← Chapters

နတ်ဘုရားသဖွယ် ကိုယ်ရေးအကျဉ်း

Vol. 26 Ch. 378

နတ်ဘုရားသဖွယ် ကိုယ်ရေးအကျဉ်း

Vol. 26 Ch. 378

လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး သူအကြည့်များက လင်းရီတို့ သုံးဦးစလုံးအပေါ်၌ ဖြတ်ပြေးသွားခဲ့သည်။

"ဒီတော့ သူတို့က အလုပ်သင်ဆရာ၀န်လေးတွေပေါ့...."

"အင်း...ဆေးရုံက ‌ လူငယ် ဒေါက်တာလေးတွေကို လေ့ကျင့်ပေးဖို့ဘက် အာရုံစိုက်ခိုင်းထားတယ်မလား... ပြီးတော့ နှလုံးရောဂါ အထူးကုဌာန ဆိုတာကလည်း ငါတို့ ဆေးရုံက ထိပ်တန်းဌာနပဲလေ... ဒီတော့ သူတို့ကို နင်ပဲ ကြည့်ကိုင်တွယ်လိုက်တော့.... "

" ကောင်းပြီလေ.... "လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး "အဲ့ဒါဆို ငါသူတို့ကို ဌာနဆီ အရင်ခေါ်သွားလိုက်ဦးမယ်...."

"ကောင်းပြီ...."

လီချူးဟန် သုံးယောက်စလုံးကို သိမ်းကျုံးကြည့်လိုက်ပြီး

"ငါ့နောက် လိုက်ခဲ့ကြ....."

"ဟုတ် ဟုတ်ကဲ့ ..."ကျိုးဇီချင်း အလျင်စလို ခေါင်းညိမ့်လိုက်ပြီး လီချူးဟန်၏ ခြေလှမ်းများအတိုင်း နောက်မှလိုက်လာခဲ့လေသည်။

"ဒေါက်တာလီ.. ကျွန်တော် ကျောင်းတုန်းက ဒေါက်တာလီရဲ့ လက်ချာတန်းကို တစ်ခေါက်တက်ဖူးတယ်....အမှန်အတိုင်းပြောရရင် ဒေါင်တာလီရဲ့ လက်ချာတန်းကြောင့်သာ မဟုတ်ရင် ကျွန်တော် PhD တောင် ဆက်တက်နိုင်မှာ မဟုတ်ဘူး...အားလုံးက ဒေါက်တာလီရဲ့ ကျေးဇူးတွေကြောင့်ပါပဲဗျ...."

"ငါက ဆေးရုံကတောင်းဆိုလို့ ဒီတိုင်း လက်ချာပေးလိုက်တာ... နင်ပြောနေသလောက်ကြီးလည်း မကြီးကျယ်ပါဘူး..."

"ဒေါက်တာလီက အရမ်းနိမ့်ချနေတာပဲ... "

ကျီုးဇီချန်း ပြောဆိုလိုက်ပြီး မြှောက်ဖားပင့်ကော် လုပ်သည့်လေသံဖြင့်

"ကျွန်တော်က လက်ချာကို တစ်ခေါက်လေးပဲ ‌နားထောင်လိုက်ရတယ် ဆိုပေမယ့် စည်းမျဉ်းတွေအရ ကြည့်မယ်ဆိုရင် ဒေါက်တာလီရဲ့ ကျောင်းသားလို့ ပြောရင်လည်း မမှားဘူး... ဒါကြောင့်မို့ နောင်ကျ အရေးကြီးတဲ့ တာ၀န်တွေရှိခဲ့ရင် ကျွန်တော်ကို‌ ခေါ်ဖို့ သတိရလိုက်ပါဗျ.... "

လီချူးဟန် မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း မကောင်းတတ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

ကျိုးဇီချန်း သူ၏ ဦးလေးထံမှ ဒေါင်တာလီအကြောင်းကို ကြားသိပြီးဖြစ်၏။ ဟွာရှန်းဆေးရုံတွင် သူမ၏ အဆင့်အတန်းမှာ တော်ရုံမဟုတ်ချေ။ ထို့ကြောင့် သူမနှင့် ရင်းနှီးမှုတစ်ခု တည်ဆောက်ထားသည်က ပိုကောင်း၏။

