← Chapters

တရားမျှတမှုရောရှိရဲ့လား

Vol. 15 Ch. 300

တရားမျှတမှုရောရှိရဲ့လား

Vol. 15 Ch. 300

မီးတောက်ကဲ့သို့တောက်လောက်နေသော အမြီးကိုးချောင်းမီးမြေခွေး၊ လှပသောအနက်ရောင်ဖဲသားအမွေးနှင့် လျှပ်စီး၊ ရေခဲနှင့် နှင်းများကဲ့သို့ အေးစက်ပြီး မြင့်မြတ်သည့်မိုးကြိုး၊ ကြောက်မက်ဖွယ် အနက်ရောင် မြူခိုးများ ဖြင့် ဖုံးအုပ်ထားသော မြွေပါ၊ အလင်းဆီးနှင်းများ စီးဆင်းနေပြီး သန့်ရှင်းသော အလင်းရောင်ကိုထုတ်ပေးသော ချစ်စရာကောင်းသော ရွှေရောင်မျက်လုံးများ နှင့် မြင်းပျံ၊ အဆပေါင်းများစွာ ထူထဲသောစပျစ်နွယ်ပင်များ…

ကိုးရောင်နိဗ္ဗာန်မီးထွက်ပေါ်လာသည်နှင့် ထိုနေရာမှဖိအားသည် တဟုန် ထိုး တက်သွားလေသည်။ သံမဏိသွေးကြေးစားအဖွဲ့တစ်ဖွဲ့လုံး၏ အဖွဲ့ဝင်များ နှင့် သူတို့၏သားရဲများသည် မီးတောက်များ၏ ဖိအားကိုခံနိုင်ရည်မရှိကြပေ။ ချူဖုန်းသည် ဝမ်ဝေ့၊ ဆယ်လင်းနှင့် တခြားသာအဖွဲ့ငယ်ခေါင်းဆောင်များကို မိုင်ပေါင်းများစွာ ခွာနေရန် အမိန့်ပေးပြီးသားဖြစ်သည်။

ထိုအခိုက်တွင် တုန်ဖန်းကျောက်နှင့် ချူဖုန်းတို့သည် ဖိအားကို တောင့်ခံ ကာ ပေထင်းဟွမ် အဆင့်တက်သည်ကို စောင့်နေကြသည်။

တုန်ဖန်းကျောက်သည် မီးပုံးအရွယ်အစားလောက်ပင် မျက်လုံးပြားထွက် လာကာ တစ်ကောင်ပြီးတစ်ကောင်ထွက်လာသော သားရဲများကို စိုက်ကြည့် နေသည်။ လွန်ခဲ့သည့်ရက်ပိုင်းက သူ့ကိုသေသည်အထိ နှိပ်စက်ခဲ့သည့် ထိုမှော်သားရဲများကို မတတ်သာစွာဖြင့် ကြည့်နေရသည်။ သူသည် ဘာမှ မမြင်ခဲ့ဖူးပေ။ သူ ဘာမှမမြင်ခဲ့ပေ။ သူသည် ဤကဲ့သို့ ကောင်းကင်ကိုခုခံနိုင် သည့်အဆင့်တက်သည့် မြင်ကွင်းကို သူ မမြင်ဖူးခဲ့ပေ။

“ဒီကမ္ဘာမှာ တရားမျှတမှုရော ရှိသေးရဲ့လား” တုန်ဖန်းကျောက်သည် ကောင်းကင်ကိုညွှန်ပြကာ ဟစ်ကြွေးလိုက်သည် “ဘာလို့ ဒီလောက် လှုပ်လှုပ် ရှားရှားဖြစ်အောင် လုပ်ရတာလဲ”

ဤမီးသည် အလွန်ထူးဆန်းလှသည်။ ၎င်းသည် ကောင်းကင်မီးနှင့်တူ သော်လည်း ကောင်းကင်မီးထက်ပင် ပို၍လွှမ်းမိုးနိုင်သည်။ ၎င်းသည် သူနှင့် တိုက်ခိုက်ခဲ့သည့် အမြီးကိုးချောင်းမီးမြေခွေးပိုင်ဆိုင်သည့် မီးမဖြစ်နိုင်ပေ။ တစ်ခုသာရှိတော့သည်။ ပေထင်းဟွမ်တွင် တုန်ဖန်းကျောက် မသိသေးသည့် မှော်သားရဲတစ်ကောင်ရှိလိမ့်မည်။ ၎င်းသည် သူမ၏ ဝမ်းတွင်းပါ မှော်သားရဲ ဖြစ်နိုင်သည်။

