သေအောင်ရိုက်သတ်၊ အမျိုးသားအင်္ဂါကုသရေး ဌာနတော့မသွားဘူး
Vol. 26 Ch. 377
"ဒါ..... "
ပတ်၀န်းကျင်ရှိ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြပြီး မိမိတို့၏ အမှားအတွက် အရှက်ရနေခဲ့ကြသည်။
"အဘိုး... ခင်များ တကယ်ကြီး အဆင်ပြေတာကော ဟုတ်ရဲ့လား.... "
"မင်းက ငါအဆင်ပြေတာကို မလိုချင်လို့လား.... "
"ကျွန်တော်..... "
မျက်မှန်တပ်ထားသည့် လူငယ်မှာ ကြက်သေသေသွားခဲ့၏။ သူယခုလို ကိုးရို့ကားယားနိုင်လှသည့် အခြေနေကို မည်သို့ ကိုင်တွယ်ရမှန်း မသိတော့ချေ။
ယင်းက လုံး၀ကို ရှက်ဖွယ်အတိပင်။
"ဟမ့်...အစာမကြေဖြစ်တာလား အူအတက်ပေါက်တာလားတောင် မခွဲခြားနိုင်ပဲနဲ့များ သူ့ကိုယ်သူ ပရော်ဖက်ရှင်နယ် ဒေါက်တာပါတဲ့... သူ့လို ရမ်းသမ်းပြောတဲ့ကောင်တွေကြောင့် အသက်ဆုံးရှုံးလိုက်ရတဲ့ လူနာတွေ ဘယ်လောက်တောင် ရှိနေပြီလဲ... ဘာမှမဖြစ်ရင်တောင် အလကားနေရင်း ခွဲစိတ်ခက ပေးရဦးမယ်...ဆရာ၀န်တွေများနော်..... "
"ဟုတ်ပါ့... ဒါတောင် သူ့ကိုယ်သူ ဟွာရှန်း ဆေးရုံက ဆရာ၀န်ပါဆိုပြီး ဟစ်ကြွေးလိုက်သေးတယ်... ငါတော့ နောက်ဆို အဲ့ဒီဆေးရုံ သွားရမှာတောင် ခပ်လန့်လန့်ရယ်.... "
"အပြင်မှာ လိုင်စင်မရှိဘဲ ဆေးကုစားနေတဲ့သူတွေတောင် သူ့ထက်သာဦးမယ်... ဒီကောင်က ဟွာရှန်း ဆေးရုံကို ကျက်သရေးတုံးစေတဲ့ကောင်ပဲကွ... "
မျက်မှန်တပ်ထားသည့် လူငယ်မှာ စိတ်ပျက်အားလျော့စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး လူတိုင်းသူ့ကို ဝေဖန်ရှုတ်ချနေသည်ကို တစ်ခွန်းမျှပင် မဆိုဝံ့ပဲ အများ၏ မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားခဲ့၏။
ထိုအဘိုးကြီး သက်သာလာသည်ကိုမြင်တော့ လင်းရီလည်း ထွက်ခွာရန်ဟန်ပြင်လိုက်သည်။ ကိုးနာရီ ထိုးတော့မည်ဖြစ်ပြီး အစည်းဝေးတောင် နောက်ကျပေတော့မည်။
"အစ်ကိုကြီး နာမည်ဘယ်လိုခေါ်လဲဟင်... ညီမ အမေတို့ကို ပြောပြပြီးတော့ အစ်ကိုကြီးရဲ့ ပိုက်ဆံ တစ်ရာကို ပြန်ဆပ်မလို့... "
"ပြန်ပေးစရာ မလိုဘူး... ကျောင်းသာ ပုံမှန်တက်ပြီးတော့ အမှတ်ကောင်းအောင်သာလုပ်... အဲ့လိုဆို ခုနကကောင်လိုမျိုး ပေါက်တတ်ကရတွေ ဖြစ်မှာ မဟုတ်ဘူး..."