ဟွာရှန်းဆေးရုံမှာ လွန်စွာ ကြီးမားလှပြီး မိနစ်နှစ်ဆယ်ကျော်ကြာအောင် လမ်းလျှောက်ပြီးသောအခါမှ လင်းရီတို့ နှလုံးအထူးကုဌာနသို့ရောက်ရှိလာခဲ့သည်။

ဌာန၏ နံရံတွင်တော့ ဌာနဒါရိုက်တာများ၏ အမည်နှင့် ကိုယ်ရေးအကျဉ်းတို့ကို မှတ်တမ်းတင်ထားသည်။

လီချူးဟန်လည်း လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်ပြီး အုပ်စုထဲတွင်တော့ အသက်အငယ်ဆုံးဖြစ်လေသည်။

သို့သော်လည်း လင်းရီ ဒါရိုက်တာများ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြည့်လိုက်သောအခါ လီချူးဟန်၏ ကိုယ်ရေးအကျဉ်းမှာ‌တော့ လုံး၀ကို နတ်ဘုရားသဖွယ်ဖြစ်နေကြောင်း ခံစားနေမိတော့၏။

သူ၏ အသက်နှစ်ဆယ်ကျော် သက်တမ်းတစ်လျှောက်တွင် လူအမျိုးအစား ပေါင်းစုံတို့နှင့် တွေ့ဆုံခဲ့ရပြီး ကျီချင်းရန်တစ်ဦးတည်းကသာလျှင် ဒေါက်တာလီနှင့် ပညာအရည်အချင်းပိုင်းဆိုင်ရာ၌ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

သူမမှာ ရှဲ့ဟော် ဆေးတက္ကသိုလ်မှ ဒေါက်တာတစ်ဦးဖြစ်ပြီး မေရို(Mayo) ဆေးခန်းတွင် နှစ်နှစ်မျှ အလုပ်လုပ်ပြီးနောက် ဟွာရှန်းဆေးရုံသို့ ပြောင်းရွှေ့လာခဲ့၏။

ရှဲ့ဟော် ဆေးတက္ကသိုလ်မှာ မည်မျှ အံ့ဩဖွယ်ကောင်းကြောင်း ထွေထူးရှင်းပြနေရန်မလိုချေ။ သို့တိုင်အောင် သူမမှာ ကမ္ဘာ့အဆင့်တွင် နံပါတ်တစ်နေရာ၌ ရပ်တည်နေသည့် မေရိုဆေးခန်း၌ အလုပ်အတွေ့အကြုံယူနိုင်ခဲ့၏။ ယင်းက မေးရိုးပြုတ်ကျလောက်အောက် အံ့အားသင့်ဖို့ကောင်းလွန်းလှသည့် နတ်ဘုရားသဖွယ် ကိုယ်ရေးအကျဉ်းကြီးပင်တည်း။

ထို့ကြောင့် ယခုလို ငယ်ငယ်ရွယ်ရွယ်ဖြင့် ဟွာရှန်းဆေးရုံ၏ နှလုံးအထူးကုဌာန၌ လက်ထောက်ဒါရိုက်တာ ဖြစ်လာသည်မှာ မထူးဆန်းတော့ပေ။ အကယ်၍များ ဟွာရှန်းအောက် တစ်ဆင့်နိမ့်သည့် ဆေးရုံသို့ပြောင်းရွေ့မည်ဆိုပါက ဆေးရုံ၏ ဒါရိုက်တာတစ်ဦး ဖြစ်လာရန်မှာ လုံး၀ ပြဿနာမရှိပေ။

"ဒေါက်တာလီက မေရိုဆေးခန်းမှာ‌တောင် အလုပ်လုပ်ဖူးတယ်ဆိုတော့ လုံး၀ကို အမေးဇင်းပါပဲဗျာ....ကျွန်တော်တို့အတွက်တော့ စံပြသဖွယ်ပါပဲ.... "

ကျိူးဇီချန်း ဒေါက်တာလီ၏ နောက်ခံကို သိထားသော်လည်း မြှောက်ပင့်၍ရမည့် အခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။

"ပြောတော့ ‌နင်က ငါ့ကို အရမ်းလေးစားအားကျတယ်ဆို....ငါအဲ့မှာ အလုပ်လုပ်ဖူးတာကို ခုမှ သိတယ်ပေါ့..."