ထို့အပြင် ထိုမှော်သားရဲသည် အမြီးကိုးချောင်းမီးမြေခွေးထက်ပင် ပို သန်မာနိုင်သည်။ မဟုတ်လျှင် မောက်မာသော အမြီးကိုးချောင်းမီးမြေခွေး သည် ပေထင်းဟွမ်နှင့် သခင်စာချုပ်တည်ထောင်မည်ထက် အသေခံလိမ့်မည်။ နတ်သားရဲတစ်ကောင်ကို ထိန်းချုပ်နိုင်ရန် အနည်းဆုံးတော့ အထွတ်အမြတ် သားရဲအဆင့်ဖြစ်ရမည်။

ထိုသို့စဉ်းစားပြီးနောက် တုန်ဖန်းကျောက်သည် စိတ်ဓာတ်ကျရုံတင်သာ မကဘဲ ဉာဏ်ကောင်းလွန်းသည့်အတွက် နောင်တရမိသည်။ သူသည် အရင်က ၎င်းကို သေချာပေါက် ကြုံတွေ့ဖူးသည်။ သူ ပေထင်းဟွမ်အကြောင်းသိလေ ပို၍ သက်ရောက်လေဖြစ်သည်။ ပေထင်းဟွမ်မှာ အထွတ်အမြတ်သားရဲတစ်ကောင် ရှိနေတာကို သူက ဘာလို့ ခွဲခြမ်းစိတ်ဖြာနေတာလဲ။

“သခင် သခင် နောက်ဆုံးတော့ ငါ နတ်သားရဲဖြစ်သွားပြီ ဟီး ဟီး မိုက်လိုက်တာ နွယ်ပင်လေးက သခင့်အတွက် မကြာခင် အသီးသီးပေးနိုင်တော့ မယ်” နွယ်ပင်လေး၏အသဆုံးသွားသည်နှင့် လက်သီးအရွယ်အစားရှိသော နှင်းဖြူလုံးလေးသည် နွယ်ပင်လေး၏ နွယ်ပင်အကြားမှ ခုန်ထွက်လာသည်။ ၎င်းတွင် လက်သည်းအရွယ်အစားရှိသော လုံးဝန်းသောမျက်လုံးနှစ်လုံးရှိသည်။ သူတို့ လှည့်ပတ်ကြည့်လိုက်ရာ လက်သည်းအရွယ်အစားရှိသည့် သူတို့၏ အမွေးတစ်ဝက်ရှိသော နားရွက်နှစ်ခုသည် အနည်းငဘ် တုန်ခါသွားသည်။ ပေထင်းဟွမ်သည် ထိုအကောင်လေးများ၏ အားတက်သရော် ရယ်မောသံများ ကို ကြားလိုက်ရသည်။

“သခင် သူတို့တွေကို မြင်ရပြီ.. နွယ်ပင်လေးက အခု အကောင် ၃၀ ပဲ ထုတ်နိုင်သေးတယ်.. နွယ်ပင်လေး အဆင့်ထပ်တက်ရင် ပိုပြီးထုတ်နိုင်မှာ.. သခင် သူတို့ကို စုံစမ်းတဲ့နေရာမှာသုံးလို့ရတယ်” နွယ်ပင်လေးသည် ထောင်လွှားစွာဖြင့် ပြောလေသည်။

ထိုပိုးကောင်များ၏ လုပ်ဆောင်ချက်ကို ကြားပြီးနောက် သားရဲများသည် အံ့ဩမိကြသည်။

“သခင် ငါ နတ်သားရဲဖြစ်သွားပြီ ဟားဟား ငါ လျှပ်စီးက ဒီလောက် မြန်မြန် နတ်သားရဲဖြစ်သွားပြီ” ပုံမှန်အေးစက်တတ်သည့် လျှပ်စီးသည် ဤအချိန်တွင် သူ့စိတ်ထဲမှ ဝမ်းမြောက်ကို မဖုံးဖိနိုင်တော့ပေ။

“ငါလည်း နတ်သားရဲဖြစ်သွားပြီ အာ.. နတ်သားရဲဖြစ်ပြီးသွားရင် ငါ အရမ်းမိုက်ပြီး ချောတော့မှာ.. ငါ ဒီလိုဖြစ်ဖို့ တကယ်မျှော်လင့်မထားဘူး” တစ်ကြောင်းစွဲ မိုးကြိုးသွားသည် မြေပေါ်မှ ခုန်တက်လာသည်။

ပေထင်းဟွမ်သည် သိုလှောင်လက်စွပ်ထဲမှ အင်္ကျီတစ်စုံထုတ်ကာ ဝတ် လိုက်သည်။ မင်ကို ကိုးရောင်နိဗ္ဗာန်မီးဖယ်ရှားရန် ပြောပြီးနောက် ပေထင်းဟွမ် သည် သူမ၏ သားရဲများကို ကြည့်လိုက်သည်။ သူမသည် ဤအဆင့်တက်မှု၏ အကျိုးရလဒ်ကို ထိတ်လန့်မိသည်။

All Chapters