← Chapters

အနုကြမ်း ခြိမ်းခြောက်ခြင်း

Vol. 26 Ch. 376

အနုကြမ်း ခြိမ်းခြောက်ခြင်း

Vol. 26 Ch. 376

လင်းရီ၏ စကားလုံးများက ဝိုင်းအုံကြည့်ရှုနေကြသည့် လူအုပ်ကြီးကို ကြက်သေသေသွားစေသည်။ ဒုက္ခရောက်တဲ့သူကို လက်ကမ်းသင့်တာ ပုံမှန်ပဲမဟုဘူးလား...

"ညီကို.... မင်းမှာ ကိုယ်ချင်းစာစိတ်ဆိုတာ မရှိဘူးလား.... ဒီအဘိုးရဲ့ အူအတက်ပေါက်တာက အရေးကြီးတဲ့ အခြေနေကို ရောက်နေပြီ... ဒါတောင်မှ မင်းက ကားမငှားပေးချင်ဘူးတဲ့လားကွ...."မျက်မှန်တပ်ဆင်ထားသည့် လူငယ်မှ စိတ်တိုဒေါသထွက်စွာဖြင့် ပြောလိုက်ပြီး

"မင်းက အလကား မတင်ချင်တာလား..... ရတယ် ငါတက္ကစီခ ပေးမယ်.... "

"ငါက ငွေပြတ်နေတဲ့ကောင် မဟုတ်ဘူး... "

လင်းရီ၏ စကားလုံးများကို ကြားတော့ မျက်မှန်တပ်ထားသည့် လူငယ်မှာ အထင်သေးသည့် အမူအရာဖြစ်သွားခဲ့ပြီး "မင်းရဲ့ ကား ညစ်ပတ်မှာကို ကြောက်နေတာလား... မင်းရဲ့ ရှာရီအစုတ်ကြီးကကော ဘယ်လောက်များ သန့်ပြန့်နေလို့လဲ....."

လင်းရီ၏ ထူးမခြားနားသည့် အမူအရာကိုမြင်တော့ ရပ်ကြည့်နေကြသူများထံမှ တစ်ယောက်တစ်ပေါက် ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။

"ခုခေတ် လူတွေများ လူမှုရေးဆိုတာကို မရှိကြတော့ဘူးပဲ.... သူများ ဒုက္ခရောက်နေတာကို ဘယ်လိုလုပ်ပြီး မသိကျေးကျွံပြုရက်ကြလဲမသိဘူး...."

"နည်းနည်းလေး အောင်မြင်လာတာနဲ့ တော်ရုံလူတွေဆို လူလို့ကို မမြင်ချင်ကြတော့တာ... ဒါတောင်မှ အဲ့ကောင်လေးစီးတာက ရှာရီမို့လို့နော်... မာစီးတီး ဆိုလို့ကတော့ ငါတို့ကို တိုက်ခွဲ သွားမလားတောင် မသိဘူး.... သူတိူ့လိုကောင်တွေက မျှော်လင့်ချက်မဲ့နေတဲ့ကောင်တွေ...."

"အမှန်ပဲ... ငါ့အမြင်အရဆိုရင်တော့ သူတို့လို လူမှုရေးမရှိတဲ့ကောင်တွေကို ဖမ်းဖို့ ဥပဒေ ထုတ်ထားသင့်တယ်.... "

"ဖမ်းရုံတင် ဘယ်ကမှာ... ဒဏ်ငွေအကြီးကြီး ဆောင်ခိုင်းပြီးတော့ အဲ့ငွေတွေကိုလည်း မရှိတဲ့သူတွေဆီ ပြန်ဝေငှသင့်တယ်...."

လူတိုင်း လင်းရီကို လက်ညိုးထိုးပြီး အမျိုးမျိုး ဝေဖန်နေကြသည်ကို မြင်သည်တွင် မျက်မှန်တပ်ထားသည့် လူငယ်မှာ နှစ်ထောင်အားရ ဖြစ်သွားခဲ့ပြီး "မင်းမြင်လား.... မင်းအဲ့လို ဆက်လုပ်နေမယ်ဆိုရင် လူတိုင်းရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျှောတော့မှာ...."

