← Chapters

တိမ်ကြာပန်းဆေးလုံး

Vol. 21 Ch. 289

တိမ်ကြာပန်းဆေးလုံး

Vol. 21 Ch. 289

လင်းရှန်၏ကျင့်ကြံခြင်းက ကျောက်စိမ်းအရိုးနှင့် ဖြည်းဖြည်းချင်းပေါင်းစပ်နေသောကြောင့် သူ့ကျင့်ကြံဆင့်က ကမ္ဘာမြေ စိတ်ဝိညာဉ်နိုးထခြင်း အလယ်အလတ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

သူ့တိုက်ခိုက်နိုင်စွမ်းအရ ရွှေအမြုတေအဆင့်ကို တိုက်ခိုက်နိုင်သည်။

သူက ဓားကို အကြိမ်ရေသန်းချီအောင် ဆွဲထုတ်ခဲ့ပြီး ကျောက်ဖြိုတောင်ကုန်းဓားနည်းစနစ်ကို ကျွမ်းကျင်တော့မည်ဖြစ်သည်။

သူ့ဓားနည်းစနစ်က ဓားဆန္ဒအဖြစ်စုစည်းသွားလျှင် သူ့တိုက်ခိုက်နိုင်စွမ်းက ပိုမိုတိုးတက်လာလိမ့်မည်။

“လေ့ကျင့်ရေးမှူးလင်း၊ ခင်ဗျား၊ ကျွန်တော်နဲ့ ဟွမ်လောင်လျှိုတို့က ကိုယ်ပိုင်တာအိုကိုရှာဖွေဖို့အတွက် ဓားစံအိမ်ကို ရောက်လာကြတာပဲ”

ဟန်မူယဲ့က လင်းရှန်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

သူတို့က တာအိုကို ရှာဖွေသည်။

“ကျွန်တော်က အစောင့်မလိုဘူး။ ခင်ဗျားရဲ့ကျင့်ကြံခြင်းက တခြားလူကို စောင့်ကြပ်ပေးဖို့မဟုတ်ဘူး”

“ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ဓားက တစ်လောကလုံးကို တိုက်ခိုက်ဖို့အတွက်ပဲ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး လင်းရှန်ကိုကြည့်သည်။

“လေ့ကျင့်ရေးမှူးလင်း၊ အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေက ကျွန်တော့်ကိုစိန်ခေါ်ဖို့အတွက် ဓားစံအိမ်ကိုလာမယ်လို့ ကြားထားတယ်။ ခင်ဗျားက ပထမစင်မြင့်ကို ‌စောင့်ကြပ်ရလိမ့်မယ်”

‘အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေ လာမှာလား’

အရှေ့ပင်လယ်က ဓားကျင့်ကြံသူများ၏ကမ္ဘာဖြစ်သည်။

အရှေ့ပင်လယ်၏ဓားတာအိုက လေးနက်မှုရှိသည်။

လင်းရှန်က မျက်လုံးများတောက်ပလာပြီး ခေါင်းညိတ်သည်။

သူ့ရည်ရွယ်ချက်က ဟန်မူယဲ့နှင့်ဓားစံအိမ်ကို ကာကွယ်ရန်ဖြစ်သည်။

ဟန်မူယဲ့မရှိလျှင် သူက ယနေ့ကဲ့သို့ ဖြစ်မလာနိုင်ပေ။

သို့သော်လည်း ဟန်မူယဲ့ပြောထားသည့်အတိုင်း လူတိုင်းမှာ ကိုယ်ပိုင်လမ်းစဉ်ရှိသည်။

မည်သည့်လူကမှ တခြားလူ၏လက်အောက်ခံမဟုတ်ပေ။

လင်းရှန်က အောက်ထပ်သို့ဆင်းသွားသောအခါတွင် ယန်မင်ရွှမ်နှင့် လျှိုဟုန်က အပေါ်သို့တက်လာသည်။