ထိုသို့ပြောပြီးနောက် မြေးအဘိုးနှစ်ယောက်လုံးကို ပြုံးပြနှုတ်ဆက်ကာ ဟွာရှန်းဆေးရုံသို့ ထွက်လာခဲ့လိုက်၏။
မိနစ်နှစ်ဆယ်ကြာပြီးနောက် လင်းရီ ဟွာရှန်းဆေးရုံသို့ ရောက်ရှိလာခဲ့သည်။
ခမ်းနားကြီးကျယ်သည့် ပြင်ပလူနာဆောငါကို ကြည့်ရင်း လင်းရီ စိတ်လှုပ်ရှားခြင်းနှင့် ရင်ဖိုခြင်းတို့ကို တစ်ချိန်တည်းတွင် ခံစားလိုက်ရ၏။
ယခု အသက်မွေး၀မ်းကြောင်း အလုပ်အကိုင်ကို စနစ်မှ တာ၀န်ပေးသည်သာဖြစ်ပြီး မည်သည့်ဌာန၌ တာ၀န်ထမ်းဆောင်ရမည်ကိုလည်း လင်းရီ လုံး၀မသိချေ။
မူလကတော့ လင်းရီ မည့်သည့်ဌာနတွင် တာ၀န်ကျစေကာမူ အဆင်ပြေသည်။
စနစ်၏ မစ်ရှင်များ ပြုလုပ်ရင်း ယခုကဲ့သို့ အံဩဖွယ်ကောင်းသည့် အလုပ်ကို လုပ်ကိုင်ရသည်မှာ သူ့အတွက်တော့ ပျော်ရွှင်စရာကြီးပင်။
သိူ့သော်လည်း မနေ့ညက ကျီချင်းရန်နှင့် စနောက်ပြီးသောအခါမှ လင်းရီ ပြဿနာကြီးတစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း သတိထားမိသွားသည်။
အဘယ်ကြောင့်ဆိုသော် သားဖွားမီးယပ်ဌာန ရှိရုံသာမက အမျိုးသားအင်္ဂါ ကုသရေးဌာနလည်း ရှိနေသေး၏။
အကယ်၍ သူသာ ထိုဌာန၌ တာ၀န်ကျမည်ဆိုပါက လင်းရီ ဆရာ၀န်အလုပ်ကို အကြီးကြီး မုန်းတီးသွားနိူင်သည်။
ဆေးရုံးရှိ လမ်းပြဆိုင်းဘုတ်များနောက် လိုက်လာခဲ့ရင်း လင်းရီ ၀န်ထမ်းရေးရာဌာနသို့ ရောက်လာခဲ့၏။ ထိုအခါ မျက်မှန်တပ်ထားသည့် လူငယ်မှာလည်း ဤနေရာသို့ ရောက်ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။
သို့သော် မျက်နှာဝိုင်းဝိုင်းနှင့် ချစ်စဖွယ်ကောင်မလေးတစ်ဦးမှာ မျက်မှန်တပ်ထားသည့် လူငယ်ဘေးတွင် ရပ်နေလေသည်။
ပုံပန်းသွင်ပြင်သဏ္ဌာန်အရတော့ စုန့်ကျားနှင့် အများကြီး တူညီနေပြီး အပြစ်ကင်းစင်သည့် မျက်နှာထားပိုင်ရှင်လေးတစ်ဦးပင်။ သို့ပေတည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာတော့ ဖွံ့ဖွံ့ထွားထွားနှင့် စုန့်ကျားထက် အဆပေါင်းများစွာ ကြီးမားနေတော့၏။
သို့သော်လည်း ရှောင်ထျန်ကဲ့သို့ ဇီဝိန်ခြွေနိုင်သည့် အလှတရားပိုင်ရှင်နှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ အနည်းငယ် ကွာဝေးနေဆဲပင်။
လင်းရီ ရောက်လာသည်ကိုမြင်တော့ ၀န်ထမ်းရေးရာဌာနရှိ အမျိုးသမီးများအားလုံး မျက်လုံးအရောင် လက်သွားခဲ့ကြသည်။
သူလေးက ဘယ်သူလေးလဲ... အမေ့သားမက်လေးများလားဟင်....
"မင်းပဲ..... "
လင်းရီကို မြင်သည့်အချိန်တွင် မျက်မှန်တပ်ထားသည့် လူငယ်၏ အမူအရာမှာ အေးစက်သွားခဲ့သည်။ စောနလေးတင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို ပြန်စဉ်းစားမိသည့် အချိန်တွင်တော့ မခံမရပ်နိုင်ဖြစ်ကာ ဒေါသမီးဟုန်းဟုန်းတောက်လျက် မျက်နှာကြီးများ နီရဲလာခဲ့၏။
"အိုးဟိူး... မင်းလည်း ငါ့လို ဒေါက်တာ အသစ်လေးပေါ့... "
"အဲ့တာမင်းသောက်ပူပါလို့လား...."
