← Chapters

ပြီးပြည့်စုံသည့် ချုပ်ရိုး

Vol. 26 Ch. 383

ပြီးပြည့်စုံသည့် ချုပ်ရိုး

Vol. 26 Ch. 383

"ကျွန်မလည်း မယုံဘူးလေ.. အဲ့တာကြောင့် သူ့ရဲ့ စကေးကို စမ်းသပ်ကြည့်မလို့...."

အစ်မစွန်းမှ လင်းရီကို ပြုံးလျက် ကြည့်လိုက်ပြီး

"မောင်ငယ်လေး... နင် ဒေါက်တာစွန်းကို အပြစ်ပြုထားတာလား... သွား...အော်ဇ်စမန်းတပ်စ်ကိတ်သွား၀ယ်ပြီးတော့ ပြန်တောင်းပန်လိုက်...."

"ဒီတော့ ဒေါက်တာလီက ‌အော်ဇ်စမန်းတပ်စ်ကိတ် ကြိုက်တယ်ပေါ့...ကျွန်တော် အားတဲ့ချိန်ကျ တစ်ခုလောက် ၀ယ်ခဲ့ပေးဦးမှပါ...."လင်းရီ ပြောလိုက်သည်။

"နင့်ဘာနင် ဝယ်ချင်၀ယ်... စစ်ဆေးမှုကိုတော့ ရှောင်လွှဲလို့မရဘူး...."

လီချူးဟန် ပြောလိုက်ပြီး "အစ်မစွန်း... ‌ကျေးဇူးပြုပြီး နာ့ဖ်ကြောမျှင်နဲ့ သွေးကြောတစ်စုံလောက် ပြင်ဆင်ထားပေးစမ်းပါ... အသုံးပြုခကိုတော့ နှလုံးအထူးကုဌာန အသုံးစရိတ်ထဲ ထည့်ပေါင်းထားလိုက်...."

"ဒေါက်တာလီ .. နင့်ကြောင့်မလို့သာ ငါဒီလောက် အလုပ်ရှုပ်ခံပေးနေတာနော်... ကျန်တဲ့သူဆိုရင်တော့ တာ့တာပဲ...."

"ကျေးဇူးပါ အစ်မစွန်း...."

"ဘာ‌လို့ ကျေးဇူးလာတင်နေတာ... ဒီမှာစောင့်နေ...."

ထိုသို့ ပြောပြီးနောက် သူမ လှည့်ထွက်သွားခဲ့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် လက်ဗလာဖြင့် ပြန်ရောက်လာခဲ့လေသည်။

"ဘာဖြစ်လို့လဲ... ပစ္စည်းပြတ်သွားတာလား..."

"ဟင့်အင်း... ငါကလည်းလေ ပြောဖို့မေ့နေတာ... အီလက်ထရွန် မိုက်ခရိုစကုပ်က ပျက်နေတာ... အသစ်မှာထားတာကလည်း ခုထိလာမပို့သေးဘူး...တကယ်လို့ နင်သူ့ကို ဒီနေ့ စစ်ဆမယ်ဆိုရင် မဖြစ်နိုင်လောက်တော့ဘူးနော....မိုက်ခရိုစကုပ်က နောက်သူံးရက်လောက်နေမှရမှာ ဆိုတော့ နင်အဲ့ခါကျမှ ထပ်လာခဲ့လိုက်လေ...."

အဘယ်ကြောင့်ဆိုသော် နာ့ဖ်ကြောလေးများမှာ သေးငယ်လွန်းလှပြီး သာမန်မျက်စိနှင့် မြင်ရန် ခက်ခဲလှသည်။ ထို့ကြောင့် စွမ်းအားမြင့် အီလက်ထရွန်မိုက်ခရိုစကုပ်ကို အသုံးပြုကြရခြင်းဖြစ်၏။

အထူးသဖြင့်တော့ မျက်လုံးခွဲစိတ်မှုများတွင် အီလက်ထရွန်မိုက်ခရိုစကုပ် မပါရှိပါက ခွဲစိတ်ရန်အလို့ငှာ မဖြစ်နိုင်ပါ။

"အဲ့တာဆိုလည်း နောက်သုံးရက်လောက်နေမှ ထပ်လာခဲ့ရတာပေါ့ ...ကျေးဇူးနော် အစ်မစွန်း...."

