အစွမ်းပြပြီ
Vol. 21 Ch. 290
သွားစမ်း …
မြေကမ္ဘာနယ်ပယ် အဆင့်၉က လူငယ်အချို့ဟာ ပူပေါင်းပြီးတော့ လီဖူချန်းကို ပြန်တိုက်ခိုက် လိုက်ပါတယ်။
သည်လူငယ် တွေဟာ အစောကြီး ကတည်းက လီဖူချန်းကို ပညာပေးဖို့ စောင့်နေတဲ့ ပုံပါပဲ။ သူတို့က လီဖူချန်းရဲ့ အစွမ်းအစကို စမ်းသပ်ချင် နေတယ်ဆိုတာ အရမ်းကို သိသာလွန်း နေပါတယ်။
ဒါပေမဲ့ ခက်တာက သူတို့ရဲ့ အတွင်းကျင့်စဉ် တွေဟာ အဆင့် ၁၄မှာသာ ရှိနေတာပါပဲ ။ အခြားလူတွေနဲ့ တွေ့ရင်တော့ သူတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုက အောင်မြင်ရင် အောင်မြင်ပါ လိမ့်မယ်။ ဒါပေမဲ့ သူတို့ အခု ရင်ဆိုင် နေရတာက လီဖူချန်းပါ။
ဝုန်း ...
ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး တစ်ခု ပေါ်ထွက်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းကို ပူးပေါင်း တိုက်ခိုက်လိုက်တဲ့ လူငယ်တွေဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားခဲ့ပါပြီ။
ကြည့်ရတာတော့ ထိုလူငယ်တွေဟာ မြူခိုးတွေ ကြားထဲကို လွင့်ထွက်သွားတဲ့ ပုံပါပဲ။
“ကြောက်ဖို့ ကောင်းလိုက်တဲ့ အတွင်းအား”
အဲသည် အဖြစ်အပျက်ကို မြင်တွေ့လိုက်ရတဲ့ လူအချို့ကတော့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။ မြေကမ္ဘာနယ်ပယ် အဆင့်၈ လူငယ် တစ်ယောက်က မြေကမ္ဘာ အဆင့်ကို လူငယ်တွေကို တစ်ချက်တည်းနဲ့ ရိုက်ထုတ်ပစ် လိုက်တာလေ။ ဒါကြီးက လုံးဝကို မယုံနိုင်စရာပါပဲ။
လူတစ်ယောက်ရဲ့ တိုက်ခိုက် နိုင်စွမ်းကို အကြမ်းဖျင်းအားဖြင့် နည်းလမ်း ၃ခုနဲ့ တိုင်းတာ နိုင်ပါတယ်။
အဲဒါတွေကတော့ ထိုသူရဲ့ ကျင့်ကြံမှုအဆင့်၊ အတွင်းအား ကျင့်စဉ် အဆင့်နဲ့ လျှို့ဝှက် နည်းစနစ်တို့ပါပဲ။
လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်က နိမ့်နေပေမဲ့လည်း သူ့ရဲ့ အတွင်းအား ကျင့်စဉ် အဆင့်ကတော့ အတော်လေးကို အဆင့်မြင့်နေပါပြီ။ အဲသည်အတွက် လီဖူချန်းရဲ့ တိုက်ခိုက် နိုင်စွမ်းက ထိပ်တန်း အဆင့်မှာ ရှိနေတယ်လို့ သတ်မှတ်ရမှာပါပဲ ။
“သောက်ကလေး ... သည်နှစ် ပြိုင်ပွဲက မင်းအလှည့် မဟုတ်သေးဘူးကွ။ သွားစမ်း ...”