မျက်မှန်တပ်ထားသည့် လူငယ်မှ အေးစက်စွာ ဆိုလိုက်ပြီး လင်းရီကို ချေငံစွာ ဆက်ဆံလိုက်၏။
"ရှင်တို့နှစ်ယောက်က အချင်းချင်း သိကြတယ်ပေါ့... "
အမျိုးသမီး၀န်ထမ်းမှ ညင်သာသည့် လေသံဖြင့် မေးလာသည်။
"မသိဘူး..."
"ရှင်ကကော ဒေါက်တာအသစ်ပဲလား...."
မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးမှ မေးမြန်းလိုက်၏။
"ဟုတ်တယ်... "လင်းရီ အပြုံးလေးဖြင့် ခေါင်းလိမ့်လိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ... ဒီမှာခဏ စောင့်နေဦးနော်... ကျွန်မ အစ်မပင်းကို သွားရှာလိုက်ဦးမယ်...."
"ကျုပ်တို့က ဘာလို့ ဒီမှာစောင့်ရမှာ.. ခင်များတို့ ဒါရိုက်တာကို ချက်ချင်းခေါ်ပေးလို့မရဘူးလား...."
"ဘာဖြစ်ချင်လို့လဲ.... ကျွန်မတို့ လုပ်ချင်သလိုလုပ်မှာပေါ့... အဲ့တာရှင့်ကိစ္စမဟုတ်ဘူး.... "
မျက်မှန်တပ်ထားသည့် လူငယ်မှာ ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့ရ၏။
သူဆရာ၀န်ဖြစ်တော့မည်မှာ မှန်သော်လည်း HR ဌာန၏ စီမံခန့်ခွဲ့မှုတို့ကို ၀င်ရောက်စွက်ဖက်ရန် အရည်အချင်းမမှီပေ။
ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့် မျက်မှောက်အခြေနေကို လက်ခံလိုက်ရပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ရလေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အသက်လေးဆယ် အရွယ်ဟု ထင်ရသည့် အမျိုးသမီးတစ်ယောက် အပြင်ဘက်မှ ရောက်လာခဲ့၏။
"နင်တို့ အားလုံးက ခုမှ အသစ်ရောက်လာတဲ့ ဆရာ၀န်တွေနော်... "
"ဟုတ်ပါတယ် ဒါရိုက်တာချိန်... "မျက်မှန်တပ်ထားသည့် လူငယ်မှ ပြောလိုက်ပြီး "ကျွန်တော်က နှလုံးအထူးကုမေဂျာက ဆရာ၀န်ပါဗျ... ကျွန်တော်တို့ အရင်က တွေ့ဖူးတယ်လေ.... "
"အိုး... မှတ်မိပြီ... "
ထို့နောက် ချိန်ပင်း လင်းရီနှင့် သူ့ဘေးရှိ မိန်းကလေးတို့ကို ကြည့်ကာ "နင့်နာမည်ကကျတော့ လင်းရီ... ပြီးတော့ ဒီဘက်က မိန်းကလေးရဲ့ နာမည်ကျတော့ ချောင်ရှင်း ဖြစ်ရမယ်... မှန်တယ်မလား..."
"မှန်ပါတယ်ဗျ/ရှင့်... "
နှစ်ယောက်လုံး ပြိုင်တူ ခေါင်းညိမ့်လိုက်ကြသည်။
"ကောင်းပြီ .. နင်တို့ သုံးယောက်လုံးက နှလုံးအထူးကုတွေပဲ... ဒါပေမယ့် အချိန်တစ်ခုလောက်အထိတော့ နင်တို့ရဲ့ ဌာနကို သွားလို့မရသေးဘူး...."ချိန်ပင်း ပြောလိုက်ပြီး "ဘာလို့လဲဆိုတော့ နင်တို့ကို အလုပ်သင်ဆရာ၀န်အဖြစ်နဲ့ အရေးပေါ်ဌာနမှာ တစ်လလောက် ထားထားဦးမယ်...ပြီးမှ နင်တို့ရဲ့ သက်ဆိုင်ရာဌာနကို ပြန်သွားလို့ရမှာ... အဲ့တာကိုတော့ သိပြီးသားပဲ မဟုတ်လား... "
"အလုပ်သင်ဆရာ၀န်..... "
ပညာရှိ ဉာဏ်ပညာ၏ အကျိုးကျေးဇူးကြောင့် လင်းရီ ထိုစကားလုံး၏ အဓိပ္ပာယ်ကို နားလည်ပေသည်။
ကြားကောင်းအောင် ပြောမည်ဆိုလျှင်တော့ အဆင့်မြင့်ဆရာ၀န်များ ဖြစ်စေရန် လူနာများ၊ ရောဂါအခြေနေများနှင့် လက်ရင်းတနှီးရှိအောင် လေ့ကျင့်ပေးသည့် အချိန်အပိုင်းအခြားတစ်ခုပင်။
သို့သော်လည်း တုတ်ထိုးအိုးပေါက် ပြောရမည်ဆိုလျှင်တော့ အလကားသပ်သပ် တောက်တိုမယ်ရ လုပ်ခိုင်းသည့် နေရာသာ။
အလုပ်သင်ဆရာအဖြစ် ၀င်ရောက်ပြီးနောက် ဌာနအမျိုးမျိုးတွင် အချိန်တစ်ခုကြာအောင် တာ၀န်ထမ်းဆောင်ပြီးတော့မှ မိမိတို့ အထူးပြုသည့် ဌာနကိုယ်စီသို့ ပြန်သွားပိုင်ခွင့်ရှိသည်။
ထို့အပြင် ထိုအချိန်ကာလအတွင်း၌ အလုပ်ဖြုတ်ခံရနိုင်သည့် အခြေနေများလည်း ရှိသေး၏။
ချီးပဲ... သောက်လုပ်ရှုပ်လိုက်တာ....
