ရတနာရှစ်မျိုးယုရီ
Vol. 21 Ch. 294
ဟန်မူယဲ့က ထွက်သွားသောစွေ့ဟယ်လျန်ကို ကြည့်လိုက်ပြီး စာအုပ်များဆီသို့ အကြည့်လွှဲသည်။
သူက လက်ဆန့်ထုတ်ပြီး စာအုပ်ကို ဖွင့်ကြည့်သည်။
စာအုပ်က ကျင့်ကြံခြင်းနည်းစနစ်များမဟုတ်ဘဲ ဂိုဏ်းအကြီးအကဲများ၏ ခရီးသွားမှတ်တမ်းဖြစ်သည်။
သူတို့၏ အတွေ့အကြုံနှင့် ဉာဏ်အလင်းများက ဟန်မူယဲ့အတွက် အလွန်အထောက်အကူဖြစ်သည်။
သူက စာအုပ်ကို ဖွင့်လိုက်သောအခါတွင် စာလုံးများစီးဆင်းလာပြီး စိတ်ထဲတွင် မြင်ကွင်းများပေါ်လာသည်။
ကျောမှာ ဓားရှည်တစ်လက်လွယ်ထားပြီး ဟိန်းဟောက်နေသော ဓားကျင့်ကြံသူများရှိသည်။ တာအိုကို နားလည်သွားသော ကျွမ်းကျင်သူများလည်း ရှိသည်။
ထိုအကြီးအကဲကျွမ်းကျင်သူများက လွတ်လပ်ပြီး ချုပ်နှောင်မှုကင်းမဲ့သည်။ သို့မဟုတ် နှလုံးသားထဲတွင် ဓားတာအိုရှိသည်။ သူတို့က ဓားများကဲ့သို့ လျင်မြန်ပြီး ပြတ်သားသည်။
ထိုစာအုပ်များကို ဖတ်ရှုခြင်းက ဓားကျင့်ကြံသူကြီးတစ်ယောက်၏ဘဝကို ခံစားကြည့်ခြင်းဖြစ်သည်။
ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင်ရှိသော လူသားလောကမန္တန်က ရွှေရောင်မက်မွန်ပွင့်အဖြစ် ပြောင်းလဲသွားသည်။ ပွင့်ချပ်များပြန့်ကျဲသွားပြီး ရွှေအလင်းများက သူ့စိတ်နယ်ပယ်ထဲရှိ သမာဓိစွမ်းအားဆီသို့ စုစည်းလာသောကြောင့် ပိုမိုသိပ်သည်းလာသည်။
ဟန်မူယဲ့က စာအုပ်များအားလုံးကို တစ်ခါတည်းမဖတ်နိုင်ပေ။
သူက စာအုပ်အနည်းငယ်ဖတ်လိုက်ပြီး စိတ်ကျေနပ်စွာပိတ်လိုက်သည်။
‘ကိုယ်စားနိုင်တာထက် ပိုမကိုက်သင့်ဘူး’ သူတွေးသည်။
အချိန်ရှိသေးသည်။
ကွန်ဖြူးရှပ်တာအိုက နှလုံးသားကို ကျင့်ကြံခြင်းဖြစ်သည်။
သူက တိတ်ဆိတ်သောအခန်းထဲမှ ထွက်လာသောအခါတွင် စွေ့ဟယ်လျန်က အပြုံးတစ်ခုနှင့်အတူ ချဉ်းကပ်လာသည်။
“စီနီယာအစ်ကို၊ တစ်ခုခုရခဲ့လား”
ဟန်မူယဲ့က ခေါင်းညိတ်ပြီး ပြောသည်။ “အများကြီးရခဲ့တယ်”
‘အကျိုးအမြတ်ရခဲ့တာား’ စွေ့ဟယ်လျန်က တွေးမိသည်။
‘သူက တကယ်ပဲ တစ်ခုခုရလာတာလား’
ထွက်ခွာသွားသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး စွေ့ဟယ်လျန်၏မျက်နှာထားက ပြောင်းလဲသွားသည်။
သူက လျင်မြန်စွာနောက်လှည့်ပြီး ဟန်မူယဲ့ဖတ်သွားသောစာအုပ်များကို ဖတ်ရန်အတွက် တိတ်ဆိတ်သောအခန်းထဲသို့ ဝင်လိုက်သည်။
ဟန်မူယဲ့က သူ့ကို လိမ်စရာအကြောင်းမရှိပေ။
....
