← Chapters

၁၀၈ကွက် မဟာဝင်္ကပါ

Vol. 22 Ch. 293

၁၀၈ကွက် မဟာဝင်္ကပါ

Vol. 22 Ch. 293

လီဖူချန်းကတော့ သူ့ဘဝရဲ့ အခက်ခဲဆုံးဆိုတဲ့ အခြေအနေ တစ်ခုနဲ့ ကြုံနေရပါပြီ။ ဒါဇင်ထက်ပိုတဲ့ လူငယ်ပါရမီရှင်တွေက တရစပ်ဆိုသလို သူ့ကို ဝိုင်းပြီး တိုက်ခိုက် နေကြတာပါ။  တကယ်လို့ လီဖူချန်းသာ သည်တိုက်ခိုက်မှုတွေကို ခုခံနိုင်ခြင်း မရှိဘူးဆိုရင်တော့ အကြီးအကျယ်ကို ဒဏ်ရာ ရသွားနိုင်ပါတယ်။

" မင်းတို့က ငါ့ကို အရေအတွက် အားကိုးပြီး တိုက်ချင်တာလား "

လီဖူချန်းကတော့ ဗလာနယ်လက်ဝါး လျှို့ဝှက် နည်းစနစ်ကို ထုတ်ဖော်ပြီး စီးမျောခြင်း ဓားကို ထုတ်သုံးလိုက်ပါပြီ။

လီဖူချန်းရဲ့ ပတ်ပတ်လည်မှာတော့ ရာနဲ့ချီတဲ့  ဓားရိပ် ဓားယောင်တွေ ထွက်ပေါ် လာခဲ့ပါတယ်။

ရွှပ် ...  ရွှပ် ...  ရွှပ် ...  ရွှပ် ...

လီဖူချန်းနဲ့ ထိုလူငယ်တွေ ကြားထဲက ကွာဟာချက်က အတော်လေး ကြီးမားလှပါတယ်။  သူ့ရဲ့  ဓားကွက် တစ်ကွက် အောက်မှာတင်  ဒဏ်ရာရသွားတဲ့ လူငယ် အရေအတွက်က မနည်းမနောပါပဲ။   လီဖူချန်းရှိရာသို့ ခုန်တက်လာတဲ့ လူငယ်တွေ အကုန်လုံးကတော့ လီဖူချန်းရဲ့ ဓားချက်ကြောင့် သွေးသံ တရဲရဲ ဖြစ်ကုန်ပါပြီ။

" ဘယ်ကောင် စမ်းချင်သေးလည်း ...။  သတ္တိိရှရင် တက်ခဲ့ "

လီဖူချန်းက သူ့လက်ထဲက ဆန်းကြယ် အဆင့်မြင့် ရတနာဓားကို ဝှေ့ယမ်းကာ  စိမ်ခေါ် လိုက်ပါတယ်။

" ဘယ်သူမှ မရှိတော့ဘူးလားကွ…"

လီဖူချန်းက အောက်မှာရှိနေတဲ့ လူအုပ်ကြီးကို ငုံ့ကြည့်ကာ နောက်ထပ် တစ်ကြိမ် စိမ်ခေါ် လိုက်ပြန်ပါတယ်။

"အရမ်း ဘဝင်မြင့်မနေနဲ့ ...  ငါ ရန်ယွီက မင်းကို မကြောက်သေးဘူးကွ"

တောင်ထိပ်ပေါ်ကို လူငယ်တစ်ယောက် ခုန်တက် လာပြန်ပါတယ်။  ထိုလူငယ်ကတော့ အတော်လေးကို တောင့်တင်းတဲ့ ခန္ဓာကိုယ် ပိုင်ရှင်ပါပဲ။ သူ့ကို ကြည့်ရတာက သားရဲကြီး တစ်ကောင်လို အရိုင်းဆန် လွန်းပါတယ်။

