← Chapters

အင်မော်တယ်ဝိညာဉ်အမြစ်

Vol. 21 Ch. 290

အင်မော်တယ်ဝိညာဉ်အမြစ်

Vol. 21 Ch. 290

ထိုစကားများကြောင့် ထို့ပါ့ချန်က ပါးစပ်ပိတ်သွားသည်။

ဟန်မူယဲ့က မိုးကြိုးကပ်ဘေးကိုတားဆီးနိုင်သော ထူးခြားသည့်သားမွေးအား ပိုင်ဆိုင်ထားသော်လည်း မလိုအပ်လျှင် ထုတ်မသုံးသင့်ကြောင်း ခံစားမိသည်။

မိုးကြိုးကပ်ဘေးကို ဝင်္ကပါက ကာကွယ်ပေးထားသောကြောင့် သူက ပြဿနာများကို ရင်ဆိုင်စရာမလိုတော့ပေ။

ဆေးလုံးများ ပျံထွက်လာသောအခါတွင် သူက ‌ဓားစံအိမ်၏ဝင်္ကပါကိုအသုံးပြု၍ ဆေးလုံးများအား ဖိနှိပ်ထားပြီး မိုးကြိုးအရိပ်အယောင်တချို့ကိုအသုံးပြု၍ သူတို့ကို သန့်စင်လိုက်သည်။

မိုးကြိုးများ ပျောက်ကွယ်သွားသောအခါတွင် ရွှေရောင်ဆေးလုံးသုံးလုံ ကျန်ရစ်ခဲ့သည်။

နဝင်းကိုးပါး ရွှေကြာစေ့ဆေးလုံး…

ဆေးလုံးတစ်လုံးချင်းစီတိုင်းတွင် ရွှေအင်းကွက်ကိုးခု ရှိသည်။

ကိုးကြိမ်ပြောင်းလဲခြင်းဖြစ်သော်လည်း ပထမဆုံးအသုံးပြုခဲ့သော သန့်စင်ခြင်းနည်းစနစ်၊ မိုးကြိုးကပ်ဘေးနှင့် ပေါင်းစပ်လိုက်လျှင် ‌ဆေးလုံးမဖြစ်ပေါ်ခင် ၁၁ကြိမ်သန့်စင်ရသည်။

ဟန်မူယဲ့က ဆေးလုံးကိုကြည့်လိုက်ပြီး ခံစားချက်တချို့ ဖြစ်လာသည်။

တခြားလူများဆိုလျှင် ထိုဆေးလုံးကိုသန့်စင်ရန်အတွက် အလွန်ခက်လိမ့်မည်။

လောကတွင် နဝင်းကိုးပါးအာခီမီနည်းစနစ်ကို ကျွမ်းကျင်သောလူ သိပ်မရှိနိုင်ပေ။

သူက သံပူနေသောအချိန်တွင် ရိုက်နှက်သည့်အတိုင်း နှစ်ရက်အတွင်း နဝင်းကိုးပါးရွှေကြာစေ့ဆေးလုံး ဒုတိယမြောက်အုပ်စုကို သန့်စင်ခဲ့သည်။

နှစ်ကြိမ်သန့်စင်ပြီး ဆေးလုံးခြောက်လုံးရခဲ့သည်။

ဆေးလုံးခြောက်လုံးက ‌ရွှေရောင်သန်းနေပြီး တစ်ချက်ကြည့်မိလျှင် စိတ်လွတ်သွားတော့မည်ဟု ထင်ရသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ထိုအာခီမီနည်းစနစ်မျိုး မရှိခဲ့ပေ။

ဟန်မူယဲ့က ဆေးတစ်လုံးကိုကိုင်ထားပြီး တုံ့ဆိုင်းမှုမရှိဘဲ မြိုချလိုက်သည်။

ဆေးလုံးက အလွန်ထူးဆန်းသည်။ အစာအိမ်ထဲသို့ ရောက်သွားသောအခါတွင် အနည်းငယ်တုန်ခါပြီး ဆေးစွမ်းအားများအဖြစ် ပျောက်ကွယ်သွားသည်။ ဒန်ထျန်ကို အားဖြည့်ပေးရန်အတွက် အင်မော်တယ်အဆင့် တခြားဆေးလုံးများကဲ့သို့ ဆေးစွမ်းအားမကျန်ခဲ့ပေ။