စာအုပ်ဆောင်မှ ထွက်လာသောအခါတွင် ဟန်မူယဲ့က ဓားစံအိမ်သို့ ချက်ချင်းပြန်မသွားခဲ့ပေ။ သူက ဂိုဏ်း၏ဝိညာဉ်နယ်မြေသို့ သွားလိုက်သည်။
ဝိညာဉ်နယ်မြေက အလွန်အသက်ဝင်နေသည်။
များပြားလှသောလက်ရွေးစင်တပည့်များ စုဝေးနေသည်။
ဖုန်းရှို့တောင်ကုန်းတွင် ဖုန်းလင်ဓားဂိုဏ်းနှင့် သွေးစွန်းတိုက်ပွဲများ ဆင်နွှဲပြီးသောအခါတွင် ထိုတပည့်များ၏ လေးနက်သောအငွေ့အသက်နှင့် ဓားတာအိုကျင့်ကြံခြင်းက နက်ရှိုင်းလာသည်။
တိုက်ခိုက်ခြင်းက ဓားကျင့်ကြံသူများတိုးတက်လာရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
လျှို့ဝှက်နယ်မြေတွင် လူအများအပြားရှိနေသော်လည်း ဟန်မူယဲ့နှင့်ရင်းနှီးသောလူ အနည်းငယ်ပဲရှိသည်။
လီသုံးက အလယ်ပိုင်းကုန်းမြေသို့ပါသွားပြီး လုတစ်ဆယ်က သေဆုံးသွားခဲ့သည်။
ပြန်ရောက်လာသောစုန့်ခုနစ်က တိတ်ဆိတ်နေသည်။ ချီဆယ့်သုံးနှင့် တခြားလူများက တံခါးပိတ်ကျင့်ကြံနေသည်။
ဝိညာဉ်နယ်မြေသို့ အလည်သွားပြီးသောအခါတွင် ဟန်မူယဲ့က အနည်းငယ်စိတ်ပျက်နေမိသည်။
‘ဟင်း၊ ကျင့်ကြံခြင်းက ဒီလိုပါပဲ”
ဟန်မူယဲ့၏နောက်တွင် ရုတ်တရက်ပေါ်လာသော မဟာအကြီးအကဲ ကျန်းကျစ်ဟယ်က ညင်သာစွာပြောသည်။
“ငါတို့မျိုးဆက်ကို ကြည့်လိုက်ပါဦး။ လူတစ်ရာမှာ တစ်ယောက်လောက်ပဲကျန်တော့တယ်”
“အရင်က အတူခရီးသွားခဲ့တဲ့လူတွေ သေသွားတယ် ထွက်သွားတယ် သစ္စာဖောက်သွားတယ် ဒါမှမဟုတ် ....”
ကျန်းကျစ်ဟယ်က ဆက်မပြောသော်လည်း ဟန်မူယဲ့က နားလည်သည်။
အမှန်အတိုင်းပြောရလျှင် တစ်ဖက်လူ၏အသက်နှင့် တာအိုလမ်းစဉ်ကို အဆုံးသတ်ပြီး ရှင်သန်နေသောလူများလည်း ရှိသည်။
ကျင့်ကြံခြင်း၊ ကမ္ဘာလောကနှင့် ရန်သူကို ရင်ဆိုင်ရခြင်း။ တစ်ခါတလေမှာ သူတို့က သူငယ်ချင်းကောင်းများ၊ ဂိုဏ်းတူတပည့်များနှင့် တိုက်ခိုက်ရသည်။
“ဝိညာဉ်နယ်မြေမှာ ရှိနေတဲ့လူတွေကို ကြည့်လိုက်ပါဦး။ ရက်အနည်းငယ်ကြာရင် လူလျော့သွားလိမ့်မယ်”
ကျန်းကျစ်ဟယ်က အဝေးသို့ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ငါတို့က မူလမီးတောက်ကမ္ဘာကိုသွားပြီး ပြန်လာရင် လူဘယ်နှယောက်ပြန်ပါလာမလဲ မသိဘူး”
ပြန်လာမည့်လူအရေအတွက်ကို မသိနိုင်ပေ။
ကျင့်ကြံခြင်းက ပျော်ပွဲစားထွက်ခြင်းမဟုတ်ပေ။ မူလမီးတောက်ကမ္ဘာတွင် အသက်စွန့်တိုက်ခိုက်ရပေမည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ဓားကျင့်ကြံခြင်းက ထိုအတိုင်းပင်ဖြစ်သည်။
ဝိညာဉ်နယ်မြေမှ ဓားစံအိမ်သို့ ပြန်ရောက်လာသောအခါတွင် ဟန်မူယဲ့က ဝင်္ကပါအစီအရင်ကို အသက်သွင်းပြီး ဓားစံအိမ်၏မြေအောက်သို့ ဝင်ရောက်လိုက်သည်။
ဤနေရာက ဓားစံအိမ်၏ အစစ်အမှန်ဗဟိုချက်ဖြစ်သည်။
