လင်းရီကို အလုပ်ဖြုတ်လိုက်
Vol. 26 Ch. 381
လင်းရီ၏ မျက်နှာအမူအရာကို မြင်တော့ လီချူးဟန် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားခဲ့သည်။
'သူက ဘာပြောချင်နေတာလဲ....'
"ရတယ်လေ... နင်တို့စောင့်နေလိုက်...."
သက်လတ်ပိုင်းအမျိုးသမီးမှာ သူမဘေးရှိ အမျိုးသမီးကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ပြီး "အစ်မ နင် ဒီမှ စောင့်နေလိုက်... ကျွန်မ သူ့အဖေကို သွားခေါ်လာခဲ့မယ်...ကျွန်မတို့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူမှ ဖြစ်မှာ...."
"သွား... မြန်မြန်သွားပြီးတော့ ငါ့အစ်ကို ကို ခေါ်လာခဲ့လိုက်....." အဒေါ်ဖြစ်သူဟန်မှ ပြောလိုက်ပြီး "ဒီဘက်ခေတ် ဒေါက်တာတွေက သူတို့ကိုယ်သူတို့ ဟုတ်လှပြီ ထင်နေတာဆိုတော့ မှတ်လောက်သားလောက် ဖြစ်သွားအောင် အေးဆေး လွှတ်ပေးလိုက်လို့တော့ ဘယ်ဖြစ်မှာ.."
"ဟုတ်တယ် ကျွန်မတို့ ဖြေရှင်းချက်တစ်ခုတော့ ရမှဖြစ်မယ်... ဒါရိုက်တာကိုယ်တိုင် ချုပ်ပေးမယ် ပြောပြီးတော့မှ ခွဲစိတ်ခန်းထဲရောက်တော့ သူ့လက်ထောက်ကိုလွှဲပေးလိုက်တယ်....ဒီကိစ္စက ခွင့်လွှတ်လို့်ရတဲ့ ပြစ်မှုကြီးပဲ...."
ထိုသို့ ပြောပြီးနောက် သက်တလတ်ပိုင်းအမျိုးသမီးမှာ အရေးပေါ်ဌာနမှ ထွက်ခွာသွားခဲ့သည်။
လူနာ၏မိခင် ထွက်ခွာသွားပြီးနောက် အရေးပေါ်ဌာနရှိ ဆေး၀န်ထမ်းများနှင့် လူနာအားလုံး၏ အာရုံမှာ လင်းရီနှင့် လီချူးဟန်တို့ထံ စုပြုံသွားခဲ့ကြ၏။ သူမတို့ ဘာဆက်လုပ်ကြမလဲဆိုတာကို သိချင်နေကြသည်။
ပုံမှန်အားဖြင့်တော့ ဒေါက်တာများမှာ အရေးကြီးသည့် လုပ်ငန်းတာ၀န်များကိုသာ ကိုင်တွယ်လေ့ရှိပြီး အရေးပြားချုပ်သည့် လုပ်ငန်းစဉ်ကဲ့သို့ ရိုးရှင်းသည့် တာ၀န်များကိုတော့ သူတို့၏ လက်ထောက်နှင့်သာ လွှဲထားလေ့ရှိသည်။
၎င်းက ပုံမှန်ပင်။ ထို့ပြင် မည်သည့်ပြဿနာမျှလည်း မရှိချေ။ သို့သော်လည်း ထိုဘာမှမဟုတ်သည့်ကိစ္စကို အကျယ်ချဲ့လိုက်သူကတော့ ထိုသက်လတ်ပိုင်းအမျိုးသမီးပင်။
မျှော်လင့်ထားသည့်အတိုင်း ရာထူးအဆင့်အတန်းတစ်ခု ရှိသူတို့မှာ ကိုင်တွယ်ရ အခက်ခဲဆုံးဖြစ်၏။
"ဒေါက်တာလီ... အစ်ကိုလင်း... ညီမတို့ ခု ဘယ်လိုလုပ်ကြမလဲဟင်.." ချောင်ရှင်းမှ စိတ်ပူစွာဖြင့် ဆိုလာခဲ့သည်။
"မင်း စောနလေးတင် ဗွီဒီယိုရိုက်နေတာ မြင်လိုက်ပါတယ်...အဲ့ဗွီဒီယိုက ခု မင်းဖုန်းထဲမှာ ရှိသေးတယ်မလား...."
