ထိပ်တန်း ဂိုဏ်းကြီး ၁ဝ ဂိုဏ်း
Vol. 21 Ch. 287
လီဖူချန်း အတွက် ကျင့်ကြံမှုအဆင့် ကွာခြားမှုက အနည်းငယ် စိုးရိမ်စရာ ဖြစ်ပေမဲ့လည်း သည်လောက် ကိုတော့ သူ့အနေနဲ့ မမှုပါဘူး။
မရွေ့လျားသော ကြယ်ဘုရင်တောင် ချီဟန်တောင်မှ လီဖူချန်းကို အကြောက်တရား ခံစားရအောင် မလုပ်နိုင် သေးပါဘူး။
သူ့ရဲ့ မြေကမ္ဘာအဆင့် ၈နဲ့ လူတိုင်းကို တိုက်ခိုက် နိုင်မယ်လို့ ယုံကြည်ထား ပါတယ်။ အဲသည်ထက် ပိုအရေးကြီးတာ ကတော့ လီဖူချန်းက သည်လက်ရွေးစင် ပါရမီရှင်တွေနဲ့ တိုက်ခိုက်ဖို့ကို အရမ်း စိတ်အားထက်သန် နေတာပါပဲ။
သိပ်မကြာခင်မှာပဲ နောက်ထပ် ထိပ်တန်း ဂိုဏ်းကြီးတစ်ခု ရောက်လာ ပြန်ပါတယ်။ အဲသည် ဂိုဏ်းကတော့ ဖုန်းရွှယ် ဂိုဏ်းပါ။
( ဖုန်း= လေ။ ရွှယ်= နှင်း ။ တိုက်ရိုက် ဘာသာပြန်လိုက်ရင် နာမည်က တော်တော်ကြီးကို ဆိုးတယ်ဗျ။ လေနှင်းဂိုဏ်း ဒါမှမဟုတ် နှင်းလေဂိုဏ်း ဆိုတာကြီးက ခေါ်ရတာ ထောက်လို့ တရုတ် အသံထွက် နဲ့ အနီးစပ်ဆုံး ယူလိုက်ပါတယ်။ )
နတ်စမ်းရေ တောင်ကြားလိုပါပဲ။ ဖုန်းရွှယ်ဂိုဏ်း မှာလည်း လက်ရွေးစင် ပါရမီရှင် နှစ်ယောက်တောင် ရှိပါတယ်။
သူတို့တွေကတော့ လေပြင်း သခင်လေးနဲ့ နှင်းရေခဲ နတ်မိမယ်တို့ပါပဲ။
ပြီးခဲ့တဲ့ တစ်ခေါက် ကျားနဂါး ပြိုင်ပွဲမှာတော့ လေပြင်း သခင်လေးက အဆင့်၁၂ မှာ ရပ်တည်နိုင်ခဲ့ပြီး နှင်းရေခဲ နတ်မိမယ်ကတော့ အဆင့် ၁၅မှာ ရပ်တည်ထား နိုင်ပါတယ်။
လေပြင်း သခင်လေး ဟန်ရိမင်ရဲ့ ချီအရှိန်အဝါ ကတော့ သူ့ရဲ့ ဘွဲ့ထူး အတိုင်းပါပဲ။ သူ့ရဲ့ တည်ရှိမှုကို သိနေပေမဲ့ မနည်း လိုက်ဖမ်း ရတဲ့ အထိကို ဟန်ရိမင်က မြန်ပါတယ်။
ဟန်ရိမင်နဲ့ ထိပ်တိုက်တွေ့ရတဲ့ သူတွေကတော့ မမြင်ရတဲ့ လေကို လိုက်ဖမ်းနေရတဲ့ အတိုင်းပါပဲ။ သာမန် မြေကမ္ဘာ ပညာရှင်တွေဆိုရင် လိုက်ဖမ်း နေရတာကို စိတ်ညစ်ပြီး အရှုံးပေးသွား ကြတာပါ။
သူတို့ အရှုံးပေးတာ ကလည်း မှားတော့ မမှားပါဘူး။
မင်းရဲ့ ပြိုင်ဘက်က ဘယ်မှာ ရှိနေတာလဲ ဆိုတာကိုတောင်မှ မသိမှတော့ ဘယ်လိုလုပ်ပြီး တိုက်ခိုက်ဖို့ အဆင့်ကို တွေးနေဦးမှာလဲ။