ဟန်မူယဲ့၏ညွှန်ကြားချက်အရ သူတို့နှစ်ယောက်က ဓားစံအိမ်ပထမထပ်ကို စောင့်ကြပ်ပြီး ဓားများလက်ခံခြင်းနှင့် စု‌ဆောင်းခြင်းကို အဓိကတာဝန်ယူရမည်။

ယန်မင်ရွှမ်က အားထုတ်ပြီးကျင့်ကြံနေသောကြောင့် လျှိုဟုန်က တခြားကိစ္စရပ်များကို အာရုံစိုက်ထားခဲ့သည်။

“လျှိုဟုန်၊ ကောင်းမိသားစုရဲ့ ဓားအကဲဖြတ်ပွဲကို သွားလိုက်ပါ”

“ဓားစံအိမ်ကို သိက္ခာမကျစေနဲ့”

ဟန်မူယဲ့က လက်မြှောက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ပစ်ပေးသည်။

“ဒီကျောက်စိမ်းပေလွှာထဲမှာ သန့်စင်ခြင်းနည်းစနစ် ၈၂ခုရဲ့ အသေးစိတ်အချက်အလက်နဲ့ လက္ခာရပ်တွေ ပါဝင်တယ်။ ပြီး‌တော့ ဓားရှည် ၃၀၀ရဲ့ ပုံစံလည်း ပါတယ်”

“ဓားစံအိမ်ရဲ့ပထမထပ်မှာ ဓားသုံးသောင်းရှိတယ်။ သူတို့ကို သေချာလေ့လာပါ။ ဓားအကဲဖြတ်ပွဲမတိုင်ခင်မှာ မင်းက ဓားဆရာတစ်ယောက်ဖြစ်လာသင့်တယ်”

ထိုသို့ပြောလိုက်ပြီး ဟန်မူယဲ့က ပြုံးသည်။

“ဒီလိုမျိုးဆိုရင် မင်းက ဓားအကဲဖြတ်ပွဲမှာ နာမည်ကြီးလာပြီး ကောင်းမိသားစုရဲ့ သမီးကြီးက မင်းကို အမြင်တစ်မျိုးနဲ့ ကြည့်လာလိမ့်မယ်။ သူမက မင်းကို အသုံးအဖြုန်းကြီးတဲ့ သားတစ်ယောက်အဖြစ်မြင်တော့မှာမဟုတ်ဘူး”

ဟန်မူယဲ့၏စကားများကြောင့် လျှိုဟုန်၏မျက်နှာက အနည်းငယ်နီရဲသွားသည်။

သူက ကောင်းအီနှင့် စေ့စပ်ထားသော်လည်း ကောင်းအီက အမှီအခိုကင်းမဲ့သော အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။ သူကတော့ ဓားစံအိမ်မှာပဲ ရှိနေသေးသည်။

ကောင်းအီက သူ့အပေါ်တွင် အနည်းငယ်အေးစက်သည်။

“ယန်မင်ရွှမ်၊ မင်းက ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ အလင်းတောင်ကုန်းဓားဂိုဏ်းကို ကိုယ်စားပြုချင်တယ်ဆိုရင် မင်းရဲ့ လက်ရှိကျင့်ကြံဆင့်နဲ့ တိုက်ခိုက်နိုင်စွမ်းက မလုံလောက်ဘူး”

လေးနက်သောမျက်နှာထားနှင့် ယန်မင်ရွှမ်ကို ဟန်မူယဲ့က ကြည့်လိုက်ပြီး နက်ရှိုင်းသောလေ့သံဖြင့် ပြောသည်။

ယန်မင်ရွှမ်က ခေါင်းညိတ်သည်။

“စီနီယာအစ်ကိုကြီး၊ ကျေးဇူးပြုပြီး သင်ပြပေးပါ”

သူ့တိုက်ခိုက်နိုင်စွမ်းက မလုံလောက်သော်လည်း သူက အလုပ်ကြိုးစားသည်။ ထို့အပြင် သူက ဟန်မူယဲ့ကို ယုံကြည်ပြီး စကားနားထောင်သည်။