မျက်မှန်တပ်ထားသည့် လူငယ်မှာ ထိုသို့ ပြောလိုက်သည့်တိုင်အောင် စိတ်ကျေနပ်သေးပုံမပေါ်ဘဲ ဆက်လက်၍ "ပြီးတော့ ဒီရဲ့ အဘိုးက အူအတက်ပေါက်နေတာ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိပဲ ... တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် အားလုံးက မင်းအပြစ်ပဲ...မင်းတာ၀န်ခံရမယ်.... "

လင်းရီ ဒေါသထွက်စွာ ရယ်မောလိုက်သည်။

"ဒီလိုမျိုး အနုနည်းနဲ့ ခြိမ်းခြောက်တာကို ငါပထမဆုံး ကြုံဖူးတာပဲကွ.... သေမင်းတံခါး၀ ရောက်နေတဲ့လူကို ကာ်တင်ပေးရမယ်လို့ ဘယ်နိုင်ငံက ဥပဒေထုတ်ထားတာလဲ...ပြီးတော့ မင်းကိုယ်တိုင်ကိုက သောက်သုံးတော့ မကျဘဲနဲ့ သူများ ချမ်းသာနေတာကို လာပြီး အပြစ်တင်နေတယ်....."

"ဒီမှာ ညီလေး ... ငါက မင်းအဖေမဟုတ်သလို မင်းကလည်း ငါ့သားမဟုတ်ဘူး....မင်းကို ကူညီပေးချင်လည်းရတယ်... ဒါပေမယ့် အဲ့လိုလုပ်ဖို့ ရွေးချယ်ပိုင်ခွင့်က ငါ့လက်ထဲမှာပဲ....မင်းဘက်က ဘာလုပ်ပါ ညာလုပ်ပါဆိုပြီး အမိန့်ပေးပိုင်ခွင့် ရှိလို့လား...."

လင်းရီမှ ထိုသို့ မေးခွန်းထုတ်လိုက်သည်တွင် အမှန်တရား ဘက်တော်သားပုံစံဖြစ်နေသည့် မျက်မှန်တပ်ထားသည့် လူငယ်မှာ အံ့အားသင့်သွားခဲ့သည်။

လင်းရီထိုမျှ လျှာစောင်းထက်လိမ့်မည်လို့ သူလုံး၀ ထင်မှတ်မထားခဲ့ချေ။

"ဘာမှ လာမပြောနဲ့... ဒီအဘိုးအသက် ဆုံးရှုံးသွားရင် အားလုံး မင်းအပြစ်ပဲ... အချိန်ကျလာရင် ငါဒီကိစ္စကို Weibo ပေါ် တင်ပြီးတော့ ဟွာရှပြည်သူတစ်ရပ်လုံးကို‌ ပြပြီး ဆဲခိုင်းဦးမယ်....."

"ငါကပဲ မကယ်တင်ဘူးလို့ မင်းသောက်ပါးစပ်က ဆိုနေတာနော်... ငါတကယ်သိချင်မိတာက ခဏလေး စမ်းကြည့်ပြီးတာနဲ့ အဲ့အဘိုးက အသက်အန္တရာယ်ရှိနေတယ်ဆိုတာ မင်းဘယ်လိုလုပ်သိလဲ.... "

"ပြီးတော့ အဘိုးဖြစ်တာက အူအတက်ပေါက်တာပါလို့ မင်းကို ဘယ်သူက ပြောပြလိုက်တာ.... "လင်းရီ လှောင်ပြောင်နေသည့် မျက်နှာထားဖြင့် မေးလိုက်သည်။

"မင်းငါ့ကို ‌လာနောက်နေတာလားဟျောင့်.... ငါ အဲ့အဘိုးရဲ့ ရောဂါနဲ့ ရင်းနှီးပြီးသား... မှားစရာအကြောင်းကို မရှိတာ...ဖြစ်နေတဲ့ လက္ခဏာတွေက အူအတက်ပေါက်တဲ့ရောဂါလက္ခဏာတွေဆိုတာ အားလုံး အမြင်ပဲလေ.... "

မျက်မှန်တပ်ထားသည့် လူငယ်မှာ ကျယ်လောင်စွာ ဆိုလိုက်၏။

"ဒီကောင်လေးက ဂေါက်ကြာင်လေးလားကွ... မဖြစ်စလောက် ရှာရီလေး မောင်းပြီးတော့ ဟွာရှန်းဆေးရုံက ဆရာ၀န်ကို မေးခွန်းလာထုတ်နေတယ်...."