‌ဆေးလုံးက ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါတွင် ဝိညာဉ်‌သွေးကြောများ တုန်ခါလာပြီး ရှေ့တွင် သဘာဝစွမ်းအင်အလင်းကို မြင်လိုက်ရကြောင်း ဟန်မူယဲ့ ခံစားမိသည်။

‘ဒါက သဘာဝစွမ်းအင်လား’

‘သဘာဝစွမ်းအင်ကို သာမန်မျက်လုံးနဲ့ မြင်ရတယ်လား’

‘သဘာဝစွမ်းအင်ကို မမြင်နိုင်သလို ထိတွေ့လို့လည်းမရဘူးလို့ သူတို့ မပြောခဲ့ဘူးလား’

ထိုသဘာဝစွမ်းအင်အလင်းများက သူ့ခန္ဓာကိုယ်၏ဆွဲဆောင်မှုကို ခံလိုက်ရပြီး ဝင်ရောက်နိုင်ရန်အတွက် တိုက်ခိုက်နေကြသည်။

‘ဒါက အင်မော်တယ်ဝိညာဉ်အမြစ်လား’ သူတွေးမိသည်။

‘သဘာဝစွမ်းအင်ကို အလိုလျောက်စုပ်ယူနိုင်တယ်ပေါ့’

ကျင့်ကြံပြီး စုပ်ယူစရာမလိုဘဲ ဝိညာဉ်သွေးကြောထဲသို့ စီးဝင်လာသော သဘာဝစွမ်းအားကို ခံစားမိလိုက်သောအခါတွင် ဟန်မူယဲ့က ခံစားချက်များနှင့် ပြည့်နှက်နေသည်။

ထိုအရာက အင်မော်တယ်နှင့် သေမျိုးကြားတွင်ရှိသော ကွာခြားချက်အစစ်အမှန်ဖြစ်သည်။

သူက နဝမအဆင့်ပါရမီကို ပိုင်ဆိုင်ခဲ့‌သောအချိန်တွင် သဘာဝစွမ်းအင်ကို အနံ့ပင်မခံနိုင်ပေ။

သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သောသဘာဝအားများက သူ့ကို မနှစ်သက်သည့်အလား တစ်နည်းနည်းဖြင့် ပျောက်ကွယ်သွားကြသည်။

သူက တိမ်မြူရွှေကြာစေ့ဆေးလုံးကို မြိုချလိုက်သောအခါတွင် ကျင့်ကြံခြင်းပါရမီက အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်အဖြစ် တိုးမြင့်သွားခဲ့သည်။ သဘာဝစွမ်းအင်များက အစွမ်းကုန်ကြိုးစား၍ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာနေကြသည်။

“အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်လား”

စောင့်ကြပ်နေသောတာအိုဆရာတယန်က ဟန်မူယဲ့၏ ပြောင်းလဲသွားသောအငွေ့အသက်ကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။

“ဓားဘုရင်ယွမ်ထျန်းမှာ ဒုတိယတန်းစားဝိညာဉ်အမြစ်ပဲ ရှိခဲ့တယ်။ နောက်ပိုင်းမှာ သူက နှစ်ပေါင်းသုံးထောင်လေ့ကျင့်ပြီး အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်အဖြစ် အဆင့်တိုးသွားဖို့ ရတနာတစ်ခုရှာတွေ့ခဲ့တယ်”

“မင်းရဲ့ဆေးလုံးက တကယ်အံ့အားသင့်စရာကောင်းတာပဲ”

တာအိုဆရာတယန်က အာခီမီပညာရပ်အကြောင်းကို သိပ်မသိပေ။ ဟန်မူယဲ့၏ ရှုပ်ထွေးလှသော အာခီမီနည်းစနစ်များအား မြင်လိုက်ရသောအခါတွင် သူက အိပ်ချင်လာသည်။

ဆေးလုံးကြောင့် မိုးကြိုးကပ်ဘေးဖြစ်ပေါ်လာသည်။ ထိုဆေးလုံးများက ထူးခြားကြောင်းကိုပဲ သူပြောနိုင်သည်။

သို့သော်လည်း ထိုဆေးလုံးက အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်ကို ရရှိစေနိုင်မည့် ရတနာတစ်ခု ဖြစ်နေခဲ့သည်။

ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တာအိုဆရာတယန်၏မျက်နှာထားက ရှုပ်ထွေးလာသည်။

‘သူ့ကို သခင်အဖြစ်အသိအမှတ်ပြုလိုက်ရင်လည်း မကောင်းတာတော့ မဟုတ်ပါဘူး ....’