ဟန်မူယဲ့တစ်ယောက်ကပဲ သူ့ကို ကူညီနိုင်သည်။ ဟန်မူယဲ့၏အကူအညီမရှိလျှင် သူက အလင်းတောင်ကုန်းဓားဂိုဏ်းကို ထိန်းချုပ်ပြီး ယန်တင်းရှန်၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။

“ငါက တံခါးပိတ်ကျင့်ကြံပြီး ဆေးလုံးတချို့သန့်စင်လိုက်ဦးမယ်။ ပြီးရင် ဂိုဏ်းရဲ့ လက်ရွေးစင်တွေနဲ့အတူ မူလမီးတောက်ကမ္ဘာကိုသွားဖို့ မင်းအတွက် စီစဉ်ပေးမယ်”

ဟန်မူယဲ့က မူလမီးတောက်ကမ္ဘာ၏အခြေအနေကို အကြမ်းဖျင်းရှင်းပြလိုက်ပြီး ပြောသည်။

“အဲဒီနေရာမှာ အသက်လုတိုက်ပွဲတွေနဲ့ပြည့်နေတယ်။ အဲဒီမှာရှင်သန်နိုင်ရင် နောက်သုံးနှစ်အကြာမှာကျင်းပမယ့် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီလိမ့်မယ်”

သူက ပြင်ပဘုံကျင့်ကြံသူများနှင့် တိုက်ခိုက်လျှင် ရှင်သန်ရန်မသေချာပေ။

ယန်မင်ရွှမ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တီးတိုးပြောသည်။

“ဟုတ်ကဲ့ပါ”

....

ကိစ္စရပ်များဖြေရှင်းပြီးသွားသောအခါတွင် ဟန်မူယဲ့က ဝင်္ကပါပြားကို ထုတ်ယူသည်။ ထို့နောက် သူက လက်မြှောက်ပြီး ဓားစံအိမ်၏ ဝင်္ကပါနှင့် ဝင်္ကပါပြားကို အသက်သွင်းသည်။

တာအိုဆရာတယန်ကလည်း သူ့ဘေးသို့ရောက်လာပြီး ကာကွယ်ထားသည်။

ဟူး…

ညင်သာသောအသံနှင့်အတူ သုံးပေမြင့်သော ကြေးမီးပြင်းဖိုတစ်ခုက ဟန်မူယဲ့ရှေ့သို့ ရောက်လာသည်။

ခေါင်းဆောင်က ကြယ်တစ်လုံးကိုယူ၍ မီးပြင်းဖိုဖြစ်လာအောင် သန့်စင်ခဲ့ခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့် မီးပြင်းဖိုဝိညာဉ်က အပြင်းအထန်ဒဏ်ရာရပြီး ကမ္ဘာမြေမီးတောက်များ၏ဝါးမျိုခြင်းကို ခံခဲ့ရသည်။ ယခုအချိန်တွင် မီးပြင်းဖို၏အသိစိတ်က ပျက်စီးနေသည်။ ထိုသို့မဟုတ်လျှင် ဓမ္မရတနာအဆင့် မီးပြင်းဖိုဖြစ်နေပေလိမ့်မည်။

တာအို၏အမည်နာမအောက်တွင် မူလရင်းမြစ်ကို ရရှိခဲ့သည်။

တာအိုမူလမီးပြင်းဖို…

မီးပြင်းဖိုနှင့် မျက်နှာချင်းဆိုင်ထားပြီး ဟန်မူယဲ့၏မျက်နှာထားက လေးနက်နေသည်။

အာခီမီပညာရပ်၊ လက်နက်သန့်စင်ခြင်းနှင့် ဓားလေ့ကျင့်ခြင်းကို ‌လေးနက်စွာမှတ်ယူရမည်။

ကျင့်ကြံခြင်းလောကတွင် ကြိုးစားအားထုတ်မှ အောင်မြင်မှုရနိုင်မည်။

သူ့ရှေ့တွင် ဝိညာဉ်ဆေးပင်များရှိနေသည်။

ဝိညာဉ်ဆေးပင်များ၏ဘေးတွင် ရွှေကြာစေ့သုံးစေ့ရှိသည်။

ဟန်မူယဲ့က နဝင်းကိုးပါးရွှေကြာစေ့ဆေးလုံးအတွက် ဆေးပင်သုံးစုံစာကိုသာ စုဆောင်းနိုင်ခဲ့သည်။