"အဲဒီကောင်က အရင်တစ်ခေါက် ကျားနဂါးပြိုင်ပွဲမှာ အဆင့်၄၈ ရခဲ့တဲ့ ရန်ယွီ မဟုတ်လား…။  သူက ဘယ်လိုဖြစ်ပြီး အခုမှ တောင်ပေါ်ကို ရောက်လာရတာလဲ …"

" ရန်ယွီက ကိုယ်ဖော့ပညာကို သိပ်ပြီး ကျွမ်းကျင်တဲ့သူ မဟုတ်ဘူးကွ။  သူက ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်ကို အလေးပေးပြီး လေ့ကျင့်တဲ့ သူတစ်ယောက်ပဲ။  ကျားနဂါး စာရင်းထဲမှာဆိုရင် သူ့ရဲ့ ခံနိုင်ရည်က ထိပ်ဆုံး၁၀ယောက် စာရင်းထဲမှာ ရှိတယ်။  "

လူငယ်တွေထဲက အချို့ကတေ့ာ အခုမှ တောင်ထိပ်ကို ရောက်လာတဲ့ လူငယ်ကို မှတ်မိနေကြပုံပင်။

ရန်ယွီက  အခုမှ တောင်ပေါ်ကို ရောက်လာတာဟာ ကိုယ်ဖော့ပညာ ညံ့လို့တော့ မဟုတ်ပါဘူး။ သူက ကံဆိုးပြီး ခက်ခဲတဲ့ တောင်တက်လမ်းကို ရွေးချယ်ခဲ့မိတာပါ။  သူရွေးချယ်ခဲ့တဲ့ တောင်တက် လမ်းကြောင်းဟာ ရှဟိုရှီ ရဲ့  လမ်းကြောင်းထက်တောင် အန္တရာယ် ပိုများပါသေးတယ်။

အဲဒီလိုမှ မဟုတ်ရင်တော့   ကျားနဂါးစာရင်းဝင် တစ်ယောက်ဖြစ်တဲ့ ရန်ယွီဟာ ကိုယ်ဖော့ ပညာပိုင်းမှာ ညံ့တယ် ဆိုပေမယ့်လည်း အခုလို နောက်ဆုံးမှ ရောက်လာစရာ အကြောင်းမရှိပါဘူး။

ရန်ယွီတစ်ယောက် တောင်ထိပ်ပေါ်ကို မရောက်ခင်လေးမှာ ကြားလိုက်ရတဲ့ စကားသံ ကတော့ လီဖူချန်းရဲ့ စိန်ခေါ်သံပါပဲ။

ရန်ယွီဟာ လီဖူချန်းနဲ့ ရန်ငြိုးရန်စ မရှိဖူးပါဘူး။  ဒါပေမဲ့ သူက အခြောက်တိုက် ဘဝင်မြင့်နေတဲ့ လူတွေကို မုန်းပါတယ်။  အဲဒီအတွက် ရန်ယွီဟာ တောင်ထိပ်ပေါ်ကို  အလျင်အမြန် ခုန်တက်လာပြီး လီဖူချန်းရဲ့ အရည်အချင်းကို စမ်းသပ်ဖို့ ထွက်လာခဲ့တာပါ။

" ငါလာပြီ ...  ဘဝင်မြင့်နေတဲ့ ကောင်လေး…"

သားရဲကြီး တစ်ကောင်လို ကြမ်းတမ်းခက်ထန်တဲ့ ရန်ယွီဟာ မြေပြင်ပေါ်ကို ဖနောင့်ဖြင့် တစ်ချက် ပေါက်လိုက်ပြီး လီဖူချန်းထံသို့ ခုန်ဝင်သွားခဲ့ပါပြီ။

" တောင်တွေ အပိုင်းပိုင်း ပြတ်စေသား…"

ရန်ယွီဟာ လေထဲမှာ ရှိနေစဉ်မှာပဲ သူ့ရဲ့ ပုဆိန်ကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လီဖူချန်းကို ပိုင်းချလိုက်ပါတယ်။

