မင်းဇနီးကိုလုမယ်
Vol. 15 Ch. 299
“အင်း ငါက နောက်တာပါ”
ပေထင်းဟွမ်သည် လျှာကိုက်လိုက်သည်။ ဒီလူက ဘာအဓိပ္ပာယ်လဲ။ သူမကို စဖို့ ဒီနည်းလမ်းကိုသုံးဖို့မလိုပါဘူး။
“ငါ နောက်နေတာမဟုတ်ဘူး” မင်သည် အလေးအနက်ပြောလေသည် “ငါ နတ်မိစ္ဆာဧကရာဇ်ကို တိုက်ခိုက်ချင်တယ်လို့ ပြောတယ်မလား.. အဲဒါက မင်းကို ဇနီးအဖြစ်လုယူချင်တာလည်းပါတယ်.. ငါက သူ့ထက်မနိမ့်ဘူးဆိုတာ သက်သေပြချင်တယ်”
ပေထင်းဟွမ်သည် အရင်ကမခံစားဖူးသည့် ကြောက်လန့်မှုများကို ခံစားမိ လိုက်သည်။ သူမသည် နဖူးကိုရိုက်မိတော့သည် “မင် အဲဒါနောက်မှပြော.. ငါ အခု အဆင့်တက်တော့မယ်.. ငါ့ကိုအချိန်တစ်ခုလောက် ကာကွယ်ပေးထားဦး.. ပြီးတော့ ဒီလောက်လူတွေအများကြီးကို ကိုယ်လုံးတီးနဲ့ ရင်ဆိုင်ခိုင်းရင်တော့ ငါ…”
“စိတ်မပူနဲ့” လွှမ်းမိုးနိုင်သောသခင်မင်သည် ပေထင်းဟွမ် ခြိမ်းခြောက် သည့်စကားများကို မကြားချင်ပေ “ငါက မင်းကို ဇနီးအဖြစ် သတ်မှတ်ပြီးသွား ပြီ ပထမဆုံးအကြိမ်တုန်းကလို အမှားမျိုးလုပ်မှာမဟုတ်ဘူး”
အဲတုန်းက သူမက သူ့အိမ်ထောင်ဖက်အဖြစ် သတ်မှတ်ဖို့ အရည်အချင်း မပြည့်မီလို့ အရှက်ခွဲခဲ့တာလား။ ဒီမောက်မာတဲ့ လူကတော့။
ပေထင်းဟွမ်သည် သူ့ကို ဂရုစိုက်မနေတော့ပေ။ သူမသည် မျက်လုံးများ ကို မှိတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်နှင့် သွေးကြောထဲတွင် ကစဥ့်ကလျား နတ်အရင်းအမြစ်သည် အရင်ကကဲ့သို့ ရူးသွပ်ခြင်းမရှိတော့ပေ။ ၎င်း၏အရှိန် သည် တဖြည်းဖြည်း လျော့ကျသွားသည်။ အထက်တွင် အပြာရောင် လေလုံး သည် အဆက်မပြတ်လည်နေတုန်းပင်။ အပြာနုရောင်ချည်မျှင်သည် ကစဥ့် ကလျားနတ်အရင်းအမြစ်နှင့် ချိတ်ဆက်ကာ လက်မအရွယ်အစားခန့် ထူထဲလာ သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကစဥ့်ကလျားနတ်အရင်းအမြစ် မှထွက်လာသော မူလစွမ်းအင်ကို အပြာနုရောင်လေလုံးဆီသို့ လွှဲပြောင်းပေး လိုက်သည်။
အပြာနုရောင်လေလုံးသည် ကြီးမားလာခြင်းမရှိသော်လည်း ၎င်းကို ဖိသိပ်ပြီး စူးရှသော သတ္တုများကို ထုတ်လွှတ်လိုက်သကဲ့သို့ ၎င်း၏အရောင် သည် ပိုတောက်ပလာပြီဖြစ်သည်။
“ဒါက သတ္တုစွမ်းအင်ဘီးလုံးပဲဖြစ်မယ်.. အရင်ကလေလုံးထက် ပိုပြီး ကြီးလာတယ်၊ ဒါပေမဲ့ အထဲကစွမ်းအင်ကလည်း ပိုကောင်းလာတယ်” အထဲတွင် ပါဝင်သောကြီးမားသည့်စွမ်းအင်ကို အာရုံခံမိရာ ပေထင်းဟွမ်သည် အထူးတလည် ပျော်ရွှင်လာသည်။