သူက ရွှေကြာစေ့များ လိုအပ်မနေသော်လည်း နဝင်းကိုးပါးရွှေကြာစေ့ဆေးလုံးကို အများအပြား မသန့်စင်နိုင်ပေ။

သူက လက်မြှောက်လိုက်သောအခါတွင် ချီပင်လယ်ထဲမှ ဓားဆန္ဒတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

မီးသဖွယ်နီရဲနေသော ဓားဆန္ဒက ချည်မျှင်အဖြစ်ပြောင်းလဲပြီး မီးပြင်းဖိုဆီသို့ ပျံသန်းသွားသည်။

ဓားဆန္ဒကို ဓားချည်မျှင်အဖြစ် ပြောင်းလဲခြင်းက ဓားဆန္ဒစုစည်းခြင်း၏ ပုံစံဖြစ်သည်။

ဓားချည်မျှင်က တောင်ကုန်းတစ်ခုကို ခုတ်ပိုင်းပစ်နိုင်သည်။

ဓားချည်မျှင်အဖြစ်စုစည်းထားသော ဓားဆန္ဒက မီးပြင်းဖိုနှင့်တိုက်မိသွားပြီး ခပ်အုပ်အုပ်တုန်ခါသံ ထွက်လာသည်။

ထို့နောက် ဓားချည်မျှင်က မီးပြင်းဖိုကိုရစ်ပတ်လိုက်သည်။ မီးပြင်းဖိုက လေထုထဲသို့ ဖြည်းညင်းစွာမျောလွင့်ပြီး လည်ပတ်နေသည်။

သို့သော်လည်း အပူချိန်မရှိပေ။

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ဝိညာဉ်ကျောက်တုံးတစ်တုံး ပေါက်ကွဲသွားသည်။ ထို့နောက် အအေးဓာတ်အနည်းငယ်ထွက်ပေါ်လာပြီး သူ့လက်ချိပ်စည်းကြောင့် ဆီးနှင်းများအဖြစ် ပြောင်းလဲသွားသည်။

နဝင်းကိုးပါးအာခီမီနည်းစနစ်၏ ပထမပိုင်းတွင် သူက ရေခဲနှင်းစုစည်းခြင်းနည်းစနစ်ကို အသုံးပြုခဲ့သည်။

နှင်းခဲချီက ဓားဆန္ဒနှင့် ပေါင်းစပ်သွားသည်။ ဓားဆန္ဒက တုန်ခါသွားပြီး အရိုးအေးစေနိုင်သော အေးစက်မှုများကို ထုတ်ပေးသည်။

အေးစက်ခြင်းအငွေ့အသက်များက မြှင့်တက်လာပြီး မီးပြင်းဖိုထဲသို့ စိမ့်ဝင်သွားသည်။

ဟန်မူယဲ့က ဝိညာဉ်ဆေးပင်များကို မီးပြင်းဖိုထဲသို့ တစ်ပင်ပြီးတစ်ပင် ပစ်ထည့်လိုက်သည်။ ထို့နောက် ဆေးစွမ်းအားများ ပျော်ကျသွားပြီး လှည့်ပတ်နေသောအလင်းကို စောင့်ကြည့်သည်။

မီးတောက်အာခီမီပညာရပ်နှင့်မတူဘဲ ရေခဲနှင်းစုစည်းခြင်းနည်းစနစ်က ဆေးပင်၏ ဆေးစွမ်းအားများ အားလုံးနီးပါးကို ကာကွယ်ပေးထားသည်။