"ဒါ....."

ကျိုးဇီချန်း ကိုးရို့ကားယား ပြုံးလိုက်သည်။ "တကယ်တော့ ကျွန်တော်က သိတာ ကြာပြီ... အသေးစိတ်ကိုတော့ ခုမှသိတာ... လေးစားဖွယ်ရာပါပဲဗျာ....."

လီချူးဟန် ပေါ့ပါးစွာ ခေါင်းရမ်းလိုက်ပြီး ဘာမျှ ဆက်မပြောချေ။

"ကြည့်လိုက်.. ဒေါက်တာလီရဲ့ နောက်က ရှောင်ကောကောက အရမ်းချောတာပဲ... ဘယ်ဌာနကလဲ မသိဘူးနော်... "

"ဒီခေါ်လာတယ်ဆိုမှတော့ နှလုံးအထူးကုဌာနကပဲ နေမှာပေါ့ဟဲ့ နင်ကလည်း...."

"ဒါရိုက်တာချောင်ပြောသံကြားတာတော့ ‌ဒေါက်တာလီက HR ဌာနကို သွားပြီး အလုပ်သင်လေးတွေကို သွားခေါ်တာဆိုပဲ... ကြည့်ရတာတော့ သူတိူ့သုံးယောက်လုံးက အလုပ်သင် ဆရာ၀န်အသစ်လေးတွေနေမှာ....."

"မဖြစ်နိုင်တာ... ဒီလောက်ချောတဲ့ အလုပ်သင်ဆရာ၀န်က ရှိသေးတာလားဟ... မိုးနတ်မင်းကြီးက ငါတို့ မျက်စိအဆာကျွေးလို့ရအောင် ပို့ပေးလိုက်တာများလားပဲ....."

"အိပ်မက်မက်မနေနဲ့... အဲ့ဒေါက်တာလေးက ဒီလောက်ချောတာကို ငါတို့မှာ အခွင့်အရေးရှိမယ်လို့ ထင်လား...."

"ဘာပဲဖြစ်ဖြစ်ဟာ... ငါတို့ကို လှည့်မကြည့်ရင်တောင်မှ သူခိုင်းတဲ့အတိုင်းလေး လုပ်ပေးရရင်ကို သေပျော်ပါပြီ....."

သူ့အနီးနားတစ်ဝိုက်ရှိ နာ့စ်များ တီးတိုးပြောနေကြသည့် အသံကိုကြားတော့ ကျိုးဇီချန်း ထေ့ငေါ့စွာ ပြုံးလိုက်သည်။

ဟမ့်... ကမ္ဘာကြီးကို မမြင်ဖူးတဲ့ ငနုံတွေ... ခုက စပြီးတော့ မင်းတို့အားလုံးက ငါ့လက်အောက်ငယ်‌သားတွေပဲကွ...

ဆေးရုံတွင် ဆရာ၀န်နှင့် နာ့စ်တို့မှာ မတူညီသည့် စည်းမျဉ်းနှစ်ခုအောက်၌ တည်ရှိသည်။ ပြည်ပနိုင်ငံများတွင်တော့ ဆရာ၀န်တစ်ဦးမှာ မည်မျှပင် စွမ်းပကား ကြီးမားနေစေကာမူ နာ့စ်ကို ဘာလုပ်ပါဟူ၍ အမိန့်ပေးမရပေ။ သိူ့သော်လည်း ဟွာရှတွင်တော့ ယင်းစည်းမျဉ်းကို လိုက်နာသူက အတော်လေးရှား‌သည်။ ယခုလိုဖြစ်ရသည်မှာလည်း ပရော်ဖက်ရှင်နယ် ဒေါက်တာတစ်ဦး၏ အဆင့်အတန်းမှာ နာ့စ်ထက် မြင့်မားနေသောကြောင့်ပင်။ ထို့ကြောင့် အလုပ်အတွင်း နာ့စ်များမှ ပုံမှန်အားဖြင့် ဒေါက်တာများအပေါ် လေးစားသမှုနှင့် နာခံကြလေသည်။

