← Chapters

မဟာအကြီးအကဲအဆင့်အတန်း

Vol. 21 Ch. 287

မဟာအကြီးအကဲအဆင့်အတန်း

Vol. 21 Ch. 287

လမ်းတစ်လျှောက်မှာ မရေမတွက်နိုင်လောက်သောကျင့်ကြံသူများက သူ့ကို ကြိုဆိုကြသည်။ လေထုသည် လေးနက်သော အငွေ့အသက်များကို ပေးစွမ်းနေ၏။

ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် ကောင်းကင်မိစ္ဆာကိုသတ်ခဲ့ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို တုန်ခါသွားစေသည်။

ပျက်စီးဝိညာဉ်စွန့်ပစ်မြေ၏သတင်းများက သင်္ဘောပျံထက် ပိုမြန်သည်။

ဟန်မူယဲ့က ကျင့်ကြံခြင်းလောကအတွက် ကိုယ်ပိုင်ကျင့်ကြံခြင်းကို စတေးခဲ့သည်။ သူက အလွန်‌ဖြောင့်မတ်သည်ဟု ဆိုနိုင်သည်။

ဤတစ်ကြိမ်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဟန်မူယဲ့ကြောင့် ကျော်ကြားလာခဲ့သည်။

လက်အောက်ခံဂိုဏ်းများအနေဖြင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် သူတို့၏ဆက်ဆံရေးက တစ်ခုတည်းပင်ဖြစ်သည်။

ဟန်မူယဲ့ကို ကြိုဆိုခြင်းက လေးစားမှုဖြင့် သဘောထားကို ပြသခြင်းဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မဟာအကြီးအကဲကလည်း စောင့်ကြည့်နေသည်။

သင်္ဘောပျံက မိုင်သောင်းချီပျံသန်းခဲ့ပြီး ထောင်ချီနေသောကျင့်ကြံသူများ၏ ပို့ဆောင်မှုအောက်မှာ အံ့ဖွယ်ကိုးပါးတောင်သို့ ရောက်လာသည်။

“ဒေါင် ....”

အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ခေါင်းလောင်းသံမြည်လာသည်။

“ဒေါင် ....”

ဒုတိယအကြိမ်။

“ဒေါင် ....”

“ဒေါင် ....”

ထို့နောက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်။

ဟန်မူယဲ့က သင်္ဘောကုန်းပတ်မှာ မတ်တပ်ရပ်နေပြီး သက်ပြင်းချသည်။

တစ်နေ့မှာ သူ့ကိုကြိုဆိုရန်အတွက် ခေါင်းလောင်းသံမြည်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။

“ဒေါင် ....”

ပဥ္စမမြောက်အသံ

“ဒေါင် ....”

ဆဌမမြောက်အသံ။

မဟာအကြီးအကဲတစ်ယောက်အတွက် ကြိုဆိုမှုဖြစ်သည်။

သူက ခေါင်းလောင်းခြောက်ကြိမ်မြည်သံကို မည်သည့်အချိန်မှာ ကြားရမည်နည်းဟု ဟွမ်လောင်လျှိုအား မေးဖူးသည်။ သူက မနေနိုင်ဘဲ ရယ်လိုက်ပြီး ခေါင်းခါဖူးသည်။

ခေါင်းလောင်းခြောက်ကြိမ်မြည်သံကို ကြားရန်အတွက်မခက်ပေ။ သူက အကြီးအကဲတစ်ယောက်ဖြစ်လာပြီး ဂုဏ်ဆောင်ကာ ပြန်လာရန် လိုသည်။

“ဓားစံအိမ်ကိုတာဝန်ယူထားတဲ့ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေအတွက် သူ့ကိုယ်သူစတေးပြီး မိစ္ဆာကို သတ်ဖြတ်ခဲ့တယ်။ ငါတို့က သူ့ကို ဓားစံအိမ်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ လေးစားတယ်”

“ဂိုဏ်းရဲ့တပည့်တွေအားလုံး အကြီးအကဲဟန်မူယဲ့ကို ကြိုဆိုကြမယ် ....”

အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် အသံတစ်သံထွက်လာသည်။

လေးနက်နေသောအငွေ့အသက်နှင့် ဓားဆန္ဒကိုထုတ်ဖော်ထားသော ထို့ပါ့ချန်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အနီရောင်ဝတ်စုံအကြီးအကဲများနှင့် တပည့်များကို ဦးဆောင်လာပြီး ဟန်မူယဲ့ကို ဦးညွှတ်၍ ကြိုဆိုလိုက်သည်။

ကံကောင်းစွာဖြင့် သူက အနက်ရောင်အဝတ်အစားကို ဝတ်မထားခဲ့ပေ။

ယခုအချိန်တွင် ထို့ပါ့ချန်၏တစ်ကိုယ်လုံးက ချီစွမ်းအင်နှင့် ဓားဆန္ဒများ ပြည့်နေသည်။ သူက ကျင့်ကြံဆင့်ကို ဖုံးကွယ်မထားပေ။ ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

“စီနီယာအစ်ကိုဟန်၊ ကျေးဇူးပြုပြီး”

ကျန်းကျစ်ဟယ်က လေးနက်သောမျက်နှာထားဖြင့် လက်ကိုဆန့်ထုတ်သည်။ လေထုထဲမှာ အစိမ်းရောင်လမ်းကြောင်းတစ်ခုပေါ်လာပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အဝင်ပေါက်အထိ ဦးတည်သွားသည်။

ယခုအချိန်မှစပြီး ဟန်မူယဲ့က ဓားစံအိမ်၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။

သူ့အဆင့်အတန်းက မဟာအကြီးအကဲနှင့် တူညီသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင်ရှိသော ဓားစံအိမ်၏ ထူးခြားသောအဆင့်အတန်းကြောင့် တစ်ဂိုဏ်းလုံးက သူ့ကို စီနီယာအစ်ကိုဟန်ဟု ခေါ်ရသည်။

သို့မဟုတ် အကြီးအကဲဟန်ဟု ခေါ်နိုင်သည်။

ဟန်မူယဲ့က လက်သီးဆုပ်လိုက်ပြီး အဝတ်အစားများကို သပ်ရပ်သွားအောင်လုပ်သည်။ ထို့နောက် အစိမ်းရောင်လမ်းကြောင်းပေါ်သို့ တက်သွားသည်။

အစိမ်းရောင်ချီစွမ်းအင်က သူ့ကို အံ့ဖွယ်ကိုးပါးတောင်အထိ သယ်သွားသည်။

ရှေ့တွင်ရှိသော ခမ်းနားလှသည့်ဂိတ်ပေါက်ကိုကြည့်လိုက်ပြီး ဟန်မူယဲ့က အတွေးများနေသည်။

သူက ဂိတ်ပေါက်တွင် အသည်းအသန်တောင်းပန်ခဲ့သော အချိန်မှစ၍ တပည့်များအားလုံး သူ့ကိုကြိုဆိုနေသော လက်ရှိအချိန်အထိ သူ့အခြေအနေက အလွန်ထူးဆန်းနေသည်။

‘ဒါက ကျင့်ကြံခြင်းများလား’ သူတွေးမိသည်။

“စီနီယာအစ်ကိုဟန်”

ဂိတ်ပေါက်မှာ မီးခိုးရောင်ဝတ်စုံနှင့် အစေခံတပည့်တစ်ယောက်က စိတ်လှုပ်ရှားစွာဦးညွှတ်သည်။

“စီနီယာအစ်ကိုဟန်”

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နီမြန်းသောမျက်နှာနှင့် လူငယ်တစ်ယောက်ဖြစ်သည်။ ထိုလူငယ်က အပြင်စည်းတပည့်ဖြစ်ပေလိမ့်မည်။

“စီနီယာအစ်ကိုဟန်”

အဖြူရောင်ဝတ်စုံနှင့် ယန်မင်ရွှမ်က ဦးညွှတ်သည်။ သူ့ဘေးတွင် ဓားစံအိမ်၏လူတချို့ ရပ်နေသည်။

လေ့ကျင့်ရေးမှူးလင်း၊ လျှိုဟုန်နှင့် ကျန်းမင်တို့က သူ့ကို စိုးရိမ်စွာကြည့်နေသည်။

သိပ်မဝေးသောနေရာတွင် အဖြူရောင်ဝတ်စုံဖြင့် ပိုင်စုကျန်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြသည်။

သူ့ပတ်ပတ်လည်မှာ ‘စီနီယာအစ်ကိုဟန်’ ဆိုသော ခေါ်သံကို ကြားနေရသည်။ အားလုံးက ဟန်မူယဲ့ကို ကြည့်နေကြသည်။

သူတို့၏မျက်နှာပေါ်တွင် စိုရိမ်မှု၊ စိတ်လှုပ်ရှားမှု၊ လေးစားမှုနှင့် ဂုဏ်ယူမှုများရှိနေကြသည်။

ထိုအရာက အံ့ဖွယ်ကိုးပါးတောင်ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားကျင့်ကြံသူများအားလုံး၏ အိမ်ဖြစ်သည်။