"အူအတက်ပေါက်တဲ့ ရောဂါလက္ခဏာတွေက ငါတို့နဲ့ မစိမ်းဘူး... တီဗွီပေါ်က ပညာပေးအစီအစဉ်တွေမှာလည်း အမြဲတမ်းပါတယ်... ငါ့လို ဘာမှမဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ကတောင် သိနေမှတော့ ဆရာ၀န်လုပ်တဲ့သူက ပိုသိတာပေါ့ဟယ်....အဲ့ဒါတောင်မှ အူအတက်ပေါက်တာ မဟုတ်ဘူးဆို‌တော့ သေချာတယ်... ဒီကောင် မကူညီချင်လို့ တမင် အကြောင်းပြချက်တွေ ပေးနေတာပဲ ဖြစ်ရမယ်...."

"အမှန်ပဲ... ခုခေတ်လူတွေများ ရုပ်ကလေးတော့ လှအောင် ပြင်လိုက်ကြတာ‌...အတွင်းစိတ်ပုပ်ပွနေတာကျ ပြင်ဖို့ စိတ်ကူးမရှိကြဘူး.... အဲ့တာကြောင့် ခုလို သနားညှာတာစိတ် ကင်းမဲ့သူတွေ ပေါနေကြတာ.... "

လင်းရီကတော့ ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်စွာဖြင့် "မင်းက အူအတက်ပေါက်တယ်ဆိုတော့လည်းအူအတက်ပေါက်လိုက်တာပေါ့... ငါ အဲ့အဘိုးကို ကူတင်လာခဲ့ပေးမယ်... ဒါပေမယ့် မင်းတို့ဘက်ကတော့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်ကို တာ၀န်ယူပေးရမယ်... ဟွာရှန်းဆေးရုံလို အဆင့်မြင့်ဆေးရုံကြီးမှာ အူအတက် ခွဲစိတ်မယ်ဆိုရင် အနည်းဆုံး ယွမ်နှစ်သောင်းလောင်တော့ ကုန်မှာပဲ... ခင်များတို့လို သောက်ရမ်းသဒ္ဓါတရား ထက်သန်နေတဲ့သူတွေ စုပြီး နည်းနည်းပါးပါး ကူညီလိုက်ရင် ပြည့်ဖို့ လွယ်လွယ်လေးပဲ မဟုတ်လား...."

မိန်းမငယ်လေးမှာ ပတ်၀န်းကျင်ရှိ လူတိုင်းကို အသနားခံသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ပြီး "ဦးလေးတို့ အန်တီတို့ ‌ကျေးဇူးပြုပြီး ပိုက်ဆံလေး နည်းနည်းလောက် ကူညီပေးပါလားရှင်... ကျွန်မတို့ မိသားစုရဲ့ အခြေနေက ဆိုးဆိုးရွားရွားကြီးလည်း မဟုတ်ပါဘူး...ကျွန်မ နာမည်တွေကို သေချာမှတ်ပြီးတော့မှ နောင်ကျ သေချာပေါက် ပြန်ဆပ်ပါမှာ...."

"ဒါ......."

မိန်းမငယ်လေး အနားရှိ လူတိုင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားကြပြီး ခက်ခဲနေသည့် လေသံဖြင့် "ဟေ့ ဟေ့ ငါ့ကိုအဲ့လိုလာမကြည့်နဲ့ မိန်းကလေး... ငါ့အိတ်ကပ်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး....."

"ငါ့ပိုက်ဆံကလည်း ငါ့သား အိမ်၀ယ်ဖို့ အတွက် စုထားပေးတာ... နင့်ကို မချေးပေးနိုင်ဘူး...."

"ချေးတာကတော့ ဟုတ်ပါပြီ.... ပြန်ဆပ်ရမယ့် အခ်ျန်ကျတော့ ဘယ်သူက ပြန်ပေးမှာ....."

"ဦးလေးတို့၊ ဒေါ်ဒေါ်တို့ .. တောင်းဆိုပါတယ်...."မိန်းမငယ်လေးမှ ငိုကြွေးလိုက်ပြီး "ကျွန်မအဘိုး နေပြန်ကောင်းလာရင် ကျွန်မရဲ့ မိဘတွေကို ပြန်ဆပ်ဖို့ ပြောပေးပါ့မယ်...."

