒီလောက်နွေးတာကို.. အထဲမှာ မနားဘဲ ဂူဝင်ပေါက်ကို စောင့်ဖို့ သွားလိုက်ကြသေးတာနော်” တုဖန်းကျောက်သည် ဂူဝင်ပေါက်တွင် မပျော်မရွှင်ဖြင့် ရပ်နေသည်။ သူသည် ခါးထောက်ထားကာ သူတို့နှစ်ယောက်ရှိရာသို့ မကျေမနပ်ဖြင့် ခါးကိုင်းထားသည် “စစ်ဦးစီး ဘာတွေ တွေးနေတာလဲ၊ ရှေ့မှာ တောင်ကြားလေးတစ်ခုရှိတယ်လို့ ဆယ်လင်းရဲ့ မှော်သားရဲက အခုပဲပြောလိုက်တယ်၊ အဲဒီမှာ အနက်ရောင်ဝိညာဉ်အသီးရှိ တယ်တဲ့.. အဲဒီအသီးက နောက်နှစ်ရက်နေရင် မှည့်တော့မှာ ငါတို့သွားလုကြ မလား”

အနက်ရောင်ဝိညာဉ်သစ်သီးအကြောင်းပြောရာတွင် တုန်ဖန်းကျောက်၏ မျက်လုံးများ လက်နေသည်။ ကောင်းလိုက်တဲ့ မိုးနတ်မင်းရေ.. ဝိညာဉ်နဂါး မောက်သီးလိုမျိုး ကောင်းကင်ရတနာမျိုး ရှိသေးတာပဲ။ တိုက်ကြီးတွင် အနက် ရောင်ဝိညာဉ်သစ်သီးသတင်း နည်းပါးခြင်းမှာ အနက်ရောင်ဝိညာဉ်သစ်သီး အရေအတွက်သည် အလွန်နည်းပါးခြင်းကြောင့်ဖြစ်သည်။ အနက်ရောင်ဝိညာဉ် အသီးတည်ရှိသည်ကိုမြင်ရသည်မှာ ရှားပါးလှသည်။

“အနက်ရောင် ဝိညာဉ်သစ်သီးလား” ချူဖုန်းသည် အနည်းငယ် အံ့ဩသွား ၏ “အနက်ရောင်ဝိညာဉ်အသီးက အနည်းဆုံး အသီး ၁၀ လုံး အလုံး ၂၀ လောက်နဲ့ ယှဉ်လို့ရတယ်.. ဒါပေမဲ့ အဲလိုအသီးမျိုးက အနက်ရောင်စပါးအုံးမြွေ ရဲ့ အကြိုက်ပဲ.. အနက်ရောင်ဝိညာဉ်အသီးကို မှော်သားရဲတောမှာဆို အခြေခံ အားဖြင့် အဲကောင်ကြီးတွေ ယူသွားတတ်ကြတယ်”

“အနက်ရောင်စပါးအုံးမြွေလည်း ဘာကြောက်စရာလိုလို့လဲ.. နတ်သားရြ မဟုတ်သရွေ့ တိုက်ခိုက်ဖို့ အခွင့်အရေးရှိသေးတယ်” ပေထင်းဟွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက်ထရပ်လိုက်သည်။ သူမ၏ ခြေထောက်သည် ဝတ်ရုံကြောင့် ခလုတ်တိုက်ကာ ပင်စည်ပေါ်မှကျလုမတတ်ဖြစ်သွားသည်။ ကံကောင်းစွာပင် ချူဖုန်း၏အကြည့်သည် စူးရှကာ လက်သည်မြန်ဆန်၏။ သူသည် သူမကို ဆုပ်ကိုင်ကာ ဖက်ထားလိုုက်သည်။ မဟုတ်လျှင် ထပ်မံ အရှက်ကွဲပြန်ဦးမည်။

“ဟား ဟား”

ထိုမြင်ကွင်းကို အခုလေးတင် လူစုပြီးသည့် သံမဏိသွေးအဖွဲ့ဝင်များ မြင် သွားကြလေသည်။ သူတို့သည် မရယ်ဘဲမနေနိုင်ကြတော့ပေ။ အခုလေးတင်မှ နိုးလာသည့် သူတို့ခေါင်းဆောင်သည် ဤမျှချစ်စရာကောင်းလိမ့်မည်ဟု ထင်မထားကြပေ။

သူတို့အဖွဲ့သည် ကြဘ် ၂ ပွင့် နတ်သားရဲ နှင်းဝံပုလွေ၏ ဦးဆောင် မှုနောက်မှလိုက်ပြိး အနက်ရောင်ဝိညာဉ်သစ်သီးပေါက်ရောက်ရာ တောင်ကြား ဆီသို့ သွားကြသည်။ ကျို့ယန်သည် သူမတူအောင် စိတ်ဓာတ်ကျလျက်ရှိသည်။ ထိုကြယ် ၁ ပွင့်နတ်သားရဲ နှင်းဝံပုလေါသည် အစက သူ့ထက် တစ်ဆင့်နိမ့် ခဲ့သည်။

သူ၏သခင် ထိန်းကျောင်းပြီးနောက် ထိုကောင်သည် ကံကောင်းစွာပင် ရုတ်တရက် တစ်ဆင့်တက်သွားခဲ့သည်။

အစောကပင် ကြယ် ၁ ပွင့်နတ်သားရဲဖြစ်ခဲ့သူသည် အဆင့်တစ်ဝက်တက် အောင်လုပ်ရသည်ပင် မလွယ်ကူလှပေ။ ထိုသို့အဆင့်တက်ရန် ဆယ်စုနှစ်များ စွာ၊ နှစ်ပေါင်းရာချီ ထောင်ချီပင် ကြာတတ်သည်။ အဲကောင်ကိုလည်းကြည့်ဦး လေထဲမှာမြောက်နေပြီ..

All Chapters