တိမ်ကောသွားသော အမွေအနှစ်
Vol. 21 Ch. 293
ယခင်က ထိုဆေးလုံးမျိုးကို တစ်လုံးလျှင် ငါးသိန်းဖြင့် ရောင်းချသည်။
အရည်အသွေးကောင်းလျှင် တစ်လုံးကို ရှစ်သိန်းမှ တစ်သန်းကြား ရှိသည်။
အဆင့်မြင့်ဆေးလုံးများ၏ အဆင့်ကွာခြားချက်အရ ဈေးနှုန်းကွာခြားချက်က မထူးဆန်းပေ။
ဈေးနှစ်ဆတိုးသွားပြီး အလွန်အဖိုးတန်သည်။
အဆင့်မြင့်အရည်အသွေးဆေးလုံးက ဝိညာဉ်ကျောက်တုံးနှစ်သန်းတန်သည်။
ဈေးနှုန်းအရဆိုလျှင် အင်မော်တယ်အဆင့်ဆေးလုံးက ဝိညာဉ်ကျောက်တုံးငါးသန်းအထိ မရောက်နိုင်ပေ။
သန့်စင်နတ်ဘုရားဆေးလုံးအတွက် ကနဦးကျောက်တုံးငါးသန်းထုတ်ပေးသောလူက အစစ်အမှန် ထောက်ပံ့သူတစ်ဦးဖြစ်သည်။
“သခင်လေးမသိပါဘူး။ အခုတစ်လော အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဆေးလုံးဈေးကွက်က မတည်ငြိမ်ဘူး။ ဂိုဏ်းကြီးတွေက ဆေးလုံးတွေကို အများအပြားတယ်ယူနေတယ်။ ဆေးလုံးတွေ အားလုံးနီးပါး ဈေးတက်ကုန်ပြီ”
ကျန်းမင်၏စကားများကြောင့် ဟန်မူယဲ့က ကြောင်အသွားသည်။
ထို့နောက် သူက ထူးဆန်းသောမျက်နှာထားဖြင့် ဆေးခန်းဆောင်သို့ ယန်မင်ရွှမ်ယူသွားသော ဆေးလုံးများ၏နာမည်ကို ပြောပြလိုက်သည်။
ကျန်းမင်က တွက်ချက်မှုများလုပ်ပြီး ဈေးပြောခဲ့သည်။
ဝိညာဉ်ကျောက်တုံး တစ်သန်းခွဲ…
အစတွင် လူအိုကြီးစွန်းစဲက သူ့ကို ဝိညာဉ်ကျောက်တုံးတစ်သန်းပေးခဲ့သောကြောင့် ရင်ထဲထိသွားခဲ့သည်။
သို့သော်လည်း အဆုံးမှာ ထိုလူအိုကြီးက ဝိညာဉ်ကျောက်တုံးငါးသိန်း မြတ်သွားခဲ့သည်။
လူအိုကြီးစွန်းစဲက ခေါင်းဆောင်တောက်ရင်နှင့် တူညီသည်ဟု ဟန်မူယဲ့ခံစားရသည်။ သူတို့နှစ်ယောက်လုံးက လူကြိုက်မများပေ။
ကျန်းမင်က တောင်အောက်သို့ နေ့တိုင်းဆင်းသွားပြီး ဆေးလုံးသန့်စင်နိုင်မည့်နေရာကို ရှာနေသည်။
သူက ကနဦးကျောက်တုံးငါးသန်းတန်သော စီးပွားရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
တခြားဂိုဏ်း၏ ဝိညာဉ်နိုးထခြင်းနဝမအဆင့် ကျင့်ကြံသူကလည်း အံ့ဖွယ်ကိုးပါးတောင်သို့ သေချာပေါက်မလာရဲပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မိစ္ဆာဂိုဏ်းမဟုတ်သော်လည်း ကမ္ဘာမြေအဆင့်ကျင့်ကြံသူများက မည်သည့်အရာကိုမှဂရုမစိုက်ဘဲ တခြားဂိုဏ်း၏လူကို လွှတ်ပေးမှာမဟုတ်ချေ။
အာခီမီစီးပွားရေးကို ဆုံးဖြတ်လိုက်ပြီး ဟန်မူယဲ့က ရှေ့တွင် ရှိနေသောလူသုံးယောက်ကို ကြည့်သည်။ သူ့လက်ထဲတွင် ရွှေရောင်ဖျော့ဖျော့လင်းနေသော ဆေးလုံးသုံးလုံးပေါ်လာသည်။