"အွန်း ရှိတယ်လေ... ညီမလည်း သက်သေအထောက်အထားအနေနဲ့ မှတ်တမ်းတင်ထားလိုက်တာ... အသုံး၀င်မ၀င်တော့ မပြောတတ်ဘူး...."
"အဲ့ဗွီဒီယိုကို ငါ့ဆီပို့လိုက်..."
"အိုကေ.... "
ချောင်ရှင်းထံမှ ဗွီဒီယိုကို ရရှိပြီးနောက် လင်းရီ ထောင့်တစ်နေရာသို့ လမ်းလျှောက်သွားလိုက်ပြီး လျန်ရူရွှယ်ထံ ပြန်ပို့လိုက်သည်။
" ဒီဗွီဒီယိုထဲက အမျိုးသမီးက ဆောက်လုပ်ရေးကော်မတီဥက္ကဌပဲ... သူမက ဆေးရုံလာပြီးတော့ ၀တ္တရားနှောင့်ယှက်နေတယ်... မိန်းကလေးလျန် ကြည့်ကြပ်ပြီး ကိုင်တွယ်ပေးဦး...."
မိနစ်အနည်းငယ် ကြာပြီးနောက် လျန်ရူရွှယ်ထံမှ အိုကေ စတစ်ကာ တစ်ခု ရောက်လာခဲ့သည်။
လင်းရီဘက်မှ အများကြီး မရှင်းပြခဲ့သော်လည်း လိမ္မာပါးနပ်သည့် လျန်ရူရွှယ်ကတော့ သေချာပေါက် သဘောပေါက်ပြီး ဤကိစ္စကို ကိုင်တွယ်လိုက်ပေမည်။
လင်းရီ ဖုန်းပွတ်ရင်း ပြန်ရောက်လာသည်ကိုမြင်တော့ လီချူးဟန်ရင်ထဲ သံသယစိတ်တို့ ပေါက်ဖွားလာခဲ့သည်။
သူ ဒီကိစ္စကို ဖြေရှင်းဖို့ သွားခဲ့တာလား...
အဲ့လိုဆိုရင်တောင်မှ သူ့မှာဒီကိစ္စကို ကိုင်တွယ်ဖို့ စွမ်းရည်က ရှိနိုင်ပါ့မလားပဲ...
"တခြားဘာမှ မရှိတော့ဘူးဆိုရင် ဌာနကို ပြန်ကြစို့လေ... ဒီမှာ ဘာရပ်လုပ်နေဦးမှာ...."
လင်းရီ၏ ထီမထင်ဟန် အမူအရာကိုမြင်တော့ ချောင်ရှင်းမှာ ရှုပ်ထွေးသွားခဲ့ရသည်။
ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေတာတောင်မှ အစ်ကိုလင်းက အေးဆေး နေနိုင်သေးတယ်ပေါ့နော်....
"မင်းတို့အရင်သွားနှင့်ကြ... ငါဖုန်းခဏ ပြောလိုက်ဦးမယ်...."
ထိုသို့ပြောပြီးနောက် ကျိုးဇီချန်း ဖုန်းထုတ်ကာ လှေကားဆီသို့ ထွက်လာခဲ့လိုက်၏။
"ဦလေး... ဖုန်းခေါ်ထားတာတွေ့လို့... ဘာကိစ္စလဲ...."
"ဘာတွေ ဖြစ်နေတာ...ဒီနေ့က မင်းအလုပ်ဆင်းတဲ့ ပထမနေ့လေကွာ... ဘာလို့ အရေးပေါ်ဌာနမှာ အဲ့လောက် ပွဲဆူနေတာလဲဟ...."
"ဟမ့်... ဒါတွေ အကုန်လုံးက လင်းရီဆိုတဲ့ ငတိလေးကြောင့်လေ... ဘာစကေးမှ မရှိပဲနဲ့ လူနာကို ချုပ်ရိုးပေးတယ်လေ...နောက်ဆုံးကျတော့ လူနာရဲ့ မိခင်က ချုပ်ရိုးကို မကျေနပ်တာနဲ့ ကွန်ပလိန်းစတက်ပါလေရော...."
