ပထမဦးဆုံး အရေးပေါ်လူနာ
Vol. 26 Ch. 379
"ဟမ်...ဒေါက်တာလီက အရေးပေါ် ဌာနကို သွားမလို့လား.."
လီချူးဟန် ခေါင်းညိမ့်၍ "ဟုတ်တယ်...သူတိူ့ ဒီက လုပ်ငန်းစဉ်တွေနဲ့ ရင်းနှီးသွားအောင် တစ်ပတ်လောက် လိုက်ကြည့်ပေးမလို့... နင်ညဆိုင်းဆင်းတဲ့အလှည့်ကျရင်တော့ အစ်ကိုလျိုက ကြီးကြပ်ပေးလိမ့်မယ်..."
"ဒါ...."
ကျိုးဇီချန်း နောင်တရသလို ခံစားလိုက်ရသည်။
ဘယ်လိုငရဲလဲဟ...
လီချူးဟန်က သူတိူ့နဲ့ သွားမယ်ဆိုတော့ ငါက ဘယ်လိုလုပ်ပြီး သူမအထင်ကြီးအောင် လုပ်ပြရမှာလဲ...
"အမ်... ဒေါက်တာလီ ကျွန်တော်ခုမှ စဉ်းစားမိတယ်....သုံးယောက်ထဲမှာ ကျွန်တော်က အတွေ့ကြုံအရှိဆုံးဆိုတော့ ကျွန်တော်သူတိူ့နဲ့ အတူ အဆိုင်းလိုက်ဆင်းလိုက်မယ်... တကယ်လို့ ဒေါက်တာလီ မအားတဲ့အချိန်ကျ ကျွန်တော်သူတိူ့ကို ဘယ်လိုလုပ်တယ်ဆိုတာ သင်ပြပေးလို့ ရတာပေါ့...."
လက်ထောက်ဒါရိုက်တာလျို၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း မကြာမီ အပြုံးတစ်ခုဖြင့် ပြန်၍ဖုံးကွယ်ထားလိုက်၏။
"ဒေါက်တာလီ... မင်းပဲ သူတို့သုံးယောက်လုံးကို ခေါ်သွားလိုက်တော့ကွာ... "လျိူရုန်ရှန်းမှ ပြောလိုက်ပြီး "မင်းမအားတဲ့အချိန်ကျမှပဲ ငါလာပြီး ကြီးကြပ်ပေးလိုက်မယ်...."
"အင်း ပြီးတာပဲလေ...."
လီချူးဟန် စကားအများကြီး မပြောပေ။ တာ၀န်များခွဲဝေပေးပြီးနောက် လင်းရီနှင့် ကျန်သူများကို ကြည့်ကာ "နင်တို့တွေ ငါလူနာ လိုက်ကြည့်တာကို လေ့လာလို့ရတယ်... နောက်မှပဲ အရေးဌာနကို သွားကြတာပေါ့...."
"ကောင်းပါပြီဗျ....."
သို့နှင့် လင်းရီတို့အုပ်စု လူနာဆောင်သို့ ရောက်လာခဲ့ပြီး ဖျားနာသည့် လူနာများကို ဒေါက်တာလီမှ လိုက်လံစစ်ဆေးကြည့်ရှုပြီး လင်းရီတို့ကတော့ ဘေးမှ မှတ်စုစာအုပ်များဖြင့် လိုက်လံမှတ်သားကြသည်။
ထိုစဉ် ဒေါက်တာလီမှ လင်းရီတို့ကို နားကြပ်တစ်ခုပေးပြီး "ရော့... နင်တို့ လူနာရဲ့ နှလုံးခုန်သံကို နားထောင်ကြည့်ကြည့်... "
ဒေါက်တာလီရှေ့၌ ကြွားလုံးထုတ်ချင်သည့် ကျိူးဇီချန်းမှ ရှေ့ထွက်၍ အရင်ဆုံး နားထောင်ကြည့်လိုက်သည်။
ဒေါက်တာလီက မေး၏။
"အခြေနေ ဘယ်လိုရှိလဲ...."