ရုတ်တရက် ဆိုသလို အဖြူရောင် နှင်းလူဝံကြီး တစ်ကောင်ရဲ့ အရိပ်က ရန်ယွီရဲ့ အနောက်မှာ ပေါ်လာခဲ့ပါပြီ။

" အား…ပါး…ပါး ...။ သူက ကျားနဂါးစာရင်း အဆင့်၄၈ ဆိုတဲ့ အတိုင်း ကြောက်စရာ  ကောင်းလောက်အောင် ခွန်အား ကြီးလှချည်လား ... "

လူတော်တော် များများကတော့ ရန်ယွီရဲ့ တိုက်ခိုက်ပုံကို ကြည့်ပြီး ထိတ်လန့် တုန်လှုပ် သွားကြပါတယ်။

" ပေါက်ကွဲခြင်းဓား "

လီဖူချန်းကတော့ ခံစားချက် ကင်းမဲ့နေသည့် ပုံစံမျိုးဖြင့် သူ့ရဲ့ ဓားကို ဆွဲထုတ်ကာ ရန်ယွီကို ခုတ်ချ လိုက်ပါတယ်။

အထပ်ထပ် ဖြစ်နေတဲ့ ဓားရိပ်တွေဟာ တစ်စုတစ်စည်း အဖြစ် ပေါင်းစည်းသွားပြီး  ရန်ယွီကို တိုက်လိုက် လိုက်ပါပြီ။

ဝုန်း ... …

ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ ပတ်ဝန်းကျင် လေထုတစ်ခုလုံးဟာ  လှိုင်းအထပ်ထပ် ဖြစ်ပေါ် သွားခဲ့ပါတယ်။   ထို့နောက်မှာတော့ လူရိပ် တစ်ရိပ်ဟာ ကြိုးပြတ်နေတဲ့ စွန်တစ်ကောင်လို အဝေးကို လွင့်ထွက် သွားပါတယ်။   ထိုလူရိပ်ကတော့ ရန်ယွီကလွဲပြီး တခြားလူ မရှိတော့ပါဘူး။

လီဖူချန်းကတော့ တစ်လက်မမျှ နောက်ဆုတ် မသွားဘဲ  ကျောက်တုံး မဏ္ဍိုင်ပေါ်မှာ မားမားမတ်မတ် ရပ်နေဆဲပါပဲ။

" ကောင်းတယ် ...  နောက်ထပ် တစ်ကြိမ် ထပ်ချရအောင် "

ရန်ယွီရဲ့ မျက်လုံးတွေကတော့  အရောင် တောက်လာခဲ့ပါပြီ။

အစောပိုင်းတုန်းက လီဖူချန်းရဲ့ ဓားချက်က အတော်လေး ပြင်းထန်လှသလို မာယာလည်း အရမ်းများပါတယ်။  ပြီးတော့ လီဖူချန်းရဲ့ ဓားက ရန်ယွီရဲ့  ဟာကွက်တွေထဲကိုသာ ဦးတည်ပြီး တိုက်ခိုက်ခဲ့တာပါ။  သည်အတိုင်း ခွန်အားချည်း သက်သက်သာ ထိပ်တိုက် ရင်ဆိုင်နိုင်မယ် ဆိုရင်တော့ လီဖူချန်းက ရန်ယွီကို လွင့်ထွက်သွားအောင် တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။

ရန်ယွီကတော့  မြေပြင်ပေါ်ကို ဖနောင့်ဖြင့် ပေါက်လိုက်ကာ  လီဖူချန်းဆီကို နောက်ထပ် တစ်ကြိမ် ခုန်ဝင်လာခဲ့ပြန်ပါပြီ။

သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ကြေးဝါရောင် အလင်းတန်းတွေ ထွက်ပေါ် နေပါတယ်။  ရန်ယွီကို ကြည့်ရတာက ကြေးရုပ်ကြီး တစ်ရုပ် အတိုင်းပါပဲ။

" ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်ပဲ။  ပြီးတော့ သူက ခန္ဓာကိုယ် သန့်စင်တဲ့ ဆန္ဒကိုလည်း နားလည်အသုံးပြု နေနိုင်ပြီ။  "

လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့  တစ်ဖက်လူရဲ့ အခြေအနေကို သဘော ပေါက်ပါတယ်။  သည်လောက် ကောင်းတဲ့ ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်ကို သူ့ဘဝမှာ ပထမဦးဆုံး အကြိမ် တွေ့မြင်ဖူးခြင်းပါပဲ။

ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်တွေဟာ အခြားသော သိုင်းပညာရပ်တွေလို မဟုတ်ပါဘူး။  သည်နည်းစနစ်တွေဟာ ပညာရပ်ဆန္ဒကို ရဖို့အတွက် အလွန်တရာမှ  ခဲယဉ်းလွန်ပါတယ်။

ဒါပေမဲ့ ခန္ဓာကိုယ် သန့်စင်မှု ဆန္ဒကို  အသုံးပြုနိုင်ပြီ ဆိုရင်တော့ ထိုသူရဲ့ ခံစစ်ဟာ အတိုင်းထက် အလွန်ကို အားကောင်း သွားပါပြီ။  ကျင့်ကြံမှု အဆင့်တူတွေတောင်မှ  ထိုသူရဲ့ ခံစစ်ကို ချိုးဖောက်ဖို့ အတွက် အတော်လေး ခက်ခဲသွားမှာပါ။

ပြီးတော့ ထိုသူရဲ့  ပြင်ပခန္ဓာကိုယ် ကြံခိုင်မှုကလည်း အတော်လေးကို သန်မာလာမှာ ဖြစ်ပါတယ်။  လီဖူချန်း သိထားသလောက် ဆိုရင်တော့ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်ဟာလည်း ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်မှု ဆန္ဒကို နားလည် အသုံးပြုနိုင်တဲ့ လူတစ်ယောက်ပါပဲ။  ဒါပေမဲ့ ချီဟန်က သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ   အင်းကွက် တစ်ခုကို ရေးထိုးထားတဲ့ အတွက် ရန်ယွီထက် ပိုပြီး ကြံ့ခိုင်သလို ခံနိုင်ရည်အားလည်း ပိုကောင်းပါတယ်။

" ရန်ယွီရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ထိပ်ဆုံး ၅ယောက် စာရင်းထဲကိုတောင် ဝင်နိုင်နေပြီပဲ"

ကြယ်ဘုရင် ချီဟန်ဟာလည်း လီဖူချန်းနဲ့ ရန်ယွီရဲ့ တိုက်ပွဲကို စိတ်ဝင်စားလာခဲ့ပါပြီ။

(note  - သည်နေရာမှာ ရည်ညွှန်းထားတဲ့ ထိပ်ဆုံး၅ယောက်ဆိုတာက  ကြံ့ခိုင်မှု အကောင်းဆုံး ၅ယောက်ကို ပြောချင်ပုံပါပဲ။ )

လီဖူချန်းကတော့ အနည်းငယ် အံ့အားသင့် သွားရုံကလွဲပြီး  ဘာဖိအားကိုမှ မခံစားရပါဘူး။

သူက မိစ္ဆာနှင် ဓားသိုင်းကို အသုံးပြုပြီး ရန်ယွီကို ပြန်တိုက်ခိုက် လိုက်ပါတယ်။

ထန်  ...

