နင့်ကို တစ်နေရာခေါ်သွားမယ်..နင်လိုက်ရဲလား...
Vol. 26 Ch. 382
အခန်းထဲရှိ လူတိုင်း ကြက်သေသေသွားကြ၏။
လီဟန်ချူးက နှလူံးအထူးကု ဌာနရဲ့ လက်ထောက် ဒါရိုက်တာလေ... ပြီးတော့ အဲ့မိန်းမရဲ့ အလုပ်အကိုင်နဲ့ ဘာမှ မသက်ဆိုင်တာကို ဘယ်လိုလုပ်ပြီး အလုပ်ဖြုတ်ပစ်လိုက်တာ....
ဒါကြီးက သောက်ရေးမပါတာပါကွာ...
လီချူးဟန် သူမဦးနှောက်ကို စတင်အလုပ်လုပ်လိုက်သည်။
သူမ ဘာတစ်ခုမျှ မလုပ်ထားချေ။ သို့တိုင်အောင် အနှီအမျိုးသမီးမှာ အဘယ်ကြောင့် အလုပ်ထုတ်ခံလိုက်ရပါသနည်း။
မသိလိုက်စွာဖြင့် လင်းရီပြောခဲ့သည့် စကားလုံးတစ်ချို့ကို သူမ နားယောင်မိသွားသည်။
'ဘယ်သူ အလုပ်အရင်ဖြတ်ခံရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့....'
သူ ဗေဒင်များ ကြိုမေးထားသလားပဲ....
မသိလိုက်စွာဖြင့် လီချူးဟန် လင်းရီဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်၀န်းများက လင်းရီထံမှ အဖြေတောင်းနေသကဲ့သို့ပင်။
လင်းရီကတော့ ပခုံးသာတွန့်လိုက်ပြီး ဘာမျှ မပြောချေ။ သူ့ဘက်မှ ဤကိစ္စကို ရှင်းပြရန်ရည်ရွယ်ချက်မရှိပါ။
"ရှင်အလုပ်ဖြုတ်ခံရတာက ကျွန်မနဲ့ ဘာမှ မသက်ဆိုင်ဘူး.. ဒီတော့ ရှင်ထွက်သွားလိုက်တော့...."
လီချူးဟန်မှ ပြောလိုက်သည်။
"မဟုတ်ဘူး ဒေါက်တာလီ.. ရှင်ကျွန်မကို အာဃာတတွေ ထားနေတုန်းပဲဆိုတာ ကျွန်မသိတယ်... ကျေးဇူးပြုပြီး ကျွန်မကို တောင်းပန်ဖို့ အခွင့်အရေးလေး တစ်ခါလောက်ပဲပေးပါ...ခုက ကျွန်မ တစ်ယောက်တည်းပဲ မဟုတ်ဘူး...ကျွန်မ ယောက်ျားလည်းပဲ အလုပ်ဖြုတ်ခံလိုက်ရပြီ... နှစ်ယောက်စလုံးက အလုပ်လက်မဲ့ ဖြစ်သွားပြီဆိုတော့ ကျွန်မတို့မိသားစုက ဘယ်လိုရှေ့ဆက်ရတော့မှာလဲလို့... "
"ရှင်တို့ အလုပ်ဖြုတ်ခံရတဲ့ ကိစ္စက တကယ်ကြီး ကျွန်မနဲ့ မသက်ဆိုင်တာ... ရှင်ဆေးရုံမှာ ဝုန်းဒိုင်းကြဲနေတဲ့အချိန် တခြားလူနာ မိသားစုကနေပြီးတော့ ဗွီဒီယိုရိုက်ပြီး လိုင်းပေါ်တင်လိုက်တာကော မဖြစ်နိုင်ဘူးလား... ရှင်ရဲ့ အထက်လူကြီးတွေက အဲ့ဗွီဒီယိုကို မြင်တော့ သူတို့ကုမ္ပဏီ သိက္ခာကျမှာစိုးလို့ဆိုပြီး အလုပ်ထုတ်ပစ်လိုက်တာနေမှာပေါ့....ရှင့်ဘက်က အကြောင်းအရင်းကို သေချာရှာသင့်တယ်... ဒါပေမယ့် ကျွန်မရဲ့ အလုပ်ကိုတော့ ကျေးဇူးပြုပြီး လာမနှောက်ယှက်ပါနဲ့...."