"အချင်းချင်းတွေကိုပဲ.. အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးဟယ်....."

"အဟွတ် အဟွတ်... ဒေါက်တာလီ.. တကယ်တော့ အီလက်ထရွန်မိုက်ခရိုစကုပ် မရှိလည်းရတယ်... ရိုးရိုးမိုက်ခရိုစကုပ်ရှိရင် လုံလောက်ပြီ...."

လီချူးဟန်နှင့် အစ်မစွန်းတို့ ကြက်သေသေသွားကြ၏။

"ဘာပြောလိုက်တယ်.... နင်က နာ့ဖ်ကြောတွေနဲ့ သွေးကြောတွေကို သာမန် မိုက်ခရိုသကုပ်နဲ့ ချုပ်လို့ရတယ်...."

"အင်း အဲ့လိုပြောလို့ရတယ်... ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာပေါ့... ကျွန်တော်သာ သေချာလေးချုပ်နေသရွေ့ကတော့ လူမသေလောက်ပါဘူး...."

"ဒေါက်တာလီ.... နင့်ရဲ့ ဆရာ၀မ်အသစ်ကလေးက လည်း တော်ရုံတန်ရုံ ယုံကြည်မှု လွန်ကဲနေတာတော့မဟုတ်ဘူးနော်...."

စွန်းလီကျူးမှာ စစချင်းတော့ လင်းရီ၏ ချောမောခန့်ညားသည့် ရုပ်ရည်ကို မြင်တွေ့လိုက်ပြီး အထင်မြင်ကောင်းများ ရှိခဲ့၏။ သို့သော်လည်း ငနဲမှာ ဆရာ၀န်များကို စော်ကားရာ ရောက်သည့် အပြုအမူများကို ပြုလုပ်လာလေသည်။ ထိုကဲ့သို့ ပုံစံမျိုးမှာ သူမ မနှစ်သက်ဆုံး အမျိုးသားပုံစံ ဖြစ်၏။ ဒေါက်တာလီပင်လျှင် လင်းရီ၏ အသက်အရွယ်၌ နာ့ဖ်ကြောမျှင်များနှင့် သွေးကြောတို့ကို ချုပ်နိုင်ခြင်း မရှိ‌ခဲ့ချေ။

'အဲ့တာကို သူက လုပ်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား...ပြီးတော့ သာမန်မိုက်ခရိုစကုပ်နဲ့ ချုပ်မယ်တဲ့...'

"သူက စမ်းကြည့်မယ် ပြောနေတော့လည်း ကြိုးစားကြည့်ခိုင်းလိုက်လေ... ဘာပဲပြောပြော ပစ္စည်းတွေကလည်း ဈေးကြီးနေတာမှ မဟုတ်တာ...."

"ဟင်း... နင်က အဲ့လိုပြောနေမှတော့ ငါသူ့အတွက် ပစ္စည်းတွေ သွားယူလာခဲ့ပေးမယ်..."

အစ်မစွန်းမှ ပြောလိုက်သည်။

သူမ ဆန္ဒမရှိသော်လည်း ဒေါက်တာလီ၏ မျက်နှာကြောင့် သရုပ်သကန်တုပဖန်တီးထားသည့် ပစ္စည်းများကို ယူဆောင်လာခဲ့သည်။

ထို့ပြင် သာမန်မိုက်ခရိုစကုပ် တစ်ခုလည်း ပါလာခဲ့သေး၏။

"ပစ္စည်းတွေတော့ စုံပြီ... နင်စမ်းကြည့်ကြည့်..."

"အိုကေ...."