ဓားနဲ့ ပုဆိန်တို့ ထိပ်တိုက် အတွေ့မှာတော့ ရန်ယွီရဲ့ လက်ထဲက ပုဆိန်ကြီးဟာ လွင့်ထွက် သွားခဲ့ပါပြီ။  ရန်ယွီရဲ့  ညာဘက် လက်ပေါ်မှာလည်း ဓားရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

" မကောင်းတော့ဘူး "

အခြေအနေ မဟန်မှန်း သဘောပေါက်သွားတဲ့ ရန်ယွီဟာ အောက်ကို ပြန်ခုန်ဆင်းဖို့ ပြင်လိုက် ပေမယ့်လည်း နောက်ကျသွားခဲ့ပါပြီ။

ရွှပ် ... …

လီဖူချန်းရဲ့ ဓားကတော့ ရန်ယွီရဲ့ ရင်အုပ်သားတွေကို ဆွဲဖြဲသွားခဲ့ပါတယ်။

ဆန်းကြယ်အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်မှု ဆန္ဒရဲ့  အကာအကွယ်ကို ကျော်ဖြတ်ပြီး တစ်ဖက်လူကို ဒဏ်ရာရအောင် လုပ်နိုင်ဖို့ဆိုရင် ထိုလူဟာလည်း ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြု နိုင်ရပါမယ်။ ပညာရပ်ဆန္ဒချင်း နှိုင်းယှဉ်မယ် ဆိုရင်တော့ ဓားဆန္ဒဟာ ပိုပြီး ရက်စက်သလို ပိုပြီးတော့လည်း ပေါက်ကွဲအား ကောင်းပါတယ်။ ထို့ကြောင့် ရန်ယွီ အနေနဲ့ဆိုရင် မိစ္ဆာနှင် ဓားသိုင်းကို ခံနိုင်ဖို့ရာ ဘယ်လိုမှ အကြောင်းမရှိပါဘူး။

" ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒပါလား ...။  စိတ်ဝင်စားစရာပဲ "

နဂါးဓားသခင်လေး ချူးယီ က လီဖူချန်းရဲ့ ဓားဆန္ဒကို သတိပြုမိလိုက်ပါတယ်။

လီဖူချန်းက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို ထုတ်သုံးနိုင်တာကို သိရအပြီးမှာတော့ ချူးယီက တိုက်ခိုက်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာခဲ့ပါပြီ။  ဓားသမားတွေဆိုတာက ဓားသိုင်း ကောင်းကောင်းလေး တစ်ခုကို မြင်လိုက်ရပြီဆိုရင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် စမ်းသပ် လိုက်ရမှ နေသာထိုင်သာ ရှိသည် မဟုတ်ပါလား။

ချူးယီ သိသလောက် ဆိုရင်တော့ မြေကမ္ဘာနယ်ပယ် အဆင့်မှာ ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို အသုံးပြုနိုင်သူတွေက သိပ်မများလှပါဘူး။  အလွန်ဆုံးရှိမှ ၅ ယောက်လောက်ပါပဲ။

" ငါက မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးဘူး။  "

ရန်ယွီကတော့ လီဖူချန်းကို အရှုံးပေးသွားခဲ့ပါပြီ။  သူ့ရဲ့ ရင်ဘတ်က ဓားဒဏ်ရာက သွေးတိတ်သွားပြီး ဒဏ်ရာပြန်စေ့ သွားပေးမယ့်လည်း   အမာရွတ် သေးသေးလေးတော့ ကျန်နေပါသေးတယ်။

သူ့ရဲ့ ခန္ဓာကိုယ်သန့်စင်မှု ဆန္ဒက အခုမှ ကနဦး ဖြစ်တည်စ အဆင့်မှာပဲ ရှိပါသေးတယ်။  ဒါပေမဲ့ လီဖူချန်းရဲ့ ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကတော့ ဖွံ့ဖြိုးပြီးနေပါပြီ။  အဲဒီအတွက် သူ့အနေနဲ့ လီဖူချန်းကို ယှဉ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။

ရန်ယွီ နားမလည်တာ တစ်ခုကတော့ မြေကမ္ဘာနယ်ပယ် အဆင့်၈ပဲ ရှိသေးတဲ့ လီဖူချန်းရဲ့ ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒက သူ့လို မြေကမ္ဘာနယ်ပယ် အဆင့်၉  အထွတ်အထိပ်မှာ ရောက်နေတဲ့သူရဲ့ ဆန်းကြယ်အဆင့်မြင့်  ခန္ဓာကိုယ် သန့်စင်မှု ဆန္ဒထက်ပိုပြီး အားကောင်း နေရသလည်း ဆိုတာပါပဲ။