ကျောက်ကျန်းဝေနှင့် ချောင်ကျား၀မ်တို့ သူတိူ့ရှေ့ရှိသက်လတ်ပိုင်း အမျိုးသမီးကို မျက်လုံးလှန်၍ ကြည့်လိုက်သည်။
'ပြောတော့ ကွန်ပလိန်းတက်မယ်ဆို ... ဘယ်လိုလုပ်ပြီး မျက်စိတစ်မှိတ်အတွင်း ခင်များက အလုပ်ပြုတ်သွားတာလဲဟ....
တကယ်လို့ ဒီဖြစ်ရပ်က အင်တာနက်ပေါ် တင်ခံရတယ်ဆိုရင်တောင်မှ ဒီလောက်မြန်မြန်ကြီး အလုပ်ဖြုတ်ဖို့ မဖြစ်နိုင်ဘူးလေ... ဟုတ်တယ်မလား...
ဖြစ်နိုင်တာက တစ်ယောက်ယောက်ကများ လောင်စာထပ်ထည့်လိုက်သလားပဲ...
ဒါပေမယ့် ဒီမှာက လူနည်းနည်းလေး ရှိတာလေ... ပြီးတော့ အားလူံကလည်း ငါတို့ဆေးရုံက ဆရာ၀န်တွေချည်းပဲ...ဒီတော့ ဘယ်သူက အဲ့လိုမျိုး စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိသွားတာ...'
"မဒမ်.. ဘာတွေဖြစ်နေတာ... ခင်များတို့ စောနကလေးတင် အကောင်းကြီးမဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဗြုတ်စဗျင်းတောင်းကြီး အလုပ်ဖြုတ်ခံလိုက်ရတာ...."
ကျိုးဇီချန်း မေးမြန်းလိုက်၏။
သူ့ဘက်မှ လင်းရီ အလုပ်ဖြုတ်ခံလိုက်ရသည်ကိုစောင့်ဆိုင်းနေသော်လည်း မထင်မှတ်ထားသည့် အလှည့်အပြောင်းတို့ ဖြစ်ပျက်လာခဲ့သည်။
ဖြစ်ပျက်သွားတာကြီးက မမြန်ဆန်လွန်းဘူးလားဟ...
"ငါလည်း မသိတော့ဘူး... အစက ငါနင်တို့ကို ကွန်ပလိန်းတက်မယ်ဆိုပြီးတော့ ထွက်သွားခဲ့တာပဲ.. ဒါပေမယ့် ငါ့ယောက်ျားဆီက ဖုန်း၀င်လာပြီးတော့ ငါ့ကို အထက်လူကြီးတွေက အလုပ်ဖြုတ်လိုက်တယ်ဆိုပြီး ပြောလာတယ်... နောက်တော့ အထက်လူကြီးတွေက သူ့ကိုပါ အလုပ်ဖြုတ်ပစ်လိုက်တယ်ဆိုပဲ..." သက်လတ်ပိုင်း အမျိုးသမီးမှ မျက်ရည်ပေါက် ကြီးငယ်တို့ဖြင့် ပြောနေခဲ့၏။
"ကျွန်မရဲ့ အပြုအမူက ရှင်တို့ကို မပျော်မရွှင် ဖြစ်စေခဲ့တယ်ဆိုတာ ၀န်ခံပါတယ်... ကျေးဇူးပြုပြီး အထက်လူကြီးတွေကို အခွင့်အရေး နောက်တစ်ကြိမ်လောက် ထပ်ပေးဖို့ ပြောပေးပါလားဟင်... "
သက်လတ်ပိုင်း အမျိုးသမီးမှ လက်နှစ်ဖက်ဖြင့် မျက်ရည်တို့ကို သုတ်လျက် ပြောလိုက်သည်။
အကြောင်းရင်းမှန်ကို ကြားသိပြီးနောက် ကျောက်ကျန်းဝေနှင့် ချောင်ကျား၀မ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
'သူမက အလုပ်ဖြုတ်ခံလိုက်ရပြီဆိုတော့ ကိုင်တွယ်ရ ပိုလွယ်သွားပြီမဟုတ်လား...'
"မဒမ်... ဒီကိစ္စက ကျုပ်တို့နဲ့ လားလားမှကို မသက်ဆိုင်တာ... ဒီတော့ ထွက်သွားပြီး ကျုပ်တို့ရဲ့ တာ၀န်၀တ္တရားကို မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်..."