ထိုအတားအဆီးကို ဖြတ်ရန် ထိုကြီးမားသောစွမ်းအင်ကို အမိန့်ပေးမည် အပြုတွင် သတ္တုစွမ်းအင်လုံး လှည့်ပတ်မှုသည် တဖြည်းဖြည်းနှေးကွေးသွား သည်။ နှေးသွားသဖြင့် သတ္တုစွမ်းအင်လုံးပေါ်တွင် ပုံစံအရိပ်အယောင် ပေါ်လာ သည်။ အစိမ်းရောင်နှင့် အပြာရောင်များသည် တစ်ဖက်စီတွင် ကွဲသွားကြသည်။ အလယ်တွင် “S” ပုံသဏ္ဍာန်ပေါ်လာသည်။ ရုတ်တရက်ကြည့်လျှင် ၎င်းသည် ငါးမျက်လုံးနှစ်လုံးမှလွဲပြီး ထိုက်ကျိထူပုံကြမ်းနှင့်တူသည်။
ပေထင်းဟွမ်၏ အမိန့်မရှိဘဲ ကြီးမားသောစွမ်းအင်သည် ပေထင်းဟွမ်၏ အကြောထဲမှထွက်ကာ ထိုအတားအဆီးဆီသို့ သူ့ဘာသာသွားလေသည်။
ချွတ်
ကြည်လင်ပြီး ငြိမ့်ညောင်းသောအသံသည် သူမ၏အသိစိတ်ပင်လယ်ထဲ တွင် ပဲ့တင်ထပ်ပြီးနောက် သူမခန္ဓာကိုယ်အနှံ့ရောင်ရမ်းနာကျင်သည့် ခံစားချက်သည် ထိုအသံနှင့်တူ ပျောက်ကွယ်သွားလေတော့သည်။ သူမ၏ ခြေလက်နှင့် အရိုးများထဲမှ အပြာနုရောင်စွမ်းအင်သည် စတင်လည်ပတ်လာ ကာ အလွန်ပင် သက်တောင့်သက်သာရှိလှသည့် ခံစားချက်သည် သူမ တစ်ကိုယ်လုံးဆီသို့ ပျံ့သွားလေသည်။ အားကောင်းသောစွမ်းအားသည် သူမ၏ အကြောထဲတွင် လည်ပတ်နေပြီး ဆဲလ်တိုင်းသည် ပြန်လည်လှုပ်ရှားကာ ဘဝအသစ်ကို ထုတ်ပေးလေသည်။
အဆင့်တက်သည့် ခံစားချက်ပင်။
အံ့ဩမှုနှင့်အတူ ပေထင်းဟွမ်သည် ရုတ်တရက် မျက်လုံးများပွင့်လာ သည်။ အေးစက်သော အလင်းသည် သူမ၏ ကြယ်နှင့်တူသော မျက်လုံးထဲတွင် ပေါ်လာပြီး သူမ၏ခွန်အားကို ပျံတက်စေသည်။ သူမ၏ခြေထောက်အောက်၌ ငွေရောင်ကြယ်ပုံစံအဖွဲ့အစည်း ဖြစ်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းသည် ထောင့်လေးထောင့် ကြယ်ပုံစံအဖွဲ့အစည်းပေါ်ရှိ ငွေရောင် မြင့်မြတ်သောကြက်ခြေခတ်ဓားကို ဆွဲထုတ်ကာ မူလကြယ်အဖွဲ့အစည်းကို ဖုံးအုပ်သည့် ပဉ္စဂံကို ဆွဲလေသည်။ ထောင့်လေးထောင့် ကြယ်အဖွဲ့အစည်း၏ မျဉ်းကြောင်းများသည် ပေထင်းဟွမ်၏ခြေထောက်အောက်တွင် တောက်ပ သောအလင်းဖြင့် မြင့်မြတ်သောကြက်ခြေခတ်ဓားပုံစံဆွဲလေသည်။
ကောင်းကင်အဆင့်.. တကယ်ကြီး ကောင်းကင်အဆင့်ပဲ..
ငွေရောင်ကြယ်ပုံစံအဖွဲ့အစည်းအလင်း မပျောက်ကွယ်ခင်တွင် ပေထင်းဟွမ်၏ လက်ပတ်နေရာမှ မွန်မြတ်သောသားရဲများသည် တစ်ကောင်ပြီးကောင် ထွက်လာကာ သူမကို ဝန်းရံလိုက်ကြသည်။ ငွေရောင် အလင်းတန်းသည် ထိုသားရဲများကို လွှမ်းခြုံကာ သူတို့၏ ကြီးမားသော ကိုယ်ထည်ကို ထုတ်ဖော်ပြသကြလေသည်…