ထိုနည်းလမ်းကြောင့် များပြားလှသော အသေးစိတ်ပြောင်းလဲမှုများနှင့်အတူ ဝိညာဉ်ဆေးပင်များက ဆေးလုံးအဖြစ် သန့်စင်ခံလိုက်ရသည်။

“ခန့်မှန်းထားတဲ့အတိုင်း လောကရဲ့မဟာတာအိုက တကယ်မှော်ဆန်တာပဲ။ အပြည့်အဝသန့်စင်မနေတာက ကောင်းတယ်”

ရေခဲစွမ်းအားများနှင့် ရစ်ပတ်ခံထားရပြီး မီးပြင်းဖိုအတွင်း ဖြည်းညှင်းစွာလှည့်ပတ်နေသော ဆေးစွမ်းအားများကိုကြည့်လိုက်ပြီး ဟန်မူယဲ့က အနေည်းငယ်နားလည်သွားသည်။

ယခင်က ဆေးလုံးသန့်စင်ရာတွင် သန့်စင်မှုကို သူဦးစားပေးခဲ့သည်။

အမှန်တော့ တစ်ခါတလေမှာ အလွန်အကျူးဖြစ်သွားခြင်းက ပြီးပြည့်စုံခြင်းမဟုတ်ပေ။

ဝိညာဉ်ဆေးပင်များက မီးပြင်းဖိုအတွင်း လှည့်ပတ်နေပြီး ကြည်လင်သော ဆေးလုံးသုံးလုံးအဖြစ် ပြောင်းသွားသည်။

တိမ်ကြာပန်းဆေးလုံး…

ထိုအရာက သာမန် တိမ်ကြာပန်းဆေးလုံးများဖြစ်သည်။ အဆင့်က မဆိုးဘဲ အရည်အသွေးကောင်းလျှင်ပင် ဆေးစွမ်းအားက သာမန်ပင်ဖြစ်သည်။ ထိုဆေးလုံးမျိုးက ရွှေကြာစေ့နှင့် သိပ်မကွာပေ။

ထိုအတိုင်းဆိုလျှင် သူက ရွှေကြာစေ့ကိုပဲ တိုက်ရိုက်မြိုချလိုက်မည်။ အဖိုးတန်ဝိညာဉ်ဆေးပင်များကို ဖြုန်းတီးနေစရာမလိုပေ။

ဟန်မူယဲ့က မီးပြင်းဖိုကိုကြည့်ပြီး ပုတ်လိုက်သည်။

“ဘမ်း ....”

မီးပြင်းဖိုအတွင်း ရေခဲစွမ်းအားများက ချက်ချင်းပျောက်ကွယ်သွားပြီး ‌ဆေးလုံးများ ပျက်စီးသွားသည်။ ကြွယ်ဝသောဆေးစွမ်းအားများက မီးပြင်းဖိုအတွင်း ကပ်ငြိနေသည်။

ရေခဲစွမ်းအားများ ပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့က လက်ညှိုးညွှန်သည်။

ဓားဆန္ဒက မီးပြင်းဖိုပေါ်သို့ကျရောက်ပြီး ရေငွေ့များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လှိုင်းလုံးများသဖွယ် လှုပ်ရှားနေသည်။

မီးပြင်းဖိုအတွင်း ဆေးစွမ်းအားများက ပုံရိပ်လှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ လှိုင်းလုံးနဲ့ ပုံရိပ်လှိုင်းများက ဆေးစွမ်းအားများကို တစ်လွှာပြီးတစ်လွှာ စုစည်းလိုက်သည်။

“ဓားနည်းစနစ်ကို အာခီမီပညာရပ်ထဲမှာ ပေါင်းထည့်တာလား’

မီးပြင်းဖိုအတွင်း၌ရှိသော လှိုင်းများကိုကြည့်လိုက်ပြီး ဟန်မူယဲ့က အနည်းငယ်အံ့အားသင့်သွားသည်။