ကျောက်ကျန်းဝေ လုံခြုံရေး ၀န်ထမ်းများကို ခေါ်လိုက်ပြီး သက်လတ်ပိုင်း အမျိုးသမီးကို အရေးပေါ်ဌာန အပြင်ဘက်သို့ ပို့ခိုင်းလိုက်၏။ အခြားလူနာများကို စိတ်အနှောင့်ယှက် မပေးနိုင်စေရန်အတွက် သူမ သားကိုလည်း အခြားကုသဆောင် တစ်ခုသို့ လွှဲပြောင်းပေးလိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင်တော့ လူတိုင်း၏ ရင်ထဲ၌ မေးခွန်း သင်္ကေတများဖြင့် ပြည့်နှက်နေလေသည်။
'သူမက ဘာလို့ ဒီလောက် မြန်မြန်ကြီး အလုပ်ပြုတ်သွားတာလဲ...'
အကြောင်းအရင်းကိုတော့ မည်သူကမျှ သေချာမသိချေ။
"ကဲ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ကြတာပေါ့...."
ပြောပြီးနောက် ကျောက်ကျန်းဝေနှင့် ချောင်ကျား၀မ်တို့ ထွက်ခွာသွားကြသည်။
ကျိုးဇီချန်းတစ်ဦးတည်းကသာလျှင် အရုပ်ဆိုးသည့် အမူအရာဖြင့် ကျန်ရစ်နေခဲ့၏။ သူ့ဘက်မှ လင်းရီကို ပထုတ်လို့ရမည့် အခွင့်အရေးရှိပြီဟူ၍ ပျော်ခါရှိသေး သူ၏ အပျော်လေးများပင် ကြာရှည်မခံလိုက်ပေ။
ကြည့်ရသည်မှာတော့ သူနောက်ထပ် အခွင့်အရေးတစ်ခု ဖန်ရမည့်ပုံပင်။
ဒါရိုက်တာများ ထွက်ခွာသွားပြီးနောက် ရုံးခန်းထဲရှိ ဒေါက်တာများအားလုံး ရည်ရွက်ချက်ရှိရှိနှင့်သော်လည်းကောင်း ၊ သွယ်ဝိုက်၍သော်လည်းကောင်း ပြိုင်တူကြည့်လိုက်ကြသည်။
သို့သော်လည်း လင်းရီကတော့ ထိုအကြည့်များကို အလေးထားနေရန် အချိန်မရှိခဲ့ပါ။
အကြောင်းအရင်းမှာတော့ သူ၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက်တစ်ခု ရောက်ရှိလာသောကြောင့်ပင်။
[လူနာတစ်ယောက်ကို ကုသပြီးပါပြီ..]
[ ဆုလဒ် : အတွေ့အကြုံမှတ် ၁၀၀,၀၀၀ ]
[ အလုပ်ပြီးမြောက်နှုန်း : ၁၀% ]
[ ဆုလဒ် : ဆရာအဆင့် ချုပ်ရိုးနည်းပညာ ]
စနစ်၏ အသိပေးချက်ကို ကြားသည့်အချိန်တွင်တော့ လင်းရီ၏ အမူအရာမှာ လေးနက်ခြင်းနှင့် သံသယပွားခြင်းတို့ ရောပြွန်းနေလေသည်။
ဆရာအဆင့် ချုပ်ရိုးနည်းစနစ်မှာ ဆရာအဆင့်မှတ်ဉာဏ်နည်းတူ အကျိုးသက်ရောက်ပုံခြင်း တူညီလောက်၏။
သို့သော်လည်း ဆုလဒ်မှာ ရွေးချယ်ရခြင်းမျိုးမဟုတ်ပဲ ချုပ်ရိုးစကေးတစ်ခုတည်းကိုသာလျှင် ချီးမြင့်ထားလေသည်။
"စနစ်... ဒီရဲ့ ဆရာအဆင့် ချုပ်ရိုးနည်းစနစ်က အံ့အားသင့်ဖို့တော့ ကောင်းလောက်ပါတယ်နော...."
"မှန်ပါတယ် စနစ်ရှင်..."
"ဒါပေမယ့် ဒီရဲ့ နည်းစနစ်က ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာ သိချင်တယ်..."
"ကမ္ဘာ့အကောင်းဆုံးပါပဲ ..."
လင်းရီ လေးအေးတစ်ရှိုက် ရှူသွင်းလိုက်ရပြီး "ဆရာအဆင့် မှတ်ဉာဏ်လိုပဲ မဟုတ်ဘူးလား..."