ဗလ တောင်တောင့်နဲ့ လူတစ်ယောက်က လီဖူချန်းဆီကို ခုန်ဝင်လာပြီး လက်သီးဖြင့် ထိုးချလိုက်ပါတယ်။
“ဟိုကောင်လေးတော့ ကံဆိုးပြီဟေ့ ... အခုရောက်လာတဲ့ ကောင်က အရင်တစ်ခေါက် ပြိုင်ပွဲမှာ အဆင့် ၈၄ ရခဲ့တဲ့ ချန်းဝူ ပဲ”
“ချန်းဝူက မြေကမ္ဘာနယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ ပြီးတော့ သူ့ရဲ့ အတွင်းအား ကျင့်စဉ်ကလည်း အဆင့် ၁၅ ရောက်နေပြီကွ။ လီဖူချန်းက ချန်းဝူကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိဘူး”
လီဖူချန်းရဲ့ အနောက်ကနေ ကပ်လိုက်လာတဲ့ လူငယ် အချို့ကတော့ လီဖူချန်းရဲ့ အဖြစ်ကို ကြည့်ပြီး လှောင်ပြောင် နေကျပါတယ်။
ချန်းဝူရဲ့ အတော်လေးကို အစွမ်းထက်တာ ကတော့ အမှန်ပါပဲ။ သူ့ရဲ့ အရည်အချင်းက ဓားအရူးသူတော် လီရှင်းယုကို မယှဉ်နိုင်သေး ပေမဲ့လည်း ကျားဓားရှင် ချန်ယွန်ဟူ ထက်တော့ အများကြီး ပိုအစွမ်းထက် ပါတယ်။
ခက်တာက သူအခု ရင်ဆိုင်နေတဲ့ လူဟာ လီဖူချန်း ဖြစ်နေတာပါပဲ။
လီဖူချန်းက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်လိုက်တာနဲ့ ချန်းဝူရဲ့ နံဘေးကို ရောက်သွားခဲ့ပါပြီ။
“မကောင်းတော့ဘူး”
ချန်းဝူက မျက်လုံးပြုး မျက်ဆံပြူးနဲ့ အနောက်ကို ဆုတ်ဖို့ ကြိုးစားလိုက် ပေမဲ့လည်း အရာရာဟာ နောက်ကျသွား ခဲ့ပါပြီ။
ဘန်း ...
လီဖူချန်းရဲ့ လျှပ်ပြက်သလို မြန်ဆန်လှတဲ့ ခြေကန်ချက်ဟာ သူ့ကို မြူခိုးတွေကြားထဲ လွင့်ထွက်သွား စေခဲ့ပါတယ်။
သိုင်းပညာရှင် နှစ်ယောက်ကြားက တိုက်ပွဲဟာ အမျိုးမျိုးသော အကြောင်းအရင်း တွေအပေါ်မှာ မူတည်ပြီး အနိုင်အရှုံးကို ဖြစ်ပေါ်စေတာပါ။ ဒါပေမဲ့ လီဖူချန်းကတော့ သူ့ရဲ့ အမြန်နှုန်းနဲ့ပဲ တစ်ဖက်လူကို မြန်မြန်ဆန်ဆန် အနိုင်ယူ လိုက်ပါတယ်။
“ကြောက်ဖို့ ကောင်းလိုက်တဲ့ အမြန်နှုန်း …”
လီဖူချန်းကို ဝိုင်းဟားဖို့ စောင့်နေကြတဲ့ လူငယ်တွေ ကတော့ အသံ တစ်စက်တောင် မထွက်ရဲ တော့ပါဘူး။
***
ကျောက်လှေကား ထစ်တွေရဲ့ အဆုံးမှာတော့ ကြယ်ကံကြမ္မာ တောင်ကြီး ရှိနေပါတယ်။
သည်နေရာမှာတော့ မြူခိုးတွေ ရှိမနေတော့ပါဘူး။
လီဖူချန်းက ခေါင်းကို မော့ပြီး ကြည့်လိုက်တဲ့ အခါမှတော့ တိမ်တိုက်တွေထဲ အထိကို တိုးဝင်နေတဲ့ ကြယ်ကံကြမ္မာတာင် မြင်လိုက်ရပါတယ်။