"နင်က အဲ့လိုကတိပေးလိုက်ရုံနဲ့ ပြီးသွားရောတဲ့လား....နင်တောင်းဆိုနေတာကြီးက များလွန်းတယ်... ငါတို့ပိုက်ဆံတွေက မိုးပေါ်က ကျလာတာမဟုတ်ဘူး...."

"မိန်းကလေး... သူတိူ့နားတောင်းမနေနဲ့... မင်းအဘိုးကို ကုသပေးမယ်ဆိုတဲ့ အစ်ကိုကြီးနားတောင်းလိုက်... သူက ဒီမှာ တာ၀န်အရှိဆုံးပဲ....ပြီးတော့ လူတွေကို ကယ်တင်တယ်ဆိုတာက ဆရာ၀န်တစ်ယောက်ရဲ့ တာ၀န်ပဲလေ... သူသေချာပေါက် ကူညီမှာပါ...."လင်းရီ ပြုံးလျက် ပြောလိုက်သည်။

"အစ်ကို... ညီမကို ကူညီမယ်မလားဟင်....."

"ဒါ......"

မျက်မှန်တပ်ထားသည့် လူငယ်လေးမှာ မည်သို့ငြင်းရမသိ ဖြစ်နေလေသည်။

ယွမ်နှစ်သောင်းဆိုသည်မှာ သေးငယ်သည့် ပမာဏမဟုတ်ချေ။ အကယ်၍ သူတိူ့မှ ချေးငှားသွားပြီး ပြန်မဆပ်ပါက မည်သို့လုပ်ရမည်နည်း။

ဆေးရုံတွင် ယခုကဲ့သို့ အလားတူဖြစ်ရပ်မျိုး များစွာ ရှိသောကြောင့် သူ စွန့်စားပြီး ပိုက်ဆံမချေးနိုင်ပေ။

"အစ်ကို့မှာကလည်း အဲ့လောက် ပိုက်ဆံအများကြီးကျ မရှိဘူးဟ....."

"ပိုက်ဆံ မရှိဘူး.... မဟုတ်သေးဘူးထင်တယ်နော....."လင်းရီပြောလိုက်ပြီး "မင်းရဲ့ နာရီဘရန်းက Omega မဟုတ်လား... အဲ့တာကိုတာ ပေါင်လိုက်မယ်ဆိုရင် ပိုက်ဆံအတော်ရလောက်တယ်...အဲ့လိုဆို လူနာအသက်ကို ကယ်တင်လို့ရပြီလေ... ဒါတောင်မှ မင်းက မကူညီချင်ဘူးဆို‌တော့.....ဟင်း......"

သေစမ်းကွာ.....

မျက်မှန်တပ်ထားသည့် လူငယ်မှာ ယမ်းပုံမီးကျဖြစ်နေပြီး နှုတ်မှ ကျိန်ဆဲလု နီးပါး ဖြစ်သွားခဲ့သည်။

မင်းက ငါ့လာကစားနေတာပဲကွ....

လင်းရီ ပခုံးတွန့်လိုက်ပြီး "ခင်များတို့ကောင်တွေကပဲ ကျုပ်ကို ကိုယ်ချင်းစာစိတ်မရှိဘူးလေး ဘာလေးနဲ့ ဝေဖန်နေကြတာမဟုတ်လား... ခုခင်များတို့ကို ငွေလေးနည်းနည်းပါးပါး ကူညီ‌ခိုင်းတော့ကျ ရှောင်ထွက်လိုက်ကြတာများ ဆီစွတ်ထားသလားတောင် အောက်မေ့ရတယ်...ကျုပ်ဘက်က အများကြီးတောင်းဆိုနေတာလည်း မဟုတ်ပဲနဲ့ကို ခင်များတို့က တစ်ကျပ်ကလေးတောင် မကူညီပေးချင်ကြဘူး.... ဒါလား ခင်များတို့နှုတ်က ရွတ်ရွတ်နေကြတဲ့ ကိုယ်ချင်းစာတရား..... "

လူတိုင်း တေမိ‌ ဖြစ်နေကြ၏။ အကယ်၍ အနီးတွင် ကြွက်တွင်းတွေ့ပါက ထိုတွင်းထဲ၌ ပြေး ၀င်အောင်းမိမှာအမှန်ပင်။

"မင်းလည်း ရပ်ပြီးတော့ လာဝေဖန်မနေနဲ့ဟျောင့်... " မျက်မှန်တပ်ထားသည့် လူငယ်မှ ပြောလိုက်ပြီး "မင်းတတ်နိုင်ရင် မင်းချေးပေးလိုက်လေ...."