“ဒါက လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းပါရမီကိုပြောင်းလဲနိုင်တဲ့ ဆေးလုံးပဲ”
ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် တီးတိုးပြောသည်။
“မြန်မြန်မြိုချလိုက်။ တခြားလူတွေကို မပြောနဲ့”
ကျင့်ကြံခြင်းပါရမီကို ပြောင်းလဲနိုင်တဲ့ဆေး…
ဟန်မူယဲ့၏စကားကြောင့် သူတို့သုံးယောက်၏မျက်နှာထားက ပြောင်းလဲသွားသည်။
ယန်မင်ရွှမ်က ကျင့်ကြံခြင်းပါရမီမကောင်းသောကြောင့် ယန်မင်ရွှမ်၏ဖခင်က ပါရမီပြောင်းလဲနိုင်ရန်အတွက် အများအပြားအကုန်အကျခံခဲ့သည်။ ထို့ကြောင့် ကျင့်ကြံခြင်းပါရမီကို ပြောင်းလဲနိုင်သောဆေးလုံးက အလွန်အဖိုးတန်ကြောင်း သူနားလည်သည်။
ကျန်းမင်ကတော့ အာခီမီပညာရှင်တစ်ယောက်ဖြစ်နေသောကြောင့် ထိုဆေးလုံး၏တန်ဖိုးကို ပိုမိုနားလည်နေသည်။ ထိုဆေးလုံးမျိုးကို အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ရှာတွေ့နိုင်မည်မဟုတ်ပေ။
လင်းရှန်က ထိုဆေးလုံး၏တန်ဖိုးကို သိပ်မသိသော်လည်း ရွှေကြာပန်းစေ့ကို ခူးဆွတ်ရန်အတွက် ဟန်မူယဲ့နှင့်အတူ လိုက်သွားခဲ့သည်။ ထိုရတနာမျိုးက သူရနိုင်သောအရာမျိုးမဟုတ်ကြောင်း ဘုန်းကြီး၏စကားများအရ နားလည်ထားသည်။
သို့သော်လည်း သူတို့သုံးယောက်က မငြင်းဆန်ခဲ့ပေ။ သူတို့က ဆေးလုံးကို သောက်သုံးခဲ့သည်။
ဓားစံအိမ်၏စည်ကမ်းများအရ စီနီယာအစ်ကိုကြီးဟန်၏ဆုလာဘ်ကို လက်ခံရမည်။
တစ်ညကျင့်ကြံပြီးသောအခါတွင် ဟန်မူယဲ့က သူတို့သုံးယောက်၏ကွဲပြားမှုကို အာရုံခံနိုင်ခဲ့သည်။
ယန်မင်ရွှမ်၏ကိုယ်ပေါ်တွင် မှိန်ဖျော့နေသောဓားဆန္ဒတစ်ခု ပေါ်လာသည်။ သူက ဓားရှည်တစ်လက်၏ခံစားချက်မျိုး ပေးနေသည်။
ကျန်းမင်ကတော့ ပိုမိုတည်ငြိမ်လာသည်။ သူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးကဲ့သို့ စိတ်မြန်လက်မြန်ရှိပုံမရတော့ပေ။
လင်းရှန်ကတော့ ကျောက်ဆောင်တစ်ခုသဖွယ် ရပ်နေသည်။
“ဂုဏ်ပြုပါတယ်လေ့ကျင့်ရေးမှူးလင်း၊ ခင်ဗျားရဲ့ ဓားတစ်သန်းဆွဲထုတ်ခြင်းနည်းစနစ်က မဟာအောင်မြင်မှုအဆင့်ကို ရောက်သွားပြီပဲ”
ဟန်မူယဲ့က ပြုံးသည်။
ဓားနည်းစနစ်တွင် မဟာအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားခြင်းက ဓားဆန္ဒတွင်လည်း မဟာအောင်မြင်မှုအဆင့်သို့ ရောက်သွားကြောင်း ရည်ညွှန်းသည်။