နှင်းရေခဲ နတ်မိမယ် စုလင်းကတော့ နာမည်အတိုင်း အေးစက်တဲ့ အငွေ့အသက် တွေကို ပေးစွမ်း နေပါတယ်။ သူမက သူမရဲ့ ချီအရှိန်အဝါကို ထုတ်မထား ပေမဲ့လည်း အာရုံခံစားမှု အားကောင်းတဲ့ လူငယ်တိုင်း ကတော့ စုလင်းရဲ့ ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ အအေးဓာတ် တချို့ကို သတိပြုမိနေပါပြီ။
ဖန်ကျင်းဆောင်က လေသံ ခပ်တိုးတိုးဖြင့် လီဖူချန်းကို ပြောလိုက်ပါတယ်။
“လေပြင်း သခင်လေးက သည်လူငယ် မျိုးဆက်ရဲ့ နံပါတ် ၁ ကိုယ်ဖော့ ပညာရှင်ပဲ။ အရင် တစ်ခေါက် ပြိုင်ပွဲတုန်းကဆိုရင် သူက ဆန်းကြယ် အလယ်အလတ် အဆင့် ကိုယ်ဖော့ပညာ ဆန္ဒကိုတောင် အသုံးပြုခဲ့တာကွ။ သည်တစ်ခေါက် ဆိုရင်တော့ သည်ကောင်က ဆန်းကြယ် အဆင့်မြင့် ကိုယ်ဖော့ဆန္ဒ ကိုတောင် အသုံးပြုနိုင်ရင် ပြုနိုင်နေ လောက်ပြီ”
“နှင်းရေခဲ နတ်မိနယ် စုလင်းကတော့ ဆန်းကြယ် အထွတ်အထိပ် အဆင့် အတွင်းအား ကျင့်စဉ် ဖြစ်တဲ့ ရေခဲဝိညာဉ် နည်းစနစ်ကို လေ့ကျင့်ထားတာ။ အရင်တစ်ခေါက် ပြိုင်ပွဲမှာတော့ သူမရဲ့ အတွင်းအား ကျင့်စဉ်က အဆင့် ၁၆ကို ရောက်နေပြီ။ အတွင်းအား ကျင့်စဉ် အပိုင်းမှာ ဆိုရင်တော့ ကြယ်ဘုရင် ၃ပါးတောင်မှ သူမကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အချို့က ပြောကြတာတော့ စုလင်းက ကြယ်၆ပွင့် နှင်းရေခဲ အရိုး တည်ဆောက်ပုံ ရှိနေလို့ အအေးဓာတ် အတွင်းအား ကျင့်စဉ်တွေ လေ့ကျင့်တဲ့ နေရာမှာ အခြားသူတွေထက် ပိုသာလွန် နေတာတဲ့။ ဒါပေမဲ့ သူမဟာ ကောင်းကင်ဘုံက ကောင်းချီး ပေးထားတဲ့ သူတစ်ယောက် ဆိုတဲ့အချက် ကိုတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး”
ဖန်ကျင်းဆောင်ရဲ့ စကားကို ကြားအပြီးမှာတော့ လီဖူချန်းက မျက်ခုံးတောင် ပင့်လိုက်ရပါတယ်။
သည်အတိုင်း ဆိုရင်တော့ လေပြင်း သခင်လေး ဟန်ရိမင် ကို လျှော့တွက်လို့ မရပါဘူး။
သူသိသလောက် ဆိုရင်တော့ ကျင့်ကြံသူ အများစုရဲ့ ကိုယ်ဖော့ပညာ ဆန္ဒဟာ ဆန်းကြယ် အဆင့်နိမ့် ကိုယ်ဖော့ပညာ ဆန္ဒ အဆင့်မှာပဲ ရှိတာပါ။ ဆန်းကြယ် အလယ်အလတ် ကိုယ်ဖော့ပညာကို လေ့ကျင့်တဲ့ သူတောင်မှ သိပ်မရှိပါဘူး။
လူတွေအားလုံးမှာ ကန့်သတ်ချက် ဆိုတာ ရှိပါတယ်။ အဲသည်အတွက် လူတစ်ယောက်ဟာ ပညာရပ် အားလုံးကို ထူးချွန်အောင် လေ့ကျင့်ဖို့ မဖြစ်နိုင်ပါဘူး။
‘သူ့ရဲ့ ကိုယ်ဖော့ပညာက ဘယ်အဆင့် အထိတောင် ရောက်နေပြီလဲ’
လီဖူချန်းက စိတ်ထဲကနေ တွေးလိုက် မိပါတယ်။