မိန်းမငယ်လေးမှ လင်းရီထံ အသနားခံနေသည့် မျက်၀န်းတို့ဖြင့် ကြည့်လိုက်၏။

"အစ်ကိုကြီး... ကျေးဇူးပြပြီး ကူညီပေးပါနော်... ဘိုးဘိုးကြီးသာ ဆေးရုံမရောက်ဘူးဆို အသက်ဆုံးရှုံးရတော့မှာ.... "

လင်းရီ ‌မိန်းမငယ်လေး၏ ခေါင်းကို ခပ်ဖွဖွပုတ်၍ "မပူနဲ့... မိန်းကလေးရဲ့ အဘိုးက ဘာအသက်အန္တရာယ်မှ မရှိဘူး...."

"ဘာလို့ အသက်အန္တရာယ်မရှိတာ.... အူအတက်ပေါက်တယ်ဆိုတာက......"

"အဲ့ကောင် ပြောတာတွေ နားထဲထည့်မနေနဲ့.... "

လင်းရီ ပြောလိုက်ပြီး "မိန်းကလေးရဲ့ အဘိုးက မနက်တုန်းက တစ်ခုခု အစားမှားလာခဲ့လို့ အစာအိမ်ထဲမှာ လေခိုနေတာ... ဘာ အူအတက်ပေါက်တာမှ မဟုတ်ဘူး...."

"သူက အစားမှားခဲ့တယ်....."

မျက်မှန်နှင့် လူငယ်မှာ သူ၏ အသံကို မြင့်လိုက်ပြီး လင်းရီနှင့် ထိပ်တိုက်တွေ့ကာ "ဘာသောက်အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာ... မင်းပိုက်ဆံ မချေးပေးချင်လို့ ဆင်ခြေတွေ လျှောင်ပေးနေတာ မဟုတ်လားကွ...."

"ဟုတ်တယ် အဲ့လိုပဲ ဖြစ်ရမယ်... "လူအုပ်ကြီးမှာလည်း တစ်သံတည်း ထောက်ခံလိုက်ကြသည်။

"သူ့ပုံစံကိုလည်း ကြည့်လိုက်ဦး .. ရှာရီမောင်းပြီး အုပ်သယ်တဲ့ရုပ်နဲ့... ပိုက်ဆံအများကြီး ထုတ်မချေးနိုင်လို့ ပေါက်တတ်ကရ ‌ဆင်ခြေတွေ လျှောက်ပေးနေတာနေမှာ.... "

"ဟင်း.... ကမ္ဘာကြီးက အကျဘက်ကို ဦးတည်နေပြီပဲ... ရိုးသားဖြောင့်မတ်တဲ့သူဆိုတာ ရွှေထက်တောင် ရှားပါးသွားပြီ....."

"ဒီကောင်က ဟွာရှန်းဆေးရုံက ဒေါက်တာရဲ့ ကျွမ်းကျင်မှုတွေကို မေးခွန်းထုတ်နေတယ်တဲ့လား.... ဘယ်လိုတောင် ရယ်ဖို့ကောင်းလိုက်လဲ...."

လူအုပ်ကြီးမှာ လင်းရီကို ဝိုင်းပြီး အပြစ်ဖို့နေကြသည်။

စောနက အရှက်ကွဲခဲ့သည်များကို အတိုးနှင့် ပေါင်းယူကာ အားလုံးမှ တိုင်ပင်ထားကြသကဲ့သို့အတိုင်အဖောက် ညီစွာ ဆိုနေကြတော့၏။

လင်းရီ ထိုလူများကို လျစ်လျူရှုထားပြီး အိတ်ကပ်ထဲမှ ယွမ်တစ်ရာကိုထုတ်ကာ မိန်းမငယ်လေး လက်ထဲသို့ ထည့်ပေး၍

"ရှေ့နားက ဆေးဆိုင်မှာ လက်တစ်အက်စစ်ဘတ်တီးရီးယားနဲ့ ဂလက်တိုဆီဒေးစ် ၀ယ်ခဲ့လိုက် ... မြန်မြန်လေး...."

