← Chapters

ဖင်ရိုက်ခံရမယ်

Vol. 15 Ch. 298

ဖင်ရိုက်ခံရမယ်

Vol. 15 Ch. 298

သူမ၏အကြောထဲတွင် နေရာကြီးတစ်ခုကို သိမ်းပိုက်ထားသည့် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် တွင်းနက်ကြီးနှင့်တူသည်။ ၎င်းသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များအားလုံးကို စုပ်ယူသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်အထက်တွင် ဝေ့ပတ်နေသည့် အပြာနုရောင် ဘီးလုံးပုံစံသည် ကစဥ့်ကလျားနတ်အရင်းမြစ်၏ အပြာနုရောင်ချည်မျှင်နှင့် ဆက်ကာ အစိမ်းရောင်အလင်းနှင့် ရောယှက်သွားလေသည်။

အစိမ်းနှင့်အပြာ.. အကြောတစ်ခုလုံးမှာ ထိုအရောင်နှစ်ရောင်ဖြင့် ပြည့် နေသည်။ ကြီးမားသောစွမ်းအားတစ်ခုသည် ပေထင်းဟွမ်၏ အကြောထဲတွင် ဆူပွက်နေသည်။ သူမ၏ခန္ဓာကိုယ်သည် အချိန်မရွေးပေါက်ကွဲသွားနိုင်သည်ဟု ပင် ခံစားနေရသည်။ သို့သော် ဤအခိုက်အတန့်တွင် သူမ၏ခန္ဓာကိုယ်သည် လုံးဝပင် ထိန်းချုပ်၍မရနိုင်ပေ။ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ဆိုးသွမ်း သည့်ကလေးနှင့်တူသည်။ ၎င်းသည် ပျော်ရွှင်စွာ ကစားနေကာ ရပ်တန့်ရန် စိတ်ကူးမရှိပေ။

နာကျင်မှုသည် ပိုပိုပြီးသိသာလာသည်။ ချွေးလုံးများသည် သူမ၏နဖူးမှ စီးကျကာ မြေကြီးပေါ်သို့ ကျလေသည်။ထိုအခိုက်တွင် အေးစက်ပြီး လွှမ်းမိုးနိုင် သောအသံသည် ရုတ်တရက် သူမ၏အသိစိတ်ပင်လယ်နှင့် အသိစိတ်ထဲတွင် ပေါ်လာသည် “ပေထင်းဟွမ် အဆင့်တက်ရင်းနဲ့ မင်းကိုမင်း သတ်တော့မလို့ လား”

“မင် မင်းလား ကောင်းတယ်.. ဒီကစဥ့်ကလျားနတ်အရင်းမြစ်က ဘယ်လို ဖြစ်သွားလဲ ငါမသိဘူး” ပေထင်းဟွမ်သည် ကပျာကယာဖြင့် မင်အား အကူအညီတောင်းရတော့သည်။

“အချိန်တစ်ခုလောက် မင်းထိန်းချုပ်နိုင်မှာမဟုတ်ဘူး.. ကနဦးကစဥ့်ကလျားနတ်အရင်းမြစ်ကို ထိန်းချုပ်ချင်ရင် ပြည့်စုံတဲ့ ကျင့်ကြံမှု နည်းပညာရှိရမယ်.. မင်းနားလည်တာက မလုံလောက်သေးဘူး”

မင်နှင့် ပေထင်းဟွမ်တို့သည် တူညီသော ကံကြမ္မာကိုမျှဝေထားကြသည်။ သဘာဝကျကျပင် သူသည် ပေထင်းဟွမ်၏ လက်ရှိအခြေအနေကို မျှဝေခံစား နိုင်သည်။ သူသည် ကိုးရောင်နိဗ္ဗာန်မီးကို ဆင့်ခေါ်လိုက်သည်။ ချက်ချင်း ဆိုသလိုပင် ပေထင်းဟွမ်၏တစ်ကိုယ်လုံးကို ကိုးရောင်နိဗ္ဗာန်မီးမှ လွှမ်းခြုံလိုက် သည်။ အပြင်မှကြည့်လျှင် သူမ၏အနက်ရောင်ဆံပင်များသည် ကိုးရောင်မီးလျှံ ကြားထဲတွင် လွင့်နေသည်ကိုမြင်နိုင်သည်။

သေစမ်း ဒီကောင်က ဒီလောက်လွှမ်းမိုးနိုင်တဲ့ မီးလျှံကို လူတွေအများကြီး ရှေ့မှာ ဘာလို့ဆင့်ခေါ်လိုက်တာလဲ။ ပေထင်းဟွမ်သည် ပျာယာခတ်သွား၏။ သူမသည် စိတ်ထဲမှ မင်ကိုအမိန့်ပေးလိုက်သည် “မင်းက လူတွေအများကြီးရှေ့ မှာ အရှက်ခွဲမယ်ဆို သတိထားနေတာကောင်းမယ်နော်.. နောက်တစ်ခါ မင်း ထွက်လာရင် တိုက်ကြီးတစ်ခုလုံးမှာ မင်းဖင်ကိုငါရိုက်မယ်”