"အရေပြားချုပ်တာလေးလောက်ကတော့ မခက်ခဲဘူး မဟုတ်လားကွ...."
"ကျွန်တော့်အတွက်တော့ ဘယ်ခက်ခဲမှာ... ဒါပေမယ့် အဲ့ကောင်ရဲ့ စကေးတွေက အကန့်အသတ်နဲ့လေ... အဲ့တာကြောင့် ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်တာ..."
"ပြီးတော့ အဲ့ကောင်က လူနာရဲ့ မိသားစု၀င်တွေကိုလည်း ရိုင်းရိုင်းစိုင်းစိုင်းက ပြောလိုက်သေးတယ်...အရေးပေါ်ဌာနက လူတိုင်း မျက်မြင်သက်သေရှိပြီးသား... တကယ်လို့ ဒီကိစ္စသာ အပြင်ကို ပျံ့သွားလို့ကတော့ ဆေးရုံရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်လာနိုင်တယ်နော...သူ့လိုလူမျိုးက ကျွန်တော်တို့ ဟွာရှန်းဆေးရုံမှာ ရှိကိုမရှိသင့်တာ...."
"နားလည်ပြီ... မင်းတို့ကောင်တွေ အရေးပေါ်ဌာနမှာ စောင့်နေလိုက်... ဘယ်မှ မသွားသေးကြနဲ့ဦး....ငါနဲ့ ဒါရိုက်တာကျောက် အဲ့ဒီကို လာခဲ့မယ်...."
"ဟမ်...ဒါရိုက်တာကျောက်ကော လာမှာလား...."
"သူက ဆေးရုံရဲ့ ဒုဥက္ကဌလေ... ပြီးတော့ ဒီလောက်ကိစ္စအကြီးကြီး ဖြစ်သွားမှာတော့ သူ၀င်ပါရမှာပေါ့..."
"ကောင်းတယ်.. အဲ့လိုဆို ကျွန်တော် အရေးပေါ်ဌာနကို ပြန်ပြီးတော့ ဦးလေးတို့အလာကို စောင့်နေလိုက်မယ်..."
ဖုန်းချပြီးနောက် ကျိုးဇီချန်း အရေးပေါ်ဌာနသို့ ပြုံးလျက် ပြန်လာခဲ့သည်။
ကျောက်ကျန်းဝေမှာ ဟွာရှန်းဆေးရုံ၏ လက်ထောက်ဒါရိုက်တာ ဖြစ်ရုံသာမက ဆေးတက္ကသိုလ် နည်းပြတစ်ဦးလည်းဖြစ်၏။ သူ၏ ဒေါသကြီးမှု၊ စိတ်မရှည်မှုတို့ကြောင့် ကျောင်းသားများအကြားတွင် နာမည်ဆိုးနှင့် ကျော်ကြားလေသည်။
လင်းရီမှာ ယခု ပြဿနာအကြီးစားကြီးကို မီးမွှေးပြီးဖြစ်၏။ ဒါရိုက်တာကျောက်၏ စိတ်နှင့်ဆိုပါက သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
ယနေ့ ညတွင်းချင်း မောင်းထုတ်ခံလိုက်ရသည်လည်း ဖြစ်နိုင်သည်။
၎င်းကိုတွေးမိတော့ ကျိုးဇီချန်း၏ အပြုံးမှာ ပို၍ ပီပြင်လာခဲ့သည်။
သူမချုပ်ခဲ့၍ တော်သေးသည်။
မဟုတ်ပါက အခြေအနေများမှာ တစ်မျိုးပြောင်းသွားနိုင်သည်။
ထိုအချိန်တွင်တော့ ရုံးခန်းထဲရှိလူတိုင်း အမူအရာကိုယ်စီနှင့် ရှိနေကြ၏။
လီဟန်ချူးမှာ သူမ၏ လုပ်သက်ထက် အရည်အချင်း များပြားသူဖြစ်သည်။ သူမ၏ စကေးနှင့်ဆိုပါက ကြီးကြီးမားမား ပြဿနာ မဖြစ်သရွေ့တော့ ဆေးရုံက ဘာမျှပြောဝံ့လိမ့်မည် မဟုတ်ချေ။ မဟုတ်ပါက ဟွာရှန်းဆေးရုံမှ အရည်အချင်းရှိသည့် ဒေါက်တာတစ်လက်ကို ဆုံးရှုံးသွားရနိုင်သည်မဟုတ်ပါလော။