ဟန်မူယဲ့က ရင်ဘတ်နှင့်ဝမ်းဗိုက်ထဲသို့ ချီစွမ်းအင်များရှူသွင်းနိုင်သကဲ့သို့ အသက်ပြင်းပြင်းရှူသည်။

ဤဂိုဏ်းသို့ စဝင်ခဲ့သောအချိန်မှာ ကျင့်ကြံခြင်းလောကကို တမ်းတနေခြင်းနှင့် ဆင်တူသည်။

“စီနီယာအစ်ကိုဟန်၊ ခန်းဆောင်ထဲမှာ ဂိုဏ်းချုပ်စောင့်နေပါတယ်”

သူ့နောက်တွင် ထို့ပါ့ချန်၏အသံ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အားလုံးကိုနှုတ်ဆက်သည့်အနေဖြင့် လက်သီးဆုပ်သည်။ ထို့နောက် တောင်ထိပ်ပေါ်သို့ ခြေလှမ်းကျဲများနှင့်အတူ လျှောက်သွားသည်။

သူ့လှုပ်ရှားမှုက လျင်မြန်ခြင်းမရှိဘဲ သာမန်လူသားတစ်ယောက်နှင့် တူသည်။ သူ့ခြေလှမ်းများက လေးလံနေသော်လည်း ခြေတစ်လှမ်းချင်းစီက ပေရာကျော်ကို ဖြတ်သန်းသွားပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

သူ့နောက်တွင် ရှိနေသော ထို့ပါ့ချန်နှင့် အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး နောက်မှ လျင်မြန်စွာလိုက်သွားသည်။

ဟန်မူယဲ့က သူတို့ထင်ထားသကဲ့သို့ ကျင့်ကြံခြင်းကို ဆုံးရှုံးမသွားခဲ့ပေ။

ထိုအရာက သတင်းကောင်းဖြစ်သည်။

အံ့ဖွယ်ကိုးပါးတောင်ထပ်သို့ ရောက်လာသောအခါတွင် ကျင်းကျီက ခန်းဆောင်ရှေ့တွင်ရှိသော ကျောက်စိမ်းစင်ပေါ်မှာ ထိုင်နေသည်။

ယခုအချိန်တွင် ကျင်းကျီက အိုနေပုံရသည်။ အံ့ဖွယ်ကိုးပါးတောင်ရှေ့တွင် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူကိုတိုက်ခိုက်ခဲ့သော ကျင်းကျီနဲ့ မတူတော့ပေ။

“ငါက စီနီယာအစ်ကိုဟန် ပြန်လာတာကို ကြိုဆိုသင့်တယ်။ ဒါပေမဲ့ တပည့်တွေရှေ့မှာ ပေါ်မလာတာ ပိုကောင်းလိမ့်မယ်”

ကျင်းကျီက မတ်တပ်ရပ်နေသောဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများနှင့်အတူ ကျင်းကျီဆီသို့ တိုးလာသည်။

“ဂိုဏ်းခေါင်းဆောင်မှာ အချိန်သိပ်မကျန်တော့ဘူးပဲ”

ကျင်းကျီက ရွှေအမြုတေကို ဖျက်ဆီးခဲ့သော်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့် နှစ်ပေါင်းရာချီ အသက်ရှင်နိုင်သည်။

သို့သော်လည်း သူ့တွင် သက်တမ်းသိပ်မကျန်တော့ပေ။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ကျင်းကျီက လက်ကိုဝှေ့ယမ်းလိုက်ပြီး ရယ်သည်။

“ငါတို့လိုကျင့်ကြံသူတွေက သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြဘူး။ ငါတို့က လွတ်လပ်တယ်။ သက်တမ်းအကြောင်းကို ဘာဖြစ်လို့ဂရုစိုက်နေမှာလဲ”

ထို့နောက် သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ပျက်စီးဝိညာဉ်စွန့်ပစ်မြေမှာ မင်းတိုက်ခိုက်ခဲ့တုန်းက သေခြင်းရှင်ခြင်းကို အထင်သေးခဲ့တယ်မဟုတ်ဘူးလား”

မှန်သည်။

အကယ်၍ ကောင်းကင်မိစ္ဆာက ပျက်စီးမသွားခဲ့လျှင် ဟန်မူယဲ့က အသက်ရှင်မည် မဟုတ်ပေ။

“မင်းနဲ့ယှဉ်လိုက်ရင် ငါ၊ ထို့ပါ့ချန်က ဓားကျင့်ကြံသူတစ်ယောက်လို့ မခေါ်သင့်ဘူး”