လင်းရှန်၏တိုက်ခိုက်နိုင်စွမ်းက သန်မာသော်လည်း ကျင့်ကြံသူကြီးတစ်ယောက်၏ ကျောက်စိမ်းအရိုးစွမ်းအားကိုသာ ပိုင်ဆိုင်ထားခဲ့သည်။
ယခုအချိန်တွင် ဓားဆန္ဒ၏ မဟာအောင်မြင်မှုနှင့်အတူ သူက ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို တိုက်ခိုက်နိုင်သည်။
ကျောက်စိမ်းအရိုးပေါင်းစပ်ခြင်းက မလုံလောက်သေးဘဲ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို တိုက်ခိုက်ရန်ခက်ခဲသော်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံသူများကြားတွင် သူ့ကို ကျွမ်းကျင်သူတစ်ယောက်အဖြစ် ယူဆနိုင်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် သူနှင့် မျိုးဆက်တူသော ကျောက်ဖူက ကမ္ဘာမြေ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင် ရှိနေဆဲဖြစ်သည်။
ဝိညာဉ်နိုးထခြင်းအဆင့်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော တခြားတပည့်များ သိပ်မရှိပေ။
လင်းရှန်က မျိုးဆက်တူများကြားတွင် အတော်ဆုံးဖြစ်သည်။
“ဒါတွေအားလုံးက မင်းကျေးဇူးကြောင့်ပါပဲ။ ငါနားလည်ပါတယ်”
လင်းရှန်က တီးတိုးပြောပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။
ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး သူ့ပခုံးကို ပုတ်ပေးသည်။
လေ့ကျင့်ရေးမှူးလင်းက ဖြောင့်မတ်သောလူတစ်ယောက်ဖြစ်ပြီး ဇွဲလုံ့လရှိသည်။
“ငါတို့ဓားစံအိမ်ရဲ့လူတွေက စည်းလုံးတယ်။ ဒီလိုကိစ္စတွေအထိ စဉ်းစားနေစရာမလိုဘူး”
ဟန်မူယဲ့က တစ်ခါမှထုတ်မပြဘူးသော ဂုဏ်ယူမှုများနှင့်အတူ လင်းရှန်၊ ကျန်းမင်နှင့် ယန်မင်ရွှမ်ကို ကြည့်သည်။
“ငါ့ရဲ့ဓားစံအိမ်က အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ သေချာပေါက်နာမည်ကြီးလာလိမ့်မယ်။ ပြီးတော့ လောကမှာရှိတဲ့ ဓားကျင့်ကြံသူတွေအားလုံးရဲ့ မြင့်မြတ်နယ်မြေ ဖြစ်လာလိမ့်မယ်”
သူက မောက်မာနေခြင်းမဟုတ်ပေ။
ဓားဘုရင်ယွမ်ထျန်းကို ကျော်တက်သွားမည့်လူတစ်ယောက်က ဓားကျင့်ကြံသူများအတွက် တော်ဝင်နယ်မြေတစ်ခုကို တည်ဆောက်မပေးနိုင်လျှင် ဓားဘုရင်ယွမ်ထျန်းနှင့် မယှဉ်ပြိုင်သင့်ပေ။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ယန်မင်ရွှမ်နှင့်လင်းရှန်တို့က စိတ်လှုပ်ရှားလာသည်။
‘စီနီယာအစ်ကိုဟန်က တကယ်ရည်မှန်းချက်ကြီးတာပဲ’ သူတို့ တွေးမိသည်။
ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေသို့ စီးပွားရေးချဲ့ထွင်ချင်ကြောင်း ကြားခဲ့ရသောအခါတွင် ကျန်းမင်က ကြောင်အသွားခဲ့သည်။
ယခုအချိန်တွင် သူက ထုံသွားပြီဖြစ်သည်။
ဟန်မူယဲ့က သူ့ကျင့်ကြံခြင်းပါရမီအား သုံးဆင့်တိုးသွားစေနိုင်သော ဝိညာဉ်ဆေးလုံးကို ထုတ်ယူလာပြီး ပေးခဲ့သည်။ ထိုလူမျိုး၏နောက်သို့ သေဆုံးသည်အထိ မလိုက်ဘဲနေရန် အကြောင်းပြချက်မရှိပေ။
ဟန်မူယဲ့က ဓားကျင့်ကြံသူများအတွက် တော်ဝင်နယ်မြေတစ်ခုကို တည်ဆောက်ချင်လျှင် သူက အကောင်းဆုံးကူညီပေးမည်ဖြစ်သည်။
“သခင်လေး၊ စိတ်မပူပါနဲ့။ ကျန်းမင်က အကောင်းဆုံးကြိုးစားပြီး သခင်လေးကို ခစားပါ့မယ်”
“ကျွန်တော်တို့က စီနီယာအစ်ကိုဟန်အတွက် အသက်ပေးပါ့မယ်”
လင်းရှန်နှင့် ယန်မင်ရွှမ်ကလည်း ဦးညွှတ်သည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး ရယ်သည်။ သူက ဓားစံအိမ်ထဲမှထွက်သွားပြီး ပြောသည်။
“လုပ်စရာရှိတာ သွားလုပ်ကြတော့”
ဟန်မူယဲ့က ဓားစံအိမ်မှထွက်ခွာလာပြီး ဂိုဏ်းစာအုပ်ဆောင်သို့ ဦးတည်လိုက်သည်။
ယခင်က စာအုပ်ဆောင်တွင်ရှိသော စာအုပ်အများစုက သူ့အတွက် အသုံးမဝင်သောကြောင့် သူက ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း ယခုအချိန်တွင် ကွန်ဖြူးရှပ်တာအို ကျင့်ကြံခြင်းနှင့်ပတ်သတ်သော စာအုပ်များကိုရှာချင်သောကြောင့် စာအုပ်ဆောင်သို့ သွားနေသည်။
လမ်းတစ်လျှောက်တွင် သူနှင့်တွေ့ခဲ့ရသော တပည့်များက သူ့ကို စိတ်လှုပ်ရှားစွာ ဦးညွှတ်သွားကြသည်။
ဓားစံအိမ်အကြီးအကဲ ဟန်မူယဲ့က လောကကို ကာကွယ်ရန်အတွက် ကျင့်ကြံခြင်းကိုစတေး၍ မိစ္ဆာကို သတ်ဖြတ်ခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အသေးစိတ်ကျသော သတင်းဖြန့်မှုအောက်တွင် ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးဂိုဏ်း၏ အမှတ်တံဆိပ်သဖွယ် ဖြစ်လာခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများအမြင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်သော ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာသည်။
လွန်ခဲ့သောလဝက်ခန့်တွင် များပြားလှသောလူငယ်များက အံ့ဖွယ်ကိုးပါးတောင်သို့ နေတိုင်းလာခဲ့သည်။
ဟန်မူယဲ့က နှုတ်ဆက်မှုများကို အပြုံးတစ်ခုနှင့်တုံ့ပြန်၍ စာအုပ်ဆောင်ဆီသို့ ပျံသန်းသွားသည်။