ချောင်ရှင်း၏ မျက်နှာအမူအရာမှာတော့ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသည်။ ရှေ့ ဘာဆက်ဖြစ်မလဲဆိုတာကို သူမဘက်မှ ရင်တမမနှင့် စောင့်ဆိုင်းနေရ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် ရုံးခန်းတံခါးမှာ ပွင့်လာခဲ့ပြီး သက်လတ်ပိုင်းလူနှစ်ယောက် အထဲသို့ ၀င်လာခဲ့သည်။
တစ်ဦးကတော့ ချောင်ကျား၀မ်ဖြစ်ပြီး အဖြူရောင် ကုတ်အရှည်ကို ၀တ်ဆင်ထားပြီး ညှပ်ဖိနပ်တစ်ရံကို စီးထားသည်။
အခြားတစ်ဦးကတော့ အရပ်အမောင်း ခပ်ကောင်းကောင်းဖြင့် မျက်မှောင်ကြီးကြုတ်လျက် မြင်သူတို့အား မလွယ်ကူသည်ဟူသော ခံစားချက်ကို ရရှိစေသည်။
ထိုပုဂ္ဂိုလ်ကတော့ ဒုဥက္ကဌ ကျောက်ကျန်းဝေဖြစ်ပြီး ဟွာရှန်းဆေးရုံတွင် အာဏာအများအပြားကို ချုပ်ကိုင်ထားသည်။
"ဒါရိုက်တာကျောက်...."
သက်လတ်ပိုင်းလူကိုမြင်တော့ လီဟန်ချူး မတ်တပ်ရပ်ပြီး လင်းရီနှင့် ကျန်သူများကို မိတ်ဆက်ပေးလိုက်၏။
"ဒေါက်တာလီ ... ဘာတွေဖြစ်နေတာ... ကျွန်တော့်၀န်ထမ်းတွေ ပြောသံကြားတာတော့ ဒေါက်တာ့ကို ကွန်ပလိန်းတက်ချင်နေကြတဲ့သူတွေ ရှိတယ်ဆို...."
"လူနာရှင်ဘက်ကိုက တမင်တကာ ပြဿနာ ရှာနေတာ.. ကျွန်မတို့ လုပ်နိုင်တာ ဘာမှမရှိဘူး..."လီဟန်ချူး တည်ငြိမ်စွာ ပြောလိုက်သည်။ သူမကတော့ ယခုဖြစ်ရပ်ကို ခေါင်းထဲပင် မထည့်ချေ။
"ဒေါက်တာလီ.. ကျုပ်ခင်များကို ဝေဖန်တာတော့ မဟုတ်ဘူး...တကယ်လို့ သာမန်လူနာဆိုရင်တော့ ကိုင်တွယ်ရတာ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး... ဒါပေမယ့် ခင်များလည်း တစ်ဖက်လူရဲ့ အထောက်အထားကို သိနေတာပဲမဟုတ်လား... ဒါတောင်မှ ဘာလို့ အလုပ်သင်ဆရာ၀န်ကိုမှ သွားပြီး လက်လွှဲပေးလိုက်တာ.... "
"ကျွန်မရဲ့ မျက်လုံးထဲမှာတော့ လူနာတိုင်းက အတူတူပဲ...ရိုးရှင်းတဲ့ ချုပ်ရိုးအကြောင်း မပြောသေးနဲ့ဦး... တကယ်လို့ နှလုံးခွဲစိတ်တယ်ဆိုရင်တောင်မှ ကျွန်မရဲ့ လက်ထောက်ကို ကျွန်မ လက်လွှဲပေးဦးမှာပဲ...."
လီဟန်ချူးမှ တည်ငြိမ်သည့် လေသံဖြင့် ဆိုသည်။
"ပြီးတော့ သူချုပ်ထားတာလည်း မဆိုးပါဘူး.... အလုပ်သင်ဆိုပေမယ့် ချုပ်ထားတာက ကျွန်မရဲ့ စံနှုန်းကိုပြည့်မှီတယ်...ဘာပြဿနာမှမရှိဘူး...လူနာရဲ့ မိသားစုကိုက အကြောင်းပြချက် ရေရေရာရာမရှိပဲ တမင်ပြဿနာရှာနေတာ....ဒါရိုက်တာကျောက်ဘက်က ဒီကိစ္စကို သေချာလေး ကိုင်တွယ် ဖြေရှင်းပေးမယ်လို့ မျှော်လင့်ပါတယ်...."
