← Chapters

နားလည်ခြင်း၊ ကောင်းကင်အဆင့်

Vol. 15 Ch. 297

နားလည်ခြင်း၊ ကောင်းကင်အဆင့်

Vol. 15 Ch. 297

“သခင်လေးကျို့ယန်”

ပေထင်းဟွမ်၏ နေရာတွင် လျှပ်စီး၏ထောင်လွှားသော ဝံပုလွေဦးခေါင်း သည် ကျို့ယန်ဘက်သို့ ငေါ့လေသည်။ “စိတ်ဓာတ်မကျပါနဲ့.. သခင့်ရဲ့ ကစဥ့် ကလျားနတ်အရင်းအမြစ်က ဘယ်လောက်အားကောင်းလဲဆိုတာ မင်း မသိတာလည်းမဟုတ်ဘူး၊ ကြယ် ၁ ပွင့်မပြောနဲ့ တစ်ခါတည်းကြယ်သုံးလေးပွင့် တောင်တက်သွားနိုင်တယ်”

“ဟုတ်တယ် ဟုတ်တယ်” မိုးကြိုးသွားသည် လျှပ်စီးနှင့် ခြေရာတိုင်းနိုင် တော့မည်ကို သတိရသွားသည်။ သို့သော် နောက်ဆုံးတွင် လျှပ်စီးသည် ကြယ် ၂ ပွင့်မြင့်နေတုန်းပင်။ သူ၏ခံစားချက်သည် အလွန်လေးလံနေသည် “ဒီလိုကိစ္စ မျိုးက အနာဂတ်မှာ ပုံမှန်ဖြစ်သွားမှာပဲ”

“သခင်လေးကျို့ယန် စိတ်သဘောထားကြီးလိုက်ပါ”

ကျို့ယန်သည် အရှက်မဲ့သည့် မြေခွေးတစ်ကောင်သာဖြစ်သည်။ မင်ရှိလျှင်တော့ သားရဲများထဲတွင် သူ့ကိုယ်သူ ခေါင်းဆောင်ဟုမခေါ်ရဲပေ။ သူသည် သူ့စွမ်းအားကိုအသုံးပြုကာ သားရဲများအားလုံးကို အနိုင်ကျင့်ပြီး သူ့ကို ‘သခင်လေး’ ဟုခေါ်ရန် ဖိအားပေးခဲ့သည်။

မြင့်မြတ်သောသဘောထားရှိသည့်လူသည် ကျောက်စိမ်းနှင့်တူသည်။

လေပြေသည် မျက်နှာကိုဖြတ်သွားပြီးနောက် ပန်းရနံ့သည် သူမနှာခေါင်း အတွင်း တိုးဝင်လာခဲ့သည်။ သူမသည် ငှက်များ၏ ကျီကျီကျာကျာအသံနှင့် ပိုးကောင်များ၏အသံကို ကြားနေရသည်။ ပေထင်းဟွမ်သည် လက်ဆန့်ထုတ် လိုက်သည်။ သူမသည် ကော်ဇောနှင့်တူသည့် နူးညံ့သောမြက်ပေါ်နင်းကာ ခြေထောက်ကို ထိုအပေါ်တွင် သုတ်လိုက်သည်။ နူးညံ့သောခံစားချက်သည် သူမ၏ ကိုယ်တွင်းအင်္ဂါများထဲတွင် ပျံ့သွားခဲ့သည်။ ခန္ဓာကိုယ်ထဲမှ ဆဲလ်တိုင်း သည် သဘာဝ၏အလှတရားကို ခံစားနေသည်။

ပေထင်းဟွမ် မျက်လုံးမှိတ်လိုက်သည်။ သူမ၏ဆဌမမြောက်အာရုံသည် ပိုထက်လာသည်။ ဦးခေါင်းပေါ်မှ အပြာရောင်ကောင်းကင်နှင့် အဖြူရောင် တိမ်တိုက်များသည် သူမ၏နှလုံးသားကို ဖြတ်သွားသလိုပင်။ သူမသည် ငှက်များ စကားပြောနေသံကို ကြားနေရပြီး စကားလုံးတိုင်းကို နားလည်နေ သလိုပင်။ ဂူထဲမှ ပိုးကောင်များ၏ အသံသည် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။ သစ်ရွက်များသည် နူးညံ့စွာလွင့်မျောနေကာ မြေပြင်ကို ခံစားချက်နှင့်အတူ ကျသွားလေသည်။

ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီးသည် သူမ၏စိတ်ထဲတွင် ကြည်လင်နေသည်။

အစက ချူဖုန်းသည် သူမနှင့် ပခုံးချင်းယှဉ်ပြီးရပ်နေသည်။ ထိုအချိန်တွင် သူမနှင့် တစ်လှမ်းချင်း ခွာကျန်နေခဲ့ရာ သူမ၏ပုံရိပ်သည် တဖြည်းဖြည်းမှိန် သွားပြီး ရှေ့မှနေရာနှင့် ရောနှောသွားသလိုပင်။ မနက်ပိုင်းမြူသည် သူမ ပတ်ပတ်လည်ကို ရစ်ပတ်ထားပြီး သူမသည် မနက်ခင်းမြူထဲတွင် ပျော်ဝင်သွား တော့မလိုပင်။ ရှင်းလင်းစွာပင် သူမသည် သူ့ရှေ့တွင်ရှိနေသော်လည်း ချူဖုန်း သည် သူမကို မမြင်ရတော့ပေ…