လီဖူလျန်းရဲ့  ဟာကွက် ရှာဖွေနိုင်တဲ့ အသိစိတ်အာရုံ အကြောင်းကိုတော့ ရန်ယွီတစ်ယောက် တစ်သက်လုံး သိနိုင်မှာ မဟုတ်ပါဘူး။   လီဖူချန်းက ရန်ယွီရဲ့ ဟာကွက်တွေ ထဲကိုသာ ဦးတည်ပြီး တိုက်ခိုက်ခဲ့တဲ့ အတွက် ရန်ယွီဟာ ယခုလို ရှုံးနိမ့်သွား ခဲ့ရတာပဲ ဖြစ်ပါတယ်။

ရန်ယွီကိုယ်တိုင် အရှုံးပေး သွားတာကို မြင်ရပြီးနောက်မှာတော့  လီဖူချန်းကို စိမ်ခေါ်ချင်တဲ့ လူတွေ  မထွက်လာတော့ပါဘူး။

လီဖူချန်း စွမ်းရည်က ကျားနဂါးစာရင်း ထိပ်ပိုင်းက လူတွေနဲ့  ညီမျှနေပြီဆိုတာက အရမ်းကို သိသာလွန်းနေပါပြီ။

" ဖူချန်းရဲ့ ဓားသိုင်းက ပိုပိုပြီး ကြောက်စရာ ကောင်းလာပြီ”

ဇောင်ဝူကျင်းကတော့ အားရပါးရ ချီးကျူးနေပါတယ်။

သူက လီဖူချန်းကို စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကတည်းက အလေးပေးပြီး စောင့်ကြည့် နေခဲ့တာလေ။  လီဖူချန်းရဲ့ တိုးတက်မှုနှုန်းက ဇောင်ဝူကျင်းကို နှစ်ထောင်းအားရ ဖြစ်စေခဲ့ပါတယ်။

ရန်ယွီကတော့ သိပ်မကြာခင်မှာပဲ ကျောက်တုံးမဏ္ဍိုင် တစ်ခုပေါ်ကို တက်နိုင် သွားခဲ့ပါပြီ။  သူ့ရဲ့  စွမ်းရည်အရ ဆိုရင်တော့ ရန်ယွီအနေနဲ့ နေရာတစ်ခု မရနိုင်စရာ အကြောင်းမရှိပါဘူး။

သည်လိုနဲ့ပဲ ကျောက်တုံးမဏ္ဍိုင် ၁၀၇ခု ပေါ်မှာတော့ ပိုင်ရှင်တွေ ရှိသွားခဲ့ပါပြီ။  ကျန်ရှိနေတဲ့ ကျောက်တုံး မဏ္ဍိုင်ကို လုနေတဲ့ တိုက်ပွဲကတော့ မထင်မှတ် ထားလောက်အောင်ကို ပြင်းထန် နေပါတယ်။

နောက်ထပ်တစ်နာရီလောက် အကြာမှာတော့ ... …

" ဖယ်ကြစမ်း ...  ဒါငါ့ရဲ့ ကျောက်တုံးမဏ္ဍိုင်ကွ "

လူရိပ် တစ်ရိပ်ဟာ သွေးရူးသွေးတန်း တိုက်ခိုက်နေကြတဲ့ လူအုပ် ကြားကနေ ခုန်ထွက် လာကာ နောက်ဆုံး ကျောက်တုံး မဏ္ဍိုင်ပေါ်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါတယ်။

ဝုန်း  ...