စာအုပ်ဆောင်သို့ရောက်သွားသောအခါတွင် အကြီးအကဲက စိတ်အားထက်သန်စွာဖြင့် သူ့ကို ကြိုဆိုခဲ့သည်။
အကြီးအကဲက သူ့အတွက် တိတ်ဆိတ်သောနေရာတစ်ခု ရှာပေးပြီး သူလိုအပ်သော စာအုပ်အမျိုးမျိုးကို ကိုယ်တိုင်ပို့ပေးခဲ့သည်။
“စီနီယာအစ်ကိုဟန်ပြောတဲ့အတိုင်းဆိုရင် လိုအပ်မယ့်စာအုပ်တွေအားလုံးကို ပေးပြီးသွားပြီ”
မီးခိုးရောင်ဝတ်စုံနှင့်လူအိုကြီးက ထူထဲသောစာအုပ်များကို ထပ်ယူလာပြီး ဟန်မူယဲ့ရှေ့တွင်ရှိသော စားပွဲရှည်ပေါ်တွင် ဂရုတစိုက်ချထားလိုက်သည်။
“ကျေးဇူးပါ ဂိုဏ်းတူညီလေးစွေ့”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
စွေ့ဟယ်လျန်ဟုအမည်ရသော ထိုလူအိုကြီးက စာအုပ်ဆောင်အားတာဝန်ယူထားသော လက်ထောက်အကြီးအကဲဖြစ်သည်။ သူ့ကျင့်ကြံဆင့်က ရွှေအမြုတေ စတုတ္ထအဆင့်တွင် ရှိနေသည်။
“စီနီယာအစ်ကိုဟန်ကို ကူညီပေးတာက လုပ်သင့်တဲ့ကိစ္စပါ”
စွေ့ဟယ်လျန်က ရှုပ်ထွေးသောမျက်နှာထားနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။
သူ့အမြင်တွင် ဟန်မူယဲ့၏အငွေ့အသက်က သာမန်ဖြစ်ပြီး မှိန်ဖျော့သော ဝိညာဉ်စွမ်းအားအနည်းငယ်ပဲ ရှိနေသည်။ သူက ချီစုဆောင်းခြင်းအဆင့်သို့ ဝင်ရောက်ခါစဖြစ်ပေလိမ့်မည်။
ပြန်လည်ကျင့်ကြံခြင်းလမ်းကြောင်းက မချောမွေ့ကြောင်း မြင်သာသည်။
ကျင့်ကြံသူအများစုက ပြန်လည်ကျင့်ကြံရာတွင် အတားအဆီးအမျိုးမျိုး ကြုံရပေမည်။
‘အဲဒီတော့ စီနီယာအစ်ကိုဟန်က ကွန်ဖြူးရှပ်တာအိုကို ပြောင်းလဲကျင့်ကြံချင်လို့ ကွန်ဖြူးရှပ်နဲ့ပတ်သတ်တဲ့စာအုပ်တွေကို ရှာနေတာလား’
စွေ့ဟယ်လျန်က စိတ်ထဲတွင် သက်ပြင်းချသည်။
ကွန်ဖြူးရှပ်တာအိုက ကျင့်ကြံရလွယ်လျှင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကွန်ဖြူးရှပ်နှင့်ဆိုင်သော အမွေအနှစ်ရှိနေပေလိမ့်မည်။
“စီနီယာအစ်ကိုဟန်က ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံချင်တာလား”
စွေ့ဟယ်လျန်က တီးတိုးမေးသည်။
ဟန်မူယဲ့က မငြင်းဘဲ ခေါင်းညိတ်သည်။
“စီနီယာအစ်ကို အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ကွန်ဖြူးရှပ်အမွေအနှစ်မရှိဘူး”
စွေ့ဟယ်လျန်က စာအုပ်များကိုညွှန်ပြပြီး ပြောသည်။
“ဒီစာအုပ်တွေက ကွန်ဖြူးရှပ်တာအိုရဲ့ သမာဓိစွမ်းအားကို မကျင့်ကြံနိုင်ဘူး”
“ကွန်ဖြူးရှပ်ကျင့်ကြံခြင်းမှာ အမိန့်စာက အရေးအကြီးဆုံးပဲ”