“ရှောင်ကျို့…”

ချူဖုန်းသည် အနည်းငယ် စိတ်ပူလာသည်။ သူသည် ပေထင်းဟွမ်ကို ဆုပ်ကိုင်လိုက်မည်အပြုတွင် တုန်ဖန်းကျောက်မှတားလိုက်လေသည် “မလှုပ်နဲ့ သူမက အတွေးထဲမျောနေတာ”

ဒီကောင်က ကောင်းကင်နဲ့မြေကြီး အဆီအနှစ်ကို နားလည်နိုင်လောက် အောင် ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။

“ကောင်းကင်အဆင့်နဲ့ မြေကြီးအဆင့်ကြားက ကွာခြားချက်က စွမ်းအား အပြောင်းအလဲနဲ့တင် ဖြစ်လာတာမဟုတ်ဘူး၊ တချို့လူတွေက သူတို့ တစ်ဘဝ လုံးမှာတောင် ကောင်းကင်အဆင့်ကို ခြေမချနိုင်ကြဘူး.. ပြီးတော့ အခုထိ နားမလည်ကြသေးဘူး.. သူ့ကုအခုကြည့်လိုက်လေ သူကမ္ဘာကြီးထဲကို စီးမျော သွားတယ်လို့ မခံစားရဘူးလား၊ မင်းလည်း အဲဒါကိုကြုံတွေ့သင့်တယ်.. မင်း အတွက် အကျိုးအမြတ်ရှိလာမှာပဲ၊ မင်းက ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးဖြစ် ပြီး ကောင်းကင်အဆင့်နဲ့ ခြေတစ်လှမ်းပဲလိုတော့တာကို ငါသိတယ်” တုန်ဖန်ကျောက်သည် ထောက်ပြလေသည်။

“ငါသိပြီ”

ကြည်လင်သောအသံတစ်သံသည် မနက်ခင်းမြူထဲမှထါက်လာသည်။ မနက်ခင်းမြူထဲမှလူတစ်ယောက်အပေါ်သို့ နေရောင်ထွန်းလင်းလာသည်။ သူသည် ပြောင်မြောက်သည့် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားကာ သူ၏ အနက်ရောင်ဆံပင်များသည် မနက်ခင်းလေပြေထဲတွင် လွင့်နေသည်။ ချောက် တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအားကို စုပ်ခွက်ကြီးတစ်ခုမှ စုပ်ယူလိုက်သလိုဖြစ်ကာ ပေထင်းဟွမ်ဆီသို့ အရှိန်ဖြင့် ဦးတည်သွားလေသည်။

ထိုအခိုက်တွင် ပေထင်းဟွမ်သည် ကမ္ဘာကြီးနှင့် ရောနှောသွားသလို ခံစား ရလေသည်။ သို့သော် သူမသေချာ မကြုံတွေ့နိုင်ခင်မှာပင် နာကျင်မှုရောက် လာသည်။ သူမ၏ခန္ဓာကိုယ်တွင် ကြီးမားသောစွမ်းအားများ စုပုံနေပြီဖြစ်၏။ သို့သော် သူ၏စိတ်အခြေအနေမှာ အသင့်မဖြစ်သေးဘဲ သူမ၏အဆင့်တက်ခြင်း လည်း ရောက်မလာသေးပေ။ ထိုအခိုက်တွင် သူမခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျား နတ်အရင်းအမြစ်သည် စုပ်ခွက်ကြီးတစ်ခုကဲ့သို့ လည်ပတ်နေကာ ကမ္ဘာပေါ်မှ ဝိညာဉ်စွမ်းအားအားလုံးကို စုပ်ယူပြီး ခန္ဓာကိုယ်အတွင်းသို့ ပို့လေသည်။

ခန္ဓာကိုယ်ထဲမှ သွေးကြောများအားလုံး ဖောင်းလာရာ ဆိုးရွားသော နာကျင်မှုကို ခံစားလိုက်ရလေသည်။ သူမသည် မလှုပ်ရဲပေ။ သူမသည် စိတ်ကို အာရုံစူးစိုက်ထားကာ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူမသွေးကြောထဲမှ အဖြူရောင်ဝိညာဉ်စွမ်းအင်သည် သန့်စင်နေပြီဖြစ်ကာ အပြာနုရောင်စွမ်းအား နှင့် ရောနှောနေသည်ကိုမြင်လိုက်ရသည်။ ၎င်းသည် ရုပ်ခန္ဓာဖြစ်လုနီးပါးဖြစ် နေကာ ကြောက်မက်ဖွယ်အရှိန်နှင့် သူမ၏သွေးကြောထဲသို့ တိုးဝင်လာလေသည်...

All Chapters