အခြေအနေကို နားမလည်သူများ၏ မျက်လုံးထဲတွင်တော့ နာ့စ်များမှာ ခိုင်းသမျှလိုက်လုပ်ပေးရသည့် စားပွဲထိုးကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားစေခဲ့သည်။ ထိုအခြင်းအရာက မမှန်ကန်ပေ။

သူတို့ ဌာနသို့ ရောက်သည့်အချိန်တွင်တော့ လင်းရီ အခန်းထဲတွင် ဆရာ၀န်ငါးဦးထိုင်နေကြောင်း မြင်တွေ့လိုက်ရသည်။ သူတိူ့အားလုံးမှာ ငယ်ရွယ်ကြပြီး အသက်သုံးဆယ်အရွယ်မျှရှိကြ၏။ ဘွဲ့ရပြီးတာ မကြာ၍ ဟွာရှန်းဆေးရုံ၌ ထရိန်နင်လာဆင်းကြပုံပင်။

ထိုငါးယောက်အပြင် လင်းရီ မျက်မှန်းတန်းမိသူကတော့ ကျိုးဇီချန်း၏ ဦးလေး ချောင်ကျား၀မ်ပင်။

ထို့နောက် လက်ထောက်ဒါရိုက်တာ လျိုရုန်ရှန်း

လက်ထောက်ဒါရိုက်တာ ဖန်းရှူဖန့်

ကျန်ရှိသည့် အလုပ်သင်ငါးယောက်တို့ကတော့..

ရန်ဟုန်ရူ ၊ လီမိုက် ၊ ကျောက်ရှင်းရီ ၊ ၀မ်ချောင် နှင့် သွမ်းစီယွီတို့ အသီးသီးဖြစ်ကြ၏။

ရိုးရှင်းစွာ မိတ်ဆက်ပေးပြီးနောက် လင်းရီ ထိုသူတို့၏ နာမည်များကို မှတ်မိသွားခဲ့သည်။

ကျန်သူများ၏ နာမည်ကိုတော့ လင်းရီ အလုပ်လုပ်ရင်း တဖြည်းဖြည်း မှတ်သားသွားပေမည်။

"ဒါရိုက်တာချောင်... ဒီမှာ လူသစ်သုံးယောက် ပါလာခဲ့တယ်... သူတိူ့အတွက်ကော တာ၀န်တွေ ခွဲဝေပေးလိုက်ဦး...."

"လျိုလေးနဲ့ ဖန်းလေးတို့ကလည်း လက်ထဲမှာ လုပ်စရာတွေက ပြည့်နေပြီ...ပြီးတော့ ငါ့မှာလည်း သူတို့ကို ဂရုစိုက်ပေးဖို့ ခွန်အားမရှိတော့ဘူး... ဒီတော့ မင်းပဲ ကြိုးစားပြီး ဂရုစိုက်ပေးလိုက်ဦးကွာ... ငါနောက်ကျမှပဲ လျိုလေးတို့ကို တာ၀န်ပိုပေးလိုက်မယ်.... "

ကျိုးဇီချန်နှင့် ချောင်ကျား၀မ်တို့ သူတိူ့၏ ရင်းနှီးပတ်သက်မှုကို ပိရိစွာ ဖုံးကွယ်ထားခဲ့ကြ၏။

ယခုအချိန်က သူတိူ့နှစ်ဦးကြားရှိ ပတ်သက်မှုကို ထုတ်ဖော်ရန် အချိန်ကောင်း မဟုတ်သေးချေ။

"ကောင်းပြီလေ...."

လီချူးဟန် လင်းရီနှင့် ကျန်သူများကို သိမ်းကျုံးကြည့်လိုက်ပြီး "HRဌာနကိုရောက်တော့ ဒါရိုက်တာချိန်က နင်တို့ကို အရေးပေါ်ဌာနမှာ တစ်လ တာ၀န်ကျမယ်လို့ ပြောထားပြီးလောက်ရောပေါ့..."

"ဟုတ်ကဲ့ ပြောထားပြီးပါပြီ...."