" လူနာရဲ့ နှလုံးခုန်သံက ပုံမှန်ပါပဲဗျ... ဘာပြဿနာမှ မရှိပါဘူး... "
လီချူးဟန် ခေါင်းညိမ့်လိုက်သည်။
ထို့နောက် ချောင်ရှင်းထံကြည့်လိုက်၏။ သူမလည်း ရှေ့သို့ တက်လာပြီး လူနာ၏ နှလုံးခုန်သံကို စမ်းသပ်ကြည့်လိုက်သည်။
လီချူးဟန်မှ တူညီသည့် မေးခွန်းကို ပြန်မေးလာလေသည်။
"လူနာရဲ့ နှလုံးက အခြေအနေဘယ်လိုရှိလဲ..."
"အင်း..အဲ.. ပုံမှန်ပါပဲရှင့်..."
နောက်ဆုံး လင်းရီ အလှည့်သို့ ရောက်လာလေသည်။
သူ ချောင်ရှင်းထံမှ နားကြပ်ကို လက်လွှဲယူပြီး လူနာ၏ ရင်ဘက်နား ဖိ၍ နှလုံးခုန်သံကို နားထောင်ကြည့်လိုက်၏။
လင်းရီ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူဘာအသံကိုမျှ မကြားရသောကြောင့်ပင်။
သူစမ်းသပ်သည့်နေရာက မှန်၏လောဟု ဇဝေဇဝါဖြစ်ရင်း လူနာ၏ရင်ဘက်သို့ ပြန်ကြည့်လိုက်သည်။
သို့သော် သူ မမှားပေ။
"ဘယ်လိုလဲ... "
"ကျွန်တော်မသိဘူး... "
"ဟားဟား...နှလုံးခုန်သံတောင် နားမထောင်တတ်ပဲနဲ့ များ ဆရာ၀န်လာလုပ်တယ်တဲ့လားကွာ...မင်းလာနောက်နေတာလားဟျောင့်"
ချောင်ဇီချိုးမှ အခွင့်အရေးကို လက်လွှတ်မခံပဲ လင်းရီကို လှောင်ပြောင်လိုက်၏။
လီချူးဟန်မှ ပြုံး၍ မေးမြန်းလိုက်ပြီး
"ဘာလို့ မသိတာ... "
"ဘာလို့လဲဆိုတော့ ဒီ နားကြပ်က ပျက်နေတာလားမှ မသိတာ... ဘာအသံမှ မကြားရတော့ ကျွန်တော်က ဘာကိုနားထောင်ပြီး ပြောရတော့မှာ.... "
လီချူးဟန် အားရကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်၏။
ထို့နောက် သုံးယောက်လုံးကို သိမ်းကျုံးကြည့်ကာ "အမှန်တော့ ငါ နင်တို့ကို ပေးတဲ့ နားကြပ်က ပျက်နေတာကြီး... ဒါက နင်တို့ကို သပ်သပ် စမ်းသပ်တာပဲ... ဒီရောက်တဲ့ အချိန်ခဏလေးမှာ ကိုယ့်ဘက်က မသိရင် မသိဘူးလို့ အမှန်အတိုင်း ပြောရဲရမယ်... သိသလို လုပ်နေရင် နင်တို့ဘာမှ တတ်မှာမဟုတ်ဘူး... နောက်တစ်ခါဒါမျိုး မဖြစ်စေနဲ့... ကြားကြလား..."
လီချူးဟန်မှ သူ့ကို ကြည့်ပြီး မပြောသော်လည်း ကျိုးဇီချန်း မျက်နှာ တစ်ခုလုံး ရဲရဲနီနေသည်။
ထိုအခိုက်အတန့်၌ သူ တွင်းတူး၍ ပုန်းအောင်းချင်နေမိတော့၏။
'ငါလခွမ်းတဲ့မှပဲ အမှန်တိုင်း ပြောလိုက်ရမှာကိုကွာ...'
"ဟုတ်ကဲ့ နားလည်ပါပြီခင်ဗျ...."