သို့သော်လည်း အမျိုးသားအင်္ဂါကုသရေးဌာနသို့ မသွားရောက်ရသည်ကပဲ ကံကောင်းလှချေပြီ။
"နင်တို့မှာ ငြင်းစရာရှိလား..."ချိန်ပင်း မေးမြန်းလိုက်၏။
"မရှိဘူးဗျ... ဘာပဲဆိုဆို ကျုပ်တို့က အသုံးချခံ ပစ္စည်းကိရိယာတွေပဲလေ... သွားခိုင်းတဲ့နေရာ သွားပေးရမှာပဲ....ထောက်ပံ့ပို့ဆောင်ရေးဌာနမှာ နေရာချပေးရင်တောင် ရတယ်...."
"ခစ်ခစ် ကောင်လေး နင်က စကားအရမ်းတန်တာပဲ..."
ချိန်ပင်း သားမက်ကို အကဲခတ်နေသည့် မိခင်တစ်ယောက်ကဲ့သို့ ပြုံးလိုက်ပြီး "အန်တီ့မှာ ကောလိပ်ပြီးတာ မကြာသေးတဲ့ သမီးတစ်ယောက်ရှိတယ်... ပြီးတော့ စင်ဂယ်ပဲ... "
"အားရင် နင်နဲ့ မိတ်ဆက်ပေးမယ်လေ...."
လင်းရီ ပြုံးရုံသာပြုံးပြီး ဘာမျှပြန်မပြောချေ။
လင်းရီဘက်က ဘာမျှ မတုန့်ပြန်လာသည်ကိုမြင်တော့ ချိန်ပင်းလည်း ဆက်ပြောမနေတော့ချေ။
ထိုအစား သူတိူ့သုံးယောက်အတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများက်ု ကူညီကိုင်တွယ်ပေးလိုက်၏။
"နင်တို့ ဒီမှာ စောင့်နေကြဦး... နှလုံးအထူးကုဌာနက ဒေါက်တာလီက နင်တို့ကို သူ့ရဲ့ ဌာနဆီခေါ်သွားပေးလိမ့်မယ်...ကျန်တာကတော့ နင်တို့တွေ သူမစကား နားထောင်ရုံပဲ .. ကြားလား..."
"ဟုတ်ကဲ့...."
လင်းရီမှ နှလုံးရောဂါ အထူးကုဌာနသို့ သွားရောက်တော့မည်ကိုကြားသိတော့ ကျိုးဇီချန် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
သူ၏ ဦးလေးမှာ နှလုံးဌာန၏ ဒါရိုက်တာပင်။ ယခု သကောင့်သားမှာ သူ့ဦးလေး၏ ပိုင်နက်ထဲသို့ ကျရောက်သွားပြီ ဖြစ်သောကြောင့် လက်စားချေရာ၌ ပိုမိုလွယ်ကူလိမ့်မည် မဟုတ်ပါလော။
" ဒေါက်တာလင်း... ကျွန်မတို့ ဝီချက်ခ်အပ်လို့ရမလားဟင်... "
HR ဌာနရှိ ကောင်မလေးတစ်ဦးမှ မျှော်လင့်ချက်တို့ ပြည့်နှက်နေသည့်မျက်၀န်းများဖြင့် လင်းရီထံ တောင်းဆိုလာခဲ့သည်။
"အမ်.. ဒါပေါ့... ရတာပေါ့...."
လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာတော့မည် ဖြစ်သောကြောင့် လင်းရီလည်း ကပ်စေးကုပ်မနေဘဲ သူ၏ QR ကုတ်ပို ပြကာ တစ်ယောက်ပြီးတစ်ယောက် စကန်ဖတ်ခိုင်းလိုက်၏။
"ငါလည်း နင်နဲ့ အပ်လို့ရလား... "ချောင်ရှင်းမှ တောင်းဆိုလာခဲ့သည်။
"ဘာလို့ မရမှာ... ငါတို့ကခု လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာဆိုတော့ ဝီချက်ခ်မရှိဘဲနဲ့ ဘယ်လိုလုပ် ဆက်သွယ်လို့ ရမှာ...."
"ဟုတ်တယ်နော်...."
ချောင်ရှင်း လေးပင်စွာ ခေါင်းညိမ့်လိုက်ပြီး သူမဖုန်းကိုထုတ်၍ လင်းရီ၏ QR ကုတ်ကို စကန်ဖတ်လိုက်သည်။
"ချောင်လေး.. ဒါက ငါ့ရဲ့ဝီချက်ခ်.. မင်းအပ်လို့ ရတယ်.... "
ကျောက်ကျိန်းရန်မှ လက်ဦးမှုရယူစွာ QR ကုတ်ပြလိုက်ပြီး ချောင်ရှင်း အကောင့်အပ်မှာကို စောင့်နေလိုက်သည်။
"အိုး...."
ချောင်ရှင်း ဟန်ပြ စကန်ဖတ်လိုက်ကာ သူမအိတ်ကပ်ထဲသို့ ဖုန်းပြန်ထည့်လိုက်၏။
"အမ်.. ဘာလို့ သူငယ်ချင်းဖြစ်ခွင့် တောင်းခံလွှာက ရောက်မလာခဲ့တာလဲဟ...."ကျိုးဇီချန် တီးတိုးရေရွတ်လိုက်ပြီး "ချောင်လေး မင်း အကောင့်အပ်လိုက်တ ာကော ဟုတ်ရဲ့လား...."
"အင်း... အပ်လိုက်တယ်.. ဒီက လိုင်းမကောင်းလို့ မတွေ့သေးတာနေမှာ... နောင်ကျ ပေါ်လာပါလိမ့်မယ်...."
ချောင်ရှင်း သာမန်လေသံဖြင့် ပြောလိုက်၏။
ထိုအချိန်တွင် HR ဌာန၏ ရုံးခန်းတံခါးမှာ ပွင့်လာခဲ့ပြီး မြင်းမြီးပုံစံနှင့် အမျိုးသမီးတစ်ဦး ၀င်ရောက်လာခဲ့လေသည်။
ထိုအမျိုးသမီးမှာ ဖြူဖွေးဥစင်းသည့် အသားအရေနှင့် ဘဲဥပုံသဏ္ဌာန် လှပသည့် မျက်နှာရှိ၏။ အမှတ်မထင် ကြည့်လိုက်မည်ဆိုပါက အသက်နှစ်ဆယ်ကျော်လေး အလားပင်။ သိူ့သော်လည်း ဖက်ရှင်ကတော့ သာမန်ဆန်လှ၏။ အထဲမှ ဘလောက်တစ်ထည်နှင့် အဖြူရောင် ကုတ်အရှည်ကိုသာ ၀တ်ဆင်ထားသည်။
ယင်းပုံစံက လင်းရီစိတ်ကူးထဲရှိ ဆရာ၀န်များ၏ ပုံစံနှင့် တစ်ထပ်တည်းပင်။
အကယ်၍ ဆရာ၀န်တစ်ဦးမှ ကျီချင်းရန်ကဲ့သို့ မြင်သူတကာ ငေးလောက်အောင် ၀တ်ဆင်ထားမည်ဆိုပါက လင်းရီ သံသယစိတ်များ ဖြစ်ပွားမိမှာ အမှန်ပင်။
"ဒေါက်တာလီ... နင်ရောက်လာပြီပေါ့..."
ထိုအမျိူးသမီး ရောက်လာသည်ကို မြင်တော့ ချိန်ပင်း မတ်တပ်ရပ်ပြီး လင်းရီနှင့် ကျန်သူများက်ု မိတ်ဆက်ပေးလိုက်သည်။
"နင်တို့ကို မိတ်ဆက်ပေးမယ် .. ဒါက နှလုံးရောဂါ အထူးကု ဌာနက ဒေါက်တာ လီချူးဟန်ပဲ....”