လင်းရီယခုလို တုပထားသည့် ပစ္စည်းကို အသုံးပြုသည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း ဆရာအဆင့် ချုပ်ရိုးနည်းစနစ်ကြောင့် မည်သည့်အမှားမျှ ပြုလုပ်ခြင်း မရှိချေ။

သူ လွယ်ကူစွာဖြင့် ဆောင်ရွက်သွားခဲ့၏။

လီချူးဟန်နှင့် စွန်းလီကျူး‌တို့ကတော့ လင်းရီ လုပ်ဆောင်နေသည်ကို အနှောင့်အယှက် မဖြစ်စေရန် တစ်မီတာခန့် ခွာလျက်နေသည်။

"ဒါရိုက်တာစွန်း.. ဘာတွေလဲလုပ်နေတာ..."

ပစ္စည်းကိရိယာများ ထားသိုသည့် အခန်းထဲမှ လူများရောက်ရှိလာပြီး ဘာဖြစ်နေလဲဆိုတာ စပ်စုကြတော့၏။

"ဒေါက်တာလီက ဆရာ၀န်အသစ်လေးရဲ့ စကေးကို စမ်းသပ်ချင်လို့ဆိုပြီး သွေးကြောတွေကို ချုပ်ခိုင်းနေတာလေ...."

"အမ်... အီလက်ထရွန်မိုက်ခရိုစကုပ်က ပျက်နေတာမဟုတ်လား...ဘယ်လိုလုပ်ပြီး စမ်းသပ်လို့ရမှာ...."

စွန်းလီကျူး ပခုံးတွန့်လိုက်ပြီး "သူပြောတာတော့ သာမန်မိုက်ခရိုစကုပ်နဲ့လည်း ရတယ်တဲ့...."

"လုံး၀မဖြစ်နိုင်ဘူး... ဒါကြီးကတော့ ချဲ့ကားလွန်းသွားပြီ...."

မျက်မှန်တပ်ထားသည့် ‌ဒေါက်တာမှာ လင်းရီကို ခြေဆူံးခေါင်းဆုံး ကြည့်လိုက်ပြီး "မဖြစ်နိုင်လိုက်တာ...ဆရာ၀န်အသစ်က ဒီလောက်တောင် ငယ်တယ်တဲ့လား...."

"ငါလည်း ကြွားနေတယ်လို့ထင်တာပဲ... ဒါပေမယ့် သူကိုက လုပ်နိုင်တယ် ပြောနေမှတော့ စမ်းကြည့်ကြည့်ခိုင်းလိုက်တာ...."

"လာနောက်နေတာလားဟ..."အမျိူသား ဆရာ၀န်မှ ပြောလိုက်ပြီး "ဒေါက်တာလီရဲ့ အရည်အချင်းတွေနဲ့တောင်မှ သူ့အရွယ်တုန်းက သွေးကြောတွေကို မချုပ်နိုင်သေးဘူး... ဟုတ်တယ်မလား...ပြီးတော့ သူကခု သာမန်မိုက်ခရိုစကုပ်ကိုပဲ သုံးနေတာနော်....ဒီရဲ့ ဒေါက်တာလေးက အရမ်းကို ယုံကြည်မှုလွန်ကဲလွန်းတာပဲ...."

"ငါလည်း အဲ့လိုထင်တာပဲ...."စွန်းလီကျူးမှ ပြောလိုက်ပြီး "ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့... အဲ့ပစ္စည်းတွေကလည်း ပိုက်ဆံဘယ်လောက်မှ မပေးရတာ... ကလေးတွေက မီးပူတာကို ကိုယ်တိုင်ကိုင်ကြည့်ဖူးမှ ယုံကြတာလေ... သူ့ကို ကြိုးစားကြည့်ခိုင်းလိုက်တာလည်း မမှားပါဘူး...."

"သဘောတူတယ်....."

"ရပြီ.. အိုကေသွားပြီ.... " ချုပ်ပြီးနောက် လင်းရီ လေများ မှုတ်ထုတ်လိုက်သည်။

"ဘာ....ပြီးသွားပြီ...."