သူ့နောက်တွင် ထို့ပါ့ချန်၏အသံကို ကြားလိုက်ရသည်။

ဟန်မူယဲ့က နောက်လှည့်ကြည့်လိုက်သောအခါတွင် ကျောက်စိမ်းစင်ပေါ်သို့တက်လာသော ထို့ပါ့ချန်ကို မြင်လိုက်ရသည်။

“အကြီးအကဲထို့ပါ့ချန်က ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူပဲ။ ဓားအလင်းလည်း ဖြစ်ပေါ်နေပြီ။ ခင်ဗျားက ဓားကျင့်ကြံသူမဟုတ်ဘူးဆိုရင် ဘယ်သူကများ ဓားကျင့်ကြံသူဖြစ်ဦးမှာလဲ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ‌ပြောသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ထို့ပါ့ချန်က ကိုယ်ပိုင်နားလည်နိုင်စွမ်းကိုအသုံးပြု၍ ဓားတာအိုကို အောင်မြင်ခဲ့သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဓားနှင့်ပတ်သတ်၍ သူနှင့်ယှဉ်နိုင်သောလူ သိပ်မရှိပေ။

ထိုလူမျိုးက ဓားကျင့်ကြံသူမဟုတ်လျှင် မည်သူက ဓားကျင့်ကြံသူဖြစ်မည်နည်း။

သူတို့သုံးယောက်က ကျောက်စိမ်းစင်မြင့်ထက်မှာရပ်ပြီး အဝေးတွင်ရှိသောတိမ်တိုက်များကို တိတ်ဆိတ်စွာငေးကြည့်နေသည်။

အချိန်အတော်ကြာသွားသောအခါတွင် ကျင်းကျီက သက်ပြင်းချလျက်ပြောသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နှစ်တစ်သောင်းသမိုင်းကြောင်းရှိခဲ့တယ်။ အနိမ့်အမြင့် အတက်အကျတွေအားလုံးကိုလည်း ကြုံတွေ့ခဲ့တယ်။ ဒီနေ့မှာတော့ တိုးတက်လာမယ့်အရိပ်အယောင်ကို မြင်ရတယ်”

တိုးတက်ခြင်း။

ယခင်မျိုးဆက်ငါးခုလုံးတွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများရှိပြီး အားကောင်းပုံပေါ်ပေမဲ့ ဟန်ပြသာဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သန်မာခဲ့သော်လည်း ဖုန်းလင်ဓားဂိုဏ်းနှင့် တိုက်ခိုက်နေရသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေက ဂိုဏ်းနှစ်ဂိုဏ်းလုံးထိခိုက်သွားရန် စောင့်နေသည်။

ယခုအချိန်တွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများ အများအပြားရှိနေသည့်အပြင် ဂိုဏ်း၏မျိုးဆက်သစ်များကလည်း အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ကျော်ကြားလာကြသည်။

အထက်တွင် ဖိနှိပ်ထားနိုင်သော ကျွမ်းကျင်သူများရှိပြီး အောက်တွင် မျိုးဆက်သစ်များက တိုက်ခိုက်နေသည်။ ဂိုဏ်းတွင် နှစ်တစ်သောင်းစုစည်းထားသော အရင်းအမြစ်များရှိပြီး အပြင်လောကတွင် မူမိသားစုခေါင်းဆောင်နှင့် စပါးစိမ်းတောင်ကုန်း၏မိစ္ဆာကြီးရှိနေသည်။ တခြားဂိုဏ်းများနှင့်လည်း ပူးပေါင်းထားသည်။

အမှန်တကယ်တိုးတက်လာမည့် အရိပ်အယောင်ဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ထိပ်တန်းဂိုဏ်းများကြားတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သေချာပေါက် နေရာရလာလိမ့်မည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အရှိန်အဟုန်က စုစည်းလာပြီဖြစ်သည်။ သူတို့မြင့်တက်လာခြင်းကို မည်သူမှ မတားဆီးနိုင်ပေ။

ထိုအရာက ဂိုဏ်း၏စုပေါင်းထားသော ကြိုးစားအားထုတ်မှုများနှင့် ကြောက်ရွံ့စိတ်ကင်းမဲ့သော စတေးခြင်းကြောင့် ဖြစ်ပေါ်လာသည်။

တိမ်မြုံကမ်းပါးတိုက်ပွဲတွင် မဟာအကြီးအကဲလုဟောင်က ကျက်သရေရှိစွာအသက်စွန့်ခဲ့သည်။ ဓားစံအိမ်၏ ဓားထိန်းဟွမ်လောင်လျှိုက မိစ္ဆာအဖြစ်ပြောင်းပြီး တခြားမိစ္ဆာကိုသတ်၍ အနောက်ဘက်နယ်စပ်ကုန်းမြေအတွက် အောင်ပွဲရအောင် လုပ်ပေးခဲ့သည်။