သူက မြေအောက်ထပ်သို့ရောက်သွားသောအခါတွင် ဆံပင်ကြားတွင်ရှိသော အနက်ရောင်ဓားငယ်က တုန်ခါလာသည်။
လေဟာနယ်စွမ်းအားများ ပြန့်ထွက်လာပြီး အက်ကွဲကြောင်းများကို ပြုပြင်လိုက်ပုံပေါ်သည်။
နယ်မြေချိတ်ပိတ်ခြင်းတိုကင်က အာကာသလမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် ဖြစ်သည်။
ဟန်မူယဲ့က ဓားငယ်ကို ကိုင်ကြည့်လိုက်သောအခါတွင် စုပ်ယူထားသော လေဟာနယ်စွမ်းအားများက ဤနေရာတွင်ရှိသော လေဟာနယ်စွမ်းအားနှင့် ရောစပ်သွားကြောင်း ခံစားရသည်။
ဓားငယ်ထဲတွင် အာကာသလမ်းကြောင်း၏ တာအိုအမှတ်အသားပေါ်လာသည်။
ယခုအချိန်တွင် ဓားငယ်က တာအိုအမှတ်အသားနှစ်ခုကို သယ်ဆောင်ထားသည်။
တစ်ခုက မူလမီးတောက်ကမ္ဘာသို့ ဦးတည်ပြီး နောက်တစ်ခုက အမည်မသိကမ္ဘာကို ဦးတည်ထားသည်။
ဟန်မူယဲ့က တာအိုအမှတ်အသားကို အသက်သွင်းလိုက်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာထဲမှ ထွက်သွားနိုင်သည်။
သို့သော်လည်း ဟန်မူယဲ့က ထိုသို့မလုပ်ဘဲ ဓားငယ်ကို ဆံပင်ကြားတွင် ပြန်ထားလိုက်သည်။
သူ့လက်ရှိခွန်အားနှင့်ဆိုလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားရန်အတွက် ဝေးကွာနေသေးသည်။
သူက ခေါင်းမော့ကြည့်လိုက်သောအခါတွင် သူ့ရှေ့တွင်ရှိသော စင်မြင့်ထက်တွင် ဝိညာဉ်စွမ်းအင်အလင်းလုံးတစ်ခုကို မြင်ရသည်။
ထိုအရာက ထီးတစ်လက်ဖြစ်ခဲ့သည်။
အိုဟောင်းပြီး စုတ်ပြတ်နေသော အနက်ရောင်သံထီးတစ်လက်ဖြစ်သည်။
“အမ်၊ ဒီမှာ နောက်ထပ် ဓမ္မရတနာတစ်ခု ရှိနေပါ့လား”
တာအိုဆရာတယန်၏ အံ့အားသင့်နေသောအသံ ထွက်လာသည်။
“မင်းဘယ်လောက်ချမ်းသာလဲ ပြောစမ်း”
တာအိုဆရာတယန်က အလင်းလုံးရှေ့တွင်ပေါ်လာပြီး သေချာလေ့လာကြည့်သည်။ ထို့နောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချသည်။
“ကံဆိုးတာပဲ။ ဒီပစ္စည်းရဲ့ဝိညာဉ်က ပျောက်ကွယ်သွားပြီ”
သူက နှမြောသည့်ပုံစံဖြင့် ပြောလိုက်သော်လည်း သူ့မျက်နှာထားက သိသာစွာ သက်တောင့်သက်သာဖြစ်နေသည်။
ဝိညာဉ်မရှိသော ဓမ္မရတနာက နံပတ်တစ်ဓမ္မရတနာရာထူးအတွက် မယှဉ်ပြိုင်နိုင်ပေ။
ကျိုးယွင်လုံက အလွန်သိတတ်ပြီး ငြင်းဆန်ခြင်းမရှိပေ။
တာအိုအနှစ်သာရမီးပြင်းဖိုက ဝါးမျိုခံလိုက်ရပြီဖြစ်သည်။
သူ့ရှေ့တွင်ရှိသော ဓမ္မရတနာက ဝိညာဉ်မရှိပေ။
တာအိုဆရာတယန်က ဟန်မူယဲ့ကို လှည့်ကြည်သည်။
‘ဒီကောင်က အရမ်းကံကောင်းနေတာမဟုတ်ဘူးလား’ သူတွေးသည်။
‘ရတနာတွေအားလုံးက ဘာဖြစ်လို့ သူ့အပိုင်ဖြစ်နေတာလဲ’
‘ငါက တကယ်ပဲ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုရမှာလား’
‘ဒါက ကံကြမ္မာရဲ့ တွေ့ဆုံမှုလား’