ပထမဆုံးအကြိမ် မင် ကိုးရောင်နိဗ္ဗာန်မီးကို ဆင့်ခေါ်စဉ်က သူမ၏ တစ်ကိုယ်လုံး လုံးဝလောင်ကျွမ်းခဲ့သည်ကို ပေထင်းဟွမ် မမေ့နိုင်သေးပေ။ ယန်ယဲ့သည်လည်း သူမ၏ ကိုယ်လုံးတီးပုံကိုမြင်ခဲ့သည်။ သူမသည် အခု သက်သာသွားသလိုခံစားရသည်။ ကိုးရောင်နိဗ္ဗာန်မီးသည် လွှမ်းမိုးနိုင်ကာ သူမ ခန္ဓာကိုယ်ကို သဘာဝတရားနှင့် ခွဲခြားပေးနိုင်သည်။ သူမဆီသို့ရောက်လာ သော ဝိညာဉ်စွမ်းအင်များသည် တစ်ဟုန်ထိုးတိုးလာသည်နှင့် သူမတစ်ကိုယ် လုံးရှိ သွေးကြောနှင့် အကြောများသည် ပိုကောင်းမွန်လာခဲ့သည်။ သူမသည် ကောင်းကင်အဆင့်နှင့် မြေကြီးအဆင့်ကြားမှ အကာအဆီး လှုပ်ခါသွားသည်ကို ခံစားမိသည်။

ဒါပေမဲ့ အကျိုးဆက်တွေက ဘာဖြစ်မလဲ။ ဤမျှများပြားသောလူများရှေ့ တွင် ကိုယ်လုံးတီးတော့မဖြစ်ချင်ပေ။ သူမ၏ အမျိုးသမီးခန္ဓာကိုယ်သည် ပေါ်ပေါက်သွားရန်မဖြစ်ပေ။

“ဟား”

လက်ပတ်နေရာထဲတွင် သားရဲများသည် ပေထင်းဟွမ်နှင့် မင်တို့၏ စကားများကိုနားထောင်ပြီးနောက် ရယ်မောကာ မြက်ခင်းပြင်တွင် လူးလှိမ့်နေ ကြသည်။ နွယ်ပင်လေးသည် ဗိုက်ကိုနှိပ်ကာ တခစ်ခစ်ရယ်မောနေသည်။

“သခင် မင်းက မိန်းကလေးဟုတ်တာလား မဟုတ်တာလား.. ခေါင်းဆောင်မင်ရဲ့ တင်ပါးကိုရိုက်မယ်ဟုတ်လား.. သခင်က အဲလိုမျိုးတွေ ပြောရဲတာ အရမ်းသဘောကျတာပဲ” မိုးကြိုးသွားသည် အသည်းနှလုံးမဲ့စွာ ပြောလေသည်။

“ဟင်း”

အေးစက်သောနှာမှုတ်သံနှင့်တူ လက်ပတ်နေရာသည် ချက်ချင်းပင် တိတ်ဆိတ်သွားလေတော့သည်။ လှောင်ပြောင်ရယ်မောသံများနှင့် ဆွေးနွေးသံ များသည် ချက်ချင်းပင်ရပ်သွားကြသည်။ သားရဲများရှေ့တွင် အမြဲတစေ အားနည်းချက်ဖြစ်နေသည့် ပေထင်းဟွမ်သည် အစ်ကိုကြီးမင်အား ကြည်ညို ရင်းနှင့် အလဲလဲအပြိုပြိုဖြစ်လုနီပါးပင်။

ဒီကောင်က ဘယ်လိုမှော်သားရဲမျိုးလဲ။ တခြားမှော်သားရဲတွေသည် ပေထင်းဟွမ်ရဲ့ လက်ပတ်နေရာမှာနေကြသော်လည်း သူသည် မှော်သားရဲ နေရာမှာနေနေခဲ့သည်။ သူ့အသံသည် အမြဲတမ်သတ္တိတတ်သည့် မှော်သားရဲ များကို ကြောက်လန့်သွားစေသည်။

“ပေထင်းဟွမ် ငါ မြန်မြန်အရွယ်ရောက်ပြီး ငါ့ဖင်ကို မင်းဆီအရောက်ပို့ ပေးမယ်” မင်၏အသံသည် ခါတိုင်းလိုပင် အေးစက်နေသည်။ သူ ထိုသို့ပြော လိုက်သည်နှင့် ပေထင်းဟွမ်သည် တံတွေးသီးပြီး မေ့မျောလုမတတ်ဖြစ်သွား လေသည်…

All Chapters