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ မီးအဆီအနှစ်သလင်းကျောက်သုံးခုကို ထုတ်ယူသည်။

သူက ကျင့်ကြံခြင်းပါရမီကြောင့် ဆက်လက်မကျင့်ကြံခဲ့ပေ။

ယခုအချိန်တွင်တော့ အင်မော်တယ်ဝိညာဉ်အဖြစ်ကို ရရှိလာသောကြောင့် မီးအဆီအနှစ်သလင်းကျောက်သုံးခုနှင့်အတူ နေကိုးစင်းနည်းစနစ်ကို ပထမအဆင့်မှစ၍ ကျင့်ကြံလိုက်သည်။

ထိုသို့နက်ရှိုင်းလှသော အခြေခံအုတ်မြစ်ကို ယှဉ်နိုင်မည့်လူမရှိပေ။

မရေမတွက်နိုင်လောက်သော ဓားများ၏မှတ်ဉာဏ်ကို ကြည့်ရှုခဲ့သောကြောင့် နက်ရှိုင်းသောအခြေခံအုတ်မြစ်ရှိမှ လွှမ်းမိုးနိုင်စွမ်းရှိသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဟန်မူယဲ့ နားလည်ထားသည်။

ဓားဘုရင်ယွမ်ထျန်းက တည်ငြိမ်သောအခြေခံအုတ်မြစ်ကြောင့် ဓားဆေးလုံး၄၈လုံးကို တစ်ပြိုင်နက်ထိန်းချုပ်ပြီး ကောင်းကင်စက်ဝန်းဓားဝင်္ကပါအဖြစ် ပြောင်းလဲနိုင်ခြင်းဖြစ်သည်။

ယခုအချိန်တွင် သူကလည်း ကိုယ်ပိုင်အခြေခံကို တည်ဆောက်ရမည်။

သူ့အခြေခံက ဓားဘုရင်ယွမ်ထျန်းကိုပင် ကျော်လွန်နေသည်။

မီးအဆီအနှစ်သလင်းကျောက်က တောက်ပသော အနီရောင်အလင်းကို ထုတ်ပေးသည်။ ဟန်မူယဲ့က လက်ဝါးထဲသို့ ခွန်အားများပို့လွှတ်ပြီး‌ အော်ဟစ်သည်။

“ပေါက်ကွဲစမ်း ....”

အနီရောင်အလင်းများနှင့် ပိုးအိမ်သဖွယ်ဖြစ်နေသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တာအိုဆရာတယန်က ကြောင်အစွာရေရွတ်သည်။

“အရူး ....”

အနီရောင်နေမင်းပေါ်ထွက်လာပြီး အရှေ့အရပ်မှ နွေးထွေးသောလေများ တိုက်ခတ်လာသည်။

ကျင့်ကြံခြင်းနည်းစနစ်များတွင် ပုံရိပ်ပေါ်နည်းလမ်းရှိသည်။

လောကတွင် ကျင့်ကြံခြင်းနည်းစနစ်များ မရှိခဲ့ဟု ပြောကြသည်။ ရှေးခေတ်အချိန်မှာ လူသားများက လောကမြင်ကွင်းများကိုလေ့လာပြီး တာအိုကျင့်ကြံခြင်းကို အောင်မြင်ရန်အတွက် တာအိုကို သုံးသပ်ခဲ့သည်။

ထိုနည်းလမ်းက ပုံရိပ်ဖော်ခြင်းဖြစ်သည်။

ပုံရိပ်ဖော်နည်းလမ်းက လူသားများအတွက်ပဲ ရှိနေခြင်းမဟုတ်ပေ။ မိစ္ဆာများ၏အမွေအနှစ်တွင် သွေးမျိုးဆက်စွမ်းအား အများစုကို ပုံရိပ်ဖော်နည်းလမ်းနှင့် အတည်ပြုကြသည်။