ဟန်မူယဲ့က တာအိုဆရာတယန်၏အတွေးကို မဖော်ထုတ်ခဲ့ပေ။ သူက ရှေ့တိုးလိုက်ပြီး အလင်းလုံးကိုယူသည်။
အလင်းလုံးက တုန်ခါသွားပြီး ကျောက်စိမ်းတောင်ဝှေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တစ်ပေနှင့် သုံးလက်မရှိသော ကျောက်စိမ်းတောင်ဝှေးပေါ်တွင် ညင်သာသောဝိညာဉ်စွမ်းအင်နှင့် အလင်းများထွက်နေသည်။ သွယ်ယှက်နေသော ဝိညာဉ်အင်းကွက်များက ကြည့်ကောင်းလှသည်။
သူက တောင်ဝှေးကိုကိုင်ထားပြီး ဝိညာဉ်စွမ်းအားများ ထည့်သွင်းကြည့်သည်။ တောင်ဝှေးက တုန်ခါလာပြီး ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။
တောင်ဝှေးက ကြီးလိုက် သေးလိုက် ဖြစ်နေသည်။
တောင်ဝှေးက ရှည်လိုက် တိုလိုက် ဖြစ်နေသည်။
တစ်ခါတလေတွင် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး တစ်ခါတလေတွင် လှံတိုတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
တစ်ခါတစ်ရံတွင် ယပ်တောင်တစ်ချောင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် လေးတစ်လက်ဖြစ်သည်။
ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင် မန္တန်တစ်ခုပေါ်လာသည်။
“ငါထင်တဲ့အတိုင်းပဲ ....”
ရတနာရှစ်မျိုးယုရီ…
ရတနာရှစ်မျိုးယုရီဂိုဏ်း၏ရတနာကို မိစ္ဆာများက ခိုးသွားခဲ့သည်။
ဟန်မူယဲ့၏စိတ်ထဲတွင် မြင်ကွင်းများပေါ်လာသည်။
မိစ္ဆာပုံရိပ်များက ကောင်းကင်တွင်ပြည့်နေပြီး ဖျက်ဆီးနိုင်စွမ်းရှိသော သတ်ဖြတ်လိုစိတ်များကြောင့် ကြည့်မိသူတိုင်းကို တုန်ခါသွားစေနိုင်သည်။
မိစ္ဆာလမ်းစဉ်က သောင်းကျန်းနေပြီး မဟာတာအိုပြန့်ပွားရန်အတွက် ခက်ခဲနေသည်။
ရတနာရှစ်မျိုးယုရီမှတစ်ဆင့် မိစ္ဆာများဖျက်ဆီးခဲ့သောကမ္ဘာများကို ဟန်မူယဲ့မြင့်ရသည်။ ထို့နောက် သူတို့က မိစ္ဆာသွေးစတေးခြင်းနည်းစနစ်ကို အသုံးပြု၍ ကမ္ဘာ၏စွမ်းအားကို သန့်စင်ပြီး သက်ရှိများ၏အသက်ကို နှုတ်ယူသည်။
ထိုစွမ်းအားကို မိစ္ဆာကမ္ဘာပိုမိုသန်မာလာစေရန်အတွက် ကျွေးမွေးခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် တိုက်ပွဲများက လူသားများကြားတွင်မကဘဲ ကမ္ဘာများကြားတွင်လည်း ဖြစ်ပွားသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုမိုခမ်းနားပြီး အားကောင်းသောကမ္ဘာများက မိစ္ဆာများ၏ကျူးကျော်ခြင်းနှင့် ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