သူ့ရဲ့ အမြင်မှာတော့ ကိုယ်ဖော့ပညာဟာ အရေးကြီးတဲ့ ပညာရပ် တစ်ခုပါ။ ဒါပေမဲ့ အဲသည် ကိုယ်ဖော့ပညာနဲ့ လိုက်ဖက်တဲ့ သိုင်းပညာ မရှိရင်တော့ မင်းရဲ့ ကိုယ်ဖော့ ပညာက ဘယ်လောက် ကောင်းကောင်း အလကားပါပဲ။
သိုင်းတာအိုကို လျှောက်လမ်းတဲ့ လူတွေအတွက် ဆိုရင်တော့ သိုင်းပညာကသာ အဓိက မဟုတ်ပါလား။
သူ့ရဲ့ အကြည့်တွေက နှင်းရေခဲ နတ်မိမယ် စုလင်းဆီကို ရောက်သွားတဲ့ အခါမှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေထဲမှာ လေးစားအားကျတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာ ခဲ့ပါတော့တယ်။
စုလင်းက သ ဆန်းကြယ် အထွတ်အထိပ် ကျင့်စဉ်ဖြစ်တဲ့ ရေခဲဝိညာဉ် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့် ၁၇ ကိုတောင် ရောက်နေပါပြီ။
လီဖူချန်း ကိုယ်တိုင်ကလည်း အစစ်အမှန် ငရဲမီးတောက် ကျင့်စဉ်ရဲ့ အဆင့် ၁၆ကို ရောက်နေတဲ့ အတွက် အဆင့် ၁၇ကို ချိုးဖောက် ဝင်ရောက်ဖို့ဆိုတာ ဘယ်လောက် ခက်ခဲမှန်း သိထားပါတယ်။
ထို့နောက်မှာတော့ ကောင်းကင် နတ်ဆိုးဂိုဏ်း ရောက်ရှိလာခဲ့ပါပြီ။
နတ်မိမယ် ၄ဖော်ထဲက အလင်းကကြိုး နတ်မိမယ် ရန်ချင်းဟူ ရောက်လာပြီ ဖြစ်တဲ့အတွက် လူတွေအားလုံးရဲ့ စိတ်ဝင်စားမှုက ရန်ချင်းဟူဆီကို ရောက်လာခဲ့ ပြန်ပါတယ်။
သည်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲမှာတော့ ရန်ချင်းဟူက အသက် အငယ်ဆုံးပါပဲ။ သူမကို ကျားနဂါးပြိုင်ပွဲ သမိုင်း တစ်လျှောက် အသက်အငယ်ဆုံး ပြိုင်ပွဲဝင်လို့တောင် သတ်မှတ် နိုင်ပါတယ်။
အသက်၁၈နှစ် အရွယ်နဲ့ ကျားနဂါးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဆိုတာ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ တောင်မှ လိုက်လုပ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။
အချို့ပညာရှင်တွေ ခန့်မှန်းထားတာ ကတော့ ရန်ချင်းဟူဟာ နောက်တစ်ကြိမ် ကျားနဂါးပြိုင်ပွဲမှာ ဆိုရင် ပြိုင်ဘက်ကင်းတဲ့ ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်လာနိုင် ပါတယ်တဲ့။
သူမဟာ သည်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲမှာတောင်မှ ထိပ်ပိုင်းအဆင့်မှာ ရပ်တည် နိုင်မယ်လို့ ကောလာဟလတွေ ထွက်နေပါ သေးတယ်။