"ကျုပ်လည်း အခြေအနေတွေကို နားလည်ပါတယ်...ဒါပေမယ့် လူနာရဲ့ မိသားစုက အနေအထား တစ်ခုနဲ့လေ... သိပ်မကြာခင် ကျုပ်တို့ကို ကွန်းပလိန်းတက်လာတော့မှာ...ပြီးတော့ ကိစ္စတွေက ဒီထက်ပိုပြီး ကြီးမားသွားရင် ဆေးရုံရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်လာနိုင်တယ်...ဆိုတော့ ကျုပ်တို့ ဒီပြဿနာကို လေးလေးနက်နက်နဲ့ ဆုံးဖြတ်ရမှာပဲ...."
"ဒါရိုက်တာကျောက်...လူနာရှင်ဘက်က ကျေနပ်သွားအောင် ကျုပ်တို့ သူ့ကို အလုပ်ဖြုတ်လိုက်ရင်ကော...." ချောင်ကျား၀မ်မှ ပြောလိုက်၏။
လင်းရီ ချောင်ကျား၀မ်ကို တစ်ချက်ကြည့်လိုက်သည်။
ဘိုးတော်က တာ၀န်မယူချင်တာနဲ့ သူ့အပေါ် အပြစ်ပုံချဖို့ စီစဉ်နေတယ်ပေါ့လေ......
ကျောက်ကျန်းဝေ ခေါင်းညိမ့်လိုက်ပြီး "ကျုပ် စဉ်းစားလိုက်ပါ့မယ်...."
အကယ်၍ ဆရာ၀န်အသစ်လေးဆိုပါက ကျောက်ကျန်းဝေ တုံ့ဆိုင်းခြင်းမရှိ တန်းအလုပ်ဖြုတ်လိုက်ပေမည်။
သို့သော်လည်း ယခုကိစ္စ၌ လီဟန်ချူးမှ ပါ၀င်နေလေသည်။ ထို့ကြောင့် ကိစ္စများမှာ ပို၍ ကိုင်တွယ်ရ ခက်ခဲသွား၏။
လင်းရီကို တိုက်ရိုက် အလုပ်ဖြုတ်လိုက်သည်က သူမ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
ထိုအခါ သူမ စိတ်ကွက်ပြီး အလုပ်ထွက်သွားနိုင်သည်။
ဆေးရုံဒါရိုက်တာမှ သူမကို ကြေးကြီးကြီးပေးပြီး ခေါ်ယူထားရသောကြောင့် သေချာဂရုစိုက်ရမည်မှာ မလွဲမသွေပင်။
"ဒါရိုက်တာကျောက်... ခုအားလုံးက လယ်ပြင်ဆင်နင်းသလို ထင်ရှားနေပြီကိုပဲ... ဘာမှစဉ်းစားနေစရာမလိုဘူး...အဲ့ကောင်ကို အလုပ်ဖြုတ်ပစ်လိုက်တော့..."
ကျောက်ကျန်းဝေ တုံ့ဆိုင်းနေစဉ် ရုံးခန်းတံခါးမှာ ခေါက်သံကြားရခြင်းမရှိဘဲ ပွင့်ဟလာခဲ့၏။
အမျိုးသမီးတစ်ဦးမှ အလောသုံးဆယ်ဖြင့် ပြေး၀င်လာခဲ့ပြီး
"ဒေါက်တာလီ... ကျွန်မ အမှားကို ကျွန်မသိသွားပါပြီ...ကျေးဇူးပြုပြီး ကျွန်မကို အခွင့်အရေး တစ်ခါလောက်ပဲ ထပ်ပေးပါရှင်.... ဒီအလုပ်သာမရှိရင်တော့ ကျွန်မ အဆုံးသတ်သွားရပါလိမ့်မယ်.... ခွင့်လွှတ်ပေးပါ ဒေါက်တာရယ်....”