ရှေးခေတ်မိစ္ဆာများ၏ အရိုး၊ ကြေးခွံနှင့် သွေးတစ်စက်ကပင် မျိုးဆက်သစ်များအတွက် ပုံရိပ်များလှုံ့ဆော်ပေးပြီး နားလည်သဘောပေါက်စေနိုင်သည်။

ယခုအချိန်တွင် ဟန်မူယဲ့၏ ဝိညာဉ်သွေးကြောထဲတွင် အနီရောင်ချီစွမ်းအားများဖြင့် ပြည့်နေပြီး ဒန်ထျန်ထဲတွင် လှိုင်းထန်နေသည်။ သူ့စိတ်ထဲတွင် အရုဏ်ဦးအချိန်ကို မြင်ရသည်။

အရုဏ်ဦးနေမင်းက ညင်သာပြီး တက်ကြွမှုများနှင့်ပြည့်နေသည်။

ပတ်ဝန်းကျင်က နွေးထွေးပြီး အသက်စွမ်းအားနှင့် ပြည့်နေသည်။

ပြင်းထန်သော နေကိုးစင်းနည်းစနစ်တွင် ထိုသို့ စွဲလမ်းဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများရှိနေလိမ့်မည်ဟု ဟန်မူယဲ့ထင်မထားမိပေ။

နွေဦးလေပြည်ကဲ့သို့ နွေးထွေးပြီ ကြည်နူးဖွယ်‌ကောင်းသည်။

ထိုအရာက ကျင့်ကြံခြင်းပင်ဖြစ်သည်။

အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်၊ နေကိုးစင်းနည်းစနစ်၊ မီးအဆီအနှစ်သလင်းကျောက်

အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်ကို လူတစ်သန်းတွင် တစ်ယောက်သာ တွေ့နိုင်သည်။ နေကိုးစင်းနည်းစနစ်က ရှေးခေတ်ဂိုဏ်းကြီးတစ်ခု၏ အမွေအနှစ်နည်းစနစ်ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်ပေ။ မီးအဆီအနှစ်သလင်းကျောက်ကို ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျင့်ကြံသူကပင် ရတနာတစ်ခုအဖြစ် သတ်မှတ်ပေလိမ့်မည်။

ထိုသုံးခုလုံးက အလွန်အဖိုးတန်ပြီး ရှားပါးသည်။

ယခုအချိန်တွင် ထိုသုံးခုလုံးက ဟန်မူယဲ့၏ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအုတ်မြစ်အတွက် ပေါင်းစပ်သွားကြသည်။

ဟန်မူယဲ့က အနီရောင်အလင်းပိုးအိမ်အတွင်း၌ ရှိနေပြီး ဝိညာဉ်ကို သက်တော့သက်သာဖြစ်နေစေသည်။

သူ့စိတ်နယ်ပယ်ထဲတွင် သမာဓိစွမ်းအားက မိစ္ဆာဝိညာဉ်ကို အသုံးပြု၍ ဝိညာဉ်လိပ်ပြာဓားချီအဖြစ် စုစည်းနေသည်။

သူက ဖရိုဖရဲဖြစ်နေသကဲ့သို့ မူးဝေနေသည်။

သူ့စိတ်နယ်ပယ်ထဲတွင် ဘန်းခနဲဖြစ်သွားပြီး သတ္တမမြောက် ဝိညာဉ်လိပ်ပြာဓား ဖြစ်ပေါ်လာသောအခါတွင် ဟန်မူယဲ့က ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။

သူက မျက်လုံးဖွင့်လိုက်သောအခါတွင် အနီရောင်အလင်းက ပျောက်ကွယ်သွားပြီဖြစ်သည်။

သူက အသက်ရှူသွင်းပြီး လေမှုများရှူထုတ်ခဲ့သည်။

ရွှေနေမင်းနည်းစနစ်…

အခြေခံအုတ်မြစ် ပထမအဆင့်…

ပထမနေမင်းစုစည်းခြင်း၊ နေမင်းငယ်နည်းစနစ်…

ရွှေနေမင်းနည်းစနစ်က မဟာတာအိုအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးသည်။