သည်တောင်က လုံးဝကို မတ်စောက်နေတဲ့ တောင်ကြီး တစ်ခုပါပဲ။ ပြီးတော့ တောင်ကြီးရဲ့ မျက်နှာပြင် နေရာအချို့မှာ ဆိုရင် ကုတ်ကပ်ပြီး တွယ်တက်လို့ မရအောင်ကို ချောမွတ် နေပါသေးတယ်။
“ငါ့လခွီးပဲကွာ ... သည်တောင်ထိပ်ကို ရောက်အောင် ဘယ်လိုလုပ်ပြီး တက်ရမှာတုံးဟ”
လူငယ် အများအပြား ကတော့ ကြယ်ကံကြမ္မာ တောင်ကြီးကို မော့ကြည့်နေရင်းနဲ့ ဆဲဆိုနေကြပါပြီ။
အဝေးကနေ ကြည့်နေတုန်း ကတော့ သည်တောင်ကြီးဟာ အခုလောက်အထိ တက်ရခက် နေလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ အခု မျက်စိနဲ့ တပ်အပ်တွေ့မှသာ သည်တောင်ထိပ် ပေါ်ကို ရောက်ဖို့အတွက် ဘယ်လောက်အထိ ခက်ခဲသလဲ ဆိုတာကို သိရပါတော့တယ်။
လူငယ်တွေထဲက အများစုဟာ မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ရောက်နေကြပါပြီ။ သူတို့ဟာ ကောင်းကင်နယ်ပယ် ပညာရှင်တွေလို မပျံနိုင်သေး ပေမဲ့လည်း တစ်ခါ ခုန်လိုက်ရင်တော့ ဒေါင်လိုက် အနေအထားနဲ့ အတော်မြင့်မြင့်ကို ခုန်နိုင်ပါတယ်။
ဒါပေမဲ့ ပြဿနာက သည်ကြယ်ကံကြမ္မာ တောင်ပေါ်မှာ ချောမွတ်ပြီး မတ်စောက်နေတဲ့ ကျောက်ထရံ တွေပါ ရှိနေတာပါပဲ။
မြေကမ္ဘာနယ်ပယ် ပညာရှင်တွေ မပြောနဲ့ ကောင်းကင် နယ်ပယ် တစ်ဝက် ဖြစ်နေတဲ့ ပညာရှင် တွေတောင်မှ ဒေါင်လိုက် အနေအထားနဲ့ ဆိုရင် သည်ကျောက်ထရံ တွေကို တစ်ခါတည်း ခုန်ကျော်နိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေတောင်မှ လမ်းတစ်ဝက်မှာ ခြေကုပ်ယူနိုင်ဖို့ နေရာလိုပါတယ်။
သည်ကျောက်ထရံ တွေက အလွန်တရာမှာ ချောမွေ့နေတယ် ဆိုပေမဲ့လည်း ကိုယ်ဖော့ပညာ အရမ်း ကောင်းနေတဲ့ လူတွေကတော့ ခြေကုပ်ရယူ နိုင်ပါတယ်။ ခြေကုပ်ရယူ နိုင်မလား ဒါမှမဟုတ် ခြေကုပ် မရယူနိုင်ဘူးလား ဆိုတာကတော့ သူတို့ရဲ့ ကိုယ်ဖော့ပညာတွေ အပေါ်မှာသာ မူတည်နေတာပါ။
သူတို့အရှေ့မှာ ရှိနေတဲ့ ကျောက်ထရံကြီးရဲ့ အရှည်ကတော့ မီတာသုံးထောင်နဲ့ လေးထောင်ကြားမှာ ရှိပါတယ်။ သည်ကျောက်ထရံ ကြီးရဲ့ ဧရိယာကတော့ ၁၀မိုင်နီးပါးပါပဲ။ တကယ်လို့ သူတို့ဟာ သည်ကျောက်ထရံ ကြီးကို မကျော်ဘဲ အခြားလမ်း တစ်လမ်းကို ရှာပြီး သွားမယ် ဆိုရင်လည်း အတော်လေး အချိန်ဖြုန်းသလို ဖြစ်နေပါဦးမယ်။
“ငါအရင်ဆုံး စမ်းကြည့်မယ်ဟေ့…”