"ဟုတ်ကဲ့ အစ်ကိုကြီး...."

မိန်းမငယ်လေးမှာ လင်းရီ၏ ပိုက်ဆံကို လက်ခံပြီး ဆေးဆိုင်သို့ ပြေးကာ နှစ်မိနှစ်အတွင်း အိတ်တစ်လုံးဖြင့် ပြန်ရောက်လာခဲ့၏။

"ရေဘူးပေး....."

"ဒီမှာပါ...."

လင်းရီ ဆေးနှစ်လုံးကို ထုတ်လိုက်ပြီး အဘိုးကြီးကို တိုက်လိုက်၏။ ထို့နောက် ၀မ်းဗိုက်ကို နာရီလက်တံအတည့်လည်သည့်ပုံစံဖြင့် တခဏမျှ ပွတ်သပ်လိုက်သည်။

"ဂေ့ ဂေ့ ဂေ့.... "

နာရီ၀က်ကြာပြီးနောက် အဘိုးကြီးမှ လေချဉ်များ တက်လာခဲ့ပြီး သူ၏ မျက်နှာအရောင်မှာလည်း သိသိသာသာ ကောင်းမွန်လာခဲ့သည်။ ယခင်ကလောက် ဖြူလျော်နေခြင်း မရှိတော့ချေ။

နောက်မိနစ်၀က်ခန့်ကြာသည့် အချိန်တွင်တော့ သတိလစ်အံ့ဆဲဆဲ ဖြစ်နေသည့် အဘိုးကြီးမှာ ကိုယ့်ခြေထောက်နှင့်ကိုယ် မတ်တပ်ရပ်နေနိုင်ပြီဖြစ်သည်။

သူ၏ မျက်နှာအရောင်မှာလည်း ပုံမှန်ပြန်ဖြစ်သွားပြီး သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့၏။

"အဘိူး အခု ဘယ်လိုနေသေးလဲဟင်.... "မိန်းမငယ်လေးမှ စိုးရိမ်နေသေးဟန်ဖြင့် မေးလိုက်သည်။

"ခု ပိုကောင်းသွားပြီ... ဒီက လူငယ်လေးက အရမ်းတော်တာပဲ... အဘိုး လေထတဲ့အစားတွေ စားခဲ့တာကို တစ်ချက်ကြည့်တာနဲ့ တန်းပြောနိုင်တယ်...."

၎င်းကိုကြား‌တော့ ရပ်ကြည့်နေကြသည့်လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။

ဒါ... ဒါဆို ဗိုက်ထဲ လေခိုနေတာပေါ့နော်....

"ဒါပေမယ့် ဒီရဲ့ အစ်ကိုကြီးက အဘိုးကို အူအတက်ပေါက်တယ်ဆိုပြီး ပြောနေတာကော...."

အဘိုးကြီး မျက်မှန်တပ်ထားသည့် လူငယ်လေးကို ကြည့်လိုက်ပြီး "ဒီကောင်ကတော့ တစ်စက်မှကို ကျွမ်းကျင်မှုမရှိတာ... ဘာမှသေချာတာလည်း မဟုတ်ပဲနဲ့ ရမ်းသန်းပြီး ကောက်ချက်ချနေသေးတယ်... သူနဲ့သာ ဆေးပြမိလို့ကတော့ သေမင်းဆီသွားမယ့် လက်မှတ်ကို ကိုယ်တိုင်သွားဖြတ်တာနဲ့ အတူတူပဲ.... "

လင်းရီ ဘေးတွင် ရပ်လိုက်ပြီး ကျန်သူများကို ကြည့်ကာ "ခင်များတို့ကောင်တွေ ခုလေးတင် ဒီအဘိုး အူအတက်ပေါက်တယ်ဆိုပြီးတော့ သဘောတူနေကြတာမဟုတ်ဘူးလား... ခု အခြေနေတွေက ပိုကောင်းလာတာတောင်မှ ဆေးရုံ လိုက်ပို့စေချင်နေတုန်းလား....”

All Chapters