ထို့နောက် လင်းရီတို့ ဒေါက်တာလီနှင့်အတူ ဆက်လက်၍ လူနာများ လိုက်ကြည့်ကြသည်။
"ဒေါက်တာလီ... ရှင့်နောက်က ခပ်ချောချောကောင်လေးက ဆရာ၀န်အသစ်လေးလား...."အသက်သုံးဆယ်အရွယ်ဟု ထင်ရသည့် အမျိုးသမီးတစ်ဦးမှ မေးလိုက်သည်။
"ဟုတ်တယ်... ကျွန်မတို့ဌာနက အလုပ်သင်ဆရာ၀န် အသစ်လေးလေ...."
"ဟယ်လို ကျွန်တော်က ကျိုးဇီချန်းပါ... ခုကစပြီးတော့ အန်တီရဲ့ နှလုံးရောဂါ အထူးကု ဆရာ၀န်......."
"ကောင်လေး... နင်ဘယ်သူ့ကိုလာပြီးတော့ အန်တီလာခေါ်နေတာလဲ... ပြီးတော့ ငါ နင့်ကို မေးနေတာလည်းမဟုတ်ဘူး....."
"အာ...."
ကျိုးဇီချန်း ရှက်ရွံ့စွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်မိလိုက်သည်။ ' ဒီအန်တီက သွေးဆုံးတော့မယ့် အန်တီကြီးပဲ..'
"ဟယ်လို မိန်းကလေး ကျွန်တော်က နှလုံးအထူးကုဌာနက အလုပ်သင်ဆရာ၀န်အသစ် လင်းရီပါ...."
လင်းရီ ညင်သာစွာပြုံးပြလိုက်သည်။
"ဒေါက်တာလင်း... ဒေါက်တာလီပြောတာတော့ ကျွန်မက ဒီနေ့ဆို ဆေးရုံဆင်းလို့ရပြီတဲ့... ဒါပေမယ့် ကျွန်မ နည်းနည်းလေး သက်တောင့်သက်သာ မဖြစ်သလားလို့... အဲ့တာ ဂလူးကို့်စ် နှစ်ခွက်စာလောက် ပြင်ပေးပါလားဟင်.... ဒီအခြေအနေနဲ့ဆိုရင် နောက်နှစ်ရက်လောက်အထိ ဆေးရုံမှာ ဆက်နေရဦးမယ်နဲ့ တူပါတယ်လေ...."
"အကိုလေး... ကျွန်မ နှလုံးသားက ရုတ်တရက်ကြီး နေလို့ မကောင်းလာသလိုပဲ....ဒီကို လာပြီး တစ်ချက်လောက် စမ်းသပ်ပေးပါလားဟင်...."
"ဒေါက်တာလီ... ကျွန်မ ရှင့်ရဲ့ နှလုံးကုသဆောင်မှာ နောက်တစ်နှစ်လောက် ဆက်နေလို့ရလား...."
"ရှင်တို့ကတော့...."လီချူးဟန် ကူကယ်ရာမဲ့သွားပြီး "ရုပ်လေးချောတာနဲ့ပဲ ဒီလောက်ထိဖြစ်စရာလိုလို့လားလို့...."
"ဟီးဟီး ...သူက ရိုးရိုးချောတာမှ မဟူတ်တာ... အရမ်းချောနေတာလေ..."
"အဲ့လိုဆိုရင်တောင်မှ ရှင်တို့ရဲ့ မကောင်းတဲ့ အတွေးတွေကို ခဏလောက် ဖျောက်ထားလိုက်ကြ.. ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် အလုပ်သင်ဆရာ၀န်တွေက အရေးပေါ်ဌာနမှာ တစ်လလောက် တာ၀န်ကျမှာ... အချိန်တစ်ခုလောက်အထိတော့ သူက နှလုံးကုသဆောင်ကို ၀င်နိုင်သေးမှာ မဟုတ်ဘူး...."
"အဲ့တာဆိုရင်လည်း အစောကြီးကတည်းကနေ ပြောလေ...."
"အမ်.. အစ်မစွန်း.. ဘာလို့ မတ်တပ်တွေရပ်နေတာ... ရှင်ပြောတော့ ဆေးရုံမှာ နောက်နှစ်ရက်လောက် နေဦးမယ်ဆို...."
"အရေးပေါ်ဌာနမှာ ကြိုပြီး နာမည်ပေးထားမလို့ဟေ့... တော်နေကြာ ကုတင်မရလိုက်တော့မှဖြင့်...."