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အလယ်ပိုင်းကုန်းမြေရဲ့ တော်ဝင်အမိန့်စာမရှိတဲ့အတွက် ကွန်ဖြူးရှပ်တာအိုရဲ့ သမာဓိစွမ်းအားကိုကျင့်ကြံဖို့ ခက်တယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က မျက်ခုံးပင့်လိုက်ပြီး ပြောသည်။
“ဂိုဏ်းတူညီလေးစွေ့က ကွန်ဖြူးရှပ်တာအိုကို လေ့လာခဲ့တာလား”
စွေ့ဟယ်လျန်က ခေါင်းညိတ်ပြီး ဖျော့တော့စွာပြုံးသည်။
“ကျွန်တော့်ရဲ့ကျင့်ကြံခြင်းက နှစ်ခြောက်ဆယ်ကြာအောင် ရပ်တန့်နေတဲ့အတွက် ကွန်ဖြူးရှပ်တာအိုကို လေ့လာကြည့်ခဲ့တယ်”
“ကံမကောင်းတာက နှစ်သုံးဆယ်ကြာတာတောင် ဘာမှမရခဲ့ဘူး”
ကျင့်ကြံသူများအကြောက်ဆုံးက ကျင့်ကြံခြင်းရပ်တန့်သွားခြင်းဖြစ်သည်။
သူတို့က ဆက်လက်မတိုးတက်နိုင်သောအခါတွင် ကျင့်ကြံခြင်းပါရမီ၏ အကန့်အသတ်သို့ ရောက်သွားခြင်းဖြစ်သည်။
အခွင့်အရေးကြီးတစ်ခုမရှိလျှင် တစ်သက်လုံး အဆင့်တက်ရန် မဖြစ်နိုင်တော့ပေ။
စွေ့ဟယ်လျန်က ညင်သာစွာသက်ပြင်းချလိုက်ပြီး ခေါင်းခါလျက် ပြောသည်။
“အမှန်အတိုင်းပြောရရင် ကျွန်တော်က အဆင်ပြေပါသေးတယ်။ စာအုပ်ထဲမှာ ဖတ်ဖို့စာအုပ်တွေရှိတယ်။ စိတ်အခြေအနေငြိမ်သက်ဖို့အတွက် စာရေးနိုင်တယ်”
“ကွန်ဖြူးရှပ်တာအိုကို မလေ့ကျင့်နိုင်ရင်တောင် ဆန္ဒတစ်ခုတော့ ရှိနေလို့ရတာပဲ”
“ကျင့်ကြံခြင်းလောကမှာ ကျင့်ကြံသူတွေက နောက်တစ်ဆင့်ကိုတက်ပြီး မိစ္ဆာကျင့်ကြံသူတွေဖြစ်သွားတာမဟုတ်ရင် ....”
သူက ဆက်မပြောခဲ့ပေ။
‘ဒါမှမဟုတ် မိစ္ဆာတွေ၊ မကောင်းဆိုးဝါးမိစ္ဆာတွေ ဖြစ်သွားကြတယ်’ သူတွေးမိသည်။
အဘယ်ကြောင့် မိစ္ဆာကျင့်ကြံသူ အများအပြားရှိသနည်း။
မိစ္ဆာများက အဘယ်ကြောင့် ကျင့်ကြံသူများကို ညှို့ယူကြသနည်း။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းလောကထဲတွင် အောင်မြင်မှုမရနိုင်ဘဲ ကျင့်ကြံနေသောလူများ များပြားစွာရှိနေသည့်အတွက် ဖြစ်သည်။
ဆက်လက်တိုးတက်ပြီး ဆက်သွားနိုင်ရန် အခွင့်အရေးရှိလျှင် မည်သည့်တန်ဖိုးကိုမဆို ပေးချေကြလိမ့်မည်။
ဟန်မူယဲ့က ထိုအကြောင်းကို နားလည်သည်။
သူကလည်း မကျင့်ကြံနိုင်တော့လျှင် ဆိုးဝါးသောအကြံများကို တွေးမိလိမ့်မည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီး တာအိုလမ်းစဉ်အဆုံးသတ်သွားခြင်းကို စောင့်ကြည့်နေရသော ကျင့်ကြံသူများအတွက် ပိုဆိုးသည်။