ကျောက်တုံးမဏ္ဍိုင် ၁၀၈ခုမှာ ပိုင်ရှင်တွေ ရှိသွားပြီ ဆိုတာနဲ့ ၁၀၈ကွက် မဟာဝင်္ကပါကတော့ စတင် အသက်ဝင် လာခဲ့ပါပြီ။  ကျောက်တုံး မဏ္ဍိုင်တွေကနေ ထွက်ပေါ်နေတဲ့ အဝါဖျော့ဖျော့ စွမ်းအင်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မိသွားပြီး ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ တက်နိုင်ခြင်း မရှိတဲ့သူတွေကို ဝင်္ကပါ အပြင်သို့ တွန်းထုတ် ပစ်လိုက်ပါတယ်။

" သေလိုက်စမ်းပါတော့ကွာ ... "

" လခွီးပဲဟေ့ "

ဝင်္ကပါအပြင်ကို တွန်းထုတ် ခံလိုက်ရတဲ့ လူငယ်တွေကတော့  သည်ရလဒ်ကို လုံးဝ လက်ခံနိုင်ပုံ မရကြပါဘူး။

၁၀၈ကွက် မဟာဝင်္ကပါ စတင် အသက်ဝင်လာပြီး နောက်မှာတော့ ကျောက်တုံးမဏ္ဍိုင် ၁၀၈ခုဟာ စက်ဝိုင်း ပုံသဏ္ဌာန် ဖြစ်သွားခဲ့ပါပြီ။  ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင်မှာ သည်ဝင်္ကပါထဲကို ဝင်ရောက် နှောင့်ယှက်နိုင်စွမ်း မရှိပါဘူး။

" ကောင်းတယ် ...  ကောင်းတယ်ဟေ့…"

မိုးပြာရောင်ဂိုဏ်းက လူတွေကတော့ အခုမှပဲ သက်ပြင်း ချနိုင်ပါတော့တယ်။  ကျားနဂါး စာရင်းထဲကို တပည့်၂ယောက် ဝင်နိုင်တာဟာ မိုးပြာရောင်ဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ  ပထမဦးဆုံး အကြိမ်ပါပဲ။

ထိပ်တန်း အင်အားစုကြီးတွေရဲ့ တပည့်သားမြေးတွေတောင်မှ ကျားနဂါးစာရင်းမှာ  ၅ယောက် ပြည့်အောင် မဝင်နိုင်တဲ့ အချိန်မှာ မိုးပြာရောင်ဂိုဏ်းလို ဂိုဏ်းသေးသေးလေး တစ်ခုရဲ့ တပည့်၂ယောက်က ကျားနဂါး စာရင်းထဲကို ဝင်နိုင်ခဲ့တယ် ဆိုတာက ဂုဏ်ယူစရာပင် မဟုတ်ပါလော။

" ကျားနဂါး ပြိုင်ပွဲရဲ့ အဆင့် သတ်မှတ်ချက်ကို ဘယ်လို သတ်မှတ်မှာလဲ…"

လီဖူချန်းက ကျောက်တုံး မဏ္ဍိုင်တွေရဲ့ အလည်မှာရှိတဲ့ စက်ဝိုင်းပုံ စက်မြင့်ကြီးကို ကြည့်ပြီး စဉ်းစားနေမိပါတယ်။

သည်နေရာမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးမယ့် ပညာရှင်တွေလည်း ရှိမနေပါဘူး။  လီဖူချန်းက ကျားနဂါးပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ပုံ အကြောင်းကို မလေ့လာခဲ့ မိပါဘူး။  အဲဒီအတွက် သူက ယောင်နန ဖြစ်နေရတာပါ။

ဝရော ...  ဝရော ...

လီဖူချန်း တစ်ယောက် စဉ်းစားခန်း ဝင်နေစဉ်မှာပဲ ...

ကျောက်တုံးမဏ္ဍိုင် ၁၀၈ ခုထဲက ၂ခုဟာ နိမ့်ဆင်းသွားပြီး  စက်ဝိုင်းပုံ စင်မြင်ဆီကို  ပျံဝဲသွားပါတယ်။

" အိုး ...  လက်စသတ်တော့ သည်လိုကိုး ... "

လီဖူချန်းက နားလည် သွားခဲ့ပါပြီ။

***

All Chapters