"အစ်မစွန်း ခဏလေး... ဒါက ကျွန်မရဲ့ ID ကတ်... ကျွန်မအတွက်လည်း ကုတင်တစ်လုံးလောက် ကြိုဦးထားပေးခဲ့ဦး... မနက်ဖြန်ကျရင် ဒီလူနာဆောင်ကနေ ထွက်ပြီးတော့ အရေးပေါ်ဌာနကို ပြောင်းတော့မယ်.... "
လင်းရီ ".........."
"ငါတို့ လူနာလိုက်ကြည့်တာပြီးပြီ... အရေးပေါ်ဌာနကို သွားကြမယ်.... "လီချူးဟန် ပြောပြီးနောက် လင်းရီတို့ အုပ်စုကို အရေးပေါ်ဌာနသို့ ဦးဆောင်လာခဲ့လေသည်။
"လင်းရီ... နောက်တစ်ခါလူနာ လိုက်ကြည့်ရင် နင်ပါစရာမလိုတော့ဘူး...."
လီချူးဟန် ပြောလိုက်၏။
"ဘာလို့လဲ... လူနာလိုက်ကြည့်ဖို့က ကျွန်တော့်တာ၀န်မဟုတ်ဘူးလား...."
"ဘာလို့လဲဆိုတော့ လူနာတွေ နင့်ကြောင့် နှလုံးပြန်ဖောက်ပြီး ခွဲစိတ်နေရမှာ ဆိုးလို့ဟေ့...."
လင်းရီ "?????"
ဒါကြီးက ဖြစ်သင့်လား...
အရေးပေါ်ဌာနသို့ ဦးတည်ရင်း လီချူးဟန်မှ အရေးပေါ်ဌာနရှိ လုပ်ငန်းဆောင်တာများကို အကြမ်းဖျင်း ရှင်းပြခဲ့သည်။
အရေးပေါ်ဌာန၌ အလုပ်သမားများကို သူ့နေရာနှင့်သူ တာ၀န်ပေးထားသော်လည်း လက်တွေ့တွင်တော့ လင်းရီတို့ကဲ့သို့ အလုပ်သင်လေးများကသာ အသေးစိတ် လိုက်လုပ်ပေးရ၏။
သို့သော်လည်း အခြေခံ လုပ်သန်းဆောင်တာလေးများတာ ဖြစ်သောကြောင့် ဘာမျှမတတ်ကျွမ်းသည့် ဆရာ၀န်ပင်လျှင် ကိုင်တွယ်နိုင်သည်။
အကယ်၍ အခြေအနေများမှာ ပြင်းထန်ပြီး သူတို့မကိုင်တွယ်နိုင်မှသာလျှင် နာ့စ်များကိုပြော၍ သင့်တော်သည့် ဌာနသို့ လွှဲပြောင်းပေးလိုက်၏။
ထို့ကြောင့် ကြည့်ရသည်မှာတော့ အရေးပေါ်ဌာတွင် အရေးတကြီး လုပ်ရန်လိုအပ်သည့် အလုပ်ဟူ၍ သိပ်မရှိပဲ အတော်လေး မဆိုးသည့်ဌာနဟုပင် ပြော၍ရသည်။
လီချူးဟန်၏ စကားလုံးများအရတော့ အရေးကြီးဆုံးမှာ အချိန်မှီ အသက်ကယ်နိုင်ရန်သာဖြစ်သည်။ မဟုတ်ပါက အရေးပေါ်ဟူသည့် စကားလုံးနောက်ကွယ်ရှိ အဓိပ္ပာယ်ကို ဆုံးရှုံးသွားပေလိမ့်မည်။
အရေးပေါ်ဌာနသို့ ရောက်သည့် အချိန်တွင်တော့ လီချူးဟန်မှ အခြားဆရာ၀န်များနှင့် မိတ်ဆက်ပေးသည်။ ထိုမှတစ်ဆင့် အချင်းချင်းမှာ အနည်းဆုံး မရင်းနှီးသည့်တိုင် နာမည်များတော့ သိသွားကြလေသည်။ ထို့ကြောင့် တစ်ခုခု လိုအပ်ပါက အကူညီတောင်းရန် မခက်ခဲတော့ချေ။
"နင်တို့ ဒီမှာ နေနှင့်ခဲ့ကြ... ငါကတော့ မနေ့ည တစ်ညလုံး အလုပ်ဆင်းထားရတော့ သွားအနားယူလိုက်ဦးမယ်... တကယ်လို့ နင်တို့ မနိုင်တဲ့ ကိစ္စရှိရင် ငါ့ကို လာခေါ်ကြလှည့်...."