"ဒါပေမယ့် စိတ်မပူနဲ့... နင်တို့ အရေးပေါ်ဌာနမှာပဲ တစ်ချိန်လုံး နေစရာမလိုဘူး...အလှည့်ကျ တာ၀န်ပေးမှာ...နင်တို့မှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် ဌာနကိုပြန်ပြီးတော့ အတွေ့ကြုံတွေ ပိုယူလို့လည်း ရတယ်... ဒါပေါ့ မယူချင်လည်း နားလို့ရတယ်လေ... နင်တို့ အချိန်ကို နင်တို့စိတ်ကြိုက် ဆုံးဖြတ်ကြ....."

စည်းမျဉ်းများနှင့် ထုံးတမ်းတို့မှာ ကျိုးကြောင်းညီညွှတ်သည်ဟု ထင်ရသော်လည်း တကယ့်လက်‌တွေ့တွင်တော့ မဟုတ်ပေ။

အကယ်၍ နားချိန်တွင် ဌာနသို့ပြန်ပြီး မလေ့လာပါက အပျင်းကြီးသူ၊ အချောင်ခိုသူတစ်ဦးအဖြစ် သမုတ်ခြင်း ခံရပေလိမ့်မည်။

ဆေးရုံကဲ့သို့ ပတ်၀န်းကျင်မျိုးတွင်တော့ အပျင်းကြီးသည်မှာ ပြင်းထန်သည့် ရာဇ၀တ်မှုတစ်ခုပင်။

သုံးယောက်လုံးမှ တည်ငြိမ်စွာ နာခံနေသည်ကိုမြင်တော့ လီချူးဟန် ဖိုင်တွဲတစ်ခုကို ယူ၍ လှန်လောကြည့်လိုက်ပြီး "အရေးပေါ်ဌာနမှာ ဒီည ညဆိုင်းတစ်ခုရှိတယ်... နင်တို့ သုံးယောက်လုံး သွားလို့ရတယ်ဆိုပေမယ့် ဒီညတော့ နှစ်ယောက်နဲ့တင်ရတယ်... ဒီတော့ ဘယ်သူက ဒီမှာ နေပြီး လုပ်အားပေးလုပ်မလဲ...."

"ကျွန်တော် နေခဲ့လိုက်မယ်လေ... ကျွန်တော်က ဒီဆေးရုံရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ ရင်းနှီးပြီးသားဆိုတော့ သူတို့နှစ်ယောက်ကိုပဲ သွားခိုင်းလိုက်တော့မယ်..."

အရေးပေါ်ဌာန၌ ညဆိုင်းဆင်းရသည်က ပျင်းဖို့ကောင်း၏။ ထို့ကြောင့် ယခုအခြေအနေကို အခွင့်ကောင်းယူပြီး ဌာနရှိ ဒေါက်တာများနှင့် ရင်းနှီးကျွမ်း၀င်အောင် ပြုလုပ်ထားသည်က ပိုကောင်းသည်။

သူ့ဦးလေး၏ ထပ်ပေါင်းအကူအညီဖြင့် ယခုပတ်၀န်းကျင်နှင့်သာ နေသားကျသွားပါက သူအရေးကြီးသည့်အရာများကို လုပ်ဆောင်ရန် တာ၀န်ပေးအပ်ခြင်း ခံရနိုင်သည်။ ထိုအခါ အရေးပေါ်ဌာနသို့ အဆိုင်းလဲရန်လည်း လိုအပ်လိမ့်မည်မဟုတ်တော့ချေ။

ထို့ပြင် လီချူးဟန်မှာလည်း သူ၏ ဒါရိုက်တာအဖြစ်ညွှန်ကြားပေးမည်ဖြစ်သောကြောင့် တစ်ပတ်အတွင်း သူမနှင့် နီးကပ်ရန် လုံလောက်ပေသည်။ အကယ်၍ သူမအထင်ကြီးအောင် မစွမ်းဆောင်နိုင်လျှင်တောင်မှ သူ့ဘက်က အရည်အချင်းများကို တိုက်ရိုက်ဖော်ထုတ်လိုက်ပေမည်။

ထို့ကြောင့် သူ၏ အချိန်များကို အရေးပေါ်ဌာန၌ ဖြုန်းရန်မရှိချေ။။

"ကောင်းပြီလေ... အဲ့တာဆိုလည်း နင်ဒီမှာနေခဲ့... ငါဒီည သူတို့နှစ်ယောက်ကို အရေးပေါ်ဌာနဆီ ခေါ်သွားလိုက်မယ်…”

All Chapters