ထို့နောက် သူက ခေါင်းခါသည်။

ထိုနည်းလမ်းကို တခြားလူများ လိုက်မလုပ်နိုင်ပေ။

အနည်းဆုံးတော့ သူတို့က ကြယ်တစ်စင်းအားသန့်စင်ထားသော တာအိုမူလမီးပြင်းဖို နောက်ထပ်တစ်လုံးကို မရှာနိုင်ပေ။

တာအိုမူလ မီးပြင်းဖိုမရှိလျှင် ဓားနည်းစနစ်ကိုအသက်မသွင်းနိုင်ခင်မှာ မီးပြင်းဖိုက ပေါက်ကွဲသွားပေမည်။ ဆေးလုံးကို မည်သို့သန့်စင်မည်နည်း။

“ဝှစ် ....”

လှိုင်းတွန့်တစ်ခုနှင့်အတူ ဆေးလုံးဖြစ်တည်လာသည်။

ဟန်မူယဲ့က လက်ခုပ်တီးလိုက်သောအခါ မီးပြင်းဖိုအတွင်း၌ရှိသော ဆေးလုံးများ ပျက်စီးသွားပြန်သည်။ ရေစွမ်းအားများ ပျောက်ကွယ်သွားသည်။

မီးစွမ်းအားပေါ်ထွက်လာသည်။

....

မီးပြင်းဖိုအတွင်း၌ရှိသော ဆေးလုံးက သုံးရက်အတွင်းမှာ အစိမ်းရောင်မှ အကြည်ရောင်၊ အကြည်ရောင်မှ အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။

ယခုအချိန်တွင် ဆေးလုံးများက ရွှေအင်းကွက်ကိုးခုနှင့်အတူ ပဲစေ့အရွယ်အစား ပုတီစေ့များ ဖြစ်လာသည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး မီးပြင်းဖိုကို ဖွင့်သည်။

ဝုန်း...

ပေါက်ကွဲမှုတစ်ခုဖြစ်လာသည်။

အံ့ဖွယ်ကိုးပါးတောင်တစ်ခုလုံးတွင် မိုးကြိုးများစုစည်းနေသည်။

အာခီမီကပ်ဘေးက လွန်ခဲ့‌သောတစ်ရက်မှစတင်၍ ပေါ်ထွက်လာခဲ့သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အကာအကွယ်ဝင်္ကပါနှင့် ဓားစံအိမ်၏ဝင်္ကပါကို အသက်သွင်းထားခဲ့သည်။

ကျဆင်းလာသောမိုးကြိုးများက တစ်ခုပြီးတစ်ခု ချေဖျက်ခံလိုက်ရသည်။ ထို့နောက် မိုးကြိုးများက သန့်စင်သော ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်းလဲပြီး ဝိညာဉ်နယ်မြေထဲသို့ ထည့်သွင်းခံလိုက်ရသည်။

အံ့ဖွယ်ကိုးပါးတောင်၏ ရွှေအမြုတေအဆင့်အကြီးအကဲများက တံခါးပိတ်ကျင့်ကြံရန် ဝိညာဉ်နယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။

မိုးကြိုးကပ်ဘေးက ကျင့်ကြံသူများအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။

သို့သော်လည်း ဝိညာဉ်ကျောက်တုံး အများအပြားကုန်ဆုံးသည်။

တစ်ညအတွင်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးဆယ်တုံး အသုံးပြုခဲ့ရသည်။ စုစုပေါင်းတန်ဖိုးက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းဖြစ်သည်။

ထိုကုန်ကျစရိတ်ကြောင့် ထို့ပါ့ချန်က ရင်နာသွားပြီး ဟန်မူယဲ့နှင့် စာရင်းရှင်းမည်ဟု ရေရွတ်ခဲ့သည်။

တစ်ဖက်တွင် ဂိုဏ်းခေါင်းဆောင်ကျင်းကျီက အမြင်ကျယ်သည်။ သူက လက်ကိုဝှေ့ယမ်းပြီး ပြောသည်။

“မင်းက အာကာသဝိညာဉ်သူငယ်‌‌ဆေးလုံးကို မလိုချင်တော့ဘူးလား”

All Chapters