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မြေကမ္ဘာအဆင့်၉ လူငယ် တစ်ယောက် ကတော့ တောင်ပေါ်ကို ခုန်တက်သွား ခဲ့ပါပြီ။ သူက သူ့ရဲ့ ကိုယ်ဖော့ပညာကို လုံးဝ ယုံကြည်စိတ်ချ ထားပုံပါပဲ။
မီတာ တစ်ရာကျော်ကို အရောက်မှာတော့ သူက ကျောက်ထရံကြီး ပေါ်မှာ ခြေကုပ်ရယူ လိုက်ပါတယ်။ ပြီးတဲ့ အခါမှာတော့ နောက်ထပ်တစ်ကြိမ် ခုန်တက်သွား ပြန်ပါတယ်။
ခြေကုပ် ရယူလိုက် ခုန်တက် သွားလိုက်နဲ့ သိပ်မကြာခင်မှာပဲ ထိုလူငယ်ဟာ မီတာ တစ်ထောင်ကျော် နီးပါးကို ရောက်သွားခဲ့ပါပြီ။
“သည်ကောင် သိပ်မကြာခင်မှ ပြုတ်ကျလာ တော့မယ်”
လီဖူချန်းရဲ့ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းက တကယ်ပဲ ကောင်းမွန် လှပါတယ်။ သူက အစောကြီး ကတည်းက သည်လူငယ် အလွန်ဆုံး တက်နိုင်မယ့် အမြင့်ကို တွက်ချက် ပြီးခဲ့ပါပြီ။ အခုတက်သွားတဲ့ လူငယ် မီတာ၂ထောင် ထက်ကျော်ပြီး တက်နိုင်စရာ အကြောင်း မရှိပါဘူး။
လီဖူချန်း ထင်ထား ခဲ့သလိုပါပဲ။ ၂ထောင်မီတာကို အမြင့်ကို အရောက်မှာတော့ ထိုလူငယ်ဟာ အတွင်းအား ကုန်ခန်းသွားတဲ့ ပြဿနာနဲ့ ကြုံရပြီး အောက်ကို ပြုတ်ကျ လာခဲ့ပါပြီ။ တော်သေးတာက မြေကမ္ဘာပညာရှင် တွေအတွက် ဆိုရင် သည်အမြင့်က သိပ်ပြီး ပြဿနာ ဖြစ်မနေလို့ပါပဲ။ ထိုလူငယ်က မြေပြင်ပေါ်ကို ကြောင်ကျ ကျလာခဲ့ပါတယ်။ ထိုလူငယ်က မြေပြင်ပေါ်ကို ခြေချမိတာနဲ့ အလျှော့ မပေးသေးဘဲ နောက်ထပ် လမ်းတစ်ခုကို ရှာဖွေနေပါ တော့တယ်။
ကျန်တဲ့ လူငယ်တွေထဲက အချို့ကတော့ အရှေ့က တက်သွားတဲ့ တစ်ယောက် အခြေအနေ မလှတာကို မြင်ပြီးတဲ့အခါမှာ သည်လမ်းကနေ တက်သွားဖို့ အတွက် သိပ်ပြီး စိတ်မဝင်စား တော့ပါဘူး။
သူတို့က အခြားလမ်း တစ်ခုကို ရှာပြီး တက်ဖို့အတွက် သည်နေရာကနေ ထွက်သွားကြပါပြီ။
သည်နေရာမှာ ကျန်နေခဲ့တဲ့ လူငယ်တွေကတော့ သည်ကျောက်ထရံကို ကျော်နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိတဲ့ သူတွေချည်းပါပဲ ။
“ဟား ဟား ... ဖယ်ကြစမ်း ...။ ငါ လုပ်ပြမယ်”
နောက်ထပ် လူငယ်တစ်ယောက် ထွက်လာပြီး ခုန်တက်သွား ပြန်ပါပြီ။
ထိုလူငယ်ကတော့ မြေကမ္ဘာနယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ အတွင်းအားက သည်ကျောက်ထရံ ကြီးကို ကျော်တက်သွားဖို့ အတွက်ဆိုရင် ပိုတောင် ပိုနေပါသေးတယ်။
ဖတ် ... ဖတ် ... ဖတ် ...