ရန်ကျင်းဟူ ကတော့ အဝေးမှာ ရပ်နေတဲ့ လီဖူချန်းကို စိုက်ကြည့် နေပါတယ်။
လူတိုင်းဟာ သူမရဲ့ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံကို လိုချင်ကြပါတယ်။ ဒါပေမဲ့ သူမကတော့ လီဖူချန်းရဲ့ ပါရမီနဲ့ ထိုးထွင်း သိမြင်မှုကို လိုချင်နေတာပါ။
ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်က သည်အဆင့်အထိ ရောက်လာအောင် လုပ်ဆောင်နိုင်တယ် ဆိုတာဟာ သာမန်တော့ မဟုတ်ပါဘူး။
အစောပိုင်း တုန်းကတော့ ရန်ချင်းဟူဟာ သူမနဲ့ လီဖူချန်းက ဖြစ်တည်မှုချင်း မတူညီတဲ့ အတွက် ပြန်တွေ့မှာ မဟုတ်လောက်ဘူး ဆိုပြီး ရေကန်ထဲမှာ ဖြစ်ခဲ့တာတွေကို မေ့ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းက လုံးဝကို လျော့ကျ မသွားဘဲ သည်အဆင့် အထိတောင် ရောက်လာပါပြီ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းဟာ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ထက်ကို မြန်နေပါပြီ။
ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင် အဆင့်နိမ့်တဲ့ အရိုး တည်ဆောက်ပုံ တွေဟာ ကျင့်ကြံခြင်း နယ်ပယ်တစ်ခုကို ချိုးဖောက် ဝင်ရောက် သွားတိုင်းမှာ နောက်ထပ် နယ်ပယ်တစ်ခုကို ချိုးဖောက် ဝင်ရောက်နိုင်တဲ့ အခွင့်အရေး နည်းသွားပါတယ်။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ ကြယ်၂ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ဟာ မြေကမ္ဘာနယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်တဲ့ အခွင့်အရေး ၂၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သူတို့တွေဟာ မြေကမ္ဘာ နယ်ပယ်ကို ရောက်ပြီ ဆိုတာနဲ့ အဆင့်တစ်ဆင့် တက်ဖို့အတွက် နှစ်ပေါင်းများစွာ လေ့ကျင့်ရတာပါ။
အချို့ ကြယ်၂ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေဆိုရင် မြေကမ္ဘာနယ်ပယ် အဆင့်၄ ဒါမှမဟုတ် မြေကမ္ဘာနယ်ပယ် အဆင့် ၅ မှာသာ တစ်သက်လုံး ရှိနေပြီး သေသွားရတာ ဖြစ်ပါတယ်။
လီဖူချန်းက ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံသာ ရှိတာပါ။ သာမန်အတိုင်း ဆိုရင် မြေကမ္ဘာနယ်ပယ် အဆင့်ကို ရောက်ပြီးပြီ ဆိုတာနဲ့ လီဖူချန်းဟာ အဆင့်တစ်ဆင့် တက်ဖို့အတွက် ၁၀ စုနှစ်တစ်စု နီးပါး လေ့ကျင့်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းကတော့ မြေကမ္ဘာနယ်ပယ်ကို ရောက်ပြီးလို့ ၄နှစ်တောင် မပြည့်သေးခင်မှာပဲ မြေကမ္ဘာနယ်ပယ် အဆင့် ၈ကို ရောက်နေပါပြီ။ ဒါက လုံးဝကို မဖြစ်နိုင်တဲ့ အရာပါ။