"ဟုတ်ပါတယ်... ဒါပေမယ့် စနစ်ရှင်ရဲ့ ချုပ်ရိုးနည်းစနစ်ကပဲ ဆရာအဆင့်မှာပါ... ကျန်တဲ့ ဆေးပညာ ကျွမ်းကျင်မှုတွေကတော့ အခြေခံအဆင့်မှာပဲ ရှိနေတုန်းပါ စနစ်ရှင်...."
"အိုကေ နားလည်ပြီ..."
ဒီစနစ်ရဲ့ စံနှုန်းက ဘာလို့ အဲ့လောက်တောင် မြင့်နေတာလဲဟ...
ပညာရှိ ဉာဏ်ပညာမှ ပေးအပ်ထားသည့် ကျွမ်းကျင်မှုတို့မှာ စနစ်၏ မျက်လုံးထဲတွင်တော့ အခြေခံ အဆင့်များသာ ဖြစ်နေလေသည်။
ဆရာအဆင့်ကသာလျှင် ၎င်း၏ မျက်လုံးထဲ၌ ကျွမ်းကျသည်ဟု သတ်မှတ်ထားပုံရ၏။
သူ့ဦးနှောက်ထဲရှိ မှတ်ဉာဏ်များကို ခံစားရင်း လင်းရီ ဤနည်းစနစ်မှာ မျက်လုံးဖမ်းစားနိုင်ခြင်းမရှိသော်လည်း ချုပ်သည့်နည်းလမ်း အမြောက်အများတော့ရှိကြောင်း သိရှိသွားခဲ့သည်။
အကယ်၍ သာသာ ယခုနည်းစနစ်ကို စော၍ တတ်မြောက်ခဲ့မည်ဆိုပါက လင်းရီ၏ ချုပ်ရိုးမှာ တစ်ဆင့်တက်သွားပေတော့မည်။
ချုပ်ရိုးနှင့် ပတ်သက်၍ နားလည်မှုများ မြင့်တက်လာချိန်တွင်တော့ လီချူးဟန်ကိုယ်တိုင်ပင် လူနာ၏ အဆီနှင့် ကြွက်သားများကို ချုပ်စဉ်က အမှားများ ပြုလုပ်ခဲ့မိကြောင်း လင်းရီသိရှိသွားခဲ့သည်။ သိူ့သော်လည်း ထိုအမှားများမှာ မပြောပလောက်သည့် အမှားများသာ ဖြစ်ပြီး လူနာ၏ ကျန်းမာရေးကိုတော့ ထိခိုက်စေနိုင်ဖြင်း မရှိချေ။
သို့သော်လည်း ရင်ဘက် သို့မဟုတ် ဦးခေါင်းခွံ အစရှိသည့် အစိတ်အပိုင်းများကို ချုပ်မည်ဆိုလျှင်တော့ မည်သည့်အမှားမျှ ပြုလုပ်၍ မရပါ။
"လင်းရီ.... "
ထိုအကြောင်းများ စဉ်းစားနေတခိုက် လင်းရီ လီချူးဟန်၏ ခေါ်သံကို ကြားလိုက်ရသည်။
"ဒေါက်တာလီ ပြောစရာရှိလို့လားဗျ...."
"လာခဲ့.... ငါနင့်ကို ပြောစရာရှိတယ်..."
"အိုကေ...."
သို့နှင့် လင်းရီ ဒေါက်တာလီနောက် လိုက်သွားရင်း လှေကားထစ်နားသို့ ရောက်ရှိလာခဲ့သည်။
"ဒေါက်တာလီက ဘာလည်း ပြောချင်နေတာ..."
"နင့်ကို ချုပ်ရိုးနည်းစနစ်တွေ ဘယ်သူသင်ပေးလိုက်လဲဆိုတာ ငါသိချင်တယ်....."
လီချူးဟန် သူမ သိလိုသည်ကို တန်းသွားလိုက်သည်။
"ငါ ဒီနှစ်တွေထဲမှာ ဒေါက်တာ အသစ်လေးတွေ အများကြီးနဲ့ ကြုံဖူးတယ်... ဒါပေမယ့် နင့်လောက် ဘယ်သူကမှ လက်ရာသေသေသပ်နဲ့ အနာကို မချုပ်နိုင်ကြဘူး... နင်က အသစ်မှ ဟုတ်ရဲ့လားလို့တောင် သံသယ ၀င်မိတော့မယ်သိလား...."