ကျောက်ထရံကြီး ပေါ်မှာ ၁၀ကြိမ် ကျော်လောက် ခြေကုပ်ယူပြီးတဲ့ အခါမှာတော့ ထိုလူငယ်ဟာ အတားအဆီးကို ကျော်တက်သွား နိုင်ခဲ့ပါပြီ။
“ငါလည်း တက်ပြီဟေ့ …”
သည်ကျောက်ထရံ ကြီးက အတော်လေးကို ကျယ်လှတဲ့ အတွက် လူတစ်ရာလောက် တစ်ပြိုင်တည်း တက်လို့ ရပါတယ်။
မိုးကြိုးကြယ်ဘုရင် စီးတုလေ့တောင်မှ သည်ကျောက်ထရံ ကြီးကို ကျော်ဖို့အတွက် စတင်လှုပ်ရှား နေပါပြီ။
စီးတုလေ့ကတော့ နံပါတ်၁ ကြယ်ဘုရင် ဆိုတဲ့ ဘွဲ့ထူးနဲ့ တကယ်ပဲ ထိုက်တန်လွန်း လှပါတယ်။ သူ့ရဲ့ကျင့်ကြံမှု အဆင့်ကတင် မြင့်မားနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ ကိုယ်ဖော့ပညာ ကလည်း လက်ဖျားခါရ လောက်တဲ့ အဆင့်အထိပါပဲ။ သူ့ရဲ့ ပထမတစ်ကြိမ် ခုန်လိုက်တဲ့ အမြင့်ကတင် မီတာ တစ်ထောင် နီးပါးကို ရှိပါတယ်။ သူက ကျောက်ထရံကြီး ပေါ်မှာ သုံးကြိမ်လောက် ခြေကုပ်ယူပြီး ခုန်လိုက်တာနဲ့ ကျောက်ထရံကြီးရဲ့ အပေါ်ကို ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ လှုပ်ရှားမှုကတော့ လျှပ်ပြက်သည့် အလား လျင်မြန်လွန်း လှပါတယ်။
မရွေ့လျားသော ကြယ်ဘုရင် ချီဟန်နဲ့ ရွှေကျာပွတ် ကြယ်ဘုရင် ကျက်ရုတုံ တို့ရဲ့ လှုပ်ရှားမှုကတော့ စီးတုလေ့ထက် နှေးပေမဲ့လည်း အရမ်းကြီး ပြတ်ကျန်နေခဲ့တာ မျိုးတော့ မဟုတ်ပါဘူး။ ပြီးတော့ သူတို့ရဲ့ ပထမ တစ်ကြိမ် ခုန်အားကလည်း မီတာတစ်ထောင် နီးပါးပါပဲ။
ဓားပျံသခင်လေး လျိုဖေးယွင်ရဲ့ ကိုယ်ဖော့ပညာ အဆင့်ကတော့ စီးတုလေ့နဲ့ အတူတူလောက် ရှိပါတယ်။ သူ့ရဲ့ ကိုယ်ဖော့ပညာက စီးတုလေ့လောက် မလျင်မြန်ပေမဲ့ ကြည့်ရတာ ပိုပြီး သက်တောင့် သက်သာ ရှိနေသလိုပါပဲ ။
လူတွေအားလုံး ကတော့ စီးတုလေ့နဲ့ လျိုဖေးယွင်ရဲ့ ကိုယ်ဖော့ပညာကို ချီးကျူးဖို့ ပါးစပ်ပြင် နေတုန်းမှာပဲ သုံးပါးပရမတ် နတ်မိနယ် ကျင်းရိုလုက လှုပ်ရှားလာ ခဲ့ပါတယ်။
သူမရဲ့ ကိုယ်ဖော့ပညာက လူတွေအားလုံးကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့ပါပြီ။