‘သူ့ရဲ့ ထိုးထွင်း သိမြင်မှုက လူတွေရဲ့ ထိုးထွင်းသိမြင်မှု အဆင့်ထက်ကို သာလွန်နေတာပဲ ဖြစ်ရမယ်’
ရန်ချင်းဟူက စိတ်ထဲကနေ ကောက်ချက်ချ လိုက်ပါတယ်။
တကယ်လို့ လီဖူချန်းသာ ရန်ချင်းဟူရဲ့ အတွေးတွေကို သိနိုင်ခဲ့မယ်ဆိုရင် သူကလည်း ရန်ချင်းဟူ ကောက်ချက် ချတာကို သဘောတူမှာပါပဲ။
ဒါပေမဲ့ ရန်ချင်းဟူရဲ့ ကောက်ချက်က မပြည့်စုံ သေးပါဘူး။
လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်း သည်လောက်အထိ မြန်နေရတာက ထိုးထွင်း သိမြင်မှုကြောင့်တင် မကဘဲ အခြားသော အကြောင်းအရာ တွေလည်း ရှိနေပါသေးတယ်။
ဥပမာအားဖြင့် သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ အသိစိတ်အာရုံပေါ့။
အစွမ်း ပြည့်ဝနေတဲ့ စိတ်ဝိညာဉ် တစ်ခုဟာ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း တွေမှာ တစ်ဖက် တစ်လမ်းကနေ အကူအညီ ပေးပါတယ်။ အာရုံလွင့်ပျံစေခြင်း မရှိဘဲ ကျင့်ကြံတဲ့ နေရာကိုသာ အပြည့်အဝ အာရုံ စိုက်ထားနိုင်ဖို့ အတွက်လည်း အထောက်အပံ့ ပေးပါတယ်။
အားကောင်းတဲ့ အသိစိတ် အာရုံကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အတွင်းမှာ ဘာတွေဖြစ်ပျက် နေသလဲဆိုတာကို အလွယ်တကူ သိမြင်စေနိုင်ပါတယ်။ အဲဒါက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ချီအတွင်းအားတွေ ကို လည်ပတ် စီးဆင်းရာမှာ အကူအညီ ပေးသလို အဆင့်တက်တဲ့ အခါမှာလည်း ဘာပြဿနာမှ မရှိအောင် ကာကွယ်ပေ ထားတယ်လေ။
ထိုးထွင်း သိမြင်ခြင်း တစ်ခုတည်း နဲ့တော့ လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းက သည်လောက်အထိ မြန်နေစရာ အကြောင်း မရှိပါဘူး။
ဒါပေမဲ့ ချွင်းချက် တစ်ခုတော့ ရှိပါသေးတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်က ထပ်ပြီး ဆင့်ကဲပြောင်းလဲ လာရင်တော့ မပြောနိုင်ပါဘူး။
အခုဆိုရင် ရန်ချင်းဟူ ပါ ရောက်လာပြီ ဖြစ်တဲ့အတွက် လက်ရွေးစင် ပါရမီရှင်တွေဟာ စုံသလောက်နီးပါး ဖြစ်နေပါပြီ။