"ဟုတ်ကဲ့ပါ ဒေါက်တာလီ အနားယူပါဗျ... အားလုံးကို ကျွန်တော့်လက်ထဲသာ လွဲထားပေးလိုက်... အားလုံး အဆင်ပြေစေရမယ် အာမခံတယ်...."
လီချင်းဟန် တည်ငြိမ်စွာ ခေါင်းညိမ့်၍ ထွက်ခွာဟန် ပြင်လိုက်၏။
သို့သော်လည်း ထိုအချိန်တွင်ပဲ ရေးကြီးသုတ်ပျာနှင့် အသံတစ်ခုက တိတ်ဆိတ်သည့် ဌာနတစ်ခုလုံးကို လွှမ်းခြုံလာခဲ့သည်။
"လမ်းဖယ် လမ်းဖယ်...."
လှည့်ကြည့်လိုက်သောအခါ သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦးမှ အရေးပေါ်ဌာနထဲသို့ ပြေးလျက်၀င်လာခဲ့ပြီး ၀မ်းဗိုက်တွင် သွေးများ ဖုံးလွှမ်းနေသည့် လူငယ်တစ်ဦးကို လှည်းဖြင့် သယ်ဆောင်လာခဲ့ကြသည်။
"ဆရာ၀န် ဘယ်မှာလဲ... ခုချက်ချင်း ငါ့သားကို ခွဲစိတ်ဖို့ ခေါ်ပေးစမ်း....."
လီချင်းဟန် နောက်သို့ ပြန်လှည့်လိုက်ပြီး လင်းရီတို့ကိုကြည့်ကာ
"နင်တို့ တစ်ချက်လောက် သွားကြည့်ကြည့်လိုက်...."
သုံးယောက်စလုံး ခပ်သွပ်သွက် ပြေးလာခဲ့ကြသည်။
လင်းရီ ရှပ်အင်္ကျီကို ကတ်ကြေးဖြင့် ဖြဲလိုက်သည့် အချိန်တွင်တော့ ၀မ်းဗိုက်တွင် ၂၀ စင်တီမီတာမျှ ရှည်လားသည့် ပြတ်ရှရာ အကြီးစားကြီးတစ်ခုကို မြင်တွေ့လိုက်ရ၏။ အထဲရှိ အသားနုများကိုပင် မြင်နေရပြီး အတော်လေး သွေးပျက်ဖွယ်မြင်ကွင်းကြီးပင်။
"ဒဏ်ရာက ဘယ်လိုရခဲ့တာတုန်းဟ... လူနာက ရန်ဖြစ်ခဲ့တာလား...."
"နင်က ဒေါက်တာမဟုတ်လား... ဘာလို့ ငါ့ပြန်လာမေးနေတာလဲ... "မိခင်ဖြစ်သူမှ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး "နင်တို့ရဲ့ ဒါရိုက်တာကို ဒီခေါ်လာခဲ့စမ်း... ငါ့သားကို ချက်ချင်း ခွဲစိတ်ပေးတာ လိုချင်တယ်...."
"အန်တီ ခင်များ အသိစိတ်လေး ဘာလေး ကပ်စမ်းပါ... ဒီတိုင်း ဓားရှရာလေးပဲကို ဘာမှ ခွဲစိတ်နေစရာ မလိုဘူး... ချုပ်လိုက်ရင်ကို အဆင်ပြေနေပြီ...."
လင်းရီ ပြောလိုက်၏။
"ချုပ်ရုံလေးပဲဆိုရင်တောင်မှ နင်တို့ဒါရိုက်တာကို ခေါ်လာခဲ့..... ငါ့တူလေး တစ်ခုခုဖြစ်လို့ကတော့ နင်တို့ တာ၀န်ယူနိုင်မှာ မဟုတ်ဘူးနော်..."