ယခုအချိန်တွင် ဟန်မူယဲ့၏ဒန်ထျန်အတွင်း၌ ရွှေတိမ်လွှာတစ်ခု ပေါ်လာသည်။

ရွှေတိမ်လွှာပေါ်တွင် ချီစွမ်းအင်အလင်းများ လင်းလက်နေသည်။ ပထမအလွှာတွင် ရွှေရောင်နှင့် အနီရောင်အလင်းများ‌ရောနေသော ချီစွမ်းအင်များဖြင့် ပြည့်နေသည်။

ချီစွမ်းအင်များ သိပ်သည်းနေသောကြောင့် ပုံစံဖြစ်ပေါ်တော့မည့်ပုံပေါ်သည်။

သိပ်သည်းလှသောချီစွမ်းအားများက အဆင့်တူကျင့်ကြံသူများထက် အဆပေါင်းများစွာသာလွန်နေသည်။

ဘုံကိုးလွှာစင်မြင့်ထက်တွင် ဓားဆန္ဒငါးခုက အမြင့်ဆုံးတွင် နေရာယူထားသည်။

ဓားဆန္ဒများ၏ပတ်ပတ်လည်တွင် ဓားဆေးလုံးလေးလုံးက ချီစွမ်းအင်အလင်းများ စုစည်းပြီး တိတ်ဆိတ်စွာလွင့်မျောနေသည်။

သူ့ဒန်ထျန်အတွင်း၌ရှိသော ချီစွမ်းအင်များက လှုပ်ရှားနေပြီး ချီပင်လယ်အတွင်း၌ရှိသော ဓားဆန္ဒများက ပိုမိုသန်မာလာသည်။

ဓားချည်မျှင်အဖြစ်ပြောင်းလဲသွားသော ဓားဆန္ဒများက တစ်ဖက်မှာရှိနေပြီး တစ်ခုနှင့်တစ်ခု အနှောင့်အယှက်မပေးချေ။ သူတို့က ပတ်ဝန်းကျင်တွင်ရှိသောဓားချီကို ဆက်တိုက်စုပ်ယူနေသည်။

စိတ်နယ်ပယ်ထဲတွင် ဝိညာဉ်လိပ်ပြာဓားခုနစ်ခုက ပြောင်းလဲသွားသော လူသားလောကမန္တန်အနီးတွင် ညင်သာစွာလွင့်မျောနေသည်။

စိတ်နယ်ပယ်တစ်ခုလုံးက သမာဓိစွမ်အားနှင့်ပြည့်နေပြီး ရွှေရောင်တောက်နေသည်။

“မင်းကျင့်ကြံနေတာ တစ်လကျော်ကြာနေပြီ”

တာအိုဆရာတယန်၏အသံ ပေါ်ထွက်လာသည်။

တစ်လအတွင်း သူက အခြေခံအုတ်မြစ် ပထမအဆင့်သို့ ရောက်သွားလိမ့်မည်ဟု စိတ်ကူးထားမည့်လူ မရှိနိုင်ပေ။

သူက ပြန်လည်ကျင့်ကြံခဲ့သည်ဆိုလျှင်ပင် ထိုအမြန်နှုန်းက ကြောက်မက်ဖွယ်ကောင်းသည်။

အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်က အလွန်သန်မာသည်။

ဟန်မူယဲ့က ထရပ်လိုက်ပြီး ထက်မြက်သောဓားချီများ ထုတ်လွှတ်နေသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်း စွမ်းအားများအားလုံးက မူရင်းအခြေအနေသို့ ပြန်ရောက်သွားသည်။

သူက ကွန်ဖြူးရှပ်တာအိုနည်းစနစ်ကို ကျင့်ကြံထားသောကြောင့် လှုပ်ရှားမှုတိုင်းက သဘာဝသို့ပြန်သွားသော မဟာတာအို၏ဆွဲဆောင်မှုဖြင့် ပြည့်နှက်နေသည်။

ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တာအိုဆရာတယန်က ရေရွတ်သည်။

“ဒီကောင်က ဘာဖြစ်လို့ ဓားဘုရင်ယွမ်ထျန်းအမုန်းဆုံးလူမျိုး ဖြစ်လာတာလဲ”