စွန်းလီကျူး မနေနိုင်ပဲ အော်ဟစ်မိသွားသည်။ သူမနှင့် လီချူးဟန်တို့ ရှော့ခ်ရစွာဖြင့် အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။

"နင်သေချာလုပ်ခဲ့တာတော့ ဟုတ်ပါတယ်နော်... လျှောက်လုပ်ထားတာ‌တော့ မဟုတ်ဘူးမလား...."

"ကိုယ်တိုင်လာကြည့်လိုက်လေ..."လင်းရီ ပြုံးလျက် ပြောလိုက်သည်။

သုံးယောက်လုံး ရှေ့တိုးကြည့်လိုက်ကြပြီး လင်းရီ နာ့ဖ်ကြောမျှင်များနှင့် သွေးကြောတို့ကို ချုပ်ထားသည်ကိုမြင်တော့ အံ့အားသင့်သွားခဲ့ကြသည်။

ချုပ်ရိုးမှာ သူတို့စွမ်းဆောင်လျှင်ပင် မရနိုင်လောက်သည်အထိ သေသပ်လှပလွန်းလှ၏။

အရေးကြီးဆုံးအချက်ကတော့ လင်းရီမှာ သာမန်မိုက်ခရိုစကုပ်ကိုသာလျှင် အသုံးပြုသွားခြင်းပင်။

ယင်းက မယုံကြည်နိုင်ဖွယ်ရာ ကောင်းလွန်းလှ၏။

"နင်.... နင်ဒါ ဘယ်လိုလုပ်လိုက်တာ..." လီချူးဟန် လင်းရီကို ပြူးကျယ်စွာ ငေးမောလျက် မေးမြန်းလိုက်သည်။ လင်းရီ ယခုလို ပြုလုပ်နိုင်လိုက်သည်ကို သူမ မယုံကြည်နိုင်ဖြစ်နေသေး၏။

"ဒီတိုင်း တစ်ကြိမ်ကို တစ်ချက်ချုပ်တာလေ...."လင်းရီ ချက်လက်ကျကျဖြင့် ပြောလိုက်ပြီး "ဘာမှ မှော်ဆန်နေတာလည်း မဟုတ်ပါဘူးဗျာ... အဲ့လောက်ကြီး အံ့အားသင့်မနေစမ်းပါနဲ့...."

လင်းရီ၏ ချုပ်ရာများကို ပြန်ကြည့်လိုက်သောအခါ လီချူးဟန် တိတ်ဆိတ်သွားခဲ့သည်။

ဆေးရုံတွင် နာ့ဖ်ကြောမျှင်များနှင့် သွေးကြောများကို ချုပ်နိုင်သူ အများအပြားရှိသော်လည်း လင်းရီကဲ့သို့ ကောင်းမွန်စွာ ချုပ်နိုင်သည့်သူကတော့ မရှိသလောက်နည်းပါးသည်။ ယုတ်စွအဆုံး သူမပင် ထိုသို့ မစွမ်းဆောင်နိုင်ချေ။ ဆေးရုံ၏ အတော်ဆုံးဆရာ၀န် ဒါရိုက်တာသွမ်းပင်လျှင် လင်းရီအောက် မဆိုစလောက်လေး နိမ့်နိုင်လောက်၏။

"ဒေါက်တာလီ... ကျွန်တော် ‌ခင်များရဲ့ စာမေးပွဲကို အောင်သွားပြီလား... "

"ပြန်ချုပ်ပြ... နင်ဘယ်လိုလုပ်လဲဆိုတာ ငါကြည့်ချင်တယ်...."

လင်းရီ ပြုံးလိုက်ပြီး "သင်ချင်လို့လား...."

"ဟုတ်တယ်...."

လီချူးဟန် ဟန်ဆောင်ခြင်းမရှိ ခေါင်းညိမ့်လိုက်၏။

ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် သူမ လင်းရီကဲ့သို့ မစွမ်းနိုင်ကြောင်း ၀န်ခံလိုက်သည့် သဘောပင်။ ဒေါက်တာလီမှာ အရည်အချင်းရှိသည့် ဆရာ၀န်တစ်ယောက်ဟု ဆိုထိုက်ပါပေသည်။

"ခဏစောင့်... ကျွန်တော် နောက်တစ်စုံလောက် ထပ်သွားယူလိုက်ဦးမယ်..."