ဓားစံအိမ်အကြီးအကဲဟန်မူယဲ့က ကျင့်ကြံခြင်းကိုစတေး၍ ကောင်းကင်မိစ္ဆာကိုသတ်ဖြတ်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ထောင်ချီသောလက်ရွေးစင်များကို ကယ်တင်ခဲ့သည်။ ပျက်စီးဝိညာဉ်စွန့်ပစ်မြေကို ပြန်လည်ရှင်သန်စေခဲ့သည်။

ဤကျောက်စိမ်းစင်မြင့်ထက်တွင် ဂိုဏ်းခေါင်းဆောင်ကျင်းကျီက တာအိုလမ်းစဉ်ကိုဖြတ်တောက်ပြီး ဓားစံအိမ်အကြီးအကဲဟန်မူယဲ့က ကျင့်ကြံခြင်းကို ဖျက်ဆီးခဲ့သည်။

ပိုင်ရှင်မပါဘဲ ပြန်လာခဲ့ရသောဓားများ ဓားစံအိမ်တွင် မည်မျှရှိနေသနည်း။

“ဒါက ငါ့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းပဲ”

ထို့ပါ့ချန်က ဟန်မူယဲ့ကိုလှည့်ကြည့်ပြီး ပြောသည်။

“ဒါကို မင်းက ငါ့ထက်ပိုပြီး နားလည်မှာပါ”

ဟန်မူယဲ့က နားလည်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တခြားဂိုဏ်းများနှင့်မတူပေ။ အားကောင်းသောအမွေအနှစ်မရှိသလို ထိပ်တန်းကျင့်ကြံသူလည်း မရှိပေ။ ဂိုဏ်း၏ မျိုးဆက်အသီးအသီမှ စွန့်လွှတ်အနစ်နာခံမှုများသာ ရှိသည်။

အောက်ခြေအဆင့်ဓားသမားများကိုစုစည်းပြီး ‌နွေးထွေးမှုရယူထားသော ဂိုဏ်းတစ်ဂိုဏ်းသာဖြစ်သည်။

ဂိုဏ်းတွင် ဟန်မူယဲ့တွေ့ခဲ့သောလူတိုင်းက အဆင့်မြင့်ပါရမီနှင့် အထင်ကြီးစရာကောင်းသောကျင့်ကြံခြင်းကို ပိုင်ဆိုင်မထားနိုင်သော်လည်း ကိုယ်ပိုင်လမ်းစဉ်ကို ကျင့်ကြံထားသည်။

ဓားစံအိမ်အကြီးအကဲ ကောင်းချန်ကုန်း။

မီးမျိုးဆက်မဟာအကြီးအကဲ တောက်ရင်။

လုဟောင်။

ကျင်းကျီ။

စုန့်ခုနစ်ဖြစ်သွားသော စုန့်တစ်ဆယ်လည်းရှိသည်။ ဖုန်းရှို့တောင်ကုန်းမှာ သေသွားခဲ့သော လုတစ်ဆယ်၊ ဆရာ၏သွေးမျိုးဆက်ကို အရှေ့ပင်လယ်သို့ပို့ပေးရန် ရွေးချယ်လိုက်သော ယန်ကျောက် ....

ထို့နောက် ဟွမ်လောင်လျှို။

‘ကျင့်ကြံခြင်းက ဒီလိုပဲမဟုတ်ဘူးလား’

“ကောင်လေး၊ မင်းက ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွက် ရဲရဲတင်းတင်းပြောခဲ့တယ်။ နောက်သုံးနှစ်နေရင် မင်းဘယ်လိုလုပ်မှာလဲ”

ထို့ပါ့ချန်က ပြုံးလိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။

သူ့အခေါ်အဝေါ်ကြောင့် ပိုမိုနီးကပ်သွားပုံရသည်။

ဟန်မူယဲ့က အကြီးအကဲရာထူးကို ဂရုမစိုက်ပေ။

“သုံးနှစ်ကျန်သေးတယ်မဟုတ်ဘူလား”

ဟန်မူယဲ့က တောက်ပသောမျက်လုံးများဖြင့် ရှေ့သို့ကြည့်သည်။

“သုံးနှစ်က အရမ်းကြာပါတယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ထို့ပါ့ချန်နှင့် ကျင်းကျီက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

သူတို့က ဟန်မူယဲ့၏တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။

All Chapters