သူက ခွန်အားကို ထိန်းချုပ်ထားသောကြောင့် တခြားလူများ၏အမြင်တွင် သာမန်လူသားတစ်ယောက်ပဲ ဖြစ်နေပေလိမ့်မည်။

သူက သိပ်မဝေးသောနေရာတွင်ရှိနေသည့် တာအိုမူလမီးပြင်းဖိုကို လှမ်းကြည့်သည်။ သူက လက်ဆန့်ထုတ်ပြီး မီးပြင်းဖိုကို လက်ဝါးထဲသို့ ဆင့်ခေါ်သည်။

ချီမီးတောက်တစ်ခု ပေါ်ထွက်လာသည်။

ချီစွမ်းအင်အလင်းတစ်ခု တောက်ပသွားပြီး ရွှေကြာစေ့တစ်စေ့နှင့် အမျိုးမျိုးသောဝိညာဉ်ဆေးပင်များကို မီးပြင်းဖိုထဲသို့ ပစ်သွင်းလိုက်သည်။

ဤတစ်ကြိမ်တွင် သူက နဝင်းကိုးပါးရွှေကြာစေ့ဆေးလုံးကို သန့်စင်မည် မဟုတ်ပေ။

အင်မော်တယ်အဆင့်ဝိညာဉ်အဖြစ်ကို မလိုအပ်လျှင် နဝင်းကိုးပါးနည်းစနစ်ကို အသုံးပြုရန်မလိုပေ။

ခဏအကြာတွင် ဝိညာဉ်အင်းကွက်သုံးခုနှင့် တိမ်ကြာပန်းဆေးလုံးသုံးလုံးက မီးပြင်းဖိုထဲတွင် ပေါ်လာသည်။

ဝိညာဉ်အင်းကွက်သုံးခုက လူတစ်ယောက်၏ကျင့်ကြံခြင်းပါရမီကို အဆင့်သုံးဆင့်တိုးပေးရန် လုံလောက်သည်။

သို့သော်လည်း ထိုလူ၏ကျင့်ကြံခြင်းပါရမီက တတိယအဆင့်တွင် ရှိနေလျှင် ဤဆေးလုံးက တစ်ဆင့်ပဲ တိုးပေးနိုင်သည်။

ဒုတိယအဆင့်ပါရမီအတွက် တိမ်ကြာပန်းဆေးလုံးက သက်ရောက်မှုမရှိပေ။ ဒုတိယအဆင့်ထက်မြင့်ချင်လျှင် နဝင်ကိုးပါးရွှေကြာစေ့ဆေးလုံးကို လိုအပ်သည်။

နဝင်ကိုးပါးရွှေကြာစေ့ဆေးလုံးနှင့်ဆိုလျှင် အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်ကို ရရှိနိုင်ကြောင်း ဘုန်းကြီးပြောခဲ့သောစကားက မှားယွင်းနေသည်။

ဟန်မူယဲ့က နဝင်ကိုးပါးရွှေကြာစေ့ဆေးလုံး ခြောက်လုံးစားသုံးခဲ့သည်။ ပထမဆေးလုံးက သူ့ကို ဒုတိယအဆင့်ပါရမီသို့ ချက်ချင်းရောက်သွားစေသည်။

နောက်ထပ်ဆေးငါးလုံးက ပထမအဆင့်ကိုကျော်လွန်ပြီး အင်မော်တယ်အဆင့်သို့ ရောက်သွားရန် ကူညီပေးခဲ့သည်။

ထိုလျှို့ဝှက်ချက်မျိုးရှိနေခြင်းက မထူးဆန်းပေ။

ကိုယ်တိုင်မကြုံတွေ့ခဲ့လျှင် လျှို့ဝှက်ချက်များကို မည်သို့သိနိုင်မည်နည်း။

ဟန်မူယဲ့က ဆေးလုံးများကိုသိမ်းပြီး မီးပြင်းဖိုအား ပုတီးစေ့အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ဝင်္ကပါပြား၏အစီရင်ကိုလည်း သိမ်းလိုက်ပြီး ဓားစံအိမ်၏ဝင်္ကပါကို ဖယ်ရှားသည်။ သူက အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ပထမထပ်တွင် ယန်မင်ရွှမ်ပဲရှိနေသည်။

All Chapters