ကြယ်များပြိုကျခြင်း၊ မရေမတွက်နိုင်သောသက်ရှိများ ငိုညည်းခြင်း၊ အရိုင်းဆန်စွာရယ်မောနေသော မိစ္ဆာများ .... ထိုမြင်ကွင်းများကြောင့် ဟန်မူယဲ့က တင်းကျပ်စွာ လက်သီးဆုပ်ထားမိသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အကြီးအကဲများက ပြင်ပဘုံ၏ကျူးကျော်ခြင်းကို မခံရစေရန်အတွက် အားကောင်းသောကျင့်ကြံသူကြီး၏စွမ်းအားကို အသုံးပြု၍ အာကာသလမ်းကြောင်းများအားလုံးကို ချိပ်ပိတ်ခဲ့သည်။
မျိုးဆက်သစ်ကျင့်ကြံသူများက မှောင်မှိုက်ပြီး ရက်စက်သော ကျင့်ကြံခြင်းလောကအကြောင်းကို မသိကြပေ။
နိုင်လိုမင်းထက်ဆန်သော မိစ္ဆာများနှင့်ယှဉ်လိုက်လျှင် တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျင့်ကြံသူများက ကြင်နာမှုရှိပြီး မူလမီးတောက်ကမ္ဘာ၏ကျင့်ကြံသူများကို ကျွန်ပြုရုံသာ ပြုလုပ်ခဲ့သည်။
သူ့စိတ်ထဲတွင်ရှိသော ပုံရိပ်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းပြီး ရှေ့တွင်ရှိသော ကျောက်တုံးနံရံကို ကြည့်သည်။
ကျောက်တုံးနံရံက ပုံရိပ်ယောင်ဆန်နေသည်။
ကျောက်တုံးနံရံ၏နောက်ကွယ်တွင် အာကာသလမ်းကြောင်းရှိသည်။
ရတနာရှစ်မျိုးယုရီထံမှတစ်ဆင့် မိစ္ဆာများက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ရှာတွေ့သွားပြီး ချိုးဖောက်ဝင်ရောက်လာရန် အမြဲမပြတ် ကြိုးစားနေကြောင်း ဟန်မူယဲ့ သိခဲ့ရသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အာကာသလမ်းကြောင်းများက တင်းကျပ်စွာပိတ်ဆို့ထားပြီး အဆင်ပြေသည်။
အလယ်ပိုင်းကုန်းမြေက အဆုံးမဲ့ပြီး အရှေ့ပင်လယ်က အကန့်အသတ်မဲ့သည်။ လူအရောက်အပေါက်နည်းသော မြောက်ပိုင်းရေခဲနယ်မြေတွင်လည်း ပြင်ပဘုံမိစ္ဆာများ ရှိနေသည်။
ကံကောင်းစွာဖြင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားများက အတော်လေးအားကောင်းပြီး ပြင်ပဘုံမိစ္ဆာများကို ဖိနှိပ်နိုင်သည်။
အလယ်ပိုင်းကုန်းမြေနှင့် အရှေ့ပင်လယ်တွင် ကျွမ်းကျင်သူအများအပြားရှိသောကြောင့် မိစ္ဆာများ ပုန်းအောင်းနေရန် မဖြစ်နိုင်ပေ။
ရတနာရှစ်မျိုးယုရီမှတစ်ဆင့် ပြင်ပကမ္ဘာများကို သိမ်းပိုက်နေသော အနက်ရောင်သံချပ်ကာဝတ်ထားသည့် ဓားကျင့်ကြံသူနှင့် အနီရောင်သံချပ်ကာစစ်တပ်ကို အကြိမ်ရေအနည်းငယ်ခန့် မြင်လိုက်ရသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အလယ်ပိုင်းကုန်းမြေစစ်တပ်က ဝင်္ကပါအလျောက်ရွေ့လျားပြီး လေဟာနယ်ကို ဖြတ်သန်းနိုင်သည်။ ကောင်းကင်အဆင့်မိစ္ဆာများကတောင် သူတို့ကို မတားဆီးရဲပေ။
“အလယ်ပိုင်းကုန်းမြေရဲ့ အမတ်ချုပ်ကြီးဝမ်နဲ့ မှူးမတ်ဝူ”
သူက ပိုမိုကျယ်ပြန့်သောကမ္ဘာများကို မြင်ရသောအခါတွင် အလယ်ပိုင်းကုန်းမြေသို့ သွားသင့်သည်ဟု ပိုခံစားလာရသည်။
အလယ်ပိုင်းကုန်းမြေသို့ရောက်သွားလျှင် သူက အမြင်ကျယ်သွားပေမည်။