"ချုပ်ရုံလေးလောက်ကတော့ ကျုပ်တို့အဆင့်လောက်နဲ့တင်ပြီးတယ်... ဘာဒါရိုက်တာကိုမှ သွားခေါ်နေစရာမလိုဘူး...."
"နင်...."အဒေါ်ဖြစ်သူမှ အထင်သေးစွာ ပြောလိုက်ပြီး
"နင့်အသက်ကြည့်တော့ဖြင့် လက်တောက်လောက်နဲ့... ဆေးကကုချင်နေသေးတယ်ပေါ့လေ... ငါလုံး၀ ခွင့်မပြုနိုင်ဘူး....နင်ငါ့တူကို ထိရဲရင် ထိကြည့်စမ်း...."
"ဟုတ်တယ်...တကယ်ကြီး ဆေးရုံဒါရိုက်တာကို ခေါ်ဖို့မလိုတာ..သူတိူ့ အသက်က ငယ်တယ်ဆိုပေမယ့် ဟွာရှန်းဆေးရုံက လူခေါ်တဲ့ နေရာမှာ တင်းကြပ်ထားတာဆိုတော့ စိုးရိမ်နေစရာမလိုဘူး....ဒီကိစ္စလောက်လေးကတော့ သူတိူ့လက်ထဲ လွှဲထားလို့ရတယ်...."
"အန်တီ.. ကျွန်တော့်မှာ ဖူတန်တက္ကသိုလ်က MD လက်မှတ်ရှိပြီးသား... အန်တီ့သားကို ကိုင်တွယ်ဖို့ ယုံကြည်ချက် အပြည့်ရှိတယ်...."
(TN - MD လက်မှတ်က ဆေးကျောင်းလေးနှစ် ထရိန်နင် သုံးနှစ်ဆင်းပြီးတော့မှ ရလာတဲ့ လက်မှတ်ပါ)
ကျိုးဇီချန်း ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ လီချူးဟန်မှ သူ့ကို ကြည့်နေသောကြောင့် ရင်ဘက်ပင် အနည်းငယ် ကော့ပြလိုက်သေး၏။
သူ ယခင်တုန်းက လူနာများကို ကုသပေးဖူးသောကြောင့် ဒဏ်ရာချုပ်တာလောက်ကတော့ လုံး၀ ပြဿနာ မရှိချေ။
"နင့်မှာ MD ရှိတော့ကော ဘာအရေးလဲ... ငါက ဆောက်လုပ်ရေးကော်မတီက ဒါရိုက်တာနော်... ငါ့သား တစ်ခုခုဖြစ်ကြည့်.. နင် အပြည့်အ၀ တာ၀န်ယူရမယ်...."
"ဒါက......."
သက်လတ်ပိုင်း အမျိုးသမီး၏ အထောက်အထားကို ကြသိတော့ ကျိုးဇီချန်း ကုသမည့် အကြံကို လက်လျှော့လိုက်တော့သည်။
အကယ်၍ သာမန်ပြည်သူတစ်ဦးဖြစ်ခဲ့ပါက ချုပ်ရာနှင့်ပတ်သက်၍ မကျေနပ်လျှင်တောင် ဘာမျှ ပြောဝံ့လိမ့်မည် မဟုတ်ချေ။
ပြောဝံ့ခဲ့လျှင်တောင် သူ့ဘက်မှ စကားလုံးအကြီးစားကြီးများဖြင့် နည်းပရိယာယ်သုံး၍ အေးဆေး ပထုတ်လိုက်၍ရသည်။
သို့သော်လည်း သူ့ရှေ့ရှိ အမျိုးသမီးက သာမန်မဟုတ်ပဲ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်နေခဲ့၏။ မတော်တဆမှုများ ဖြစ်ပွားခဲ့ပါက သူသေချာပေါက် တာ၀န်ကို ပခုံးထမ်းရပေမည်။
"နင်လုပ်မလား...."
လီချူးဟန် မေးလိုက်သည်။