"အဲ့လောက်ကြီးလည်း မဟုတ်ပါလူး ဒေါက်တာလီရယ်....ဒီတိုင်း ချုပ်တာလေးတင်ပါ... ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းပါနဲ့...."
"ဟမ့်...ငါကနင့်ကို တော်လို့ ချီးကျူးနေတာကို နင်က ငြင်းနေတုန်းပေါ့လေ...."
"ဘယ်တတ်နိုင်မှာ... နိမ့်နိမ့်ချချနေလို့ ဒေါက်တာလီပဲ ပြောထားတယ်မဟုတ်ဘူးလား...."
လီချူးဟန်မှ ခေါင်းကို အနည်းငယ် မော့လိုက်ပြီး "ငါနင့်ကို တစ်နေရာ ခေါ်သွားပေးမယ်... နင်သွားရဲလား..."
"ဘယ်ကိုလဲ..."လင်းရီ မေးလိုက်သည်။
"ဘာလို့ မေးခွန်းတွေ အများကြီး လာမေးနေတာ.. နင် သွားရဲလား မသွားရဲဘူးလား ဒါပဲပြော...."
"သွားရဲတာပေါ့...မသွားရဲစရာ ဘာအကြောင်း ရှိလို့လဲ..."
"အဲ့တာဆို့ ငါနဲ့လိုက်ခဲ့.... "
လီချူးဟန် ပြောပြီး ရှေ့မှ သွားနှင့်လိုက်၏။
လင်းရီ လျှာတစ်ချက် စုတ်သပ်လိုက်သည်။
ဒီရဲ့ အေးစက်စက်နိုင်တဲ့ ဒေါက်တာမလေးက ငါ့ကို အတင်းဆွဲစားတော့မှာတော့ မဟုတ်လောက်ဘူးမလား....
လီချူးဟန်၏ ဦးဆောင်မှုနှင့် အတူ လင်းရီတို့နှစ်ယောက် ဓာတ်ခွဲခန်းသို့ ရောက်ရှိလာခဲ့၏။
"ဒေါက်တာလီ... သူက ဆရာ၀န်အသစ်လေးလား..."
ပခုံးလောက်ရှိသည့် ဆံကေနှင့် စွန်းလီကျူးဆိုသည့် အမျိုးသမီးမှ ကြင်နာညင်သာသည့် အပြုံးလေးဖြင့် မေးလာခဲ့သည်။
"သူက ဒေါက်တာအသစ်လေး ..ပြီးတော့ ဒီနေ့မှ အလုပ်စဆင်းတာ....ကျွန်မက သူ့ရဲ့ တာ၀န်ခံပဲ.... "
"အစ်မစွန်း... ကျွန်မကို နာ့ဖ်ကြောမျှင်တွေနဲ့ သွေးကြောတစ်စုံ ပြင်ထားပေးဦး... သူ့ကို စမ်းသပ်ချင်လို့.... "
"မဖြစ်နိုင်တာ...ဒေါက်တာလီက သူ့ကို နာ့ဖ်ကြောနဲ့ သွေးကြောတွေက်ု ချုပ်ခိုင်းချင်နေတာလား...."
အစ်မစွန်းမှ ဆွံ့အသွားခဲ့ပြီး
"ပုံမှန်ဆို ဒီလိုချုပ်နိုင်ဖို့က ငါးနှစ်လောက် အတွေ့အကြုံ ရှိနေမှနော်... သူ့ကို ခုချက်ချင်းကြီး စမ်းခိုင်းတော့မလို့လား...."
"ဒီရဲ့ ဒေါက်တာအသစ်လေးက ပုံမှန်မဟုတ်လို့လေ... ကျွန်မလည်း သူ့ရဲ့ လယ်ဗယ်ကို သိချင်နေတာနဲ့ စမ်းကြည့်ခိုင်းဖို့ ဆုံးဖြတ်လိုက်တာ.... "
"ဒါကြီးက နည်းနည်းတော့ များသွားပြီ... ဒီဆေးရုံမှ နင့်ထက်ပိုတော်တဲ့သူ ရှိတယ်ဆိုတာ ငါမယုံဘူး.. ပြီးတော့ သူက နည်းနည်းလေး ရုပ်ချောတယ်ဆိုပေမယ့် တအား ငယ်လွန်းသေးတယ်....”