စွန်းလီကျုးမှ သူမ၏ ၀န်ထမ်းများကို နောက်ထပ် သရုပ်သကန် တုပထားသည့် ပစ္စည်းများ ယူလာရန် အမိန့်ပေးလိုက်သည်။

လင်းရီကတော့ စကားတစ်ခွန်းမျှ မဆိုပဲ သူ၏ လုပ်ငန်းကို စတင်ဆောင်ရွက်တော့၏။

လီချူးဟန်နှင့် ကျန်သူများကတော့ သူတို့မျက်လုံးကို ပြူးကျယ်နေအောင် ဖွင့်ထားကြလေသည်။

ဤတစ်ကြိမ်‌တွင်တော့ လင်းရီ၏ လက်ရည်မှာ ပို၍ထက်မြိလာပြီး ရှေ့တစ်ခေါက်ကထက် ပိုမို မြန်ဆန်နေတော့၏။

သွေးကြောများကို ချုပ်နေစဉ်ကာလအတွင်း လင်းရီ မည်သည့်အပိုလှုပ်ရှားမှုမျိုးကိုမျှ ဆောင်ရွက်ခဲ့ခြင်းမရှိပဲ တိကျသည်ဟူသော စကားလုံး၏ အနက်ကို ပြီးပြည့်စုံစွာ သရုပ်ဖော်သွားလေသည်။

၎င်းကလည်း ခွဲစိတ်သည့် နေရာတွင် အရေးကြီးဆုံးအချက်ပင်။ အဘယ်ကြောင့်ဆိုသော် တစ်စက္ကန့်ချင်းဆီတိုင်းက လူနာ၏ အသက်ကို ကယ်တင်နိုင်သောကြောင့်ပင်တည်း။

"ပြီးပြီ..."လင်းရီ ပြောလိုက်၏။

ပြီးပြည့်စုံစွာ ချုပ်ထားသည့် သွေးကြောမျှင်များကိုကြည့်ရင်း လီချူးဟန်မှာ အံ့အားသင့်လျက် တွေဝေမိန်းမောနေလေသည်။ ရင်သပ်ရှု‌မောဖွယ် အနုပညာ တစ်ခုကို ကြည့်နေရသည့်အလားပင်။

"နင် ချုပ်တဲ့ အချိန်တုန်းက ဘာလို့ လက်ညိုးနဲ့ လက်မကိုပဲ သုံးသွားတာ...."

ထိုမေးခွန်းမှာ လီချူးဟန် စလာကတည်းက မေးချင်နေသည့် မေးခွန်းပင်။

"ဘာလို့လဲဆိုတော့ ကျွန်တော်က တကယ့် ခွဲစိတ်မှုတွေပြုနေသလိုမျိုး မြင်ယောင်ပြီးတော့ ချုပ်တာလေ...."

လင်းရီ ပြောလိုက်ပြီး "လူနာရဲ့ အခြေအနေတွေက ထောင်သောင်းမက ရှိနိုင်တယ်...လှုပ်ရှားလို့ အဆင်မပြေတဲ့နေရာတွေကျ ဒီလိုနည်းလမ်းကို အသုံးပြုပြီး ချုပ်လို့ရတယ်...."

"ဒါပေမယ့် ဒီလိုမျိုး ချုပ်ရတာကြီးက ပျင်းဖို့တော့ကောင်းတယ်..ဘာလို့ဆို ဘေးမှာ ဘာသွေးမှလည်း မရှိဘူးဆိုတော့ အားလုံးက ရှင်းရှင်းလင်းလင်းပဲ...တကယ့်တကယ် ခွဲစိတ်မှုတွေလုပ်ရင်တော့ အီလက်ထရွန်မိုက်ခရိုစကုပ်ကို သုံးပေးသင့်တယ်....”

All Chapters