ကျင်းရိုလုက ဘဲငန်း တစ်ကောင်ပမာ ကျောက်ထရံကြီးကို ကျော်ဖြတ်သွား ခဲ့တယ်လေ။ သူမက ဘယ်နေရာမှာ ခြေကုပ်ရယူပြီး ခုန်သွားသလဲ ဆိုတာကိုတောင်မှ သေသေချာချာ မမြင်လိုက်ရပါဘူး။ သူမကတော့ နတ်မိမယ်တစ်ပါး လေဟုန်စီးနေသည့် အတိုင်း ကျောက်ထရံပေါ်ကို ရောက်သွားခဲ့ပါပြီ။
ကျင်းရိုလုရဲ့ ကိုယ်ဖော့ပညာကို တွေ့မြင်ရ အပြီးမှာတော့ ရန်ချင်းဟူက အားကျမခံ လှုပ်ရှား လိုက်ပါတယ်။
သူမရဲ့ ကိုယ်ဖော့ပညာကလည်း တကယ့်ကို သြချစရာပါပဲ ။
တကယ်လို့ ကျင်းရိုလု က ဘဲငန်း တစ်ကောင်ဆိုရင် ရန်ချင်းဟူက ပျံလွှားတစ်ကောင် ဖြစ်ပါတယ်။ သူမက ကျောက်ထရံ မျက်နှာပြင်ပေါ်မှာ လေးကြိမ်တိတိ ခြေကုပ် ရယူအပြီးမှာတော့ ကျောက်ထရံကြီးကို ကျောက်တက်သွား နိုင်ခဲ့ပါပြီ။
“လက်ရွေးစင် ပါရမီရှင်တွေ ကတော့ သူတို့ရဲ့ နာမည်တွေနဲ့ ထိုက်တန်လွန်း ပါတယ်ကွာ ...။ လက်ရွေးစင် ပါရမီရှင်တွေထဲမှာ အားအနည်းဆုံးလို့ ဆိုရမယ့် အလင်းကကြိုး နတ်မိမယ် ရန်ချင်းဟူရဲ့ ကိုယ်ဖော့ ပညာတောင်မှ ကြောက်စရာ ကောင်းလွန်းနေပြီ”
ကျောက်ထရံကို ကျော်ဖြတ်ဖို့ ကျန်နေသေးတဲ့ လူငယ်တွေ ကတော့ သူတို့နဲ့ လက်ရွေးစင် ပါရမီရှင်တွေကြားမှာ ရှိတဲ့ ကွာဟချက်ကို သဘောပေါက် မိတဲ့အတွက် စိတ်ဓာတ်တောင် ကျလာသလိုပါပဲ။
“ဟိုမှာဟေ့ ... လီဖူချန်းဆိုတဲ့ ကောင်လည်း ကျန်နေသေးတယ်ဟ။ သည်ကောင့်ကို ကြည့်ရတာ သည်ကျောက်ထရံ အတားအဆီးကို ကျော်ဖြတ်ဖို့ အတွက် ယုံကြည်မှု မရှိတဲ့ပုံပဲ”
“အဲဒီကောင်ရဲ့ မျက်နှာကို ကြည့်လိုက်စမ်းဟေ့ ...။ သည်ကောင်က ကြောက်ချေး ပန်းနေတာ လုံးဝကို သိသာနေပြီ”
“ငါ့အထင် ပြောရမယ် ဆိုရင်တော့ ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ ဆိုတာ အာပေတူး တွေပါကွာ။ ဘာမှ အသုံးကျတဲ့ ကောင်တွေ မဟုတ်ဘူး။ သည်ကောင်က ဘယ်လိုလုပ် ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်ပြီး နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့ လက်ရင်းတပည့် ဖြစ်ခဲ့တာလဲ ...။ ဒါက လုံးဝကို ယုတ္တိမရှိဘူးကွာ ...”
“ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေက အရာရာကို ကိုယ်စားပြု နေတာမှ မဟုတ်တာကွာ။ သည်ကောင်က ကြက်ကန်းဆန်အိုး တိုးတာပဲ နေမှာပါ”
လူတွေအားလုံးက လီဖူချန်းကို အထင်သေး နေကြပါတယ်။ အထူးသဖြင့် လီဖူချန်းဟာ ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဆိုတာကို သိပြီးတဲ့ နောက်မှာပေါ့။
သူတို့က လီဖူချန်းကို ကျောက်ထရံပေါ် တက်စေချင်ပြီး ပြန်ပြုတ်ကျ လာတဲ့အခါမှာ ဝိုင်းဝန်း လှောင်ပြောင် ချင်ကြတာပါ။
လီဖူချန်းကလည်း အဲဒါကို ရိပ်မိပါတယ်။ အခုချိန်အထိ သူ မလှုပ်ရှားသေး တာကလည်း သည်လူတွေ အားလုံးရဲ့ ပါးစပ်ပေါက် ပိတ်သွားအောင် အစွမ်းပြချင်လို့ စောင့်ဆိုင်း နေတာပါပဲ။
အဲသည်အတွက် လီဖူချန်းက လူတွေအားလုံးရဲ့ အာရုံ သူ့အပေါ် ကျရောက်လာမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်း နေတာပါ။
“အချိန်ရောက်ပြီ”
လီဖူချန်းက အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး လေနက် ကိုယ်ပွား ၃ခု ကိုယ်ဖော့ပညာကို အသုံးပြုလိုက်ကာ ကောင်းကင်ပေါ်ကို ခုန်တက်လိုက် ပါတော့တယ်။
မီတာ ၅၀၀ ... မီတာ၈၀၀ ... မီတာ ၁၀၀၀ ... မီတာ ၁၂၀၀ ...
ကျောက်ထရံကြီးရဲ့ အောက်ဘက်ကနေ အကဲခတ်နေတဲ့ လူတွေကော ကျောက်ထရံကြီးကို ကျော်တက်ဖို့ ကြိုးစားနေတဲ့ လူတွေကောဟာ ပါးစပ် အဟောင်းသား ဖြစ်ပြီး လီဖူချန်းကိုသာ စိုက်ကြည့် နေကြပါပြီ။
မီတာ ၁၅၀၀ ...
လီဖူချန်းရဲ့ တစ်ချက် ခုန်အားက မီတာ ၁၅၀၀ အထိကို ရောက်သွား ခဲ့ပါတယ်။ လီဖူချန်းက သည်ထက် မြင့်အောင်တောင် ခုန်နိုင်သေး ပေမဲ့လည်း သည်အမြင့် လောက်ဆို အဆင်ပြေပြီလို့ ယူဆထား ခဲ့တယ်လေ။
သူက ဆန်းကြယ် အဆင့်မြင့် ကိုယ်ဖေ့ပညာကို မလေ့ကျင့် ထားပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဆန်းကြယ် အလယ်အလတ် ကိုယ်ဖော့ပညာ ဖြစ်တဲ့ လေနက်ကိုယ်ပွား သုံးခု ကိုယ်ဖော့ပညာဟာ တစ်ဖက်ကမ်းခတ်တဲ့ အဆင့်ကို ရောက်နေပါပြီ။ သူ့ရဲ့ လေနက်ကိုယ်ပွား သုံးခု ဆန္ဒဟာလည်း အပြည့်အဝ ဖွံ့ဖြိုးပြီးပြီ ဖြစ်တဲ့အတွက် လီဖူချန်းကို မြေဆွဲအားကို ဆန့်ကျင်နိုင်စွမ်း ရှိစေပါတယ်။ လီဖူချန်းက မြေဆွဲအားကို လုံးဝ မခံစားခဲ့ရပါဘူး။
***