နတ်မိမယ် လေးဖော်ထဲက နတ်မိမယ် တစ်ပါးနဲ့ ကြယ်ဘုရင် သုံးပါးထဲက ကြယ်ဘုရင် နှစ်ပါးသာ ကျန်ပါတော့တယ်။
ကျန်နေတဲ့ နတ်မိမယ် တစ်ပါးကတော့ သုံးပါးပရမတ် နတ်မိမယ် ဖြစ်ပြီး ကျန်နေတဲ့ ကြယ်ဘုရင် နှစ်ပါးကတော့ နံပါတ်၁ ကြယ်ဘုရင် ဖြစ်တဲ့ မိုးကြိုး ကြယ်ဘုရင်နဲ့ နံပါတ်၃ ကြယ်ဘုရင်ဖြစ်တဲ့ ရွှေကျာပွတ် ကြယ်ဘုရင်ပါပဲ။
သုံးပါးပရမတ် နတ်မိမယ် ကတော့ ကျားနဂါး စာရင်းရဲ့ အဆင့် ၇မှာ ရပ်တည် နေပါတယ်။
မိုးကြိုး ကြယ်ဘုရင် ကတော့ ကျားနဂါး စာရင်းရဲ့ အဆင့် ၁ ဖြစ်ပြီး ရွှေကျာပွတ် ကြယ်ဘုရင် ကတော့ ကျားနဂါး စာရင်းရဲ့ အဆင့် ၃ ဖြစ်ပါတယ်။
“ပရမတ်သုံးပါး ဘုရားကျောင်း ရောက်လာပြီဟေ့”
“မိုးကြိုးဂိုဏ်းလည်း ရောက်လာပြီဟ”
“ပြီးတော့ မဟာရွှေ ခန်းမလည်း ရောက်လာတယ်”
နောက်ဆုံးမှာတော့ လူတွေအားလုံး စောင့်မျှော်နေတဲ့ ထိပ်တန်း အင်အားစုကြီးတွေ ရောက်လာခဲ့ပါပြီ။
အခုဆိုရင် အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်တန်း အင်အားစုကြီး ၁၀ခု ပြည့်သွားခဲ့ပါပြီ။
သူတို့တွေကတော့ နက္ခတ်တာရာဂိုဏ်း၊ တုံလင်ကလန်၊ ဆန်းကြယ် ကိရိယာဂိုဏ်း၊ နတ်စမ်းရေ တောင်ကြား၊ ကောင်းကင်နဂါး ဓားဂိုဏ်း၊ အထက် ကောင်းကင်ဘုံ ဓားဂိုဏ်း၊ ဖုန်းရွှယ်ဂိုဏ်း၊ ပရမတ်သုံးပါး ဘုရားကျောင်း၊ မိုးကြိုးဂိုဏ်းနဲ့ မဟာရွှေခန်းမတို့ ဖြစ်ပါတယ်။
သည်အင်အားစုကြီး ၁၀စု ထဲမှာတော့ မိုးကြိုးဂိုဏ်းဟာ အင်အား အကြီးဆုံးပါပဲ။ အဲသည်အတွက် မိုးကြိုးဂိုဏ်းကို အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ နံပါတ်၁ ဂိုဏ်းအဖြစ် သတ်မှတ်ထား ကြပါတယ်။
လူတွေက ဆန်းကြယ်ကိရိယာ ဂိုဏ်းကို ကြောက်စရာ အကောင်းဆုံးလို့ ပြောကြတာ ကတော့ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ကြောင့်ပါပဲ။ ဘယ်သူကမှ ဆန်းကြယ်ကိရိယာ ဂိုဏ်းရဲ့ အတွင်းပိုင်း အင်အားစုကို မသိကြပါဘူး။ ဒါပေမဲ့ အပေါ်ယံ အင်အားအရ ဆိုရင်တော့ မိုးကြိုးဂိုဏ်းဟာ ပြိုင်ဘက်မရှိ နံပါတ် ၁ ပါပဲ။ မိုးကြိုးဂိုဏ်းဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် အများဆုံးကို ပိုင်ဆိုင်ထားသလို အစွမ်းအထက်ဆုံး ပြန်လည်ဝင် စားခြင်း နယ်ပယ် ပညာရှင်ကိုလည်း ပိုင်ဆိုင်ထား ပါသေးတယ်။
***